အနုမြူ အပျော့ ရဲ့ ပြတင်းပေါက်အမှတ်-၈

ムラカミJanuary 18, 20123min15715

 

၂၀၁၂ခုနှစ်ရောက်ပြီ။ ဘာလိုလိုနဲ့ Windows 8 ဖြန့်ချိမယ့်နှစ်ရောက်လာပြီပဲ။

ဘာမှမကြာသေး ..7ကနေ 8 ပြောင်းသုံးရဦးမှာလား လို့တွေ့တဲ့လူတွေ ရှိနိုင်ပေမယ့်

Microsoft ကတော့ ၃နှစ်ကြာပြီးတဲ့နောက် Major Version-Up ပြုလုပ်မယ့် ပေါ်လစီ

ကို ကြေငြာထားခဲ့ပြီးဖြစ်ပါတယ်။ Windows 7  ကို ၂၀၀၉ခုနှစ်မှာဈေးကွက် အရောက်ပို့ခဲ့

ကြတယ်မဟုတ်ပါလား ။ ၃နှစ်ကြာပြီးနောက် ၂၀၁၂ခုနှစ်မှာ Windows 8 ကို ဈေးကွက်တင်

ဖို့ ရှိနေပါတယ်။ Windows 8ရ ရဲ့ development ဟာ အစီအစဉ်အတိုင်း ဖွံ့ဖြိုးတိုးတက်နေတယ်

လို့ထင်ရပေမယ့်လည်း personalအမြင်အရ ပြောရရင်တော့ စဉ်းစားစရာအချက်တွေ ရှိနေပါသေးတယ်။

 

 

ပထမဆုံး ပြောချင်တဲ့အချက်ကတော့ ဖြန့်ချိမယ့် ရက်စွဲ time schedule ပါပဲ။

၂၀၀၉ခုနှစ်က Windows 7 ကို ဖြန့်ချိခဲ့တဲ့ ပုံစံနဲ့ ဦးစွာ တိုက်ဆိုင် စစ်ဆေးကြည့်လိုပါတယ်။ အဆိုပါ

ကာလတုန်းက CES (Consumer Electronics Show) နဲ့တိုက်ဆိုင်ပြီး  Beta Version ကိုပွဲထုတ်ခဲ့ပါတယ်။

တဆက်တည်းဆိုသလို ၄လပိုင်းလကုန် နဲ့ ၅လပိုင်း တွေမှာ User level အတွက် ရည်စူးတဲ့ version

ထွက်ရှိလာပါတယ်။ ၈လပိုင်းမှာ developer version, ၉လပိုင်းမှာတော့ volume license users version နဲ့

၁ဝလပိုင်းမှာတော့ Package verion နဲ့ Pre-installed version တွေကို ထုတ်လုပ်မိတ်ဆက်ပေးခဲ့ပါတယ်။

 

အဆိုပါဖြစ်စဉ်ကို ဆန့်ကျင်ပြီး ယခု Windows 8 မှာတော့ ပြီးခဲ့တဲ့အပါတ်က စတင်ခဲ့တဲ့ CES မှာ

Beta Version ကိုမိတ်မဆက်ခဲ့ဘဲ ဖေဖော်ဝါရီလ မှာမှ စတင် မိတ်ဆက်မယ့် အစီအစဉ်ကို ချမှတ်ခဲ့ပါတယ်။

သည်တချက်တည်းနဲ့ကို Windows 7 နဲ့ ယှဉ်ရင် ၁-၂ လခန့် နောက်ကျထွက်ရှိမယ် ဆိုတာ မြင်သာပါတယ်။

သည်တော့ Windows 7 ရဲ့ ပုံစံ အတိုင်း ဖြန့်ချိသွားမယ်ဆိုရင် ့ Package verion နဲ့ Pre-installed version

