ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်နေတဲ့ အောင်သိန်းလင်း

နိုင်ငံအရေးအတွက် အလုပ်လုပ်ကြတယ်ဆိုတော့ အပြိုင်အဆိုင်မဲဆွယ်ပြီး သူ ့ထက်ငါက ဘာတွေသာအောင်လုပ်ပေးနိုင်တယ်ဆိုပြီးစည်းရုံးကြစမြဲပါဘဲ။ဒါပေမယ့်ပုတ်ခတ်နှိပ်ချစော်ကားတဲ့အလုပ်က
တော့ အောက်တန်းကျနေလွန်းပါတယ်။ပညာတတ်ဆန်တဲ့ လူကြီးလူကောင်းတွေ ဘယ်တော့မှ မကျူးလွန်
ကြပါဘူး။
ခုဘဲကြည့်ကြပါအုံး။တိုင်းပြည်ရဲ ့ခေါင်းဆောင် ဗိုလ်ချုပ်သမီးကို ပုတ်ခတ်နေတဲ့ ကြံ့ဖွတ်က အမတ်စုတ်
တစ်ယောက်ရဲ ့လုပ်ရပ်တွေကိုဗျာ။မခံမရပ်နိုင်လွန်းလို ့ရေးပြနေတာပါဗျာ။ကူးယူထားပေမယ့် ပို ့စ်အတွက်
တောင်းပန်ပါတယ်ဗျာ။အဲဒီအကြောင်းအရာတွေကို RFA ကကူးယူတာပါ။လင့်ခ်ကတော့
http://www.rfa.org/burmese/news/kayhmu-usdp-campaign-01172012122323.html?textonly=1
ဧပြီလ ၁ ရက်မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကော့မှူးမြို့နယ် အတွင်း လွန်ခဲ့တဲ့ တစ်လလောက်က စပြိီး ကြံ့ခိုင်ဖွံဖြိုးရေး ပါတီက မဲဆွယ် စည်းရုံးရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် ပြောဆိုတာတွေ ရှိတယ်လို့ ဒေသခံတွေက အာရ်အက်ဖ်အေကို ပြောပါတယ်။
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ အန်အယ်လ်ဒီ ပါတီက ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တဲ့ အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အကြိတ်အနယ် မဲဆွယ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကော့မှူးမြို့နယ်မှာ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီက ဘယ်သူ ဝင်ရောက် ယှဉ်ပြိုင်မယ် ဆိုတာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေမယ့် ၂၀၁ဝ ရွေးကောက်ပွဲ အနိုင်ရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်များ ကိုယ်တိုင် စည်းရုံးရေး ဆင်းနေတယ်လို့ သိရပါတယ်။
စည်းရုံးရေး ဆင်းရာမှာ ထန်းမနိုင်ရွာကို အဓိကထား စည်းရုံးတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူ ထန်းမနိင်ရွာသူ မစုစုနွေးက ပြောပါတယ်။ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း ကိုယ်တိုင် လာရောက် မဲဆွယ်တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“သူ့အဖေ တိုင်းပြည်အတွက် ဘယ်လိုပဲ ကောင်းအောင် လုပ်ခဲ့လုပ်ခဲ့ပေါ့။ အခု သူ့သမီး နောက်ပိုင်းမှာ ဘာဖြစ်တယ် ဆိုတာ မသိဘူး ဆိုပြီး ရွာသားတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ပုတ်ခတ်ပြီးတော့ စည်းရုံးတယ်။ ရွာသားတွေက သူ ဘာပြောတယ်ဆိုတာ သိတယ်။ နောက်တစ်ခု သူက ဘာပြောလဲဆိုတော့ မြန်မာပြည် သိန်းတန် သီချင်းက မင်းသမီးလေး ရွှေသုန္ဒရီ ကတယ်။ ကကြိုးပျက်မှာ သူစိုးရိမ်တယ် ပေါ့။ အဲဒီလို ပြောတယ်တဲ့။ တကယ် လုပ်ပေးမယ်ဆိုရင် မဲထည့်မယ်လို့ ရွာသားတွေက ပြောတော့ ဦးအောင်သိန်းလင်းက ပြောတယ်တဲ့။ ချက်ချင်းတော့ လုပ်မပေးသေးဘူး၊ ဓာတ်တိုင်တွေ လာပြီး ပုံထားမယ်၊ မဲထည့်ပြီး သူတို့နိုင်မှ လုပ်ပေးမယ် ဆိုတဲ့ ပုံစံမျိုး ပြောတယ်တဲ့”
ဧပြီလ ၁ ရက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ်ခွင့်ကို ရွေးကောက်ပွဲ ကော်မရှင်က မကြေညာသေးကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်ချက် ထွက်လာပြီးမှ ပါတီများ မဲဆွယ်ခွင့်ရှိကြောင်း သိရပါတယ်။

