ိထိတ်ဆုံးမှာ ရှိနေတဲ့ etone ရဲ့ ပို့စ်လေးနဲ့ အင်ဇာဂီ ရဲ့ KAIZEN ပို့စ်လေးအတွက် ဂုဏ်ယူကြောင်းပြောရင်း တံခါးစောင့်ပို့စ်
(7-12) ကို တင်ဆက်လိုက်ပါတယ်ဗျာ။ မကျေနပ်စရာ မကြိုက်တာတွေ့ရင် ကွန်းမန့်က ပွင့်လင်းနိုင်ပါတယ်ခင်ဗျာ။
ဒါမှမဟုတ် အားနာရင်လည်း ပီအမ်က တစ်ဆင့်ပြောနိုင်ပါတယ်။

ကြောင်ကြီးရဲ့ နာဒယ်ဟေ့ ဆိုတဲ့ ကဗျာလေးနဲ့ စလိုက်ရအောင်ပါ။ ကဗျာဆိုလို့ နည်းနည်းလေး ကျွန်တော့်ကို
စကားအတင်းစပ်ခွင့်ပြုပါ။ ကျွန်တော် ကဗျာ ခံစားမှုမှာ ကျွမ်းကျင်သူတစ်ယောက်မဟုတ်တဲ့အတွက် ကဗျာကို မူရင်းအတိုင်းပဲဖေါ်ပြပေးသွားပါမယ်။
မည်သည့်ကဗျာကိုမဆို မူရင်းကို ဖေါ်ပြပေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ ကဗျာတွေကို တာဝန်ခံဖတ်ပြီး ခံစားမှုလေးတွေရေးပေးမယ့်သူများ ရှိရင် ရေးပေးကြပါလို့ တောင်းဆိုပါရစေခင်ဗျာ။ အသေးစိတ်ဖို့ကျတော့ ကျွန်တော့်အတွက် အချိန်အခက်အခဲက တော်တော် ပြသနာ ကြီးပါတယ်ဗျာ။
အဲဒါလေးပါ။ အခုတော့ ကိုယ်တိုင်ဖတ် ကိုယ်တိုင်ခံစားကြရင် ပိုအဆင်ပြေတာပေါ့ခင်ဗျာ။
မူရင်းလင့်လေးထည့်ပေးထားပါတယ်ဗျာ။
http://myanmargazette.net/86992/creative-writing/poetry-songs

ကမ္ဘာကြီး ချာချာလည်
အချစ်ဆုံး ချာချာလည်
ကျန်နေရစ်ပြီ
ကံကိုယုံကြည်တယ်…
(မို့မို့ဇော်ဝင်းသီချင်းစာသား)
မဖြစ်ဘူးလို့ ထင်ခဲ့ပေမဲ့
ဖြစ်ခဲ့တယ်..
အနာဆုံးအချိန်ကို
တွေးပူနေရင်း
နာကျင်နေခဲ့ရတယ်..
နာတာများနေပေမဲ့
တကယ်နာတော့
မအော်နိုင်အောင်
နာမိတယ်…
နာတယ် နာတယ်
နာတယ်ကွာ
နာတယ် နာတယ်
နာတယ်ဟေ့..
နာတယ်ဆိုတာ
တကယ်တော့လည်း
နာခွင့်ရှိသူများသာ
နာလို့ရတာမို့
နာလိုလျက်နဲ့
နာဖို့မဖြစ်နိုင်လို့
နာလိုခံခက်နေမိတယ်….
တကယ်နာမိတဲ့တနေ့
နာခြင်းဝေဒနာ
နာလို့နာမှန်းမသိ
နာပြီးသွားပါစေလို့
နာနာနဲ့ဆုတောင်းပါတယ်….။
နာဖို့ထက်
နာဖို့အရေး
တွေးပူနေတဲ့
အကြင်နာကြောင်ကြီး ။

အဲဒါလေးပါဗျာ။

comegyi ရဲ့ အချစ်ဦး ကဗျာလေး က ထူးခြားပါတယ်။ ကိုနေ၀န်းနီက ဒီကဗျာလေးကို ဖတ်ပြီး ခံစားပုံလေးတွေ
ရေးပြထားတာနဲ့ တွဲဖတ်ရင် ပို အိုကေနိုင်နိုင်မယ်ထင်လို့ ကိုနေကြီးပို့စ်ကိုပါ အောက်မှာတွဲပေးထားပါတယ်။ ကဲ ဖတ်ကြည့်ရအောင်ဗျာ။
မူရင်းကို ဖတ်ချင်ရင် ဒီလင့်ကို သွားကြပါခင်ဗျာ။
http://myanmargazette.net/87028/creative-writing

နင်နဲ့ငါ
ကမ္ဘာတစ်ရာလောက် ဝေးနေပြီ
နင်ပြောပြောနေတဲ့ ပန်းသီးကို
တစ်ဖဲ့နှစ်ဖဲ့ ကိုက်စားရုံနဲ့ ပြီးမလား
ဆိတ်ငြိမ်ရာ တောအုပ်ကိုကျွမ်းကျင်ရုံနဲ့
လှောင်ရယ်လိုတဲ့ အကျင့်ကိုဖျောက်ပါ
ငါပြောပြောနေတဲ့ ကမ်းနဖူးလေးကို
ရောက်ဖူးစေချင်တာလည်း သဘောမပေါက်ဘူး
တကယ့်စာခြောက်ရုပ်ကလေးအတိုင်း
လည်လိုက်တာ ….
ရောင်စုံခြယ်တောအုပ်လေးတစ်ခု
တိတ်ဆိတ်နေတာဟာ
နင့်ကိုငါ ဖွက်ထားတဲ့ အိပ်မက်လေးပါ
အခြားလူတွေ စကားတတ်တိုင်း ငါ့ကိုမုန်းနေရင်
နင့်ပါးကလေးကို ပြန်မပေးလိုက်ပါဘူး
ခြေဖျားကအစ စိတ်အဆုံး
(သိပ္ပံ)နည်းကျတည်ဆောက်နေကြတဲ့ခေတ်မှာ
သွေးရိုးသားရိုးလွမ်းရမှာတောင်
ဂုဏ်ငယ်သလိုပေါ့ ………။ ။

ကမ်းကြီးရေ။ နင်ရိုက်လို့မရဘူးဆိုတဲ့ သိပ္ပံ ဆိုတဲ့ ပဆင့်လေးကို ရအောင်ရိုက်ထည့်ပေးလိုက်ပါတယ်ဗျာ။ အဲဒီကမ်းကြီးရဲ့ အချစ်ဦး ကဗျာလေးကို
ကိုနေ၀န်းနီက ဖတ်ရှုခံစားပြီး ကဗျာတစ်ပုဒ်ကို ဘယ်လိုခံစားတွေးကြည့်ရတယ်ဆိုတာလေးကို ပို့စ်တစ်ခု တင်ခဲ့ပါတယ်။

ကိုနေ၀န်းနီ ရဲ့ ဒီထက်တော့ လျော့မရဘူးဗျို့
http://myanmargazette.net/87253/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
ဆိုတဲ့ ပို့စ်လေးပါ။ ကဗျာဆရာစစ်စစ်ကြီးတစ်ယောက်က ကဗျာတစ်ပုဒ်ကို ခံစားပြထားတာ ဘယ်လောက်ဖတ်လို့ ကောင်းလိုက်ပါသလဲ။
ကဲ နည်းနည်းကြည့်ရအောင်ပါ။

နင်နဲ့ငါ
ကမ္ဘာတစ်ရာလောက် ဝေးနေပြီ
ဆိုတော့ကာ……… လူချင်းဝေးကြတာတော့ မဖြစ်နိုင် ….။ စိတ်ချင်း အတွေးအခေါ် အယူအဆချင်းဝေးနေတာပါ…။
နင်ပြောပြောနေတဲ့ ပန်းသီးကို
တစ်ဖဲ့နှစ်ဖဲ့ ကိုက်စားရုံနဲ့ ပြီးမလား
အဲ…..လာပါပြီ..။ အဲဒါ သင်္ကေတ ပါ…။ ပန်းသီးတဲ့…။ ဘာလဲ ပန်းသီး…။ ရှည်ရှည်ဝေးဝေး မတွေးလိုက်ပါနဲ့…။ အာဒံနဲ့ ဧ၀ ဇာတ်ကြောင်းပြန်ကြည့်လိုက်ပါ….။ ဘုရားသခင်က မစားဖို့ တားမြစ်ထားတဲ့ ပန်းသီး စားလိုက်မိလို့ လူသားတွေ ပွားများလာတယ်ဆိုတာကို ပြောချင်တာပါ…။ နဲနဲ လျော့ပြောရရင် အိမ်ထောင်ရေးပေါ့ဗျာ…။ ချစ်သူနှစ်ဦး ဆွေးနွေးနေပုံရပါတယ်…။ အတူနေကြမယ်ပေါ့ …။ မခွဲနိုင် တော့ဘူးပေါ့…။ ကောင်မလေးက ပန်းသီးအကြောင်းစပြောတယ်နော်..။ အာဒံနဲ့ ဧ၀မှာလည်း ဧ၀က စားချင်တာ…။ အဲ ဆက်လာပါပြီ…။ တစ်ဖဲ့နှစ်ဖဲ့ ကိုက်စားရုံနဲ့ ပြီးမလား တဲ့….။ စဉ်းစားစရာကောင်းခန်းလေးနော်…။ ကောင်မလေးက ကောင်လေးကို ပန်းသီးကျွေးတယ်ဆိုတော့….။ ကောင်လေးက နဲနဲ လေး အာသာပြေ စားရတာကို ၀ဟန်မတူပါဘူး..။ အဲဒိတော့ ဆက်ပြောလိုက်တာက
ဆိတ်ငြိမ်ရာ တောအုပ်ကိုကျွမ်းကျင်ရုံနဲ့
လှောင်ရယ်လိုတဲ့ အကျင့်ကိုဖျောက်ပါ
အဟဲ…။ မိုက်ကွာ….။ ကောင်မလေးက ဒီလောက်ပဲစားဦး နောက်နေ့ ဖို့ချန်ထားဦးလို့ ပြောလိုက်ပုံရပါတယ်..။ ကောင်လေးကို အရိပ်အယောင်ပြပြီး ငြင်းဆန်လိုက်ပုံရပါတယ်…။ အဲဒိမှာ ဆိတ်ငြိမ်ရာတောအုပ် ဒါက တစ်ဖြတ်ထား ကွမ်းကျင်တယ်…။ ကောင်မလေးက ငြိင်းဆိုရာ မှာ ကျွမ်းကျင် လိမ္မာပုံရပါတယ်…။ ကိုကိုရယ် ဘာရယ်ညာရယ် ချော့ပြီး နေ၀န်းနီတို့ မင်းသားလေးမောင်ကမ်းကြီးကို ငြင်းဆိုနေတာ အဲပြီးတော့ ဆူညံတဲ့ တောအုပ် ကိုရောက်မှ လှောင်ရယ်လိုက်ပုံရပါတယ်…။ အဲဒိတော့ သူတို့ သွားဆွေးနွေးနေတဲ့ နေရာက ဆိတ်ငြိမ်ရာ တောအုပ် ….။ တစ်ကယ်တောအုပ်ဖြစ်ချင်မှလည်းဖြစ်မယ်…။ တိတ်ဆိတ်တဲ့ နေရာမှာ တွေ့ကြ ပြော ကြ စကားစမြည်…။ ဘာတွေ ပြောတာလဲ ပန်းသီးအကြောင်း…။ အတူတူနေရအောင်လို့ ပြောမယ်…။ ကောင်လေးက …။ အဲဒိမှာ ကောင်မလေးက ပန်းသီး အမြည်းကျွေးမယ်…။ တစ်ကယ် အ၀ကျွေးတာမဟုတ်ဘူး…။ အရှောင်အတိမ်းကျွမ်းကျင်စွာနဲ့ ရှောင်ထွက်လာမယ်…။ ဒီနေရာက လူရှင်းလွန်းတယ်… ဟိုဘက်နားသွားရအောင်ဘာညာတဲ့ ပြန်ခေါ်ထုတ်လာမယ်…။ အဲဒိမှာ မောင်ကမ်းဂျီးက
ငါပြောပြောနေတဲ့ ကမ်းနဖူးလေးကို
ရောက်ဖူးစေချင်တာလည်း သဘောမပေါက်ဘူး
ကမ်းနဖူးလေးဆီကို ခေါ်သွားချင်တာတဲ့………။ ကြောက်စရာကြီးနော်…။ အချစ်ကျမ်းကျေတဲ့ သူများ သိပြီးသားပါ…။ အဲဒိကမ်းနဖူးမှာ ဘာရှိတယ်.. ဘယ်လိုခံစားရတယ်ဆိုတာ……..။ အဟီး….။ ဟိုကောင်မလေးက သဘောမပေါက်ပဲ နေမလား…။ ပေါက်တာပေါ့…။
ဒါပေမဲ့ ဟင့်အင်း ကြောက်တယ် ဆိုပြီး အကြောက်အကန်းငြင်းဆိုပြီး လူရှင်းတဲ့ နေရာကနေ ကောင်လေးကို ပြန်ခေါ်ထုတ်လာတာ…။
တကယ့်စာခြောက်ရုပ်ကလေးအတိုင်း
လည်လိုက်တာ …. တဲ့…။ အဲဒိနေရာမှာ စာချောက်ရုပ်တွေက လည်သလား မလည်သလားတော့ မသိ…။ တစ်ခြား ပစ္စည်း တစ်ခုခုနဲ့ နှိုင်းယှဉ်ပေးရင်
ပိုကောင်းမလားလို့…။

တကယ်ကို သဘောပေါက်နားလည်ပြီး ဖတ်လို့လည်း ကောင်းတဲ့ ပို့စ်လေးပါ ကိုနေရေ။ ဒီလိုလေးတွေလည်း မကြာမကြာ
ခံစားပေးပါဦးလို့ တောင်းဆိုပါရစေဗျာ။ ကိုသစ်မင်းရဲ့ ကွန်းမန့်လေး ဖေါ်ပြပေးလိုက်ပါတယ်။

thit min says:
ကောင်းတယ်ဗျာ။.။ရှင်းလင်းချက်လေးနဲ့ ရေးတာဆိုတော့ ပြည့်စုံသွားတာပေါ့ဗျာ။
ကဗျာဆိုတာ မစားဘူးသေးတဲ့ စားစရာကောင်း တခု ဗျ။
စားတတ်တဲ့သူက စားနည်းပြ ပေးရင် ပိုစားလို့ကောင်းတာအမှန်။

နောက်တစ်ပုဒ်ကတော့ မော်ဒန်ကဗျာတစ်ပုဒ်လို ရေးထားတဲ့
nigimi 77 ရဲ့ ရိုင်းစိုင်းစွာ ငိုနေတဲ့ ခွေးအရဲ့တမ်းချင်း ဆိုတဲ့ ပို့စ်လေးပါ။ ဖတ်ကြည့်လိုက်တော့လည်း နားလည်သလိုလို နားမလည်သလိုလိုမို့ ပြန်ရှင်းမပြတတ်တော့ပါဘူး။ အဆုံးသတ် လေးကတော့ နည်းနည်းဆန်းတယ်ထင်လို့ ဖေါ်ပြပေးလိုက်ပါတယ်။
http://myanmargazette.net/87053/creative-writing/my-thinking-different

ငါ့ လခွီး….လမိုက်သား ငတို့ မတော့….
အများအမြင် ..အကြား ဖင်မှာ ယင်စွဲအောင် ချိုရတော့မယ်….
ဒင်း ရင်မှာ အစဉ်မြဲအောင် တခါသာ ပြောလိုက်မယ် ……
နိဂိမိ ယဉ်တကိုယ် ကြွက်သူခိုး မလုပ်တယ်…..
မုန်းချင်မုန်း ပြုံးချင်ပြုံး မှန်တာကို ပြောရတော့မယ်
မယုံရင် လှန်ကြည့် ငါ့ ဖင်မှာ အမှတ်ကြီးနဲ့ ဟဲ့ ။