တွေဟာ နှစ်ကုန်ပိုင်းဖြစ်တဲ့ ၁၁-၁၂လပိုင်း အတွင်းဝင်ဖို့ (၂၀၁၂အတွင်းဝင်ဖို့) ခက်ခဲပါလိမ့်မယ်။

သည်နှစ်အတွင်း ဖြန့်ချိမယ် ဆိုတဲ့  Microsoft ရဲ့ စကား ကို ပြန်ထောက်ရရင်ဖြင့် သိပ် အချိန်မရဘူး လို့

ပြောနိုင်ပါတယ်။

 

အထူးသဖြင့် Windows ရဲ့ development အမှုဆောင်ချုပ် Steven Sinofsky ယခင်ကတည်းက

ပြောခဲ့တဲ့ Quality ကောင်းမွန်မှုကို  ဦးစားပေးပြီး development လုပ်မယ် ဆိုတဲ့စကားအရ schedule အရ

အချိန်မီ ပြီးရင်ပြီးရောဆိုတာမျိုး Time priority နဲ့ ထုတ်လုပ်မှာမဟုတ်ဘူးလို့ ဆိုလိုရာရောက်နေပါတယ်။

သို့သော် နှေးကွေးနောက်ကျခဲ့တဲ့Windows Vista အိပ်မက်ဆိုးကြောင့်ရယ် ၊ ၃နှစ်တစ်ကြိမ်ကျစီ

proposal အသစ်တခုစီ ပေးမယ်ဆိုတဲ့ ကြေငြာထားချက်ရယ် တွေကြောင့် ၂၀၁၂ နှစ်ကုန်ပိုင်း ဈေးဝယ်ရာသီကို

လက်လွတ်မခံချင်မယ့် အနေအထားကြောင့် schedule ပိုင်းမှာ အလွန် သက်ရောက်မှုပြင်ထန်မယ့်

အခင်းအကျင်းဖြစ်ပါတယ်။

 

သည့်ထက်ပိုပြီး စိတ်ပူစရာ အချက်ကတော့  ARM processor တွေအတွက် develop လုပ်ပေးမယ့်

version အတွက်ပါပဲ…

 

Windowx8 မှာ Web Browser အနေနဲ့ Internet Explorer 10 ကို အသုံးပြုနိုင်မှာဖြစ်ပြီး File size

18E byte Volume မှ အများဆုံး 256Z Byte အထိ support ပေးတဲ့ Information explosion era ကို

ဇောင်းပေးထားတဲ့ File system အသစ် (ReFS) ဆိုတာ ပါဝင်လာမှာဖြစ်ပါတယ်.။ ထို့အပြင် အခြားအခြားသော

feature အသစ်များလည်း ယခု အချိန်လောက်မှ စပြီး မြင်တွေ့ကြားသိရတော့မှာပါ။

 

အားလုံးမျှော်လင့်ထားတဲ့အတိုင်း လက်ရှိအချိန်ထိ အသုံးပြုနေတဲ့ OS ကိုဆင့်ကဲပြောင်းလဲဖြစ်ထွန်းမှု

ဆိုတာဟာ အရေးပါသလို tablet market ကို target ထားဖို့ကလည်း Windows 8 ရဲ့ ဦးတည်ချက်

ဖြစ်နေပါသေးတယ်။

 

PC ခေတ်လွန် ယနေ့အချိန်အခါမှာ PC တွေကို smart phone တွေနဲ့ tablet တွေက တစတစ

ဖယ်ရှားလာမှာ အသေအချာပါ။ သည်တော့ Windos 8 အနေနဲ့ က အဆိုပါ  smart phone တွေနဲ့ tablet တွေ

ပေါ်မှာ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရေး အတွက် ထည့်သွင်းရေးဆွဲဖို့ လိုအပ်လာပြီဖြစ်ပါတယ်..။

 