32 comments

  • စိန်ပေါက်ပေါက်

    January 18, 2012 at 1:49 pm

    စုတုလို ့ ဖွတ်ခုန်
    ဘောကျယုံပဲ ရှိမပေါ့

    • hmee

      January 18, 2012 at 2:32 pm

      ကိုပေါက်ဖော် ကွန်မန့်ကို သဘောကျလို့ အစိမ်းပေးတယ်။

    • ဦးဦးပါလေရာ

      January 19, 2012 at 12:07 am

      ကျုပ်မြင်ဘူးသမျှ ကွန်မင့်တွေထဲမှာ
      စိန်ပေါက်ပေါက်ရဲ့ဟာက
      အစိမ်းဆုံးပဲ….
      စံချိန်သစ်ဖြစ်မယ်။

    • Thel Nu Aye

      January 19, 2012 at 3:28 pm

      အလန်းစားကွန်မန့်ပဲ။ လန့်တောင်လာပြီ။ ပညာတွေလျှိုထားတယ်မှတ်တာပဲ။

  • etone

    January 18, 2012 at 1:52 pm

    မောင်သန်းထွဋ်ဦးရေ ….. လူဆိုတာမျိုးက ပြောသမျှယုံတတ်တဲ့ ပုတ်သင်ညိုလို သတ္တဝါမျိုး မဟုတ်လို့ …… ဘယ်သူတွေ ဘယ်လိုပဲ ပြောသည်ဖြစ်စေ ၊ မပြောသည်ဖြစ်စေ ….. မိမိရဲ့ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစား ဆုံးဖြတ်နိုင်ကြမယ်လို့တော့ ထင်ပါတယ် …….. ။ 🙂

  • windtalker

    January 18, 2012 at 1:56 pm

    ပြီးခဲ့တဲ့ နှစ်နှစ်လောက် က ထိုင်းမှာ မဲပေးရင် ဗိုင်အာဂရာ ပေးသလို ၊ သူရို ့တွေ က လုပ်ချင်တယ်ပေါ့လေ

  • thit min

    January 18, 2012 at 2:03 pm

    တယောက်တည်း လားဗျာ။
    ဆယ်ယောက်ပေးတယ် ။
    တိုက်စားပေးတယ်။ သရေအရှုံးပေးတယ်။
    ဟင်း ဟင်း ရာမ ရာမ မင်းက ဗိုလ်လုပ်ချင်တာလားကွ။
    ပွင့်ပွင့်လင်းလင်းပြောရရင် သနားတယ်။
    လူကိုပုတ်ခတ်ပြီး မဲဆွယ်လို့ ရမရ သိချင်လိုက်တာ။
    ရလို့ကတော့ ဟင်း ဟင်း ဘဲ။ လာမယ်လေ။

    • ဖားသက်ပြင်း

      January 18, 2012 at 2:17 pm

      ဟုတ်ပါ့ ကိုသစ်ရေ. …

      ပျော့သောပါဝါ ဘက်က ယှဉ်မလား …
      Brand image ဘက်ကပဲ လှည့်ပြောမလား ..
      အင်ထရာ နေရှင်နယ်လ် အင်တာနေရှင်နယ်လ် ရက်ပြူတေးရှင်း ကပဲပြောမလား …
      စိတ်ဓါတ် ၊ လုပ်ရပ် ၊ ဥပဒိရုပ် အို …. ဘယ်လိုယှဉ်ယှဉ်

      ဘရာဇီး နဲ့ တမာသီး.
      လေးဘီးကားနဲ့ မာစီဒီး …
      နံ့သာဆီ နဲ့ – ီး လောက်ကွာနေတာကို ….(သနားထှာ…)

      ရယ်ရတယ်နော… စည်းရုံးတဲ့နည်းက …
      ကလေးအထှာတွေ မပျောက်သေးဘူးထင့် ….