အဲဒါလေးပါ။

ကိုနေ၀န်းနီ ရဲ့ ဆောင်းည ဆိုတဲ့ ကဗျာလေး ကိုယ်တိုင်သာ ဖတ်ကြည့်ကြတော့ဗျာ။
http://myanmargazette.net/87031/creative-writing/poetry-songs

ဆောင်းည
တိတ်ဆိတ်တဲ့ ညမှာ
အတွေးတွေ….အတွေးတွေ
ပြန့်ကျဲနေလိုက်တာကလည်း
ကောင်းကင်ပေါ်က ကြယ်တွေနဲ့အပြိုင်
မြေပြင်ပေါ်မှာ ဖြန့်ချထားမိလေတော့
အသံမသိတဲ့ငနုံတစ်ယောက်
စန္ဒယားခလုပ်တွေ လျှောက်နှိပ်နေသလိုပါပဲ……
ငါ့ဦးနှောက်ထဲမှာ သံကြောင်တွေပဲဆူညံနေပေါ့…..။
ဆောင်းည………….
ရှည်လျားလှတော့လည်း
အိပ်မက်တွေ များရတာပေါ့………..။
တစ်ကယ်လည်းမဟုတ်ပဲနဲ့
ရင်ထိတ်သည်းတုန် ကြုံရတာတွေ
အိပ်မက်နဲ့ပဲ
ပျော်ခဲ့ရ…. စိတ်ညစ်ခဲ့ရ
တော်ခဲ့ရ…..ညံ့ခဲ့ရ
လောဘတွေတက်ရ……ဒေါသတွေထွက်ရ
ရယ်ခဲ့ရ…….ငိုချလိုက်ရ နဲ့
မနက်မိုးလင်းလို့
ရောင်နီလည်း ထွက်ပေါ်လာရော
ဘယ်ထွက်ပြေးကုန်တယ်သိ
အိပ်မက်တွေပြောပါတယ်….။
အိပ်ယာဘေးက
ဆေးလိပ်တို ဖွာရှိုက်ရင်း
ပြန်တွေးကြည့်လိုက်မိတော့
ငါ့ဘ၀ ……………
မနေ့ကအတိုင်း
ဘာမှ မပြောင်းလဲခဲ့ပါလားကွယ်………။
အဲဒါလေးပါ။

အခုတစ်ခါ အလှည့်ကျတာကလည်း ကဗျာတစ်ပုဒ်ဖြစ်နေပြန်ပါတယ်ခင်ဗျာ။ တိုက်ဆိုင်လွန်းတဲ့တိုက်ဆိုင်မှုပါ။
ဖြစ်ချင်တော့ ကိုထက်ဝေး ရဲ့ အလွမ်း ဆိုတဲ့ ကဗျာလေးပါ။ ကိုထက်ဝေးရေ။ ခင်ဗျား ကဗျာကို ကျွန်တော် အသေးစိတ် ခံစားပေးဘို့
ပျက်ကွက်တဲ့အတွက် စိတ်ပျက်သွားရင်တောင်းပန်ပါတယ်။ ကိုယ်တိုင်ဖတ်ပြီး ကိုယ်တိုင်ခံစားတာက ပိုအဆင်ပြေမယ်ထင်တာကြောင့်
မူရင်းကိုသာ ဖေါ်ပြပေးလိုက်ပါတယ်။
http://myanmargazette.net/87035/creative-writing/poetry-songs

မြို့ပြရဲ့ ညနေညိုဆို
မြို့ကလေးကိုလွမ်းတယ်
ဟိုအရေးဒီရေး
အရေးပေါင်းများစွာထဲက
ညီမလေးမုန်းသွားမှာစိုးတယ်ဆိုတဲ့ အရေး
စိတ်ကိုတစ္ဆေခြောက်တယ်
မနေ့က အလိုမကျတဲ့စိတ်နဲ့
ဒီနေ့ပလက်ဖေါင်းပေါ် ဖြတ်လျှေက်မိပြန်တယ်
အဆင်ပြေတယ်ဆိုရုံလေးပါ
ဘ၀ရပ်တည်မူဟာာကဗျာ မဆန်ခဲ့ ပါဘူး
တဖက်သားကို လက်ညိုးထိုးတတ်သူတွေရဲ့
အဓမ္မတရားကိုလည်းစိတ်မပါဘဲနာခဲ့ရ
တင်းတိတ်ကို လေဆာနဲ့ ဖျက်မယ်
ဒီအမာရွတ်ကြောင့်စိတ်ပျက်တယ်ဆိုတဲ့
အလှပဓါန၀ါဒီတွေကို အော်ဂလီဆန်ခဲ့ရတယ်။
အရေးကြီးတာငွေပဲ
ဒီခောတ်မှာဒီဓါတ်ပြားကအပ်ကြောင်းထပ်နေတယ်
ဒီအလွှာမြင့်တယ်ဆိုပေမယ့်ဒို့ကဒါပဲတတ်နိုင်တာကိုး
ဟိုတနေ့က
ဂုဏ်ကြီးရှင်တယောက်အိမ်မှာ
ပိုးစိုးပက်စက်အဆူခံရတဲ့အိမ်ဖေါ်မလေးရဲ့မျက်ရည်
မြို့ကလေးကိုပြန်ချင်တဲ့ အလွမ်းသီချင်းပါ
ကားတွေ ပြည့်ကျပ်
မှတ်တိုင်နားမှာပုတီးစိတ်ရင်း
မွန်းကြပ်တဲ့မြို့ပြညနေညိုမှာ
ကျွှန်တော်မြို့ကလေးကိုလွမ်းမိပါတယ်။

အဲဒီကဗျာလေးပါခင်ဗျာ။

နောက်ပို့စ်လေးကတော့ ရွာထဲမှာ ပွဲဆူသွားခဲ့တဲ့
phone kyaw ရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံလို့ ထမင်းဝခဲ့တာ မရှိဘူး၊ သူ့ကို ထောက်ခံလို့ ထမင်းဝခဲ့တာပဲ ရှိတယ်
ဆိုတဲ့ ပို့စ်လေးပါ။ အပြန်အလှန် ကွန်းမန့်တွေနဲ့ ဖတ်ကြည့်ရမယ့်ပို့စ်လေးပါဗျာ။ ဘီလူးကြီးရဲ့ ကွန်းမန့်လေးက မိုက်သားဗျ။ ကဲဗျာ ဖေါ်ပြပေးလိုက်ပါတယ်။
http://myanmargazette.net/87019/uncategorized-other/copypaste

“ဘီလူးကြီး”ogre says:
ဟကောင် ငဘုန်းကျော်
မင်းဘာတွေပြောနေတာတုံး
တို့ကျောင်းသားတွေ (၈၈)မှာဆန္ဒပြတာ
မဆလကိုဖြုတ်ချဘို့အတွက်ပဲ ဒီမိုကရေစီရဘို့အတွက်လမ်းစကို
ကျောင်းသားတွေ ပြည်သူတွေ သွေးနဲ့ဖေါက်လိုက်တဲလမ်းပဲကွ
အဲဒီတုန်ကတည်းက ဒေါ်စုအတွက်မပါဘူး
ကိုလိုခြင်တာကိုယ်တောင်းလာကြတာလေ
ဒေါ်စုအတွက်ပေးပါလို့တောင်းတာမဟုတ်ဘူးကွ
ဒေါ်စုကိုထောက်ခံခြင်းမထောက်ခံခြင်းက သပ်သပ်
နိုင်ငံရေးလုပ်တာကသပ်သပ်ကွ
နိုင်ငံရေးလုပ်တယ်ဆိုရင် ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်လုပ်လေ
အခုထောင်ထဲမှာငတ်ပြတ်ထောင်ကျနေတဲ့လူတွေက
ဒေါ်စုထောက်ခံပါတယ်
ဦးတင်ဦးထောက်ခံပါတယ် အော်နေလို့
ထောင်ကျတဲ့လူ တစ်ယောက်မှမရှိဘူးကွ
ကိုယုံကြည်ချက်ကိုယ်လုပ်ရင်း ဖြစ်ကြရတာတွေချည်ပဲ
ကိုဇာဂနာကအစ သူဟာသူနိုင်ငံရေးလုပ်တာ
ဒေါ်စုအတွက်လုပ်တာမဟုတ်ဘူး..
မင်းတစ်ယောက်ပဲဒေါ်စုကိုထောက်ခံလို့ ထမင်းငတ်တာနေမယ်
ဘယ်သူမှမထောက်ခံနဲ့
ကိုယ်ယုံကြည်ရာကိုယ်လုပ်
အဲဒါနိုင်ငံရေးပဲ
ယုံကြည်ချက်တူရင် ပေါင်းလိုက်
ရည်မှန်းချက်တူရင် လက်တွဲ
ထောက်ခံသင့်ရင်ထောက်ခံ
မမှန်ရင်ကန့်ကွက်..ဒါပဲလေ…အဲဒါဒီမိုကရေစီရဲ့လမ်းစပဲ
မင်းခေါင်းထဲ ဘယ်သူကများဒေါ်စုတစ်ယောက်ပဲထောက်ခံရမယ်လို့ ရိုက်သွင်းထားခဲ့တာလဲ
မင်းထမင်းငတ်တိုင်း ဒေါ်စုတော့ တရားခံဖြစ်ပြီ..

ပြောတတ်လိုက်တာနော် ပြောတတ်လိုက်တာ ဆိုတဲ့ သီချင်းလေးသွားသတိရမိတယ် ဘီလူးကြီးရေ။

ရှုံးနိမ့်မှုများနဲ့လူ ၏ သင်္ဘောကျင်းက နေ့လယ်စာ ပို့စ်လေးကတော့ စင်္ကာပူ သင်္ဘောကျင်းအလုပ်သမားတစ်ယောက်ရဲ့
နေ့လယ်စာစားချိန်လေးကို အရေးအသားကောင်းကောင်းနဲ့ ရေးဖွဲ့ထားတဲ့ ပို့စ်လေးပါ။ စာဖတ်သူကို မွန်းကျပ်လာအောင်ကို ရေးသားနိုင်စွမ်းရှိခဲ့ပါသည်။
တစ်ခုပဲ မရှင်းတာလေး မေးချင်မိပါသည်။ ပို့စ်ထဲမှာ ဒီလိုရေးထားလို့ပါ။
http://myanmargazette.net/87052/creative-writing/my-dear-diary

မကြားချင်ဆုံး ဥသြသံကို ကြားလိုက်ရပြီးသည့်နောက် အကျဉ်းသားနံပါတ် ၂၂၇ ဟုရေးထိုးထားသော ခမောက်ဝါ၀ါကြီးကို
ကောက်ဆောင်းပြီးနောက် ထမင်းထုပ်ကိုဆွဲကာ ဆက်လက်လုပ်ကိုင်ရဦးမည် သင်္ဘောကြီးရှိရာသို့ စိတ်မပါတစ်ပါဖြင့် ချီတက်ခဲ့ရတော့သည်။

အကျဉ်းသားနံပါတ် ၂၂၇ လို့ ပါရှိသည့်အတွက် စင်္ကာပူတွင် အကျဉ်းကျနေတဲ့ အချိန်များလား။
လစာလည်း ရေးထားသေးတော့ အကျဉ်းကျတာလည်း မဖြစ်နိုင်ဟု ထင်မိပါသည်။ ကျွန်တော် နားမလည်လို့ မေးတာပါ ကိုရှုံးရေ။

ကိုသစ်မင်း ရဲ့ ဒီကဗျာ လေးကို ခံစားကြည့်ကြပါဗျာ။
http://myanmargazette.net/87061/creative-writing

ဒီနေရာ

ဒီအပိုင်းမှာ

ဒီစာတွေ

ဒီလိုဝိုင်းကာပ

ရေးလို့ရတယ်။

ရေးသမျှ

စာ၊ကဗျာ

အယ်ဒီတာမစစ်ဘူး

အထူးစာ

အရူးစာ

အမူးစာ

အကုန်တွေး

ပို့စ်လေး ဖြစ်တယ်။

~~~~~

တွေးလို့ရတိုင်းရေး

ရေးလို့ရတိုင်းရေး

ဘေးသင့်တဲ့အကြောင်း

မရေးသင့်တဲ့အကြောင်း

ကိုယ်ဟာကိုယ်မောင်းတဲ့ကားလို

အရှိန်ကိုမြှင့်လျှော့

လိုသလိုတော့

ထိန်းသင့်ပေါ့။

~~~~~~

စေ့စေ့တွေးတော့

လျှော့ထားတဲ့စိစစ်ရေးက

ဒီမိုကရေစီပေးသလိုဘဲနော်

လှော်ချင်ရာလှော်လို့ရသကွဲ့

လွတ်လပ်တဲ့မီဒီယာ

မန်းဂေဇက်ပါ။

~~~~~~~

ရချင်နေတဲ့လွတ်လပ်မှု

အခုရှိတယ်လေ။

ရချင်နေတဲ့လွတ်လပ်ခွင့်

အသင့်ဘဲမဟုတ်လား။