သည်အတွက် Windows 8 မှာ ARM Architecture နဲ့ လိုက်လျောညီထွေဖြစ်အောင် develop

လုပ်မယ့်အကြောင်း မနှစ်က CESမှာ  ထုတ်ပြောခဲ့ပါတယ်.. ယခုအချိန်အထိမှာ Windows OS ကို

အသုံးပြုထားတဲ့ Tablet တွေရဲ့ ဈေးကွက်မှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးသော ပြဿနာဟာ  iPad နဲ့

Android tablet တွေထက်စာရင် battery ကြာမြင့်စွာ အသုံးခံနိုင်မှု နဲ့  အလေးချိန် တို့ဖြစ်ပါတယ်။

 

စွမ်းဆောင်ရည် မြင့်မားမှု နဲ့ အတူ battery စားမှု များတဲ့ Intel ရဲ့ x86 Architecture မှာ

သည်ပြသနာကို ဖြေရှင်းဖို့ဟာ ခက်ခဲလွန်းပြီး ဘယ်လိုပဲဖြစ်ဖြစ် Battery အစားခံနိုင်ဖို့ရန်မှာ ARM Architecture

ကို သုံးကိုသုံးမှ ရတော့မယ်ဆိုတဲ့ အနေအထားကို ရောက်ရှိလာပါတော့တယ်။

 

သို့သော်.. ယခုထိ Windows 8 ရဲ့ ARM supported version အကြောင်းက အသေးစိတ် သတင်းအချက်အလက် ပြည့်စုံစွာ ထွက်ပေါ်လာခြင်းမရှိ သေးပေ။ အထူးသဖြင့် software compatibility

အပိုင်းမှာ ဖြစ်ပါတယ်။

 

Architecture ပိုင်းအရ လုံးဝကွဲပြားခြားနားမယ့် CPU (ARM)ပေါ်မှာ  Intel x86 Artechitecture နဲ့

လိုက်လျောညီထွေစွာ ရေးသားထားမယ့် software တွေဟာ ဘယ်လိုပုံစံနဲ့ compatibility ရနိုင်မလဲ

ဆိုတဲ့အချက်ဟာ အထက်ပါ ARM support လုပ်မယ်ဆိုတဲ့ ကြေငြာချက်ထွက်ပေါ် လာကတည်းက

ရှင်းလင်းပြောကြားဖို့ တောင်းဆိုခံရတဲ့အချက်ဖြစ်ပါတယ်..။

 

စာရေးသူဟာ မနှစ်က ၉လပိုင်းမှာ  အမေရိကန် ပြည်ထောင်စု Anaheim မှာ ကျင်းပခဲ့တဲ့

Windows8 Developer Conferense[Build] မှာ သည်ကိစ္စနဲ့ ပတ်သတ်ပြီး တစုံတရာ အဖြေထွက်လမ့်မယ်လို့

မျှော်လင့်ထားခဲ့မိပါတယ်။သို့သော် ဘာမှ မဖြေဆိုသွားတဲ့အတွက် စိတ်ပျက်ခဲ့ရပါတယ်။ အဆိုပါ BUILD မှာ

desktop environment အသစ် ကိစ္စဟာ သီးခြားအနေနဲ့ ပေါ်ထွက်လာခဲ့ပြီး အတိအကျပြောရရင် Microsoft

ဟာ  Metro Style လို့ခေါ်တဲ့ environment အသစ်ကို ပွဲထုတ်လာခဲ့ပါတယ်။  ဒါဟာ software

compatibility ဆိုတဲ့ အမေးပုစာ္ဆအတွက်တော့ အဖြေတစ်ရပ် ဖြစ်မလာခဲ့ပါဘူး။

 

 

သည်တော့ အမျိုးအစား အရ ပြောရရင် x86 architecture, ARM architecture, Desktop

Environment နဲ့ ယခု အသစ် Metro Style ဆိုပြီး environment အမျိုးအစား ၄ခုထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