  • kyeemite

    January 18, 2012 at 2:14 pm

    ကျုပ်တော့..ယုံတယ်ဗျာ..ပြည်သူတွေကို..
    ခွေးမသားတွေ..ကြိုတင်မဲနဲ့ ညစ်မှာဘဲကြောက်ရတာ..
    ဒါပေမဲ့ NLD ဘဲဗျာ..ဒီလောက်တော့ စောင့်ကြည့်နိုင်မယ်ထင်ပါတယ်.
    သူတို့ ၁ဝ ခါသွားပီးဆွယ်ပလေ့စေ..
    ဒေါ်စု တစ်ခါ မျက်နှာသွားပြလိုက်ရင်ပွဲ သိမ်းသွားမှာပါ
    အောင်သိန်းလင်း ရဲ့ယုတ်မာချက်တွေကို ပြည်သူကလဲသိနေပါပြီ..
    စိတ်မပူပါနဲ့ ကိုအတိသဉ္ဇာ နာဂရ ချစ်သူရယ်..ဟူး မောလိုက်တာ..ခင်ဗျားနာမယ်ခေါ်ရတာ

    • မမောပါနဲ ့ဦးကြီးမိုက်ရယ်။ကြိုးစားပြီးခေါ်ပါဗျာ။
      အဲဒီ လူကတလောက သူ ့အိမ်ကိုချီးထုပ်တွေ
      ကျသေးတယ်ဆိုဘဲ။ဘယ်သူ ့လက်ချက်လဲမ
      သိရလို ့။

  • laypai

    January 18, 2012 at 2:31 pm

    လမ်းတခြမ်း အောင်သိန်းလင်း ကနေ ဓါတ်တိုင်ပုံ အောင်သိန်းလင်း လို့ နာမည် ပြောင်းချင် လို့ နေမှာပေါ့။
    ပုံ ထားတဲ့ ဓါတ်တိုင် တွေ ဒီမိုကရေစီ မရမချင်း သေးပန်းခံ နေ ရမှာ တော့ သေချာတယ်။

  • Khin Kha

    January 18, 2012 at 2:49 pm

    မလိုတမာဖြစ်တယ်ဆိုတာရှုံးမဲ့သူတွေမှာဖြစ်တတ်တာလေ။

  • Thel Nu Aye

    January 18, 2012 at 3:10 pm

    သူ့သမိုင်းသူရေးနေတာ။ ရေးပစေအုံး။ ပြီးမှ –ဲ တော့မယ်။ စကားမစပ်။ အောင်သိန်းလင်းဘယ်မှာနေလဲသိကြလား။ ယခင်တံတားလေးအရူးထောင်
    ( စိတ်ကျန်းမာရေးဆေးရုံ)နေရာမှာ မြေကွက် တကွက်ယူပြီး ၃ ထပ်တိုက်ဆောက်နေကြောင်းပါ။ ဒါကြောင့်လဲဒီလိုမပြည့်တပြည့်ဖြစ်နေတာမို့ခွင့်လွှတ်စေချင်ပါတယ်။ တနေ့ ၂ ခါရူးတဲ့ထဲသူလဲပါတယ်ထင်ပါ့။

  • myo nyunt

    January 18, 2012 at 3:12 pm

    ဘယ်လိုလူပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ကောင်းခြင်းဆိုးခြင်းကို အချိန်ကာလတစ်ခုကြာအောင်စောင့်ကြည့်ပြီးမှ
    ဆုံးဖြတ်တာပိုမှန်ပါလိမ့်မယ်။ လောလောဆယ်အရင်လူတွေဘာလုပ်တယ်ဆိုတာတွေ့နေကြပြီပဲ။ကောင်းခြင်းဆိုးခြင်းကို မျက်မှန်အစိမ်းကြီးတော့တပ်မကြည့်ကြပါနဲ့။အမြင်အာရုံကောင်းကောင်းနဲ့ကြည့်ပြီးဆုံးဖြတ်ပါ။
    ကောင်းတဲ့လူကိုကောင်းတယ်။မကောင်းတဲ့လူကိုမကောင်းဘူးပေါ့။ အခုမှလာတဲ့လူကိုလည်းအချိန်ကာလတစ်ခုစောင့်ကြည့်ကြပါဦး။ဲပြီးမှဆုံးဖြတ်ကြပါ။

    • Khin Latt

      January 18, 2012 at 4:27 pm

      ကိုမျိုးညွန့် ရေ –
      ~~~~ အခုမှလာတဲ့လူကိုလည်းအချိန်ကာလတစ်ခုစောင့်ကြည့်ကြပါဦး ~~~~

