ရက်ပေါင်း ၁၅ ရက်ဖြင့် အပြီးဆောက်တဲ့ အထပ် ၃ဝ တိုက်

ThuyazawJanuary 18, 20122min16216

အံ့အားသင့်ဖွယ်ရာ သတင်း တစ်ပုဒ်ပါပဲ

ဒီကနေ့မှာ တရုတ်အင်ဂျင်နီယာတွေဟာ

တကြိမ်တည်း တစ်ခါတည်းနဲ့ အောင်မြင်မှုသရဖူကိုဆောင်းပြီး သူတို့ဘယ်လောက်ထိလုပ်နိုင်တယ်ဆိုတာ

ဒီ ၂၀၁၂ နှစ်ကူး ၂၀၁၁ နှစ်ကုန်ပိုင်းမှာ ကမာ္ဘကိုပြသလိုက်ပါပြီ

အဲတာကတော့….နာရီပေါင်း ၃၆ဝ ရက်အားဖြင့် ၁၅ ရက်တာ (သီတင်းနှစ်ပတ်) တည်းနဲ့

သင် မတွေးထင်နိုင်တဲ့ကိစ္စ တစ်ခုကို တရုတ်နိုင်ငံ ဆောက်လုပ်ရေးအဖွဲ့ကနေ အောင်မြင်စွာလုပ်ပြနိုင်ခဲ့ပါတယ်

ဧရိယာ စတုရန်းမီတာ ၁၇,၀၀ဝ အကျယ်အဝန်းပေါ်မှာ အထပ်ပေါင်း ၃ဝ မြင့်တဲ့အဆောက်ဦးကို

နာရီပေါင်း ၃၆ဝ ရက်အားဖြင့် ၁၅ ရက် ( သီတင်းနှစ်ပတ် ) အတွင်းမှာ Broad Group Company ကနေပြီးတော့

တရုတ်နိုင်ငံ အေ့ရှတောင်ဘက် Hunan ( ဟူနန် ) မှာ တည်ဆောက်ပြလိုက်တာဖြစ်ပါတယ်ဗျာ

ဒီတော့ကာ အဆောက်ဦးက ခိုင်ပါ့မလား ကောင်းပါ့မလားလို့ လူတွေကမေးခွန်းထုတ်စရာဖြစ်နေပါတယ်

တရုတ် ဆောက်လုပ်ရေး အကယ်ဒမီ China Academy of Building Research ကနေပြီးထုတ်ပြန်လိုက်တာကတော့

ဒီအဆောက်ဦးဟာ သာမန်အဆောက်ဦးတွေထက် ၅ ဆ ပိုပိုခိုင်ခံပြီး

ငလျှင်ဒဏ်ကို အဆင့် ၉ အထိခံနိုင်ပါတယ်တဲ့ဗျာ

Building has the capacity of stand in nine Magnitude earthquakes

နောက်ပြီးအဆောက်ဦးရဲ့မှန်တွေအားလုံးကိုလည်း နေရောင်ခြည်စွမ်းအင်သုံး

မှန်ချပ်တွေပဲ အသုံးပြုထားပြီး အဆောက်ဦးအတွက်လိုအပ်တဲ့စွမ်းအင်အားလုံးကိုအသုံးပြုသွားမယ်လို့ဆိုပါတယ်

နောက်ပြီး ဟိုတယ်အတွက် အသုံးဆောင်ပစ္စည်းများဟာလည်း

အကောင်းဆုံးတွေကိုသာ အသုံးပြုထားတယ်လို့ ဆိုထားပါသေးတယ်

ကဲ ဂေဇတ်က ကိုကို/မမ/ဦးဦး/ဒေါ်ဒေါ်/ဘိုးဘိုး/ဘွားဘွား တွေ အတွက် ပြန် ရှဲလိုက်တယ်နော်………

16 comments

  • water-melon

    January 18, 2012 at 1:32 pm

    မြန်မာမှာ ဆောက်တာလား
    အော်မှားလို့ တရုတ်မှာလား
    ခိုင်ခံရဲ့လား
    ဒီမှာလိုဆောက်ပြီးအကြာ အုတ်နံရံတွေ ပက်ကြားမအက်ပါဘူေးနာ် 😀

  • thuyazaw21451

    January 18, 2012 at 1:43 pm

    ဖရဲရေ ပက်ကြားအက်မအက်တော့ သိဝူးပေါ့နော် ဘယ်နှစ်ရက်ခံမလဲဆိုတာလဲ သိဝူးပေါ့နော် သေချာတာကတော့……………. တရုတ်တွေ ဆောက်ထားတာပေါ့နော်……. အရည်အသွေးပေါ့နော်….. ဟီး

  • etone

    January 18, 2012 at 1:45 pm

    ဟိုးတလောက လာတဲ့ ဖော်ဝေါ့ဒ်မေးတွေမှာ အဲ့ဒီလိုဆောက်မယ်ဆိုတုန်းက Hoax ထင်ပြီး ဟုတ်ရော ဟုတ်ပါ့မလားလို့ ထင်ခဲ့တာ ……. ။ အခုတော့လည်း … ဟုတ်သလိုလိုပဲ … ။
    ခိုင်ခံ့မှုရောရှိရဲ့လားဆိုတာလည်း စိတ်ဝင်စားမိတယ် … ။ အလုပ်သမား အင်အားသုံးပြီး 24နာရီ အပိုင်းခွဲပြီး သေချာ ဆောက်ခဲ့ပုံပဲ ……. ။