အဆိုပါ ကွဲပြားတဲ့ environment တွေ ကြားထဲမှာ compatibility ဖြစ်မှုဟာ ဘယ်လိုပုံစံတည်ရှိမလဲ ။ binary

level compatibility ရှိနေမလား ဒါမှမဟုတ် Source code ကိုပြန်လည် compile လုပ်ဖို့ လိုအပ်မလား။

သည်၄မျိုးသော environment တွေဟာ ယခင်က သုံးပြုခဲ့တဲ့ Windows 7 က environment အဟောင်းနဲ့ရော

ဘယ်လို လိုက်လျောညီထွေဖြစ်မလဲ ပြုပြင်ပြောင်းလဲရမယ်ဆိုလည်း ဘယ်လို ပြုပြင်ရမလဲ အစရှိသဖြင့်ပေါ့..

compatibility issue က အတော် အသံကျယ်လောင်လာပါတယ်။

 

 

ထင်မှတ်ထားတဲ့အတိုင်းပဲ သည်ပြဿနာအတွက် Sinofsky ဟာတစုံတရာ develop လုပ်ထားမှာ

အသေအချာပါပဲ.။ ဥပမာအားဖြင့် Build ရဲ့ Keynote ထဲမှာ Windows 8 အတွက် ရေးသားမယ့် Applications

တွေဟာ x86 မှာရော ARM မှာပါ အသုံးပြုလို့ရရပါမယ်လို့ ဆိုခဲ့ပါသေးတယ်မဟုတ်ပါလား။ ဒါပေမယ့်  သည်လို

Windows 8 လို့ ပြောခဲ့တာဟာ  Metro environment အတွက်ပဲ ရည်ရွယ်ခဲ့သလား ..ဒါမှမဟုတ် Desktop

Environment ကိုလည်း ရည်စူးသလား ကိုတော့ ကွဲကွဲပြားပြား မပြောခဲ့ပါဘူး။ နောက်ပြီး  “Windows 7 မှာ

run နိုင်တဲ့ program ဟာ Windows 8 မှာလည်း run နိုင် ပါတယ်” လို့ပြောခဲ့ပေမယ့်

။တကယ်တမ်းညွှန်းဆိုသွားတဲ့ Windows 8 ဆိုတာဟာ ARM support Version ဟုတ်မဟုတ်ဆိုတာကို

ကွဲပြားစွာ မသိရတဲ့အတွက် မောဟ ပွားရပါတယ်။

 

တနည်းအားဖြင့်ဆိုရလျင်တော့ စာရေးသူ ပဲ အတွေးခေါင်သလိုများ ဖြစ်မလားတော့ မသိပါ။

Micriosft Technology စွမ်းရည်အရဆိုလျင်  အားလုံးသော environment ပေါ်မှာ compatibility

ကောင်းမွန်စွာ ရရှိနိုင်ပါတယ် လို့ တွေးမယ့်လူလည်း မနည်းလှပေ။

 

သည်လိုနဲ့ သည်နှစ်ကူးရက်တွေမှာ ..x86 နဲ့ ARM ကြားက compatibility ကိစ္စကို

လက်လျော့လိုက်ပြီိ တို့ … ARM version မှာ Desktop  environment ကို support မဖြစ်ဘူးတဲ့ စတဲ့

သတင်းတွေ ကြားကြားနေရတာတွေကြောင့် စာရေးသူမှာ တောက်လျောက် စိတ်အေးချမ်းမှု မရရှိခဲ့ပါ

 

သည်နှစ်စ ပိုင်းကျင်းပတဲ့ CES မှာလည်းပဲ စာရေးသူ မျှော်လင့်နေတဲ့ ပြဿနာရဲ့ အဖြေကို

ဖြေကြားမပေးသွားခဲ့ပါဘူး။အပေါ်ဆုံးမှာ ဆိုခဲ့သလို သည်နှစ် နှစ်လယ်ပိုင်းလောက်မှာ Windows 8

