အရည်အချင်းနှင့် လက်တွေ့

ShwemannmayJune 1, 20101min663
လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စဝင်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင်
သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။

တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။
သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက်
ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင်
“ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ” ဟု
စဉ်းစားမိသည်။

တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ
ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော
နားနေဆောင်သို့ အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို
ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။
အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။
လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်က ို မေးချင်သော်လည်း
“ငါကသူတို့ထက် ပညာတတ်တယ်” ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။

တအောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး
အပေါ့အပါး သွားလေသည်။ “သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား..
မဖြစ်နိုင်ပါဘူးလေ” လူငယ်မှာ မူးမေ့မတတ် အံ့ဩမိသည်။

ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး
နားနေဆောင်သို့ (၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း
မမေးချင်။ အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည်
“သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ” ဟု တွေးပြီး
ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့
ပြုတ်ကျသွားလေသည်။ ဘေးက လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘယ်လို့
ရေထဲခုန်ချရသလဲဟု မေးလေသည်။

“ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်”
လူငယ်နှစ်ဦးမှာ ရယ်ရင်း “ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က
မိုးရွာလို့ တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့
အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ”
ဟု ပြန်ဖြေလေသည်။

ကျောင်းပြီးလို့ ပြင်ပအလုပ် စဝင်ပြီချိန်တွင် ဘာနှင့်ပဲ
ကျောင်းပြီးခဲ့ပြီးခဲ့ အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို
ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည် ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့
မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ် သင်ယူလေ့လာခြင်း၏
ရလဒ်ပင်ဖြစ်သည်။

“သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။
သူတို့ထက် ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ……..” စသည်ဖြင့် ပညာမာန်
တက်နေရာမလိုပေ။ အတွေ့အကြုံရှိသူကို လေးစားပြီး ပညာရှိသူကို
ချည်းကပ်ရမည်ပင်။

posted by နောင်နောင် လို ့ပါပါတယ်။ သူ ့ဆီမှာ ဒီလို မှတ်သားစရာ စာကောင်းလေးတွေ ရှိတတ်ပါတယ်။ မကြာခဏဆိုသလို ဝင်ဖတ်ဖြစ်ပါတယ်။ ဒီပို ့စ်လေးက

Myanmar medical community page မှာ ဖတ်မိတဲ့ စာကောင်းလေးပါ။ ကျောင်းသင်ခန်းစာတွေမှာ ပြဌာန်းမထားတဲ ့ အလုပ်မှာတွေ ့ကြုံကြရတဲ့ အတွေ ့အကြုံတွေ ၊ ပညာတွေ ဆို တာ ရှာဖွေလေ တွေ ့ရှိလေဆိုတာမျိူးပါ။ ကိုယ့်ထက်ရာထူးနိမ့်ပေမယ့် ကိုယ့်လက်အောက်ကဝန်ထမ်းဖြစ်နေပေမယ့် တခါတလေမှာ သူတို ့ မှာ ကိုယ်မသိတာ မတတ်တာ မကြုံဖူးတာလေးတွေ ကို သတိထားကြည့်ရင်မြင်နိုင်ကြပါလိမ့်မယ် ။ ဘယ်အရာမဆို ယူတတ်ရင်ပညာပါပဲ။  ဒီပို ့စ် လေးဖတ်ပြီးသူတိုင်းနှစ်ခြိုက်ကြမယ်ထင်ပါတယ် ။
ရွှေမန်းမေ

3 comments

  • wunnakoko

    June 1, 2010 at 3:45 am

    မှန်ပါတယ်။ နောက်လဲဒီလိုမျိုး ရေးပေးပါဦးခင်ဗျာ။ စာတွေတော့ဖတ်ဖြစ်ပါတယ်။ စာထဲကနေ အသိတစ်ခု ပညာတစ်ခု ဆိုတာ ယူတတ်မှရတာပါ။ သာမန်ဖတ်ရင်တော့ ဟာသပါဘဲ။ လက်တွေ့နဲ့အသုံးချတတ်မှ အသုံးကျ မှာပါ။

  • wunnakoko

    June 1, 2010 at 3:51 am

    မှန်ပါတယ်။ နောက်လည်း ရေးပေးပါ။ စာတွေတော့ဖတ်ဖြစ်ပါတယ်။ သာမန်ဖတ်ရင်တော့ ဟာသပါ။ စာထဲကနေ လက်တွေ့ဘဝမှာ အသုံးချလို့ရအောင် အသိတစ်ခု ပညာတစ်ခုကို ယူတတ်မှရတာပါ။

  • intro

    June 1, 2010 at 1:42 pm

    ကောင်းတယ်ဗျာ… ဖတ်ရတာတကယ့်ကို အနှစ်သာရ ရှိပါတယ်…

Leave a Reply