      ကျွန်မတို့ အနှစ် နှစ်ဆယ်ကျော် အချိန်တွေ စောင့်ကြည့်ပြီးပါပြီ။
      တကယ်တော့ နှစ်ပေါင်းများစွာ ဖိနှိပ်ခံ၊ အညွန့်ချိုးခံ၊ ပြည်သူတွေရဲ့ ထမင်းလုတ်ကို ပုတ်အချခံ နေခဲ့ရတာပါ။ ဒီလောက် စောင့်ကြည့်ခဲ့ပြီး ဖြစ်တော့ လုံလောက်ရုံမက ပိုတောင်ပိုပါတယ်။
      ဘာဘဲဖြစ်ဖြစ် ဒီလို ဝင်ပြီး ဆွေးနွေး လာတာ ကို ကျေးဇူးတင်ပါတယ်။
      ဖိတ်လဲဖိတ်ခေါ်ပါတယ်။
      ကျွန်မတို့ မတူတဲ့ အမြင်တွေ ဖလှယ် ရင်း ထမင်းနပ်မမှန်တဲ့ ပြည်သူတွေ၊ ကျောင်းမတက်ရတဲ့ ခလေးတွေ၊ ဆေးမကူနိုင်လို့ မသေသင့်ဘဲ သေခဲ့ရသူတွေ၊ ဇရာချိန်မှာတောင် စိတ်အေးစွာ ဘုရားတရား အာရုံမပြုနိုင်သူတွေ။ ကို ကူနိုင်၊ ကယ်နိုင် ကောင်းပါရဲ့။
      အရင် အဟောင်း တွေကို ပြန်ဆွ စရာ မလိုပေမဲ့ သင်ခန်းစာ ယူတတ်ရပါမယ်။
      အမှားကို မြင်နိုင် ပြင်နိုင် မှ ဒုံရင်း ဒုံရင်း ဘဝ ကနေ ကျွန်မတို့ အားလုံး တိုးတက်ကောင်းမွန် တဲ့ ဘဝကို ပြောင်းနိုင်ကြမှာပါ။
      စိတ်ဝင်စားရင် ဆက်ပြီး ဆွေးနွေးပေးပါဦး ကိုမျိုးညွန့်ရေ။
      ကျွန်မ လဲ စိတ်ဝင်စား လှပါတယ်။
      လေးစားစွာဖြင့်

    • koyinmaung

      January 19, 2012 at 4:12 pm

      ကြံဖွတ်ကြီးထင်ပါရဲ့….

  • kai

    January 18, 2012 at 3:58 pm

    အမတ်ရွေးပွဲ…မဲဆွယ်ပွဲတွေမှာတော့.. အပြန်အလှန်အပုပ်ချတိုက်ခိုက်ခွင့်ရှိပါတယ်..။
    ဒါက.. ဒီမိုကရေစီရဲ့ကမ္ဘာ့ဥပဒေပါပဲ..။
    စကားလွန်သွား..မှာသွားရင်တောင်းပန်.. ရှုံးရင်ရှုံးတဲ့သူက..အရှုံးလက်ခံ..။ နိုင်တဲ့သူက.. ရှုံးသူကို.. ထိုက်သင့်တဲ့.. ပြန်လှန်လေးစားမှုပေး..ဒါတွေနဲ့သွားရတာပါနော..။

    ယူအက်စ်မှာ.. အခု.. ရီပါ့ဗလစ်ကန်င်က.. သမ္မတလောင်းအတွက်.. စကားရည်လုမဲဆွယ်ပွဲတွေ တောက်လျှောက်လုပ်နေပါတယ်..။
    ပါစင်နယ်တိုက်ခိုက်တာတွေလည်း တင်းကြမ်းပါပဲ..။
    အဲဒါကို.. အောက်ကလူထုက.. ထိုင်ကြည့်ပြီး.. စိတ်ကြိုက်ခေါင်းခေါက်ရွေးတာပါ…။ 😆

    GOP candidates attack Romney as SC lead grows
    by Brian McConchie
    Posted: 01.17.2012 at 10:55 PM
    Mitt Romney, Newt Gingrich, Ron Paul, Rick Perry, Rick Santorum, Romney Answers Questions about Taxes, Gop Candidates Attack Romney on Taxes and Bain, Romney’s Builds Lead in South Carolina Polls
    http://www.midlandsconnect.com/news/story.aspx?id=708726#.TxaPz_mdccs

    • MaMa

      January 19, 2012 at 8:18 am

      အပြန်အလှန်စွတ်စွဲပုတ်ခတ်တိုက်ခိုက်တာ ဆိုတဲ့ နေရာမှာလည်း တကယ်အပြန်အလှန်ကို လက်ခံနိုင်ပါ၏လော။
      မှားသွားရင် တောင်းပန်ဆိုတဲ့ နေရာမှာလည်း (ကိုယ်အပါအဝင်) မြန်မာတွေ တောင်းပန်တတ်ပါ၏လော။
      အရှုံးကိုလက်ခံ ဆိုတဲ့နေရာမှာလည်း မြန်မာစကားပုံတစ်ခုကြားဖူးတာ မင်းသားမလုပ်ရလို့ ပတ်မကြီးထိုးဖောက်တယ် ဆိုပဲ။
      အပြန်အလှန်လေးစားမှုပေး ဆိုတဲ့နေရာမှာလည်း အများကြီးလေ့ကျင့်ယူကြရပါဦးမည်။
      (ကိုယ့်စိတ်နဲ့နှိုင်းထားတာမို့ ..
      ကြီးကျယ်မြင့်မြတ်သော စိတ်ထားရှိသူများကို မဆိုလိုပါ။)