~~~~~~~~

သိပြီနော်

ရှိပြီဆို

သည်လိုဖြစ်

ညစ်ပါဟ်စုံစွာ

သူကြီးခမျာ

လျှော့ကြပါ

ပို့စ်တင်ကာ

သေချာချော့

ဆိုးကြတယ်နော့။

~~~~~~~~

ရိုးလှတဲ့အတွေး

ပို့စ်တွေကပေးတယ်

ရေးခွင့်ဒီမို

ဂေဇက်ကိုတောင်

ပြောင်ပြောင်ထဆဲ

ဒုတ်၊ဓါးဆွဲသို့

ကြောက်ဖို့လွန်ကောင်း

ဝိုင်းကြိမ်းမောင်းသည်

ဒီမိုဂေဇက်

အသရေပျက်။

ပို့စ်မတင်တာ ကြာပြီဖြစ်တဲ့ ဆူး က ကျေးဇူးတင်လွှာ ဆိုသည့် ပို့စ်လေးတင်ပါသည်။
http://myanmargazette.net/87079/creative-writing/modern-critics-professionalsamateurs-judge
သြစီမှ မြန်မာပြည်ပြန်ရောက်နေသော အဘ FR နေ့လယ်စာဘူးဖေးဖြင့် ဒကာခံသည့် ရွာသူားများတွေ့ဆုံပွဲအတွက် ဖြစ်သည်။
ပွဲတက်ခဲ့သူတွေရော မတက်ဖြစ်ခဲ့သူတွေပါ ၀င်ပေးခဲ့ကြသော ကွန်းမန့် ၄၀ ဖြင့် ပျော်စရာ ပို့စ်လေးတစ်ခု ဖြစ်ခဲ့ပါသည်။
ပို့စ်မတင်တာ ကြာပြီဖြစ်တဲ့အတွက် ပို့စ်လေးတွေ ချီးမြှင့်ပေးပါဦးလို့ ရွာသူရွာသားများကိုယ်စား ရွာတော်ရှင်ဆူးကို
ဘလက်က ဒီနေရာက တောင်းဆိုပါရစေခင်ဗျာ။

ပျောက်နေတာကြာပြီဖြစ်တဲ့ နီကီတာ က နောက်ဆုံးအဆင့်
http://myanmargazette.net/87082/uncategorized-other/copypaste
ဆိုတဲ့ ပို့စ်လေးကို ရွာသူရွာသားတွေ
အလန့်တကြား ဖြစ်အောင် တင်ပါတယ်ခင်ဗျာ။ ပို့စ်ထဲမှာလည်း
[ဒီနေ့ ဆရာဝန်ပြောလိုက်တာက ကင်ဆာ နောက်ဆုံးအဆင့်တဲ့ နောက်ဆုံးအဆင့် ….]
ဆိုတာကိုလည်း အတည်ပေါက်ကြီးရေးထားတော့ ကျွန်တော်က ဘယ်သူကင်ဆာဖြစ်တာလဲ လို့ ကွန်းမန့်ကမေးမိပါ တယ်ဗျာ။
နီကီတာရဲ့ အဖြေကွန်းမန့်က ဒီလိုပါခင်ဗျာ။

နီကီတာ says:
ဘာရယ်မဟုတ်ပါဘူး
ပျင်းလို့ပါ ဦးဘလက်ရယ်
စိတ်ညစ်နေတယ်
ဟိုနေ့က ပွဲကို မလာဖြစ်လို့
ကိုရင်ကလည်း စိတ်ဆိုးနေတယ်
စိတ်ညစ်တယ်… စိတ်ညစ်တယ်

အင်း ကိုရင် စိတ်ဆိုးနေလို့ စိတ်ညစ်နေတာကို ဂဇက်ပေါ်ကချော့သွားတဲ့ ပို့စ်လေးလို့ ထင်ရတာပါပဲခင်ဗျာ။ ပျော်စရာကွန်းမန့်လေးတွေနဲ့ ဖတ်ရမယ့်ပို့စ်ပါဗျာ။

Whowho ရဲ့ စိတ်ကူးကွန်ယက်တို့ ဖျန့်ကျက်မိရာဝယ် ဆိုတဲ့ ပို့စ်လေးကတော့ ကိလေသာကွန်ယက်က
ကုသိုလ်ကွန်ယက်သို့ ကြိုးစားကူးပြောင်းကြဖို့ ဖိတ်ခေါ်တဲ့ ပို့စ်လေးပါ။ ကိုယ်တိုင်ဖတ်ပြီး ကြိုးစားနိုင်ကြဖို့ပါ။
http://myanmargazette.net/87123/creative-writing

ဘကြီးရဲ့ လွမ်းရစ်ဝေသောနွေဦးရက်များနှင့်၊ထောင်အမိန့်ချခံရသောနေ့၊ သရဲဝင်စီးသောည ( ဒုတိယပိုင်း )
တတိယပိုင်း ဇာတ်သိမ်း
ပို့စ်လေးအကြောင်းပြောချင်ပါတယ်ဗျာ။
ဘကြီးပြောပြသည့် သူအဖမ်းခံရသည့် အကြောင်းအရင်းက ဒီလိုခင်ဗျ။
http://myanmargazette.net/87086/creative-writing/my-dear-diary (ဒုတိယပိုင်း)
http://myanmargazette.net/87144/creative-writing/my-dear-diary (ဇာတ်သိမ်း)

တစ်ချို့ဆို ထိုဖြစ်ရပ်ဖြစ်ပွါးရာနေရာ အနား သွားမိခြင်း ကြောင့်၊ တစ်ချို့ကတော့ လက်ခုပ်တီးအား ပေးမိသော ကြောင့်၊ တစ်ချို့ကတော့
ထိုဖြစ်ရပ်ထဲ အမှန် ပင်ပါဝင် ခဲ့ကြမိလို့၊ ၊တစ်ချို့ကတော့လည်း ထို အရေးအခင်း နှင့်အမှန်တစ်ကယ် ပါတ်သက်ခဲ့သူ မှ ထိုရက်ပိုင်း တွင၊်
ခရီး သွားဟန်လွဲတွေ့မိပါသည်ဟု ထွက်ချက် အရ သင်္ကာမကင်းဖြစ်ကာ ခေါ်ယူ စစ် မေးခြင်း ခံကြရ ပေရာ၊ ကျနော် က နောက်ဆုံးအမျိုးအစားတွင်ပါဝင်ပြီး၊ ဖမ်းခံရသူ၊ဖြစ်ကြောင်း၊(ထိုသို့စစ်ချက်ထွက် ခဲ့မိသူ) ပြန်ပြောပြချက် အရသိခဲ့ရသည်၊

ကျောင်းသား နိုင်ငံရေးအကျဉ်းသားတို့၏ ထောင်တွင်းမှ အတွေ့အကြုံလေးတွေကို အရေးအသား ရိုးရိုးရှင်းရှင်း ဖြင့်ြေ
ပာပြသွားနိုင်ခဲ့ပါသည်။ ကြောင်ကြီး ရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးချင်ပါတယ်။

ကြောင်ကြီး says:
အဲဒီကေ့စ်ရဲ့ နှစ်ကြီးသမား ကျောင်းသားအချို့ ယနေ့အချိန်အထိ ထောင်ထဲရှိနေသေးကြောင်း အင်တာနက်သတင်းတပုဒ်မှ ဖတ်ရတယ်။
ဘယ်သူ၊ ဘယ်နှစ်ယောက် (အတိအကျ မသိလဲ၊ အကြမ်းအားဖြင့်) ဘယ်နှစ်နှစ်ကျခံနေရသလဲ သိရင်တင်ပေးပါခင်ဗျား။ ကျောင်းသား၊
နိုင်ငံရေးသမားများရဲ့ စွန့်လွှတ်အနစ်နာခံမှုကို မသိရှိသေးသူများ စာနာတတ်စေရန်ပါ။

ဖတ်ကြည့်ကြဖို့ပါဗျာ။

နွယ်ပင် က ကမ်းခြေမှာလန်းနေတဲ့ ၀ါဆိုမိုးဦး ရဲ့ ဓါတ်ပုံလေးတွေကို ရွာသားတွေအတွက် တင်ပေးလာပါတယ်ခင်ဗျာ။
ကျွန်တော်တို့ ရွာသားတွေကလည်း ကွန်းမန့်လေးတွေနဲ့ အားပေးထားကြပါတယ်ဗျာ။ ရုပ်ကလေးနဲ့ ဘော်ဒီစထရက်ချာလေးကတော့ အလန်းသားဗျ။
အာ ယောင်ကုန်ပါပြီ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ။
http://myanmargazette.net/87138/entertainment

Lone ရဲ့ တစ်ခုခုတော့ လုပ်ကြပါဦး
http://myanmargazette.net/87137/travel
ဆိုတဲ့ ပို့စ်လေးကတော့ ပါရမီက လူကြီးတွေကို စည်းကမ်းတင်းကျပ်ပေးဖို့ တောင်းဆိုထားတာလေးပါ။ ကွန်းမန့်ပေးသူတွေ စည်ကားခဲ့တဲ့ ပို့စ်လေးပါဗျာ။ ပါရမီအထူးကားပေါ်က စပယ်ယာတွေရဲ့ လုပ်ရပ်လေးတွေကလည်း ချစ်ဖို့ကောင်းပါတယ်ခင်ဗျာ။ နည်းနည်း ဖတ်ကြည့်ဗျာ။

မှတ်တိုင်ရောက်ပြန်တော့လည်း…တရေးအိပ်ရလောက်အောင် ရပ်စောင့်တယ်… ကားမှတ်တိုင်တစ်ခုအရောက်မှာ…အဘွားတစ်ယောက်က ကျောက်မြောင်း၊သီတာ ရောက်လားဆိုပြီး တုန်တုန် တုန်တုန် နဲ့ မှတ်တိုင်ကနေလှမ်းမေးတယ်….
အဲဒါကို စပါယ်ယာက … ဘာတွေလာမေးနေမှန်းကိုမသိဘူး..မောင်းမောင်း ဆိုပြီး ..အကြင်နာတရားမရှိ…ေ-ာက်မြင်ကတ်စရာ အခွက်နဲ့…ပြန်ပြောပါတယ်… lone လေ..အဲဒီ့စပါယ်ယာကိုအဲ့ဒီ့လိုပြောအုန်းဟယ်..ဆိုပြီး နရင်း သာပြေးအုပ်လိုက်ချင်တယ်…နောက်ပြီး ဆင်းမယ့်မှတ်တိုင် ရောက်တော့လည်း
အစ်မတစ်ယောက်က ကလေးနဲ့ ဆင်းရတာကို…အဲ့ဒီ့စပါယ်ယာ အစုတ်ပလုတ်က..ကြိုထွက်မထားဘူး…အဲ့လောက်တောင်ထိုင်ချင်နေလား….. ထိုင်ခုံနဲ့ဖင်နဲ့ကပ်ပေးလိုက်ရမလားဆိုပြီးပြောသေးတယ်…အမလေးလေးနော်…lone လေဒေါသထွက်လိုက်တာအရမ်းပဲ….သူ့နှမသွားပြောပါလား…။…နောက် lone ဆင်းမယ့်မှတ်တိုင်ရောက်တော့…lone ကို ညီမလေး ဆင်းမှာလား…အောက်တဆင့်ဆင်းရပ်ပေးနော်…ဆိုပြီး lone လက်ကိုအတင်းလာဆွဲတယ်…lone က လက်ကို စောင့်ဖယ်လိုက်တော့မှ…ရုပ်က အီးမှန်တဲ့မျက်နှာနဲ့..မှတ်တိုင်လည်းရောက်ကော lone ကိုအတင်းစောင့်ဆွဲပြီးကားပေါ်တွန်းချတယ်

Lone က ကားနံပတ်မှတ်ပြီး တိုင်ဖို့ စိတ်ကူးပေမယ့် ဒီတစ်စီးထဲကို စည်းကမ်းရှိစေချင်တာ မဟုတ်ပဲ ပါရမီယဉ်လိုင်း တစ်ခုလုံး
စည်းကမ်းရှိစေချင်လို့ မတိုင်ဖြစ်ပါဘူးတဲ့ ခင်ဗျာ။ အခုလိုအော်ထားပါသေးတယ်။

သူတို့ကားတစ်စီးတည်း ကိုတိုင်လို့ပဲမဖြစ်ဘူး…ပါရမီ တစ်လိုင်းလုံး စည်းကမ်းရှိမှ…ဖြစ်မယ်..တစ်လိုင်းလုံးအချိုးပြင်မှပဲ ရမှာ…တကယ်ကိုစိတ်ကုန်နေပါပြီး…စပါယ်ယာ အစုတ်ပလုတ်တို့ရယ်…..ဘာမှမပြောကြတော့ဘူးလား…ဘာမှမလုပ်ကြတော့ဘူးလား…..စိတ်ပျက်တယ်….သတ်မှတ်ချိန်နဲ့ သတ်မှတ်တဲ့နေရာမှာလိုတာထက်ပိုမရပ်ပဲ…အချိန်မှန်မှန်မောင်းစေချင်ပါတယ်….စပါယ်ယာ ထားတဲ့စနစ်လည်းမလုပ်ကြပါနဲ့တော့…lone ကအဲဒီ့စပါယ်ယာတွေနဲ့ ဖက်ဖက်ပြီး…စကားမပြောချင်လို့…တစ်ခုခုတော့လုပ်ပါဦးပါရမီရယ်…ကျေနပ်မှုမရှိပါက တိုင်တန်းရန်ဆိုပြီးရေးထားပေမယ့်…တိုင်စရာမလိုအောင်….စည်းကမ်းရှိပေးကြပါတော့လား….စိတ်ပျက်လှပါပြီ…စိတ်တကယ်ပျက်လှပါပြီ…

ကဲ ပါရမီယဉ်လိုင်းက ယဉ်မောင်းတွေနဲ့ စပယ်ယာ မိုက်ရိုင်းကောင်တွေကတော့ ဒီပို့စ်ကိုဖတ်မိမယ့်လူမျိုးတွေတော့ ဟုတ်မယ်မထင်ဘူး lone ရေ။
တိုင်လို့ရတဲ့ နေရာကိုသာ ကိုယ့်အန္တရာယ်လည်း ကိုယ်ကြည့်ရှောင်ရင်း တိုင်စေချင်ပါတယ်ဗျာ။ ဦးဦး ပါလေရာနဲ့ သူကြီးတို့ရဲ့ ကွန်းမန့်လေးတွေကို
ဖေါ်ပြပေးချင်ပါတယ်ဗျာ။

ဦးဦးပါလေရာ says:
အဲဒီစပါယ်ယာမျိုးတွေကို ကားပေါ်မှာဆက်ထားဘို့မသင့်ပါဘူး။
အထူးသဖြင့်တော့ ပါရမီပေါ်ကကောင်တွေက ပိုရောင့်တက်တယ်။
ဒီတော့ ထိထိရောက်ရောက်ဖြစ်အောင် (ကားပေါ်ကဆင်းသွားအောင်) တိုင်ရမယ့်နည်း ၂နည်းပြောပြပါရစေ။
ပထမနည်းက သက်ဆိုင်ရာမထသဌာနခွဲကိုကိုယ်တိုင်ဖုံးဆက်ပြီး – အဖြစ်အပျက်ကို ထင်ရှားပေါ်လွင်အောင် (လိုအပ်ရင်နဲနဲချဲ့ကားပြီး) အခင်းဖြစ်တဲ့နေ့အတွင်းမှာပဲ တိုင်ပါ။ တိုင်သူအမည် မှတ်ပုံတင်အမှတ် နဲ့ ဖုံးနံပါတ် (ကိုယ့်ဖုံးမပေးချင်ရင် လမ်းထိပ်ကတဆင့်ခေါ်ဖုံးလဲရတယ်) ပြောပြီး တိုင်ပါ။ ဘယ်သူသက်သေပါတယ်လို့ပြောပြီး (မရှိရင်လုပ်ထည့်) သက်သေရဲ့အမည်နဲ့ ဖုံးနံပါတ်ပါပေးလိုက်ပါ။ အဲဒီကောင်ကားပေါ်ကဆင်းရပါပြီ။ အမှု့ကို ယုတ္တိရှိရှိနဲ့ နဲနဲချဲ့ကားဘို့မမေ့ပါနဲ့။ သူတို့ဆီရောက်ရင်
ပြန်ချုံ့ပစ်မှာမို့ ဒူးလောက်တင်မှ ရင်လောက်ကျတယ်။
ဒုတိယနည်းက မိမိနဲ့ ခင်မင်တဲ့ ပြန်တမ်းဝင်အရာရှိ (စစ်ဗိုလ်ဖြစ်လျှင်ပိုကောင်းတယ်) ကို အဖြစ်အပျက်ကိုပြောပြီး တိုင်ခိုင်းပါ။ ထိရောက်ပါတယ်။