  • thuyazaw21451

    January 18, 2012 at 1:51 pm

    မ Etone ရေ တရုတ်တွေက စက်ယန္တယားအင်အား၊ လူအင်အားလဲကောင်းသကိုးဗျ ဒီတော့ အစ်မ ပြောသလို ၂၄ အစိုင်းတွေခွဲပြီး ဆောက်ခဲ့ပုံပေါ်ပါတယ်……. ဒါပေမယ့် အဲဒီမှာ နေမယ်ဆိုရင်တော့ ဒီသီချင်းလေးရမှဖြစ်မယ်………….အချိန်တိုင်းရွတ်ကြ ဂါထာသမ္ဗုဒေ…….. 😀

  • Thel Nu Aye

    January 18, 2012 at 2:24 pm

    ၁၅ နှစ်လောက်စောင့်ကြည့်ပြီးရင်တော့နေဖို့စဉ်းစားမယ်။

  • Rose Minn

    January 18, 2012 at 2:29 pm

    တရုတ်တွေ လုပ်ကြတာဆိုတော့လဲ ကောင်းမှာပေါ့ ကောင်းမှာပေါ့။ သူတို့နိုင်ငံအတွက် ပဲဟာ။ ဒီကအတွက်မှ မဟုတ်တာ။ အဆောက်ဦးကြီးက လဲကောင်းမှကောင်း။ နည်းပညာကို တို့တွေ လိုက်နိုင်မှ တို့တွေလိုက်နိုင်မှ။ အားကျပါတယ် အားကျပါတယ်။သူများကို………..။

  • စိန်ပေါက်ပေါက်

    January 18, 2012 at 2:35 pm

    ဗိသုကာ ပညာရှင် မစ်ချတာပေကို ဆောက်ခိုင်းရင် တစ်ရက်တောင်မကြဘူး
    ဒါပေမဲ့ သူက စာကလေအိမ် ဆောက်ပြီးလိုက်ရောင်းတာဂျ

  • thuyazaw21451

    January 18, 2012 at 2:36 pm

    မ Rose ရေ အားကျမနေပါနဲ့…….. မြန်မာနိုင်ငံမှာလဲ တစ်ရက်နဲ့အပြီးဆောက်တော့မယ်တဲ့ဗျ….. သတင်းတွေထွက်နေတယ်…………….. လူနေ အုတ်ဂူဆိုလားပဲ 😀

  • ဆူး

    January 18, 2012 at 3:02 pm

    တိုက်က အားလုံး ပြီးတာလား အတွင်းပိုင်း ပြုပြင်မှုတွေကတော့ ပြီးမယ် မထင်ဘူး။
    သူတို့ အတွက် ဂုဏ်ယူစရာကို စောင့်ကြည့်ကြတာပေါ့

  • thuyazaw21451

    January 18, 2012 at 3:09 pm

    မမဆးရေ အားလုံးပြီးတယ်တော့ထင်ဘူးဗျ………. အတွင်းပိုင်းပါ အကုန်အပြီးဆိုရင်တော့ ကောင်းသားပေါ့နော်

  • manawphyulay

    January 18, 2012 at 4:02 pm

    အင်း မြန်မာမှာတော့ လနဲ့ချီ ကြာတာတောင် ငလျင်လေးမလှုပ်လိုက်နဲ့ လေမတိုက်လိုက်နဲ့ အကုန်ပြိုတာများတယ်။ နောက် ဆောက်တဲ့အခါ ဟိုနေရာခို ဒီနေရာခိုတာတွေလည်း အတော်ကို ဆိုးတယ်။ ရေရှည်တည်မြဲဖို့ဆိုတာ ထည့်မစဉ်းစားကြတော့ဘူး။ ခုဆို နေပြည်တော်က ဟိုတယ်တွေလည်း ဇူလိုင်အပြီးဆိုပြီး တက်သုတ်ရိုက် ဆောက်နေတာ မြင်ခဲ့ရပါရဲ့။

  • Phaung Phaung

    January 18, 2012 at 4:30 pm

    မြင်ရတာနဲ့ကို အသည်းယားပြီး ကြောက်တယ် … မနေရဲပါဘူး

  • Khin Latt

    January 18, 2012 at 6:16 pm

    အဲဒီ လို ၁၅ရက် နဲ့ပြီးဖို့ ကို နှစ်ဘယ်လောက်ချီ ပြီး Organize လုပ်ခဲ့ရလဲ မသိ။
    လပိုင်း နဲ့တော့ မဖြစ်တန်ရာ။ 🙂

  • ဦးဦးပါလေရာ

    January 19, 2012 at 12:29 am

    အကုန်လုံး အဆင်သင့်လုပ်ပြီးမှ
    အမြန်ကောက်တပ်ပြတဲ့သဘောလို့ထင်ပါတယ်။
    ဘာပဲဖြစ်ဖြစ်ပေါ့… အဲသလိုဆိုလဲ တော်ပါတယ်။

  • naywoonni

    January 19, 2012 at 10:53 am

    တို့တော့သွားမနေရဲပါဘူး….။ တားတား ကြောက်ကြောက်…………

Leave a Reply