  • zarlay

    January 18, 2012 at 4:03 pm

    ဒီလိုလုပ်ရပ်က အခုမှ မဟုတ်ပါဘူး အရင်ထဲက ဒီအတိုင်းစည်းရုံးလာတာ ဘာဆန်းလို့လဲ ဒါပေမယ့် အခုတော့ တောသူတောင်သားတွေပေမယ့်လည်း ဘယ်ဟာအမှန် အမှားဆိုတာဝေဖန် နိုင်နေပြီဖြစ်တဲ့ အတွက် စိုးရိမ်စရာတော့ မရှိတော့ပါဘူး

  • ကောင်းမြတ်သူ

    January 18, 2012 at 4:08 pm

    ဒီယိုနည်းတွေ သုံးလို့ရသေးရား…. ပါတီမှန်သမျှ ငါးခုံးမတော့စစ်သင့်ပြီ

  • kai

    January 18, 2012 at 5:34 pm

    http://www.voanews.com/burmese/news/–01_17_12_my-news-burma—-137470408.html

    လွှတ်တော်အမတ်တွေကို ဝေဖန်ပိုင်ခွင့်ရှိသင့်
    By မစုမြတ်မွန်

    လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ်ဖြစ်စေချင်တဲ့ပုံစံဖြစ်အောင် ထိန်းကျောင်းပေးဖို့က ပြည်သူတွေရဲ့တာဝန်ဖြစ်တယ်လို့ ဒီကနေ ့ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ကိုယ်ကမဲပေးထားမှ ဒီကိုယ်စားလှယ်ကို ဝေဖန်ပိုင်ခွင့်ရှိမယ်လို့လည်း ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် NLD ရုံးဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က ဆက်ပြောပြပါမယ်။

    ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လစ်လပ်နေတဲ့ထဲမှာ တနေရာပါဝင်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပါတီရုံးခန်းကို ဒီကနေ့ ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ လစ်လပ်နေရာ ၄၈ နေရာလုံးမှာ ပါဝင်အရွေးခံဖို့ ပြင်ဆင်နေတဲ့ NLD ပါတီက ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တာနဲ့ ပတ်သက်လို့ကို ဖွင့်ပွဲ မိန့်ခွန်းတွေမှာ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးတင်ဦးရော ဒေါ်အောင်ဆန်းစုကြည်ပါ အသားပေးပြောသွားကြပါတယ်။

    သမိုင်းစာမျက်နှာသစ်ဖွင့်နေတဲ့ NLD က ပြည်သူအားလုံးရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စီးပွားရေး ကိစ္စတွေလုပ်တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပညာပိုင်း၊ အတွေ့အကြုံပိုင်း အနီးကပ်ကူညီနိုင်မယ့် အမျိုးသမီး၊ လူငယ် တိုင်းရင်းသားတွေကို အဓိကထား ရွေးချယ်နေတာ ဖြစ်တယ်လို့ ဦးတင်ဦးက ပြောခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကလည်း ရုန်းကန်နေကြရတဲ့ ပြည်သူတွေရဲ့ ဒုက္ခကို နည်းအောင်လုပ်နိုင်မဲ့ သူကို ရွေးမယ်လို့ ခုလို ပြောပါတယ်။

    “ကျမတို့ရဲ့ပြည်သူအများစုဟာ ဆင်းရဲတဲ့အမှုနဲ့ ရုန်းကန်နေရတယ်ဆိုတာကို ကျမတို့ နားလည်ပါတယ်။ ဒီလိုရုန်းကန်နေတဲ့နေရာမှာ ပြည်သူတွေရဲ့ စိတ်ဆန္ဒတွေကို နားလည်စာနာပြီးတော့ ပြည်သူတွေရဲ့ဒုက္ခတွေကို တတ်နိုင်သလောက် ကျဆင်းသွားအောင်လို့ လုပ်ပေးနိုင်မယ့် ကိုယ်စားလှယ်တွေ ကျမတို့ရွေးမှာပါ”