ပြန်တမ်းဝင်ဆိုတာ ကိုယ်တိုင်မဖြစ်လဲ သူများဖြစ်တာမြင်ရင်ကို တိုင်ခွင့်ရှိပါတယ်။
ဘတ်စ ကားကိစ္စ lone ပြောနေတာ သတိပြုမိလို့ အကြံပေးတာပါ။
ကျုပ်ကိုယ်တိုင်လဲ အပေါ်က ပထမနည်းလမ်းကိုသုံးပြီး တိုင်းပြည်ပြုပြင်ရေးမှာ အုတ်တချပ်သဲတပွင့်အဖြစ်ပါဝင်တာ လေးကြိမ်ရှိပါပြီ။ သုံးကြိမ် အောင်မြင်ပါတယ်။

kai says:
ကြယ်ငါးလေးတွေ ကူပစ်ပေးတဲ့သူတဦးဖြစ်ချင်ရင်တော့.. တိုင်ရမှာပါပဲ..။
အချိန်အကုန်ခံ..အလုပ်အပျက်ခံပြီးတော့ကို တိုင်ပါ..။
ကိုယ်တိုင်စာတင်လိုက်တဲ့အတွက်.. နောက်နောင်..ဒီလိုစပယ်ရာလိုလူတွေမရှိတော့ရင် ဘယ်လောက်ကုသိုလ်ရမလည်း တွေးကြည့်ပေါ့…
တိုင်စာတင်တယ်ဆိုတာ.. ပစ်စာမဟုတ်ပါဘူးနော..။
ကိုယ်ဘယ်သူဆိုတာ ဖွင့်ပြောရပါတယ်..။ အထောက်အထား ခိုင်ခိုင် ပြရပါတယ်..။
ဆဲလ်ဖုန်းလေးပါရင်.. ကားရယ်..စပယ်ယာရယ်ကို ဓါတ်ပုံထုတ်ရိုက်လိုက်လို့ရပါတယ်..။
ယူအက်စ်မှာဆိုရင်တော့ မီဒီယာကိုပါအကူအညီတောင်းတတ်တယ်.။
မီဒီယာပါလာရင်.. ဆိုင်ရာဌာနတွေက.. ပစ်ပယ်မထားရဲဘူးလေ…။

ကဲ ရွာသူားတွေလည်း ဒီပို့စ်လေးကို ဖတ်ပေးလိုက်ကြပြီး lone ကို ကူညီပေးလိုက်ကြပါဦးဗျာ။

ကိုသစ်မင်း ရဲ့ ရွာကို ကောင်းအောင်တည်ကြည့်ကြစို့ ဆိုတဲ့ ပို့စ်လေးကိုတော့ အားလုံးဖတ်ပြီးကြမှာ
ဖြစ်ပေမယ့် လိုအပ်တယ်ထင်လို့ ထပ်ပြောပြပါရစေခင်ဗျာ။ အဘွားပြောဘူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ပြန်ပြောပြပြီး ရွာသူရွာသားတွေ
ညီညွတ်မှုရှိဖို့ စည်းရုံးလိုက်တဲ့ ပို့စ်လေးပါ။ တစ်ဆက်တည်း သူကြီးကိုလည်း စည်းကမ်းတွေကို တင်းကျပ်ပေးဘို့ တောင်းဆိုထားတာပါ။

ကျနော်တို့ရဲ့ ဂေဇက်ကို လူရိုင်းတွေ၊ မဲမဲမြင်မြင်ဆဲချင်သူတွေ၊အုပ်စုဖွဲ့အနိုင်ကျင့်သူတွေ၊
ဘက်လိုက်တဲ့လူတွေ၊ ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို့သဘောထားရှိသူတွေ၊ လက်ကြောမတင်း
တတင်းလေးတွေ၊မပျင်းတပျင်းလေးတွေ၊ ထမင်းအငတ်ခံပြီး လက်ခုပ်တီးနေသူတွေလိုလို
ပွဲဆူအောင်လာဖွပြီး ဂေဇက်ရဲ့ သမိုင်းကိုရိုင်းအောင်လုပ်နေသလို ပါဘဲ။

သေချာတွေးကြည့်ရင် မြင်နိုင်တဲ့ ကိစ္စလေးတွေပါဗျာ။ အင်တာနက်ပေါ်တက်ပြီး စာရေးနေကြတဲ့ သူတွေဖြစ်တဲ့အတွက် မာယာတွေကို
မြင်အောင်ကြည့်ကြဖို့လိုပါတယ်ခင်ဗျာ။
သူကြီးရဲ့ ဆန္ဒအမှန်က ဒီလိုဗျ။

တကယ့်စိတ်အမှန်ကတော့..Rules & Regulations တွေမများချင်ပါဘူး..။
ဒီလိုပဲ.. အခြေခံ ၁၂ခုနဲ့. ရွာသားအချင်းချင်း ထိမ်းကျောင်းရပ်တည်နေတာမျိုးလိုချင်တာပါ..။
ဒီအလေ့အကျင့်လေး.. ရှိစေချင်တာ..။

အဲဒီတော့ ကျွန်တော်တို့ အချင်းချင်း ထိန်းကျောင်းရပ်တည်ကြတာပေါ့ခင်ဗျာ။
သူကြီးနာမည်ခေါ်ပြီး ကိုသစ်မင်းကိုပြန်တိုက်ခိုက်ထားတဲ့ကွန်းမန့်နဲ့ ကိုသစ်မင်းရဲ့ အကျိုးသင့်အကြောင်းသင့် ပြန်ရှင်းပြပေးတဲ့
လူကြီးဆန်တဲ့ ကွန်းမန့်လေးတွေနဲ့ ဖတ်ကြရမယ့် ပို့စ်လေးပါဗျာ။

Thurazaw21451 ရဲ့ ကျွန်ုပ်ရောက်ရှိခဲ့သော သူရဲကောင်းတို့၏ ရွာကလေး (ဖားရွှေကျော်ရွာ)
http://myanmargazette.net/87087/uncategorized-other/copypaste
ဆိုတဲ့ ပို့စ်လေးကတော့ ဆရာစံ နဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်နေရာလေးတွေကို ဓါတ်ပုံလေးတွေ ရိုက်ပြီးတင်ပေးထားတာပါ။
ကျေးဇူးတင်ပါတယ် ကိုသူရဇော်ခင်ဗျား။ အဲဒီနေရာကို သွားဖို့ လမ်းညွှန်းပေးထားတဲ့ Rose Minn ရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးလိုက်ပါတယ်ခင်ဗျာ။

Rose Minn says:
နီကီရေ သွားလည်ချင်ရင်တော့ သာယာဝတီရောက်တဲ့ကား (စံချိန်မှီနံမည်နဲ့လိုင်းကားစီး) သွားပြီးရင် ဖားရွှေကျော်ရွာကို ဆိုင်ကယ်တို့ နွားလှည်း တို့နဲ ကြိုက်တာ သွားရတယ်။ လမ်းမှာ ကြံခင်းတွေ၊ မြေပဲခင်းတွေလဲတွေ့ရမယ်။ ဖားရွှေကျော်ရွာမှာတော့ ကြံသကာချက်တဲ့အိမ် ရှိတယ်။ နေပူပြီးတော့ ဖုန်တော့တော်တော်များတယ်။ ရွာသားတွေကို အကူညီတောင်းပြီး ဆရာစံကုန်းသွားချင်တယ်လို့ပြောမှရတယ်။ ဆရာစံကုန်းနဲ ဖားရွှေကျော်က တစ်မိုင်လောက်ဝေးတယ် ထင်တယ်။ စိတ်ဝင်စားရင် သွားလေ့လာကြည့်လိုက်ပါ။ ရွာဓလေ့ ရဲ့ခံစားချက်လေး တစ်မျိုး တွေ့ရမယ်။ Rose တော့မြို့ပြရဲ့မွမ်းကြပ်မှုတွေ တော်တော်ပြေခဲ့တာ။

Kotun winlatt ရဲ့ အိမ်အပြန်လမ်းမှ အတွေးစ
http://myanmargazette.net/87207/uncategorized-other/copypaste
ဆိုတဲ့ ပို့စ်ကလေးကတော့ ည ၁၁ နာရီခန့်အချိန် အလုပ်ကအပြန် လမ်းတစ်လျှောက်တွေးမိသေ အတွေးစလေးတွေကို ရေးထားခြင်းဖြစ်ပါသည်။ အရေးအသားရိုးရိုးရှင်းရှင်းလေးဖြင့် ဖတ်သူကို အစမှ အဆုံးအထိ ဆွဲခေါ်သွားနိုင်စွမ်းသော ပို့စ်လေးပါ။ အသားလွတ် ဟောက်ဟမ်းပြောဆိုတတ်သော
စခန်းမှူးဆိုသူ တစ်ယောက်နှင့် ဆယ်ကျော်သက်အရွယ် လူငယ်ဂစ်တာတီးကြသူလေးတွေ၏ ပဋိပက္ခလေးလည်း ဖတ်ရပါမည်။ ကွန်းမန့်ပေးသူက
ကိုသစ်မင်းတစ်ယောက်ပဲ ရှိပါသည်။
သို့သော် ကိုထွန်းဝင်းလတ်ရဲ့ ပို့စ်လေးတွေ ထုံးစံအတိုင်း ဖတ်လို့ တွေးလို့ကောင်းတာတော့ သေချာပါသည်။

သူကြီးက ဘိုဘိုကျော်ငြိမ်း ရဲ့ မဇ္ဈိမက ဥရောပငွေကြေးပြသနာ အပိုင်း ၁-၂
http://myanmargazette.net/87210/business-economy
ကို မြန်မာလူငယ်တွေအတွက် ရည်ရွယ်ပြီး ကူးယူတင်ပေးထားပါတယ်။ မအအောင် ဖတ်ထားသင့်ပါတယ်လို့ လက်တို့ပါရစေခင်ဗျာ။
အင်ဇာဂီ ရဲ့ ကွန်းမန့်လေး ဖေါ်ပြပေးချင်ပါတယ်ခင်ဗျာ။

inz@ghi says:
တတ်ကျွမ်းနားလည်တဲ့လူများ ရေးထားတော့ ဖတ်ရတာ အရသာရှိလိုက်တာ …
ထပ်ဖတ်ဦးမယ်… မကြာခနဖတ်ဦးမယ်…..
အဲ့ဒါကြီးတွေ ဘိုလိုဖတ်တုန်းကများ ….အီလည်လည်နဲ့ နားလည်သလိုလို မလိုလို
သူများလာမေး ဘာမှမပြောတတ် …သူများပြော ထိုင်ငေး နဲ့
လမိုက်ညမှာ မျက်မမြင် အ,အ အ၀ှာပြုခံရ ဆိုသလိုကြီးကို ဖြစ်လို့
ကျေးကျေးပါခည…

ကဲ ဖတ်ကြပေတော့ဗျာ။

ရွှေဘိုသား ရဲ့ ကင်ဂျုံအီးလ် နဲ့ မြန်မာပြည်
http://myanmargazette.net/87222/uncategorized-other/copypaste
ပို့စ်လေးက တော်တော် စိတ်ဝင်စားစရာကောင်းပြီး ပွားလို့လည်းကောင်းမယ့် ပို့စ်လေးပါဗျာ။ ရွှေဘိုသားကတော့ တခြားဆိုက်က
ကူးလာတာလို့ ၀န်ခံထားပြီး မူရင်းလင့်လေးတောင် ထည့်ပေးထားပါ သေးတယ်။

ဖတ်သင့်တယ်ထင်လို့ပါ ဖတ်ပြီးသား သိပြီးသားဆိုရင်တော့ ၀မ်းနည်းပါတယ်
မသိသေးတဲ့ မဖတ်ရသေးတဲ့ ဒီဆိုဒ်တစ်ခုထဲကိုပဲ ၀င်ဖတ်တဲ့ သူများနဲ့ မသိသေးတဲ့ သူများအတွက်ရည်ရွယ်ပါတယ် စာဖတ်သူများအနေနဲ့ ဘယ်လိုသဘောရလဲဆိုတာကိုလည်း သိချင်လို့ ကော်ပီကူးပြီး တင်လိုက်တာပါ ရွာရဲ့ စည်းကမ်းကိုဖောက်ဖျက်လို့ သူကြီးနှင့်ရွာသား များကိုကြိုပြီးတောင်းပန်ပါတယ်

ပို့စ်တင်ကာစတုန်းကတော့ ကင်ဂျုံအီလ် သေလို့ မြန်မာပြည်က တစ်ယောက်နဲ့ နှိုင်းယှဉ်ရေးထားတယ်ထင်လို့ သေချာ မဖတ်ဖြစ်ခဲ့ပါဘူး။
အခုကတော့ မဖတ်မဖြစ်လို့ ဖတ်လိုက်ရတဲ့အခါ အင်မတန်စိတ်ဝင်စားစရာ အဖြစ်အပျက်တစ်ခုကို သိလိုက်ရပါတယ်။ ဒီလိုပါ။
မြန်မာပြည်က နာမည်ကျော် စာရေးဆရာ ဟိန်းလတ်က သူ့မူသူ့ဟန်အတိုင်း ကင်ဂျုံအီလ် ရဲ့ အတ္ထုပ္ပတ္တိကို ဘာသာပြန်ထုတ်ဝေခဲ့ပြီး မကြာခင်မှာပဲ ပြန်လည်သိမ်းဆည်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့အရေးအသားအရ မြောက်ကိုရီးယား သံရုံးက သိမ်းဆည်းတာလို့ ယူဆရပါတယ်။
အဲဒီအတွက် ကိုဟိန်းလတ်ကို ဧရာဝတီသတင်းထောက် ဝေမိုး က ဆက်သွယ်မေးမြန်းထားတဲ့ အင်တာဗျူးလည်း ဖတ်ရမှာ ဖြစ်ပါတယ်။

ကွန်းမန့်တွေထဲက ပို့စ်တင်သူ ရွှေဘိုသားရဲ့ အမြင်လေးကို ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

ရွှေဘိုသား says:
ရွာသားတို့တော့ ဘယ်လိုမြင်မလဲ မသိဘူး ကျနော်မြင်တာကို အရင်ပြောချင်ပါတယ်
၁။ ။ နိုင်ငံတော်အကြီးအကဲတွေနဲ့စာပေစီစစ်ရေးက ကိုယ့်နိုင်ငံသားကို ဥပက္ခာ ပြုထားတယ်လို့ထင်ပါတယ်.
၂။ ။ စာရေးဆရာ ဘာသာပြန်တဲ့ ဆရာ ဟိန်းလတ် ကဘာ့ကြောင့် ကျနော်လည်း မှားမှန်း မှန်မှန်း ဘယ်သိမလဲ၊ ကျနော်လည်း ကူးရေးရတာလေ၊ အဲ့သည် ပြဿနာပါပဲ။ ဆိုတဲ့ စကားဘာ့ကြောင့်ပြောသလဲဆိုတာ စဉ်းစားလို့ကိုမရဘူးဖြစ်နေတယ်။ ကျနော်ကလည်း မြန်မာစာအဝေးသင်ဆိုတော့ ပြောရအုံးမယ် ဘာသာပြန်တဲ့ သူက ကိုယ်ဘာသာပြန်တာကို ကိုယ်တာဝန်ယူရမယ် လို့သင်ဖူးပါတယ် ဦးဖေမောင်တင်တို့ ဦးဝန်တို့ ဦးအေးမောင် တို့ပြောထားတာတွေ အခုသူပြောပုံက မှားတာမှန်တာ
သူမသိဘူး ရှိတဲ့အတိုင်း ၏ သည် မရွေပြန်လိုက်တာဖြစ်နေတယ်
၃။ ။ ဒါနဲ့များ ဘာ့ကြောင့် စာဖတ်သူတွေ ဗဟုသုတရစေချင်လို့ လို့ပြောထားတာလည်း စဉ်းစားလို့ကိုမရဘူးဖြစ်နေတယ်