ထွက်ပေါ်လာဖို့ ဆိုတာကတော့ ..အချိန် schedule အရ  အတန်ငယ် ကျပ်တည်းနေပါတယ်။ စာရေးသူရဲ့

အတွေးတွေထဲမှာ မြူတွေဆိုင်းနေတာ ဘယ်တော့ ကြည်လင်သာယာလာမယ် မသိပေမယ့် ၂၀၁၂ မှာတော့

Windows 8 အကြောင်းကို သေချာ Focus လုပ်သွားချင်ပါတော့တယ်။ 

 

ရည်ညွှန်းကိုးကား။

http://itpro.nikkeibp.co.jp/article/Watcher/20120117/378641/?ST=win&mkjt&P=1

どうなる? Windows 8

 

 

 

Microsoft မှ ထုတ်ပြန်သည် ့Windows 8 အကြောင်း..

Windows_Developer_Preview-Windows8_guide

 

ခင်တဲ့

ဖားသက်ပြင်း

 

 

15 comments

  • windtalker

    January 18, 2012 at 1:58 pm

    ဂွီဂွီရေ
    ကိုယ်တို ့က ဝင်းဒိုး7 တောင် မသုံးဘူးရယ် ။
    အသစ်ပေါ်လဲ ၊ အသားမကျမှာ စိုးလို ့
    ရမ်းမသုံးရဲတာတော့ အမှန်ဘဲ ။

    • ဖားသက်ပြင်း

      January 18, 2012 at 2:03 pm

      ကျနော်လည်း လန့်တတ်တယ်ခည…
      အသစ်ပေါ်တိုင် းစမ်းမသုံးရဲတာတော့အမှန်…(ဝယ်သုံးရတာကိုး …)

      ဒါပေမယ့် သည်လောကထဲနေနေလေမိတော့
      ဘာဖစ်မှတော့ ဘာကို မကြောက်နဲ့ ဆိုသလိုပဲ …ဗျာ….
      စမ်းနေရဘာဘီ …:(

      တကယ်တော့ …
      တခါတခါ ငယ်ငယ်က မြွေ-အံစာ ခေါက်ရသလိုပါပဲဗျာ…
      ရှေ့မှာ လှေကားလား ..မြွေလား ..မသိပါဘူး..
      အဲ့ …သွားတာကတော့ သွားရမှာပဲလေ….

      ခင်တဲ့
      ဖားသက်ပြင်း

      • windtalker

        January 18, 2012 at 2:09 pm

        ရှေ ့မှာ မိုးရွာနေရင် မိုးစက်တွေ ကျနေရင်
        ဘယ်လို လုပ်ရပါလိမ့်
        ပြောစမ်းဘာဦး
        ဟီဟိ

        • ဖားသက်ပြင်း

          January 18, 2012 at 2:18 pm

          မိုးရွာရင် မိုးရေချိုးလေဗျာ
          😀

  • water-melon

    January 18, 2012 at 2:15 pm

    အရင်တုန်းက windows 7 ပေါ်တုုန်းကလည်း သုံးဘူးတယ်
    ပေါ်ပေါ်ချင်းဆိုတော့ တစ်ချို့ဆော့ဝဲတွေက windows 7မှာ သိပ်သုံးလို့မရတာနဲ့ မသုံးဖြစ်တော့တာ
    နောက်ပိုင်း သိပ်မကြိုက်လို့ XP ဘဲပြန်သုံးတယ်

  • စိန်ပေါက်ပေါက်

    January 18, 2012 at 2:17 pm

    7 က အမြင်လေးက ဆန်းဆန်းလှလှလေးပါ
    ဒါပေသိ ကိုယ်အသုံးပြုနေတာတွေက 7 မှာ ဂဂျီဂဂျောင်
    အားရတာကတော့ XP ပဲဂျာ
    ဒါကို
    ဝင်းဒိုး ၈က ထပ်ထွက်မယ်ဆိုတော့ သုံးကြည့်ဖူးမှပဲ အိုကေလား မကေလား သိတော့မယ်..
    ခုတော့ ဘီယာငုံပြီး ခေတ္တစောင့်နေလျက်ပါ..ဂွိဂွီရေ