    ရွေးကောက်ပွဲအတွက် မင်္ဂလာတောင်ညွန့်မြို့နယ်က အရွေးခံဖို့အတွက် HIV AIDS ဝေဒနာရှင်တွေကို ဦးဆောင် ပြုစုစောင့်ရှောက်ပေးနေတဲ့ NLD ပါတီဝင် မဖြူဖြူသင်းကို ဘာကြောင့် ရွေးရသလဲ ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသွားပါတယ်။ ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ်ဖြစ်စေချင်တဲ့ ပုံစံဖြစ်လာအောင်က ပြည်သူတွေမှာပဲ တာဝန်ရှိတယ်ဆိုတာကိုလဲ သူက မိန့်ခွန်းထဲမှာ အဓိက ပြောပြခဲ့ပါတယ်။

    “ကိုယ်ဖြစ်စေချင်တဲ့ကိုယ်စားလှယ်မျိုးဖြစ်အောင် ပြည်သူတွေကလည်း ဝိုင်းပြီးတော့လုပ်ပေးရမယ်။ ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင်လို့ ပြည်သူတွေကလည်း ဝိုင်းပြီးတော့ ထိန်းသွားရမယ်။ ဒါ- ဒီမိုကရေစီရဲ့ အရေးအကြီးဆုံးအချက်တခုပဲ။ ဘာဖြစ်လို့ ကျမတို့ ဒီမိုကရေစီ၊ ဒီမိုကရေစီလို့ ပြောနေသလဲ- ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးတော့ ကိုယ့်ကံကြမ္မာ၊ ကိုယ့်တိုင်းပြည်ရဲ့ကံကြမ္မာကို ဆုံးဖြတ်ဖို့ဟာ ပြည်သူတွေရဲ့လက်ထဲမှာပဲ ရှိနေတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့က ဒီမိုကရေစီစနစ်ကို လိုလားတာပါ”

    မဲဆန္ဒပေးတယ်ဆိုတာဟာ ပြည်သူတွေရဲ့ တာဝန်တခု ဖြစ်တာမို့ မဲစာရင်းထဲမှာ ကိုယ့်နာမည် ပါ မပါ သိအောင်လုပ်ဖို့ အရေးကြီးပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လူတိုင်းမှာ မဲပေးပိုင်ခွင့်ရှိတာမှန်ပေမယ့် မဲပေးနိုင်အောင် ကိုယ်တိုင်လုပ်စရာတွေ လိုတဲ့အတွက် ဒီကိစ္စတွေကို NLD က အသိပညာပေးတာတွေ လုပ်ဖို့လည်း ရှိပါတယ်လို့ ဆိုပါတယ်။ ပြည်သူတွေဘာကြောင့် မဲပေးသင့်တယ်ဆိုတာနဲ့ ပတ်သက်လို့လည်း-

    “ကိုယ်မဲထည့်ပေးလိုက်တဲ့ကိုယ်စားလှယ်က သူ့တာဝန် ကျေပွန်လား၊ မကျေပွန်လားဆိုတာကို ကိုယ်ကနေစပြီးတော့ ဝေဖန်ပိုင်ခွင့်ရှိသွားတယ်။ ကိုယ်ကလည်း မဲမထည့်ဘူး၊ ဂရုမစိုက်ဘူး၊ ငါနဲ့မဆိုင်ဘူး-ဒီရွေးကောက်ပွဲဆိုပြီးတော့- နောက်တော့မှ ဒီကိုယ်စားလှယ်ဘာမှမလုပ်ဘူးလို့ ပြောလို့ရှိရင်တော့ ဒါဟာ တာဝန်မဲ့တဲ့စိတ်ထားမျိုးဖြစ်ရာကျတယ်”

    ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် NLD ရုံး ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ပြောကြားသွားတာဖြစ်ပါတယ်။ ဒီရုံးဟာ ပြည်ထောင်စု ရွေးကောက်ပွဲမှာ ပြန်လည် မှတ်ပုံတင်ခဲ့ပြီးနောက် NLD ပါတီက ရန်ကုန်မှာ ဒုတိယမြောက် ဖွင့်တဲ့ ရုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ဗဟန်းမြို့နယ် စည်းရုံးရေး ကော်မတီရုံးကို ဖွင့်ခဲ့ပါတယ်ရှင်။