၎။ ။ ကျနော်လည်း အများနည်းတူပဲ ကိုယ့်နိုင်ငံ စာပေစိစစ်ရေးကို တဆင့် သိမ်းခိုင်းရင်တောင် ခံသာသေးတယ် အခုဟာက ပေါ်တင်ကို
စော်ကားတာကိုဒီအတိုင်ကြည့်နေတဲ့ တာဝန်ရှိသူတွေကိုလည်း
စဉ်းစားလို့မရတာတွေ အများကြီးပဲ

ကျွန်တော်တို့ မသိလိုက်တဲ့ အဖြစ်အပျက်လေးတစ်ခု အကြောင်းရယ် အဲဒီအတွက် ကာယကံရှင် ဆရာဟိန်းလတ်ကို အင်တာဗျူးပေးထားတာရယ်အတွက် ဧရာဝတီသတင်းထောက် ကိုဝေမိုး ကို ကျေးဇူးစကား လေးလေးစားစား ပြောချင်ပါတယ်ခင်ဗျာ။ ပြန်ဝေမျှပေးတဲ့ ရွှေဘိုသားကိုလည်း ကျေးဇူးတင်ပါတယ်။ ရွာသူရွာသားတွေလည်း မဖတ်ရသေးရင် ဒီပို့စ်လေးကို ပြန်ဖတ်ကြစေချင်ပါတယ်။

Alinsett ရဲ့ အားလုံးဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်
http://myanmargazette.net/87208/arts-humanities
ပို့စ်လေးကတော့ စာအုပ်အညွှန်းလေးပါ။ စာအုပ်အညွှန်းဆိုသော်လည်း ခံစားချက်အပြည့်ဖြင့် ရေးထားသော ပို့စ်လေးဖြစ်သည်။
ဘာသာပြန်သူက ၀င့်ပြုံးမြင့်၊ စာအုပ်နာမည် က ဆောင်းညရှိုက်သံ ဖြစ်ပါသည်။ နမူနာအဖြစ် စာအုပ်အဖုံးကို ခံစားထားသော အလင်းဆက် ၏ အရေးအသားကို ဖေါ်ပြလိုက်ပါတယ်။

(မျက်နှာဖုံးခံစားချက်)
ဒီဇိုင်း ဖန်တီးသူ ကျော်မင်းမောင် ဖြစ်ပါသည်။
အက်ကွဲနေသော ရေခဲပြင်ကြီးပေါ်မှ…နှင်းဆီ နီ နှစ်ပွင့် ။
နှင်းဆီ သည် နှင်းဆီ ပီသစွာ..ရဲရဲနီလျက်။
သို့ သော်….ထူးခြားသည်က… နှင်းဆီသည် နစ်ပွင့်ပေါင်း မှ..ရိုးတံ တစ်ခုတည်း….။
ထို့ပြင် နှင်းဆီ တို့ ၏ လက်နက် ဖြစ်သော….ဆူး များ မပါရှိခြင်း။
စာအုပ်ကို ဖတ်မိမှ နှင်းဆီနှီ နှစ်ပွင့်သည်..ညီအစ်မ နှစ်ယောက်ကို ကိုယ်စားပြုကြောင်း…သိရသည်။
သံယောဇဉ် ကြီးသော… ညီအစ်မ နှစ်ယောက်၏ နှစ်ယောက် တစ်ဘ၀ ဖြစ်တည်မှုကို
ရိုးတံ တစ်ခုတည်းဖြင့် ဖန်တီးပြထားကာ ညီအစ်မ နှစ်ယောက်၏ ဘ၀ ၊ မျှော်လင့်ချက်..၊ ငြိမ်းချမ်းသာယာမှုများ
ပျက်စီးဆုံးရှုံးရခြင်းကို အက် ကွဲနေသော ရေခဲပြင် အဖြစ် တွေ့ ရသည်။
သူတို့ တွင် ခုခံ ဖို့  အင် အား မ ရှိ ကြောင်းကို နှင်းဆီ၏ ရိုးတံပေါ်.ဆူးများ မပါရှိခြင်း ဖြင့် ဖော်ပြထားပါသည်။

ကွန်းမန့်စုစုပေါင်း ၃၄ ခုတွင် သူကြီး ၏ ကွန်းမန့်လေးက အလင်းဆက် ခံစားရေးဖွဲ့ခဲ့ရကျိုးနပ်ခဲ့သည်ဟုယူဆပါ သဖြင့် ဖေါ်ပြပေးလိုက်ပါသည်။

kai says:
ဒီစာအုပ်ညွှန်းဆိုဝေဖန်ချက်လေးကို.. ဒီလပုံနှိပ်သတင်းစာအတွက်.. သုံးချင်ပါတယ်..။ ထုံးစံအတိုင်း ပွိုင့် ၅၀၀၀ ပေါင်းပေးပါ့မယ်..။ အဲဒါ.. စာနည်းနည်းလျှော့(တ၀က်လောက်အထိ)ပေးပြီး( ချောပေးပြီး) မနက်ဖြန်လောက် ပို့ပေးပါလားခင်ဗျား..။
editor@myanmargazette.net

Nigimi77 ရဲ့ ကွန်းမန့်လေးကလည်း ထူးခြားတာကြောင့်ဖေါ်ပြပေးလိုက်ပါတယ်။

nigimi77 says:
ညက သောက်ထားတဲ့ အရှိန်တွေ မပြေသေးတဲ့
တနေ့ သော မနက်ခင်းမှာ မုန့် ဟင်းခါး ပူပူနွေးနွေး အထဲကို ထမင်းကြမ်း ပါးပါးလေး
ထည့်ကာ ငရုပ်သီးမှုန့် ဖြူးပြီး စားလိုက်ရသလို သွေးသားထဲ အထိ ကျေနပ်နှစ်သိမ့်
သွားပါတယ် ။
အလွန်လိုက်ဖက်ပါတယ် ကို အလင်းစက် ။
စာညွန်းတွေ ဆက်ပြီး ဖတ်ချင်ပါသေးတယ် ။

ဂုဏ်ယူမိပါတယ် ကိုအလင်းဆက်ရေ။ နောက်စာအုပ်တွေလည်း ညွှန်းပါဦးဗျာ။
ကဲ ဒီပို့စ်လေးဖတ်ပြီး ၀င့်ပြုံးမြင့်ရဲ့ ဆောင်းညရှိုက်သံ ဆိုတဲ့ ဘာသာပြန်စာအုပ်လေးကို အခုချက်ခြင်းသာပြေးဝယ်ကြပေ တော့ဗျာ။

Windtalker ရဲ့ ဟင်္သာရုပ်အလေး ဓါတ်ပုံများ
http://myanmargazette.net/87272/creative-writingကတော့ ခုတလော ခေတ်စားနေတဲ့ ဟင်္သာရုပ်အလေးတွေကို ဓါတ်ပုံရိုက်ပြီး ရွာသူားတွေ မြင်ဘူးအောင် ပို့စ်တင်ထားတာပါ။ ကွန်းမန့်လေးများထဲက အများရဲ့ ချီးကျူးခြင်းကိုခံခဲ့ရသော NAJA ရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးချင်ပါတယ်ဗျာ။

NAJA says:
ဒီရက်ပိုင်းထုပ်ဂျာနယ်ထဲ ဖတ်ခဲ့ရတာမှတ်မိသလောက် ပြန်ပြောပြမယ်နော.. ဟုတ်မဟုတ်တော့ ကိုယ်တိုင်ဆုံးဖြတ်ပါ…
ဟင်္သာအလေးတွေက ကြာပြီဆိုတော့ ဓါတ်တိုးပစ္စည်းတွေကပ်နေတယ်ဆိုပဲ… အဲဒီတော့အပေါ်မှာအလွှာတစ်ခုဖြစ်နေတယ်တဲ့ .. ခြစ်ကြည့်လိုက်ရင် အရာထင်တယ်ဆိုတာက.. အဲဒိအလွှာကို ခြစ်ပြီးခွာလိုက်တဲ့သဘောပါတဲ့… တစ်ရက်လောက်ထားရင် ပြန်ပြီး ပျောက်သွားတယ်ဆိုတာက… လေထဲက Oxygen နဲဓါတ်တိုးပြီး အလွှာပြန်ပေါ်လာလို့ပါလို့ ပြောပါတယ်…
ပြဒါးမှာ မနစ်ဘူးဆိုတဲ့ကိစ္စကလဲ သာမန်သိပ္ပံသဘောတရားကိုနားလည်ထားရင်တောင် ရှင်းနေတဲ့ကိစ္စပါ..
အရာဝထ္ထုတွေရဲ့သိပ်သည်းဆနဲ့ ဆိုင်ပါတယ်… ဆီကိုရေထဲထည့်လိုက်ရင်.. ဆီက ရေထက် density နဲတဲ့အတွက် ရေပေါ်မှာ ပေါလောပေါ်သလိုပါပဲ.. ပြဒါးနဲ့.. ကြေးနဲ့ဆိုရင်လဲ… ပြဒါးရဲ့.. သိပ်သည်းဆ က 13.55 g/cm^3 ရှိပြီး ကြေးကတော့ 8.96g/cm^3 ပဲရှိပါတယ်.. ဒါကြောင့် ကြေးဟာဘယ်လိုမှ ပြဒါးထဲမှာ မမြုပ်နိုင်တာပါ…

ကိုနေ၀န်းနီ ရဲ့ မဆုံးတဲ့ သီချင်း ၄၃
http://myanmargazette.net/87305/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
ကတော့ အခန်းဆက်ဖတ်လာခဲ့တဲ့ ကိုနေ့ပရိသတ်တွေ အတွက်ပါ။

သက်နိုင်ဦး ရဲ့ သူငယ်ချင်းလေး
http://myanmargazette.net/87315/uncategorized-other/copypaste
ကတော့ ကဗျာလေးတစ်ပုဒ်ပါဗျာ။ မူရင်း ကိုဖေါ်ပြပေးလိုက်ပါတယ်။

သူငယ်ချင်းလေး
မင်းစိတ်လိုတိုင်း ဆွတ်ခူးဖို့ 
ကောင်းကင်ကြီးလည်းကိုင်းလို့ ညွတ်လို့ 
ကြယ်လေးတွေ ၀င်းလို့  ၀ါလို့ ။ ။
သူငယ်ချင်းလေး
ကျောခင်းပေးထားတဲ့ ကမ္ဘာမြေကြီးပေါ်မှာ
လေပြေတွေ သံစဉ်တိုင်း
တောင်းတန်းတွေခေါ်ဆောင်ရာလိုက်ခဲ့ 
ကုဠေတစ်သန်း ရွှေခြေလှမ်းတွေနဲ့ 
အဆုံးစမဲ့ တဲ့  သံယောဇဉ် ပင်လယ်ဆီသို့ ။ ။
သူငယ်ချင်းလေး
မင်းချစ်တဲ့ ရွှေအိပ်မက်လေးတွေထဲမှာ
ငါမနိုးသော ပျော်ရွှင်ခြင်းနဲ့ အိပ်စက်ချင်ပါတယ်
ဒါပေမဲ့  ငါမင်းကိုတွေ့ ချင်သေးလို့ 
တိမ်တွေပေါ်မှာပဲ ငါ့ ကို ရှာဖွေခွင့် ပြုပါ။ ။ ။
( သူငယ်ချင်းလေးတွက် )

ကိုသစ်မင်း ရဲ့ လက်တွဲခေါ်ယူဖေးမထားတဲ့ ကွန်းမန့်လေးနဲ့ ဖတ်ရမယ်ဗျာ။

Phone kyaw ရဲ့ ဟိုရောက်ဒီရောက် အတွေးလေးတွေပေါ့
http://myanmargazette.net/87324/uncategorized-other/copypaste
ဆိုတာကတော့ တကယ်ကို ဟိုရောက်ဒီရောက် အတွေးလေးတွေပါ။ ပြန်ပြောရင်လည်း ဒေါကန်ကြဦးမှာမို့ ပြောတော့ပါဘူးဗျာ။ ကိုယ်တိုင်သာ ဖတ်ကြပါ။

Aye.kk ရဲ့ လူမိုက်
http://myanmargazette.net/87326/uncategorized-other/copypaste
ဆိုတဲ့ ကဗျာလေးကို မူရင်း ဖေါ်ပြပေးပါရစေ။

အကောင်းအဆိုး
ကြောင်းကျိုးမသိ
ညဏ်မရှိသည်
သူ၏စရိုက်
မြင်မကြိုက်၍
တွေ့ ခိုက်တုံးမှာ
ကောင်းအောင်သာကို
ပြောကာဆိုလည်း
မကောင်းဘဲမြင်
ထင်တည်းယူဆ
ရှိချေရသည်
အနှီပုဂ္ဂိုလ်
ထိုသည့်သူက
မကောင်းတာလုပ်
မဟုတ်ဖြစ်မှာ
စိုးကာတားမြစ်
ဖျောင်းဖျလင့်လည်း
အပြစ်မြင်ကာ
ရန်ပင်ရှာတတ်
နာခံပြင်ခြင်း
မရှိလျှင်းတည့်
ငါ့မြင်းငါစိုင်း
စစ်ကိုင်းရောက်ရောက်
ထင်လျှောက်ဇွတ်ငြင်း
ဖျင်းစကားလျှင်
ကြားရနားဝ
မချမ်းသာသည်
ဤသူလူမိုက်ပေတကား။

ကိုသစ်မင်း၊ ကိုအောင်ပု တို့ရဲ့ ကွန်းမန့်ကောင်းကောင်းလေးတွေနဲ့ ဖတ်ရမယ်ဗျာ။

ကိုရင်စည်သူ ရဲ့ အုန်းသီးထဲကို ကြက်သားထည့်၍ ဖွဲမီးဖြင့်ဖုတ်သော ဟင်းတစ်မျိုး
http://myanmargazette.net/87372/creative-writing
ကတော့ အဘမင်းသိင်္ခ စီးရီးကြီးဖြစ်ပါတယ်။ ထုံးစံအတိုင်း ကိုပီတာ လာမယ်၊ ဂွဒ်မောနင်း ဂွဒ်နိုက် နှုတ်ဆက်မယ် ပြီးတော့ သူစားချင်တာတွေ
ပြောပြီး ချက်ခိုင်းမယ်၊ ပြီး ပုံပြင်လေးတစ်ပုဒ်ပြောပြပြီး အတွေးဒသနလေးတွေပေးတယ်ပေါ့ဗျာ။ အခုတစ်ခါပြောပြတဲ့ ပုံပြင်လေး ဖေါ်ပြပေးချင်ပါတယ်ဗျာ။

တစ်ခါတုန်းက တရုတ်ပြည်မှာ ထူးခြားတဲ့ သူတော်စင်သုံးဦး ရှိခဲ့ဖူးတယ်၊ အဲဒီ သုံးဦးဟာ အတူနေတယ်၊ အတူစားတယ်၊ အတူသွားတယ်၊ ဘယ်တော့ပဲကြည့်ကြည့် အကြောင်းတစ်ခုနဲ့ မဟုတ် တစ်ခုနဲ့ ဟက်ဟက်ပက်ပက် ရယ်နေတတ်ကြတယ်၊ သူတို့တွေဟာ ဈေးရှိတဲ့နေရာတွေကို သွားတယ် ပြီးဈေးဝမှာ သုံးယောက်သား မျက်နှာချင်းဆိုပြီး ဗိုက်သားကြွတက် လှုပ်ယမ်းလာတဲ့အထိ ရယ်ကြတော့တာပဲ ဈေးကိုလာတဲ့လူတွေဟာ သူတို့ သုံးယောက်ကို ကြည့်ပြီး အူရွှင်လာတတ်ကြတယ်၊ ပြီးတော့ ရယ်ချင်စိတ်တွေ ပေါ်လာပြီး ရယ်ကြတော့တာပဲ၊
ရယ်လိုက်တယ်ဆိုရင်ပဲ ရင်ထဲမှာ လေးလံနေတာတွေ ပေါ့သွားတော့တာပေါ့၊ လောကသစ်၊ အမြင်သစ်ကို ဝင်ရောက်ခွင့်ရသွားတော့တာပေါ့၊ ဟက်ဟက်ပက်ပက် ရယ်လိုက်တဲ့အခါမှာ ညစ်နွမ်းနေတဲ့စိတ်ဟာ ပုံပြောင်းသွားတယ်၊ အဲဒီအရယ်သန်တဲ့ သူတောစင်သုံးဦးဟာ တရုတ်ပြည် တစ်ပြည်လုံးကို လှည့်လည် သွားလာခဲ့ပြီး လူတွေကို ရယ်မောစေခဲ့တယ်၊ ဒေသထွက်နေတဲ့ လူတွေကို ဒေါသပြေငြိမ်းစေခဲ့တယ်၊ လောဘတက်နေတဲ့လူတွေကို လောဘနည်းစေခဲ့တယ်၊ မနာလိုဝန်တိုမှုတွေနဲ့ ပြည့်လျှမ်းနေတဲ့ လူတွေကို မုဒိတာ ပွားတတ်အောင် လုပ်ပေးခဲ့တယ်၊