    • ဖားသက်ပြင်း

      January 18, 2012 at 2:23 pm

      ဆဲဗင်း ကောင်းတယ်ဗျ…
      ကျနော်က Vista ဒုက္ခပေးတာ ကောင်းကောင်းကြီးခံလိုက်ရဖူးတာကြောင်းများ
      ပိုအကောင်းမြင်မိသလားတော့ မဆိုနိုင် ..။

      စကားမစပ် Windows 8 မှာ မြန်မာစာ ယူနီကုဒ် ပါလာတော့မယ်ဗျာ..
      ကျုပ်တို့ မြန်မာလို ပီစီသုံးရတော့မှာပေါ့…
      Code တွေကတော့ ဘိုလိုပဲဖြစ်ဦးမှာပေမယ့် ယူဇာ အင်တာဖေ့စ်ကို
      မြန်မာလို (အစစ်အမှန်) သုံးရဖို့ မဝေးတော့ဘူးလို့ ….
      အသက်အရွယ် ..ပညာ အရည်အချင်း …လူတန်းစား အမျိုးအစား ..ဘောင်ပိုကျယ်ကျယ်
      သုံးနိုင်လာမှာ …ကြိုဆိုရမှာပါဗျာ …. အဲ့ဒါ..။

      😀

  • thit min

    January 18, 2012 at 2:23 pm

    ကိုယ်က Vista ကိုကျော်သွားတယ်။
    XP ကနေ 7 ကိုသွားတာဆိုတော့ 9 ကိုစောင့်လိုက်မယ်။
    မလောပါဘူးနော်၊ ဝယ်မယ်လို့စာချုပ်ထားတာမှမဟုတ်တာ။
    T T ဆိုတာ
    Technology Transfer ပါဘဲအရင်ကတော့။
    အခုတော့ Technology Throw away ဖြစ်သွားပြီ။
    လွန်ခဲ့တဲ့ အနှစ် ၆ဝ လောက်က ဂျိုးဇတ်ရွှန်းပီတာပြောခဲ့တဲ့ Creative Distruction ကဒီနေ့တွေမှပိုမှန်နေပါလား။
    ဖန်တီးမှု(တီထွင်မှု) လုပ်လေ ရှေ့ကဟာကိုဖျက်စီးလေပေါ့။

    • ဖားသက်ပြင်း

      January 18, 2012 at 3:12 pm

      သည်ကြားထဲမှာ ကဖြစ်ခဲ့တဲ့ Tablet Revolution က အတော်လေး မီးထိုးပေးခဲ့သကိုး ကိုသစ်ရေ…
      (မြန်မြန် 8 မှ 7 အတိုင်းဆက်ပေနေရင် ရှိသမျှ မားကတ်ရှယ်ယာလေးတွေ Google စားသွားမှ…ဟုတ်ပေ့..)
      Creative Distruction ဖြစ်တော့ ယူဇာတွေ လျှာထွက် ပိုက်ပိုက်ထွက် ….:D

      (အရီးတော် မြင်ရင် ဘာပြောဦးမယ်မသိ …တံခါးအမှတ် ၈ ကိစ္စ …အနုမြူအပျော့နဲ့ လင်းနက်စ် တွေ
      ရန်စောင်နေကြပီကြားရဲ့ ….)