  • ဟုတ်၏ သူကြီးကိုခိုင်ရေ။အားရစရာကြီးပါဗျ။ညီအကိုမောင်နှမ ဆရာသမားတွေရဲ ့တက်ညီလက်ညီ ကွန်မန် ့မျိုးစုံကိုတွေ ့
    ရတော့ ကျေးဇူးတင်ပါသဗျ။အားလုံးတူညီ လက်တွဲညီညွတ်စွာနဲ ့အမေစုအတွက်တပ်အားသရွေ ့ကူညီကြရမှာပါ။တိုက်ခိုက်ဝေဖန်
    တာကိုတော့ လက်ခံပါတယ်။ဒါပေမယ့် ခုက စော်ကားနေတယ် ထင်လို ့ပါဗျာ။
    အကိုအမတို ့ရဲ ့ ကွန်မန် ့လေးတွေ သိပ်ကိုအဖိုးတန်အားရှိပါတယ်ဗျာ။

  • zaw min

    January 18, 2012 at 8:32 pm

    ပြည်သူတွေရဲ့ ဆန္ဒကိုအမှန်အတိုင်း လက်ခံရရှိမယ်ဆိုရင်…ဗေဒင်မေးစရာမလိုပဲ အဖြေကထင်ထင်ရှားရှား ထွက်ပေါ်လာမှာပါ…ကလိမ်ကကျစ်နည်းတွေ သုံးလာမယ်ဆိုရင်ပြည်သူတွေကလည်းခံမှာမဟုတ်တော့ပါဘူး..နိုင်ငံတကာကလည်း မျက်ခြေမပျက်စောင့်ကြည့်နေတယ်ဆိုတာသူတို့လည်းသိပါတယ်…
    “ကိုယ်မဲထည့်ပေးလိုက်တဲ့ ကိုယ်စားလှယ်က သူ့တာဝန် ကျေပွန်လား၊မကျေပွန်လားဆိုတာကို ကိုယ်ကနေစပြီးတော့ ဝေဖန်ပိုင်ခွင့်ရှိသွားတယ်။ကိုယ်ကလည်း မဲမထည့်ဘူး၊ဂရုမစိုက်ဘူး၊ငါနဲ့မဆိုင်ပါဘူး ဒီရွေးကောက်ပွဲဆိုပြီးတော့..နောက်တော့မှ ဒီကိုယ်စားလှယ်ဘာမှမလုပ်ဘူး လို့ပြောလို့ရှိရင်တော့ ဒါဟာ တာဝန်မဲ့တဲ့ စိတ်ထားမျိုးဖြစ်ရာကျတယ်”
    ပြည်သူတွေဘက်ကတာဝန်ကျေရင် သူတို့ဘက်ကတာဝန်ယူဖို့အသင့်ပါပဲ…။

  • ဇွဲမာန်(အင်းဝ)

    January 18, 2012 at 10:30 pm

    ပညာရှိကိုပုတ်ခက်ရင်ကိုယ့်ပဲခံရမှာပဲ

  • ရွှေဘိုသား

    January 18, 2012 at 11:04 pm

    ပညာမရှိတာပဲ သူများပုတ်ခက်ချင်တာပဲသိတယ် ကိုယ်တိုင်ကလည်းကောင်းအောင်လုပ်နိုင်တာလည်းမဟုတ်ဘူး မိန်းမကျင့်နဲ့လူကိုက သူများမကောင်းကြောင်းလျှောက်ပြောနေ

  • MaMa

    January 19, 2012 at 8:01 am

    လွန်ခဲ့တဲ့ အနှစ်၂ဝ က ဆိုရင် အခုလို ပြောတာတွေကို ဝေဖန်ပိုင်းခြားဖို့ မစဉ်းစားတတ်ပေမယ့်…
    ခုချိန်မှာတော့ ဒေါ်စုက အပြောမဟုတ်၊ အလုပ်နဲ့ သက်သေပြခဲ့လို့ ….
    ကိုယ်ပိုင်စဉ်းစားဉာဏ်နဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်ပြီမို့၊ တွေဝေစရာ မရှိပါ။ 🙂

  • kokothandar

    January 19, 2012 at 8:46 am

    အောင်သိန်းလင်းဟာ မြို့တော်ဝန်ဘဝကလဲ ကျတ်ဖွတ် မထောက်ခံတဲ့နေရာတွေကို လမ်းတွေပီးဒေအာင်
    ခင်းမပေးဘဲထားဘူးတယ် ကော့မှုးကလယ်သမားတွေ ငွေထုတ်ချေး တာဘယ်ကကလိန်ကျထားတဲ့ငွေတွေ
    လဲဆိုတာ စာနယ်ဇင်းတွေ ကဖေါ်ထုတ်ပေးရင် တော်တော်ကြည့်ကောင်းမယ်
    တစ်နေ့နှစ်ခါရူးမဟုတ်ဘူး တစ်နေ့လုုံး ရူးနေတဲ့စောက်ရူး မှ စောက်ရူးအစစ်ပါ