ဘယ်လိုလုပ်ပေးသလဲဆိုတော့ သူတို့နဲ့ရောနှောပြီး ရယ်ပစ်လိုက် တာပါပဲ၊ သူတို့ကို လူတိုင်းလိုလိုက သိကြပါတယ်၊ တစ်နေ့မှာ ရွာတစ်ရွာအရောက်မှာ သူတို့ထဲက တစ်ယောက်ဟာ သေပါလေရော၊ အဲဒီတော့ ရွာသူရွာသားတွေက ကျန်တဲ့နှစ်ယောက်ဟာ ရယ်နိုင်ပါမလားလို့ စောင့်ကြည့်ခဲ့တယ်၊ ဒါမေမဲံ ရယ်နေကြတာပါပဲ၊ အဲဒီတော့ ရွာသူရွာသားတွေက “တစ်ယောက်သေတာတောင် ကျန်တဲ့နှစ်ယောက်က ရယ်နိုင်သေးတယ်” လို့ပြောတယ်၊
ကျန်တဲ့နှစ်ယောက်က ဘာပြန်ပြောသလဲဆိုတော့ “ တို့သုံးယောက်ဟာ ပြိုင်ပွဲလုပ်ထားတာ ပထမသေတဲ့လူက အနိုင်လို့လုပ်ထားတာ၊ ခု သူနိုင်သွားပြီလေ၊ ဒါကြောင့် သူ့စား ဝမ်းသာလို့ရယ်တာဟေ့..” လို့ ပြန်ပြောပြီး ဟက်ဟက်ပက်ပက် ရယ်ကြပြန်လေ၏။ အဲဒီတော့ ရွာသူရွာသားတွေက “ကောင်းပါပြီလေ၊ သေတဲ့လူကို မီးသင်္ဂြိုလ်မယ်၊ ထုံးစံအတိုင်း သေတဲ့လူကို မီးမသင်္ဂြိုလ်ခင်မှာ ရေချိုးပြီး အဝတ်အစားလဲပေးရမယ်” လို့ ပြောတယ်၊ အဲဒီတော့ ကျန်တဲ့နှစ်ယောက် “မလုပ်ပါနဲ့၊ မသေခင်မှာ သူက မှာသွားတယ်၊ သူသေရင် ရေမချိုးပါနဲ့တဲ့၊ အဝတ်အစားလည်း မလဲပါနဲ့တဲ့ မီးသာရှို့လိုက်ပါတဲ့” အဲဒီတော့ ရွာသူရွာသားတွေက ပြောတဲ့အတိုင်း လုပ်ကြရတာပေါ့၊
သေတဲ့လူရဲ့အလောင်းကြီးကို ထင်းပုံပေါ် တင်ပြီး အောက်လည်း မီးရှို့လိုက်ရော သေတဲ့ လူရဲ့အင်္ကျီးအတွင်းမှ ဝှက်ပြီးထည့်ထားတဲ့ မီးရှုးမီးပန်းတွေဟာ ထပြီးပေါက်တော့တာပဲ၊ အဲဒီလို မီးရှုမီးပန်းတွေ ထပေါက်တဲ့အခါမှာ ကျန်တဲ့နှစ်ယောက်က ဟက်ဟက်ပက်ပက်ရယ်ပြီး ကကြတော့တာပဲ၊ အဲဒီမှာ ရွာသားတွေလည်း မနေနိုင်ဘူး၊ ရယ်ကြ၊ မောကြ၊ ကခုန်ကြ လုပ်ကုန်တော့တာပါပဲ၊ အဲဒီတော့ မသာဟာ မသာနဲ့မတူတော့ဘူး၊ ပျော်ပွဲရွှင်ပွဲလိုဖြစ်သွားတယ်၊ နှစ်သစ်ကူးပွဲတော်ကြီး လိုဖြစ်သွားတယ်၊
သေသွားတဲ့လူဟာလည်း သေသွားတာနဲ့ မတူတော့ဘူး၊ ဘဝသစ်တစ်ခုမှာ ပြန်လည်ရှင်သန် လာသလိုဖြစ်သွားတယ်၊ အဲဒါ လုပ်ကြံပြီးပြောတာ မဟုတ်ဘူးနော်၊ နှစ်ပေါင်းများစွာတုန်းက တရုတ်ပြည်မှာတ ကယ်ရှိခဲ့ ဖြစ်ခဲ့တာ၊
အဲဒီတော့ စိတ်ညစ်နေသလား၊ ဗိုက်သားတွေလှုပ်အောင် အားရပါးရရယ်ပစ်လိုက်ပါ၊ ထွက် ပေါက်ပိတ်ပြီး အကြံရခက်နေသလား၊ မျက်ရည်ထွက်အောင် တအားရယ်ပစ်လိုက်ပါ၊ ဘယ်လိုအခက်အခဲတွေ တွေ့နေ တွေ့နေအဲဒီအခက်အခဲတွေကို ပုံပြောင်းသွားဖို့နည်းဟာ တအားရယ်ပစ်တဲ့နည်းပဲရှိတယ်၊ အဲဒီလိုရယ် ဖြစ်ဖို့လည်း ဘာပစ္စည်းမှ မလိုဘူး၊ ဘယ်သူ့အကူအညီမှလည်း မလိုဘူး၊ ရယ်ခင်တဲ့ အချိန်မှာ အားရပါးရရယ် နိုင်တဲ့ အခွင့်အရေး လူတိုင်းမှာရှိတယ်၊ ကဲ.. မောင်အောင်ထွန်း ငါသွားမယ် ရယ်လိုက်စမ်းပါ၊ ဟား..ဟား..ဟား.. ဟား..” ဟု ရယ်မောပြောဆိုကာ ဦးပီတာကြီးသည် ကျွန်ုပ်၏ ကျောကုန်းကို လက်သီးဖြင့် ဘုန်းကနဲ ထု၍ ထွက် သွားလေတော့သတည်း။

ကဲ စိတ်ညစ်နေတဲ့ ရွာသူရွာသားတွေရှိရင် ကိုပီတာကြီးပြောတဲ့ ဒီပုံပြင်လေးထဲကအတိုင်း အားရပါးရသာ အော်ရယ်လိုက်ကြပါဗျာ။

ကိုရင်စည်သူ ပဲ ရေးတဲ့ အသူရာချစ်ခြင်းဖြင့် စစ်ခင်း၍ယူပါ့မည်
http://myanmargazette.net/87354/creative-writing
ဆိုတဲ့ ပို့စ်လေးကတော့ ကိုရင် ၊ ဇာဂီ နဲ့ အိသဒ္ဓာမိုးတို့ ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါဗျာ။
ကွန်းမန့်လေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပျော်စရာပို့စ်လေးတစ်ခုပါဗျို့။

Lulinmg ရဲ့ သမုဒယစည်း
http://myanmargazette.net/87374/uncategorized-other/copypaste
ကတော့ ကဗျာလေးတစ်ပုဒ်ပါ။

အဆုံးအစမဲ့လောကကြီးထဲ
မရပ်မနားပြေးလွှားနေဆဲ…
တက်မက်မှု့ကြောင့်ဖြစ်တဲ့နွယ်ပင်
စောင့်စည်းမှု့ဆိုတဲ့စကားလုံးသာ
မရှိခဲ့ရင် ငါမင်းကို
သိပ်ချစ်တယ်လို့ပြောမိမှာပဲ…
Coffee ခါးခါးတစ်ခွက်ကတော့
ကွဲအက်နေတဲ့ငါ့အသဲတွေကို
ပြုပြင်ပေးနေလေရဲ့…
ယုံကြည်မှု့ဆိုတာငါ့အတွက်
တိမ်တိုက်တစ်ခုလိုပါပဲ…
ဟန်ဆောင်မှု့လား…?
အစစ်အမှန်လား…?
ဒါမှမဟုတ် အစစ်အမှန်ကို
ဟန်ဆောင်နေတာလား…?
ငါဘယ်လိုတွေးရမှာလဲလေ
ငါ့အတွက်
နက်ဖန်ထိခဏစောင့်ပါဦးလား
ကြမ္မာရယ်…

အဲကဗျာဆရာက ကဗျာရေးပြီး ကိုယ့်ကဗျာကို ကွန်းမန့်ပြန်ရေးသွားတယ်ဗျာ။
ကဗျာဖတ်ပြီး ကဗျာဆန်ချင်နေတဲ့ စိတ်ကလေးတောင် ပျောက်သွားတယ်။
“မစောင့်လည်း နေကွာ” တဲ့။

Thurazaw21451 ရဲ့ မွေးနေ့မှာတမ်း
http://myanmargazette.net/87381/uncategorized-other/copypaste
ဆိုတဲ့ ပို့စ်လေးကတော့ ကျေးဇူးရှင်မိခင်ကြီးရဲ့ အသက် ၆၀ ပြည့်မွေးနေ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ရေးလိုက်တာပါတဲ့ဗျာ။
မောင်ပညာ (ကေတုမတီ) မှတဆင့် ကူးယူဖေါ်ပြထားတာဖြစ်ပြီး မူရင်းလင့်ကိုပါ ဖေါ်ပြပေးထားပါတယ်။ ရွာသူရွာသားတွေ ဖတ်သင့်တဲ့ ပို့စ်လေးပါဗျာ။

ကိုယ်ကော ကိုယ့်အိမ်ကလူတွေ၊ ကိုယ့်ရုံးကလူတွေ၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ငြိမ်းအေး
စေချင်လျှင် ကိုယ်ကိုယ်တိုင် ငြိမ်ချမ်းချင်လျှင် စိတ်ကို ထိန်းကြပါ။

မနောဖြူလေး ရဲ့ အိမ်ပြန်ချင်တယ်
http://myanmargazette.net/87379/creative-writing
ဆိုတဲ့ ပို့စ်လေးက နေပြည်တော်ရောက် မနောဖြူလေးရဲ့ အိမ်အလွမ်း ဖြစ်ပါတယ်။ အဲဒီအလွမ်းကို ကဗျာလေးတစ်ပုဒ်လည်း ရေးထားပေးပါသေးတယ်။

ရေးဆိုလို့သာ ရေးလိုက်ရသည်
ငါ့ရဲ့ ရင်ထဲ
ကဗျာမရှိ စာမရှိ
စိတ်တွေ နောက်ကျူနေပါဘိ
ကဗျာမပါ စာမပါ
အရင်းခံနဲ့ ပြောလိုက်ချင်သည်
ကျန်းမာခြင်းသည် လာဘ်တစ်ပါး
အမြဲဆောင်ကာထား
ရာသီကအေး ပြည်ကဝေး
မွေးရပ်မြေကို လွမ်းပါသလေး
လွမ်းပါသော်လည်း မပြန်နိုင်
အဝေးကပဲ လွမ်းနေမည်
မဝေးတော့သိ အနာဂတ်ခရီး
ဌာနီပြည်ကနီး

ကွန်းမန့်များထဲက ကိုယ့်ကို ကိုယ်ဖေါ်မသူတော် ကျွန်တော့် ရဲ့ ကွန်းမန့်လေး ဖေါ်ပြပေးချင်ပါတယ်။

blackchaw says:
ကျောင်းက အဆောင်တွေရှေ့မှာ ဆိုခဲ့တဲ့
ခိုင်ထူးသ်ီချင်းလေးပါဗျာ။
အိမ်ပြန်ချင်တဲ့အလွမ်း တဲ့။
အခုလို ဆောင်းရာသီဆို ပို ဆိုလို့ ကောင်းတာပေါ့ဗျာ။
သတ္တိရှိရင် နားထောင်ကြည့်လိုက်
အိမ်မှာ အမေ့အနားမှာ ရှိနေရင်တောင်
လွမ်းတဲ့စိတ်ကလေး ပေါ်လာစေတဲ့ သီချင်းလေးပေါ့။
အိမ်ပြန်ချင်တဲ့အလွမ်း
ဆီးနှင်းတို့ ကျစတစ်ညမှာ
အိမ်ကိုပစ်ပြီးတော့
အမေအိုမျှော်မယ်မှန်းလည်း
သိရက်နဲ့ တစ်လှမ်းချင်းလှမ်းကာ
ရင်ဆိုင်နေဆဲက
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ်…။

Kokothandar ရဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုနဲ့ မြန်မာ
http://myanmargazette.net/87375/uncategorized-other/copypaste
ပို့စ်ကတော့ ၂၀၁၂ နိုဗယ်ဆုကို ဦးသိန်းစိန် ရမယ်ထင်တယ်လို့ ရေးထားတဲ့ ပို့စ်လေးပါ။
သိတ်ရနိုင်တာပေါ့ဗျာ။ ပြောမယ်ဆိုရင် ပို့စ်တစ်ခုတောင် ရနိုင်လောက်တယ်။ အတုပဲ ဖြစ်ဖြစ် အစစ်ပဲဖြစ်ဖြစ် ဦးသိန်းစိန် ရဲ့ ခြေလှမ်းတွေက အမေရိကန် ကြီးကြိုက်လောက်တဲ့ ခြေလှမ်းတွေဖြစ်ဖြစ်လာခဲ့ပါပြီ။ ဒီထက်ပိုအရေးကြီးတဲ့ ခြေလှမ်းလေးတွေသာ လှမ်းပြလိုက်ရင် ဦးသိန်းစိန်ကြီးအတွက် နိုဗယ်ဆုဆိုတာ ပြေးမလွတ်နိုင်ပါဘူး။ (အထင်)

ကိုထွန်းဝင်းလတ်ရဲ့ ယူဗွီမမ နှင့် ထိန်ဟော်
http://myanmargazette.net/87391/uncategorized-other/copypaste
ဆိုတဲ့ ပို့စ်လေးကတော့ မျက်မှန်လုပ်ဖို့ မန္တလေးယူနိုက်တက်ဗီးရှင်း မျက်မှန်ဆိုင်ကို ရောက်လာတဲ့ ရွာလေးတစ်ရွာက လူတစ်ယောက်ရဲ့ အတွေ့အကြုံလေးပါဗျာ။ အိတ်ထဲပါလာတာက ငွေကျပ် ရှစ်သောင်းကျော်ကျော်လေး၊ သူများတွေမျက်မှန်ဘိုးရှင်းတာမြင်နေကြားနေတာက ကိုင်းဘိုးတင်ရှစ်သောင်းကျော် အဲဒါနဲ့ ဆိုင်ထဲက ပြန်ထွက်ပြေးရတဲ့ အတွေ့အကြုံလေးပါ။
မျက်မှန်ဆိုတော့ ကျွန်တော်ကလည်း မျက်မှန်သမားမို့ နည်းနည်း ၀င်ပွားချင်ပါတယ် ကိုထွန်းဝင်းလတ်ရေ။
မျက်မှန်ကိုင်း တွေက တန်ဘိုးအမျိုးမျိုး ရှိကြပါတယ်။ နှစ်သောင်းသုံးသောင်းတန်ကိုင်း လှလှလေးတွေလည်း ရှိနေပါတယ်။
ရန်ကုန်လိုနေရာမျိုးမှာ ကျွန်တော် မျက်မှန်စတတ်ကတည်းက သုံးလာတဲ့ မျက်မှန်တွေ မနည်းတော့ပါဘူး။
အခုအထိ စမ်းသပ်ခရော၊ ကိုင်းဘိုးရော၊ မှန်ဘိုးရော စုစုပေါင်း ငါးသောင်းကျော်ကုန်တာ တစ်ခုမှမရှိသေးပါဘူး။
ဆိုလိုတာက ကိုယ့်မှာပါတဲ့ ပိုက်ဆံနဲ့ တန်တဲ့ ကိုင်းတွေ မှန်တွေ ရှိနေတယ်ဆိုတာလေးပါ။ ပို့စ်မှာတုန်းက ကွန်းမန့် ၀င်ပေးခဲ့သင့်တာခင်ဗျ။
အခုမှတစ်ခါတည်း ကွန်းမန့်ပေးလိုက်တာပါ။ ကျပ်ရှစ်သောင်းဆိုရင် လူလတ်တန်းစားသုံးတဲ့ မျက်မှန်ကောင်းကောင်းတစ်လက် သေချာပေါက်