    • Foreign Resident

      July 5, 2012 at 9:18 am

      ” ကိုယ်က Vista ကိုကျော်သွားတယ်။
      XP ကနေ 7 ကိုသွားတာဆိုတော့ 9 ကိုစောင့်လိုက်မယ် ”

      အဘ လည်း တူတူပဲ ။
      အကြမ်းဖျင်း ၄ နှစ်တစ်ခါလောက်ပဲ Lap Top လဲချင်တယ် ။
      အခု frequency က ၃ နှစ်တစ်ခါလောက် ဖြစ်နေတယ် ။

  • လင်းဝေ

    January 18, 2012 at 4:07 pm

    Vista ကို မသုံးဖူးလိုက်ဘူး။ 7 တောင် အထာမကျသေးဘူး။
    မြန်မာပြည်မှာတော့ အလကားရမယ့် 8 ကို စောင့်နေမှာပေါ့။
    ကိုသစ်လိုပဲ 9 မှ ပြောင်းသုံးတာပိုကောင်းမယ်ထင်တယ်။ နဝင်းကျေတယ်လေ။
    လေကျေရင်လေလည်တယ်။ နဝင်းကျေတော့ နဝင်လည်မှာပေါ့နော်။

  • blackchaw

    January 18, 2012 at 4:52 pm

    ကျွန်တော်ကတော့ ဆိုင်ကတင်ပေးလိုက်တဲ့ 7 ဗျာ။
    ဘာတွေကောင်းတာလဲ မသိပါဘူး။
    စာရိုက်တာနဲ့ သီချင်းနားထောင်တာ နှစ်မျိုးပဲ သုံးတဲ့အတွက်
    ပြသနာတော့ လုံးဝနီးပါး မရှိပါဘူး။
    8 လာလို့ ဆိုင်က အလကားတင်ပေးလိုက်ရင်လည်း
    သုံးရဦးမှာပါပဲဗျာ။

  • Khin Latt

    January 18, 2012 at 6:10 pm

    ချစ်စွာသော တူတော်လေး
    နံပါတ် ၈ ပြူတင်း ရဲ့ လုံခြုံရေး စနစ် က ပန်းသီး ရဲ့ ကော်ပီ ကက် ပါလို့ သတင်းထွက်နေတာပါ မဟုတ်ပါလား။
    ထိုအချက် နှင့်ပင် အလင်းနတ် ကြီးနှင့် ပြိုင်ရန် ကြိုးစား လေရော့သလား။
    (ဘော်လီဘောပြန်ပုတ်လိုက်သည်။) 😉
    အရီးတော်

    • ဖားသက်ပြင်း

      January 18, 2012 at 6:46 pm

      တခါလေး ခိုးမိပါတယ်. .
      တသက်လုံး ကိုသာခို ပဲထင်နေတော့တာပါပဲ….

      မဟုတ်ရပါဘူးဂျာ …

      သည်တခါ ပြတင်းတံခါးက ကာနေးလ် ကို ဟိုက်ဘရစ် ဖွင့်မယ်ဆိုပဲ….
      ဒါတွေပြောရင်. …
      .ငွေရောင်အလင်းတန်း အပလီကေးရှင်းဖလိမ်ဝေါ့ခ် နဲ့ မိုးပြာရောင် ပြတင်းပေါက် အကြောင်း
      ထည့်ပြောမှ ဖြစ်မှာမို့ ..နောက်ပိုစ့်မှ ပြောတော့မယ်နော…..

      မောသွားဘီ အရီးရေ့….

      ခင်တဲ့…
      ဖားသက်ပြင်း ….

      ပီအက်စ် …အလင်းနတ်ကြီးရော ကျန်းမာပါရဲ့လားဗျ….
      စစ်စတမ်အိုင် အတော်ခေါင်းထောင်လာပြန်ပြီနော….

      ကောင်တာ ဖောက်ပါသည်
      ခိခိ

  • ဟုတ်ပါတယ်ဗျာ။Tablet တွေခေတ်မှာလဲ ဝယ်မိသမျှမှားနေပါလေရော။ဒီနေ ့ဝယ်နောက်နေ ့ခုထက်ကောင်း
    တာပေါ်လာပါလေရော။ဟင့် စိတ်ကုန်တယ်။

Leave a Reply