  • ကြောင်ကြီး

    January 19, 2012 at 9:35 am

    အခုအချိန်အထိတော့ မောင်အောင်သိန်းလင်း ပြောတာ ဘောင်မလွန်သေးဘူး၊ နာထောင်လို့ ရသေးတယ်။ သဂျီးပြောတာကို တဝက်ပဲ ထောက်ခံတယ်။ အကျိုးသင့်အကြောင်းသင့် ဝေဖန်ခွင့်ရှိပေမဲ့ ပုဂ္ဂိုလ်ရေးထိုးနှက်ခွင့် မရှိဘူး။ အမေရိကန်နဲ့တော ့ အရာရာသွားမနှိုင်းနဲ့လေ၊ အင်အားချိန်ခွင်လျှာ စာနယ်ဇင်းလွတ်လပ်ခွင့် လူထုနိုင်ငံရေး ရေချိန် စတာတွေက တူမှမတူတာကို။။ ကျုပ်သာဆို ဘာလုပ်မလဲဆိုတော့ မောင်အောင်သိန်းလင်း အဲဒီလို ပြောလေလေ (ဘောင်ထဲက ဖြစ်သ၍) ကျုပ်လည်း ဘောင်ထဲကနေ သူ့အကြောင်းတွေကို ဂျက်နဲ့လက်နဲ့ ဖော်မယ်။ ပုဂ္ဂိုလ်ရေး ဥပမာ – ရုပ်ရည်ရူပကာ၊ ကိုးကွယ်ယုံကြည်ချက် မပါစေဘဲနဲ့ သူရတဲ့လခ၊ စီးတဲ့ကား၊ ပိုင်ဆိုင်မှု၊ သောက်တလွဲလုပ်ပုံ စတာတွေကို တင်ပြမယ်။ အကယ်၍ စစ်ကျင့်စစ်ကြံအတိုင်း ပုဂ္ဂိုလ်ရေးတိုက်ခိုက် လုပ်ကြံမှုတွေပါလာရင် သူ့ပုဂ္ဂိုလ်ရေး အကြောင်းအရင်း (ဘယ်လိုရာထူးရ၊ ဘယ်သူ့ကို ဒုက္ခပေး) စတာတွေပါ ဖော်ထုတ်မယ်။ ဒို့ရွာသားတွေ ဒါမျိုးကျွမ်းပြီးသားပါ..ဟုတ်တယ်ဟုတ်.. 😉

  • ဟုတ်ပါ၏ ဦးကြောင်ကြီးရေ။ခုပို ့စ်မှာ ကိုမျိုးညွန် ့ကဟိုးအရင် အမျိုးသားညီလာခံက ဗိုလ်ပြုတ်ကြီး
    မျိုးညွန် ့ထင်ပါရဲ ့ အနီတွေဝေဆာလို ့ပါလား။အနော်လဲ မတတ်နိုင်ပေဘူးဗျ။ခုလို မျိုး ရွာသာူးများ၏
    စုံလင်သော ကော်မန် ့များအပေါ် ကျေးဇူးအထူးတင်ပါကြောင်း။

  • koyinmaung

    January 19, 2012 at 4:11 pm

    အောင်သိန်းလင်းသွားမဲဆွယ်တယ်
    ဒေါ်စုကိုတိုက်ခိုက်တဲ့စကားတွေပြောတယ်…ဆိုတာ
    ဘာမှပူစရာမလိုပါဘူး
    ခုကာလမှာသတင်းနဲ့စာနယ်ဇင်းထိုက်သင့်သလောက်လွတ်လပ်နေပါပြီ
    သူ့အကုသိုလ်နဲ့သူသွားမှာပါ…
    ပြိုင်ပြောစရာတောင်မလိုပါဘူး
    ပြည်သူတွေကချစ်ခင်လေးစားနေတဲ့ဒေါ်စုကိုအပြစ်များများပြောလေ
    အဲ့ဒီလူဒေါက်ပြုတ်လေပါ….

  • ဟုတ်တယ်ဗျာ။ကျနော်တို ့အသက်အရွယ်အပိုင်းတွေကနေ ဟိုး အဘိုးတွေ၊အဘွားတွေကပါမကဘဲ
    နိုင်ငံတကာပါလေးစားနေရတဲ့ ပြယုဂ်တစ်ခုကို စော်ကားနေသလိုဖြစ်နေတယ်လေ။နောက်တခုက
    ဝေဖန်နေတာထက် တိုက်ခိုက်ဖို ့ဖြစ်နေသလားလို ့ပါ။အစိမ်းတွေရော၊အနီလေးတွေရော ပလူပျံနေ
    တယ်ဗျာ။ကောင်း၏။

Leave a Reply