ရနိုင်တယ်ဆိုတာ ကိုထွန်းဝင်းလတ် သူငယ်ချင်းကို ပြောပြပေးလိုက်ပါ ခင်ဗျာ။ အဲဒါလေးပါ။

Weiwei ရဲ့ ဆန္ဒများနောက်တကောက်ကောက်
http://myanmargazette.net/87411/creative-writing/my-dear-diary
ဆိုတဲ့ ပို့စ်လေးအကြောင်းပြောပြချင်ပါတယ်။ လူတွေရဲ့ မဆုံးနိုင်တဲ့ ဆန္ဒတွေ အကြောင်း ရေးပြထားတာပါ။ အဲဒီ ဆန္ဒတွေကို ထိန်းချုပ်ပြီး ရောင့်ရဲတင်းတိမ်တတ်တာဟာ ကောင်းသလား၊ ဒါမှမဟုတ် ဆန္ဒတွေကို အတတ်နိုင်ဆုံးပြည့်အောင်ကြိုးစားတာဟာ မှန်သလား
ဆိုတဲ့ တွေးစရာ အတွေးစတစ်ခုပေးထားခဲ့တဲ့ ပို့စ်လေးတစ်ခုပါဗျာ။

ဆန္ဒတစ်ခုနောက်လိုက်မိရင် နောက်ဆန္ဒတွေနောက်လဲ တကောက်ကောက်နဲ့ အဆက်မပြတ်လိုက်နေဖြစ်ပါတယ်။ ခန္ဓာကိုယ်က
လိုက်နိုင်တုန်း ငယ်ရွယ်စဉ်မှာ သိပ်မသာပေမယ့် အသက်ရလာတာနဲ့အမျှ ဆန္ဒတွေနောက် အကုန်မလိုက်နိုင်တော့တာနဲ့ စိတ်အလိုမကျမှုတွေဖြစ်လာပါတော့တယ်။ အလိုမကျတာနဲ့အမျှ ပေါက်ကွဲစရာထွက်ပေါက်ရှာတတ်ကြတာ လူ့သဘာဝဖြစ်ပါတယ်။ လောဘတွေများလာတာကနေ ဒေါသစိတ်ဘက်ကူးလာကြခြင်းဖြစ်ပါတယ်။ အကြောင်းရင်းရှာမိရင် ဆန္ဒတွေများလို့ဆိုတာကို တွေ့မိမှာဖြစ်ပါတယ်။ ကောင်းသောဆန္ဒနဲ့ မကောင်းသောဆန္ဒ နှစ်မျိုးရှိပေမယ့် လူ့စိတ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်လေ့ရှိတာမို့ မကောင်းသောဆန္ဒတွေနဲ့ အချိန်ကုန်ရင်း အေးချမ်းမှုကို ရှာဖို့အချိန်မရနိုင်လောက်အောင် အလုပ်များနေတာကို
သတိထားမိမှာဖြစ်ပါတယ်။
ဆန္ဒတွေကို ဘယ်လိုထိန်းချုပ်မလဲ? ရောင့်ရဲတင်းတိမ်တတ်အောင်နေတာ မကောင်းဘူးလား? ဆန္ဒတွေကို အတတ်နိုင်ဆုံးပြည့်အောင်ကြိုးစားတာ
မှန်သလား ?????????

ဦးဦးပါလေရာ ရဲ့ ကွန်းမန့်လေးထဲက ဂစ်တာလေးတီးပြီး သီချင်းအော်ဆိုချင်တယ်ဆိုတာလေးကို အကြိုက်တွေ့မိတာကြောင့်
ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

ဦးဦးပါလေရာ says:
အသက်ကြီးလာမှ ပိုပြီး ဆန္ဒတွေ များလာတာလဲအမှန်ပါပဲ…။
ပိုပြီးစိတ်ပျက်စရာကောင်းတာက အသက်ကြီးလာလေ ပိုပြီး ဆန္ဒတွေကို မဖြည့်ဆည်းနိုင်လေပဲ…။
ဥပမာ ခရီးတွေထွက်ချင်တယ် – သိပ်မအားတော့ဘူး သိပ်လဲမသွားနိုင်တော့ဘူး..
ဗူးသီးကြော်ပူပူလေးကို မန်ကျီးအချဉ်ရည်လေးနဲ့ တို့တို့စားချင်တယ် – ဆီတွေများလို့ မစားရတော့ဘူး..
ဆီထမင်းလေးကို ဂျင်းနံ့လေးမသိမသာထည့်ထိုးပြီး ကြက်ကြော်နုနုလေးနဲ့စားချင်တယ် –
အစာမကြေလို့ မစားရပြန်ဘူး..
တခါတရံ အုန်းထမင်းမွှေးမွှေးလေးကို မဆလာနံ့သင်းထားတဲ့ ကြက်သားဟင်းလေးနဲ့စားချင်တယ် –
လေဖြတ်မှာစိုးလို့ ဆရာဝန်ကမကျွေးဘူး..
အဆိုးဆုံးကတော့ ဒီလိုဆောင်းညတွေမှာ ဂစ်တာလေးတီးပြီး စိုင်းထီးဆိုင်သီချင်းတွေ ခင်မောင်တိုးသီချင်းတွေ အော်ဆိုချင်တယ် –
အဲဒါကတော့ (အရူးလို့အထင်မခံနိုင်ရင်) တသက်လုံးကို လုပ်လို့မရတော့ဘူး

ဟုတ်တယ် ကိုပါလေရာရေ။ ကျွန်တော်တို့ အရွယ်တွေ ဂစ်တာကိုင်ရင် ရပ်ကွက်က ရဲစခန်းဖုန်းဆက်ကြမှာဗျ။ ဟားဟား။

Whowho ရဲ့ အမေနေ့ အကြိုဆောင်းပါး
http://myanmargazette.net/87457/creative-writing လေးကတော့ အမေနေ့မှာ ကိုယ့်အမေကို ဘယ်လိုအမှတ်တရလေးတွေနဲ့ ကျေးဇူးဆပ်ကြမယ်ဆိုတာ ကြိုတင်ပြင်ဆင်ကြဘို့ နှိုးဆော်ပေးထားတဲ့ ပို့စ်လေးပါ။ ကျေးဇူးပါ whowho ရေ။

KING ရဲ့ ရေးချင်တာရေးသောကြောင့် ဖတ်ချင်မှဖတ်ပါ
http://myanmargazette.net/87460/society-lifestyle/aha-jokes
ပို့စ်လေးကတော့ ကြိုတင်သတိပေးချက်လေးနဲ့ ခင်ဗျ။

အခုတစ်လော ဖတ်ရတာတွေက ဗဟုသုတတွေ အများကြီးပေးနိုင်သလို အယူဝါဒ မတူညီမှုတွေကြောင့် ဆူညံနေတဲ့ ကိစ္စတွေလည်း ရှိနေပြန်တော့
ဂေဇတ်ရွာကြီးဟာ ရွာကဘုရားပွဲ တမျှ စည်ကားနေလိုက်တာဗျာ… ဘုရားပွဲ ဆိုတော့ ဂေါပကအဖွဲ့ရဲ့ အလှူငွေ ထည့်ဝင်မှု သာဓု ခေါ်ဆိုပုံ၊ မုန့်တန်းတွေက မုန့်ရောင်းသူတွေအသံ၊ မုန့်ဆိုင်က ညှော်နံ့၊ မျက်လှည့်ပွဲက ဖိတ်ခေါ်သံ၊ ဇာတ်ပွဲဆီက တေးသံသာ ပြောရရင်တော့ စုံလို့ပေါ့ဗျာ … ဒါနဲ့ပဲ ကျွန်တော်လည်း
စိတ်ထဲရှိတာတွေ ထုတ်ရေးလိုက်တယ်ဗျ … ဖတ်ရမှာ အဆင်မပြေဘူးဆိုရင်လည်း နောက်တစ်ပုဒ် ပြောင်းလိုက်ကြပါဗျ …

အဲဒီတော့ ၀င်ဖတ်ကြည့်ကြဗျာ။ စိတ်ဝင်စားရင် ဆက်ဖတ်ကြ။ အဆင်မပြေရင် နောက်တစ်ပုဒ်ပြောင်း ဟုတ်လား ကိုကင်းရေ။
အဲဒီလို ပြောထားတာ မဟုတ်လားဗျ။ ကိုကင်းရေ၊ နာမည် အပြည့်အစုံ မရေးနိုင်ခဲ့တဲ့ အတွက် ခွင့်လွှတ်ပါဗျို့။

Mg wine ရဲ့ အင်တာနက်ပေါ်က လူသားအကျိုးပြုဆောင်းပါးများ စာအုပ်ထုတ်မည်တဲ့
http://myanmargazette.net/87475/business-economy/think-tank
ဆိုတဲ့ ပို့စ်လေးကတော့ ၀မ်းသာစရာ သတင်းစကားလေးပါ။ စာမူခတော့မရဘူးဆိုတာကတော့ စဉ်းစားစရာပဲ ကိုမောင်ဝိုင်းရေ။
အေးလေ ရေးသူက ကျေနပ်ရင် ငြိမ်းတာပေါ့ဗျာ။ လက်ခုတ်တီးပေးပါတယ်ဗျာ။

Yuki ရဲ့ နားလည်ရခက်သူများသို့
http://myanmargazette.net/87479/politics-news-issues
ဆိုတဲ့ ပို့စ်လေးကိုဖတ်ကြည့်ပြီး အံ့သြစရာတစ်ခုသွားတွေ့ပါတယ်။ ကွန်းမန့် ကိစ္စကိုပြောတာပါခင်ဗျာ။
Yuki ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံလို့ ထမင်းငတ်တယ်ဆိုတဲ့ လူကို မခံနိုင်ဖြစ်လွန်းလို့ တုန့်ပြန်ထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ အင်္ကျီလေးဝတ်၊အန်တီပုံလေးရင်ဘတ်မှာကိုင်နဲ့ သံရုံးရှေ့မှာ ဆန္ဒပြ၊ ပြီးရင်ဓာတ်ပုံလေးရိုက် သူတို့ကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်တဲ့အတွက် မြန်မာပြည်ပြန်ရင်အဖမ်းခံရတော့ပါမယ်။အန်တီကို နေအိမ်အကျယ်ချူပ်ချထားတာအကြောင်းပြ၊နောက် NLD ပါတီဝင်ထားတဲ့အတွက် မတရားအသင်းဝင်ဖြစ်နေပါတယ်…..အကြောင်းအမျိုးမျိုးပြ သူများနိုင်ငံရဲ့ Immigration မှာ refugee visa တင်ပြီးနေ နေတာ။ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပြီးထမင်းဝရုံမကပါဘူး …..။နောက် ဒီပဲယင်းအရေးအခင်းဆိုတာတကယ်ခံရတဲ့လူတွေကသာ ခွင့်လွတ်ပြီးမေ့သွားမယ်နော် သူတို့တွေကတော့ လတိုင်းလတိုင်းရဲ့ ၃၁ရက်ဆို သံရုံးရှေ့  ဆန္ဒပြရတာအမောပဲ။ဘယ်လိုပဲ ဖြစိဖြစ်ပါ လူဆိုတာ ကိုယ်ယုံကြည်ရာကို လုပ်နေတဲ့လူတွေချည်းပဲလေ။အပြစ်မပြောပါဘူး။ဒါပေမယ့်  ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်လွတ်လာပြီ။သူတို့ နဲနဲတော့ အခြေအနေကို စောင့်ကြည်ကြပြီ။ ဒေါ်အောင်ဆန်းစုကြည်ကတဖြည်းဖြည်း အစိုးရနဲ့ လက်တွဲလာပြီ။သူတို့အသံလေးတွေထွက်လာကြပြီ။ အခု NLD ကပါ တရားဝင်မှတ်ပုံတင်ပြီ။အဲ …သူတို့ဘာဆက်လုပ်ရမလဲ ။

အောင်ဆန်းစုကြည်ကိုထောက်ခံလို့ ထမင်းငတ်တယ်ဆိုတဲ့ လူကြီးရဲ့ ပို့စ်မှာကျတော့ ကွန်းမန့်တွေ စည်စည်ကားကားနဲ့ လူစည်ခဲ့သလောက်
အဲဒီအဆိုကို တုန့်ပြန်ရေးထားတဲ့ ဒီပို့စ်ကျတော့ ထောက်ခံတဲ့ ကွန်းမန့်လေးက နှစ်ခုတည်းရယ်ပါ။ အင်း ဖတ်မှ ဖတ်မိကြပါရဲ့လားမသိ။ မဖတ်ရသေးရင်လည်း ပြန်ဖတ်ကြည့်ကြပြီး ကွန်းမန့်လေးများ ချီးမြှင့်ပေးကြဘို့ တောင်းဆိုပေးလိုက်ပါတယ် yuki ရေ။

Comegyi ရဲ့ ဝေဒနာ
http://myanmargazette.net/87498/creative-writing
ဆိုတာကတော့ မော်ဒန်ကဗျာ တစ်ပုဒ်ပါဗျာ။ ဖတ်ကြည့်ကြပါ။

ဟိုး……ရှေးရှေးက ပုံဝတ္ထုတစ်ပုဒ်လို
ငြိမ်ငြိမ်သက်သက်အခန်းကလေးတစ်ခုပေါ့…..
နေ့၊ ည၊ အသွေးအရောင်စုံလင်သော
လူမှုရေး ဟွန်းသံများဆူပွက်ခဲ့ရာ…..
အလွန်ကျယ်ပြောသာယာလှသော ကမ္ဘာကြီးထဲ
မိတ်ဆွေတို့နဲ့အတူတကွ
ရေပက်မ၀င်သော၊ ယဉ်ကျေးဖွယ်ရာသော၊ အခါမလပ်သော
လောက၀တ်ပျူငှါသော…….
အစည်းအဝေးများ၊ အရေးကိစ္စများနဲ့၊ ညစာစားပွဲများ၊ အရေးပါပုံများ…..
ကောက်ကျစ်မှုအသစ်အဆန်းတွေ အချိန်ရှိသရွေ့
အမှန်အမှားကို မသိနိုင်သရွေ့…..
အိပ်မက်တွေကို ဆိတ်ကွယ်ရာမှာ ဖွက်ထားတာလား
မကောင်းမှု ဒုစရိုက်ဟာ ဆိတ်ကွယ်ရာမရှိဘူးဆိုတာလား
တစ်ကနေ တစ်ဆယ်ထိရေတွက်မိတိုင်း အမာရွတ်တွေပဲ အဖတ်တင်
နေ့ရှိသရွေ့ အသက်ရှူပြွန်ဟင်းလင်းပေါက်ထဲ
အရိုးနင်တာပဲ အဖတ်တင်…..
တောအုပ်ဟာ လူကိုညှို့တဲ့နေရာမှာ အထွပ်အထိတ်ဖြစ်သလို
ရုပ်ရှင်မှာ အဓိကဇာတ်ဆောင်ဟာ
ဆတ်ကော့လတ်ကော့ အရောင်းစာရေးမလေးလို ထီမထင်
ကိုယ့်ကျမှ ၀ါကျတွေ သိုးသွားတောင်
မိုးမလင်းနိုင်သေးတဲ့ အဖြစ်မို့
ဇာတိပုည ဂုဏ်မာနကို ခြေကားရားလက်ကားရား
အိပ်မွေ့ချထားသည့်အတိုင်း …….
လရိပ်အောက်က ၀ံပုလွေအုပ်ကို
လက်ရဲ ဇက်ရဲ ထင်ရာစိုင်းခွင့်ပေးထားသည့်အတိုင်း…..

ရှုံးနိမ့်မှုများနဲ့…လူ ၏ တစ်ခမ်းမွှေးထားရခြင်းအကြောင်း
http://myanmargazette.net/87508/society-lifestyle/aha-jokes
ဆိုတဲ့ ပို့စ်လေးကတော့ အဆန်းဗျ။ ကိုရှုံး ချစ်သူက ကုလားသွေး အနည်းငယ်ပါသောကြောင့် ရင်ဘတ်မွှေးပါလျှင်
