1ဘုရားလာဖူးတဲ့ အဝေးက နိုင်ငံခြားသူ စောင်းတန်းအဆင်းမှာ

2 အနီးကလူ ငြိမ်းချမ်းမှု့ကို ရှာဖွေနေသူများ

4 အဝေးကလူ အလင်းထွန်းညှိ ပို၍ဝေးသောကောင်းကင်မှ လမင်း ကျနော်တို့အားလုံးကိုငုံ့အကြည့် ငြိမ်းချမ်းသည်ရောက်ရှိ။

4 အလင်းရဲ့ အကွေ့....................

5 မီးဆိုတာတောက်လောင်ပူငြင်း ခြင်းသဘောကိုဆောင်ပေးမယ့် အခုထွန်းညှိထားတဲ့ မီးတောက်တွေကတော့ အေးမြတဲ့ သဘောကိုဆောင်နေတယ်လို့ ထင်ရပါတယ်ဆိုတဲ့ ဆန်ကျင့်ဘက်လေးတွေးမိပါတယ်။

6 သာသနာ့ ၀န်ထမ်း အလင်းတန်းများ ထွန်းညှိ

7 ၀ပ်တွားကော်ရော် ပူဇော်ကန့်တော့ ...................စိတ်ထဲမာ တကယ်ကြည်ညိုမှလုပ်တာလေ

8 ရိုက်မယ် နှက်မယ် ............သူလဲကျနော်တို့လို့ဘဲနော်

9 ကျနော့်ရဲသားကောင်လေးလေ သူချောင်းနေတာကို ကျနော်ကပြန်ချောင်း သူကလဲ ချောင်းနေပုံက အားရပါးရ

10 ပဲများနေတဲ့မီးမီလေး

11 အလင်းညှိသူ ရိုက်ကွင်းရှာသူ အပီအပြင်ရိုက်နေသူ အဲဒီအထဲမှာ ကျနော့်ရဲ့ဆရာ ညီလေးလဲ မထင်မှတ်ဘဲပါနေတယ်လေ

12 ဒီပုံကတော့ကျနော်နဲ့ လုလင် ဟိုဘက်ဒီဘက် နှစ်ယောက်တစ်ပြိုင်ထဲဆွဲကြတာ သု့ပု့ကအများကြီးပိုလို့ကောင်းပါတယ်။ဒါပေမယ့် အမတ်တရ ပြန်တင်ပေးတာပါ

“ အဝေးကလူ အနီးကလူ ……………….အားလုံးစုံသော ရွှေတိဂုံ”(အပိုင်းနှစ်)

 

အဲဒီနေ့က ရွှေတိဂုံဘုရားရောက်တော့ ရင်ပြင်တော်ပေါ်မှာ လူအပြည့်။

အဝေးကလူ အနီးကလူ

လေ့လာသူ ကြည်ညိုသူ

အေးချမ်းမူ့ရှာသူ အပျော်ရှာသူ

မှတ်တမ်းတင်သူ လက်ဆော့သူ

အလင်းဆီမီးထွန်းညှိသူ

ဘ၀အမောတွေကို ဘုရားရိပ်မှာလာရောက်လို့ဖြေလျော့သူ

ရောက်တုန်းရောက်ခိုက် မြင်မြင်သမျှကို မလွတ်တမ်းမှတ်တမ်းတင်သူ

အစရှိတဲ့လူပေါင်းစုံ အမြင်ပေါင်းစုံ အကြောင်းပေါင်းစုံနဲ့သူတွေက

တိုင်ပင်ထားခြင်းမရှိဘဲ ဒီတစ်နေရာထဲမှာအလိုလိုလာရောက်စုဝေးတာကတော့

အသေအချာ တွေးကြည့်ရင်  ထူးခြားသော အဖြစ်အပျက်လို့ မှတ်ယူနိုင်ပါတယ်။

ဘာပြောပြော ကျနော်ကတော့ စိတ်တိုင်းကျတဲ့ပုံလေးတွေတင်ပေးလိုက်ပါတယ်။

မှတ်တမ်းတင်တဲ့နေ့ကတော့ (7-1-2012) ညနေ ငါးနာရီနဲ့ 7နာရီကြားမှာပါဘဲ။

 

 

 

 

 

ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့။

(19-1-2012)

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1605 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။