သဘောကျပါသတဲ့(အသည်းယားစရာကြီးဗျာ ကိုရှုံးရယ်)၊ ပြီးတော့ နှုတ်ခမ်းမွှေးခန့်ခန့်ညားညားနှင့်ယောက်ျားများကို
လွန်စာမှ နှစ်သက်လှပါသတဲ့ (အဲဒါလည်း အသည်းယားမိတယ် ဗျာ) ။
အဲဒါနဲ့ ကိုရှုံးက သူ့ရဲ့ တစ်ခမ်းမွှေး (ကိုရှုံး ရဲ့ အခေါ်အဝေါ်အတိုင်းရေးပါသည်) ကို အရှည်ထားဖို့ ကြိုးစားပေမယ့် မအောင်မြင်သဖြင့် ပြန် ရိတ်လိုက်ရတဲ့ အကြောင်းလေးပါဗျာ။ ကွန်းမန့်လေးတွေထဲမှာ ကိုရှူံး ရဲ့ ကွန်းမန့်လေးကို ကျွန်တော်က ရှင်းလင်းခြင်ပါတယ်ဗျာ။

ရှူံးနိမ့်မှုများနဲ့.. လူ says:
ကိစ္စတုန်းရခြင်းကို သေချာစွာ ရှင်းပြခဲ့ပြီးပါပကော..
အုပ်ထိန်းသူအလိုကျအတိုင်းသာ ဖြစ်နေရခြင်းဖြစ်ပါကြောင်း
(ဘယ်သူမှ အကြောင်းပြန်ထားတာ ၀င်မဖတ်မှာ သိသားနဲ့ ပြန်ပြီးစာပြန်နေမိတာ ရှက်တော့ ရှက်မိသား)

အဲဒီစကားကိုတော့ ကျွန်တော် ကန့်ကွက်ပါတယ်ဗျာ။ ဟိုနေ့က ကိုရှုံး ပို့စ်တစ်ခုထဲမှာ ကွန်းမန့်ကိစ္စလေးတွေ့မိလို့ပါ။
ကွန်းမန့် ဆိုတာ အပြန်အလှန်သဘော ရှိပါတယ်ဗျာ။ ကိုယ့်အိမ်ကို လာလည်တဲ့ ဧည့်သည်ကို ဧည့်ဝတ်မကျေပွန်ဘူးဆိုရင် နောက်ကို ဧည့်သည်လာမှာ
မဟုတ်တော့ပါဘူး။ အဲဒီလိုပါပဲ ကိုယ်ရေးတဲ့ ပို့စ်လေးတွေကို ကွန်းမန့်ဝင်ပေးသူတွေကို ကိုယ့်အိမ်လာလည်တဲ့ ဧည့်သည်တွေလို သဘောထားပြီး
ဧည့်ခံသင့်တာကတော့ ပို့စ်တင်သူတစ်ယောက်ရဲ့ ၀တ္တရားပဲလို့တော့ ကျွန်တော်ထင်မိပါတယ် ကိုရှုံးရေ။ အမှားပါရင်လည်း ပြန် ရှင်းပြပေးနိုင်ပါတယ်ဗျာ။

ကျွန်ုပ်တို့၏ သူကြီး kai က အာဏာရှင် မဟန ပြောင်းလဲ သင့်ပြီလော ( ဦးပညာဇောတ – ABMA )
http://myanmargazette.net/87512/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit
ဆိုတဲ့ ပို့စ်လေးကို ရွာသူရွာသားတွေ ဖတ်စေချင်လို့ အီးမေးလ်ထဲကနေ တင်ပေးခဲ့ပါတယ်ဗျာ။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ အကြောင်း
ရေးထားတာတွေပါ။ ရွာသူရွာသားတွေဖတ်ထားသင့်တဲ့ ပို့စ်မျိုးပါ။ သူကြီးက ကွန်းမန့်လေးနဲ့ သူ့အမြင်ကို ပြောပြခဲ့ပါတယ်ဗျာ။

kai says:
တချို့စာတွေကူးတင်တာမှာ.. ကာယကံရှင်ကိုယ်တိုင်က တင်ခိုင်းတာတွေပါပါတယ်..။ အဲဒါ.. အရင်တုံးကများ.. သူများတင်ခိုင်းလို့ တင်ပေးတာကို.. ကျုပ်တင်တာ.. တရက်၂ပုဒ်ကျော်တာဖြစ်လို့.. အဆဲတောင်ခံလိုက်ရသေး…။
ဆိုတော့.. ဒေါက်ကလက်..ဒေါက်ကလက်..။
ဒီကိစ္စက နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ.. ကို့ယို့ကားယားကြီးဖြစ်နေတာမို့.. ကျုပ်ကိုယ်ပိုင်အမြင် ရေးထားပြီးသားပါ..။
http://myanmargazette.net/86583/uncategorized-other/copypaste
အဲဒီအပေါ်ကစာမှာမန့်ထားတာ ပြန်တင်လိုက်တယ်..။
မတူတဲ့အတွေးနဲ့ရေးပြထားတယ်..
============
သိသလောက်ကတော့.. သံဃာတွေကို.. သံဃာတွေက ဂိုဏ်းဖွဲ့အုပ်ချုပ်တာမျိုး.. ဂေါတမဗုဒ္ဓခွင့်ပြုတော်မမူခဲ့ပါဘူး.။( မှားရင်ပြင်ပေးပါ)
ရဟန်းတွေအသက်ကြီးတာ.. ငယ်တာနဲ့လည်း ဆုံးဖြတ်တာမဟုတ်ဖူး..သတိထားမိတယ်..။
ရဟန်းဝါနဲ့.. ဆုံးဖြတ်တာပါ..။
ဒါပေမဲ့…
ရှင်သာရိ ပုတ္တရာ(လကျာ်ရံ)မထေရ်ကြီးတောင်..(သင်္ကန်းရုံလို့.. အ၀န်းမညီတာမျိုးကို) ရှင်သာမဏေကလေးကထောက်ပြရင်.. တလေးတစားနဲ့ ပြန်မေးပြုပြင်တော်မူပါတယ်..။
အာပါတ်ဖြေရင်လည်း.. အနိမ့်အမြင့်ရာထူးမရှိ.. ရဟန်းအချင်းချင်း.. ဖြေလို့ရတဲ့အခွင့်ပေးထားတော်မူပါတယ်..။
တန်းတူညီမျှမှုကို.. အင်မတန်အလေးထားတော်မူတဲ့.. ဂေါတမဗုဒ္ဓဘုရားရှင်ပါ..။
ဆိုတော့…
သံဃမဟာနာယကဆိုတာ လူမှုအသိုင်းအ၀ိုင်း နိုင်ငံရေးမှာ ဘယ်နေရာကရပ်တည် နေသလည်း မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်..။
တိုင်းပြည်တပြည်ရဲ့.. အုပ်ချုပ်ရေး။ တရားစီရင်ရေး..။ ဥပဒေပြုရေး.။ စာနယ်ဇင်းမီဒီယာ မဏ္ဍိုင်ကြီးတွေထဲ.. မဟန ကိုဘယ်နေရာမှာထားသလည်း..။
လူတွေက.. ဘုန်းတော်ကြီးတွေမတရားရင်.. ခုံရုံးနဲ့.. တရားရေးအရ.. တရားစွဲခွင့်ရှိသလား..။ ဆုံးဖြတ်ခွင့်ရှိသလား..။
မီဒီယာက.. အမှားတွေထောက်ပြခွင့်ရှိသလား..။
အုပ်ချုပ်သူရဲ့.. ဥပဒေတွေ..လုပ်ထုံးတွေက.. ဘယ်နေရာတွေကနေ.. ဘယ်လိုသက်ရောက်ရသလည်း..။
ဒါမှမဟုတ်.. ၅ခုမြောက်မဏ္ဍိုင်အနေနဲ့.. ဥပဒေအားလုံးအထက်မှာရှိနေတာလား..။ ဘေးတိုက်ယှဉ်ရှိနေတာလား..။
လား..လား…လား…။
အရင်ကတည်းက… မဟနရဲ့..လုပ်ပုံရပ်တည်ပုံက.. မြန်မာ့နည်းမြန်မာ့ဟန်.. ဒီမိုကရေစီနိုင်ငံတော်သစ်..ဖြစ်လာဦးမယ့်လမ်းကြောင်းပေါ်မှာမို့…
အင်မတန်အတွေးခက်ခဲ့တာ…။
အော်သူကြီး သူကြီး၊ သူကြီးဖြစ်နေပါလျက်နဲ့ အဆဲခံရသေးသတဲ့။

သူကြီးတင်ပေးတဲ့ နောက်တစ်ပုဒ်က ကျန်းမာရေး နှင့် လုံခြုံရေး – (ခင်မမမျိုး)
http://myanmargazette.net/87530/health-fitness ဖြစ်ပါတယ်။
ဖတ်သူ အလွန်နည်းပါးခဲ့ဟန်ရှိပါတယ်။ ကွန်းမန့်တစ်ခုမှမတက်လာခဲ့ပါ။ သို့သော် ပို့စ်လေး၏ နိဂုံးလေးအား ဖေါ်ပြပေးချင်ပါသည်။

ယနေ့ခေတ် ၂၁ ရာစုကမ္ဘာကြီးဟာ ပြောင်းလဲမှုပေါင်းများစွာ ဖြစ်ပွားနေတဲ့ ကမ္ဘာကြီးဖြစ်ပါတယ်။ ၂၀ ရာစု ကမ္ဘာကြီးဆီက အတွေးအခေါ်ဟောင်းတွေဖြစ်တဲ့ လုံခြုံရေးဆိုတာ စစ်ရေး၊ နိုင်ငံရေးနဲ့ပဲ ဆိုင်တယ်ဆိုတဲ့ အတွေးအခေါ်တွေ၊ သိပ္ပံပညာနဲ့ ၀ိဇ္ဇာပညာကို သီးခြားခွဲမှုတွေ၊ ကျန်းမာရေးဆိုတာ လူတွေရဲ့ ရောဂါတွေကို ကုသတာဖြစ်တယ်။ ဒါကြောင့် ကျန်းမာရေးလုပ်သားတွေဟာ နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေး နဲ့ မသက်ဆိုင်ဘူးဆိုတဲ့ အတွေးအခေါ်တွေဟာ ရာစုဟောင်းထဲမှာ ကျန်ရစ်ခဲ့ပြီဖြစ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေး၊ လုံခြုံရေးတွေဟာ လူသားတွေနဲ့ နေ့စဉ်လူမှုဘ၀ကို တိုက်ရိုက်သက်ရောက်မှုတွေ ရှိနေပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ကျွန်တော်တို့ ရွာသူရွာသားတွေ ဖတ်ကြည့်ကြဘို့ တိုက်တွန်းပါရစေ။

Weiwei ရဲ့ ကျွန်မနှင့် ဖက်ရှင်ရောဂါ
http://myanmargazette.net/87361/creative-writing/my-dear-diary
ဆိုတဲ့ ပို့စ်လေးအကြောင်းပြောချင်ပါတယ်ဗျာ။

မင်္ဂလာဆောင်ပွဲတစ်ခုသွားဖို့အတွက် အ၀တ်အစားဒီဇိုင်းရွေးချယ်ရင်း စိတ်ရှုပ်ထွေးနေမိပါသည်။ ညီမတစ်ဝမ်းကွဲမင်္ဂလာဆောင်ဆိုတော့လည်း ကောင်းကောင်းမွန်မွန်လေး ၀တ်စားသွားမှ တော်မည်မို့ ဆံပင်ကအစ ဖိနပ်အဆုံး လိုက်ဖက်ညီအောင်
စဉ်းစားလိုက်ရတာ ဆံပင်တွေတောင် ဖြူလောက်အောင် ခေါင်းစားနေပါတော့သည်။

အင်း ညီမတစ်ဝမ်းကွဲ မင်္ဂလာဆောင်မို့ ကောင်းကောင်းမွန်မွန် ၀တ်စား သွားမှ တော်မည် ဆိုတာကတော့ မဟုတ်သေးပါဘူးဗျာ။
မိန်းကလေးတွေက မင်္ဂလာဆောင်ဆို ဘယ်မင်္ဂလာဆောင်ဖြစ်ဖြစ် ဖြစ်သလို တော်ရိလျော်ရိ ၀တ်စားသွားတာ မရှိဘူးလို့ ထင်လို့ပါ။
ဖက်ရှင်တွေအကြောင်းကို ပုံလေးတွေနဲ့ ရှင်းပြထားတာများ စိန်ဂေဟာ ရောက်နေသလိုမျိုးပဲဗျ ဟေးဟေး။ နောက်ဆုံးတော့ သူပြောချင်တာက ဒါလေးပါတဲ့ ဗျာ။

မည်သို့ပင်ဆိုစေ ကျွန်မရဲ့ခံယူချက်က ဖက်ရှင်ဆိုတာ အမျိုးသမီးတစ်ယောက်အတွက် အသက်ပင်ဖြစ်ပါကြောင်းနဲ့ ၀တ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး အမျိုးသမီးတိုင်း အခြေခံလောက်တော့ သိသင့်ပြီး သူ့နေရာနဲ့သူ ၀တ်စားဆင်ယင်ခြင်းဖြင့် မြန်မာအမျိုးသမီးတွေ၏ အဆင့်အတန်းတစ်ခုကို မြှင့်တင်ဖို့ ကြိုးစားသင့်ပါကြောင်း ဖက်ရှင်စဉ်းစားရင်း အတွေးများသွားမိပါတော့တယ်

မိန်းကလေးတွေ ကြိုက်ကြမယ့် ပို့စ်မျိုးပါခင်ဗျာ။

စူပါ ရဲ့ ကျနော်ဖတ်မိသော ဆောင်းပါးတစ်ပုဒ်
http://myanmargazette.net/87551/uncategorized-other/copypasteကတော့ မျက်ရှု ကဆောင်းပါးလေးကို ပြန်တင်ပေးထားတာပါ ခင်ဗျာ။
ဖတ်ကို ဖတ်ကြရမယ့် ပို့စ် ကောင်းလေးတစ်ပုဒ်ပါ။ မူရင်းစာရေးသူ k နဲ့ ပြန်ရှယ်ပေးသူ စူပါတို့ကိုလည်း ကျေးဇူးတင်လက်ခုတ်တီးပေးပါတယ်ဆိုတဲ့ အကြောင်းလေး ဒီနေရာက ပြောချင်ပါတယ်ခင်ဗျာ။

Amatmin ရဲ့ စိုးထိတ်မိတယ် လေးလုံးရယ်
http://myanmargazette.net/87416/creative-writing
ဆိုတဲ့ ပို့စ်လေးကတော့ hiv ရှိနေတဲ့ လူတစ်ယောက်က အကာအကွယ်မပါပဲ
မိန်းမလိုက်စားတဲ့ အကြောင်းရေးထားတာပါ။ ဒေါသထွက်ကြတဲ့ ကွန်းမန့်လေးတွေနဲ့ ဖတ်ရမယ့်ပို့စ်ပါဗျာ။

thurazaw21451 ရဲ့ ငွေလဲဌာန
http://myanmargazette.net/87553/uncategorized-other/copypaste
ဆိုတဲ့ ပို့စ်လေးကတော့ အစိုးရ တရားဝင်ငွေလဲဌာနအကြောင်းရေးထားတာပါ။

windtalker ရဲ့ ဆောင်းဦးပုံပြင်
http://myanmargazette.net/87037/creative-writing
ကတော့ ဆက်ရန် ရှိသေးတဲ့ အတိတ်ဇာတ်လမ်းဟောင်းတစ်ပုဒ်ပါဗျာ။
ဇာတ်သိမ်းပိုင်းက လာသင့်နေပြီ ကိုပေရေ။ အတော်တောင်ကြာနေပြီဗျ။

ဖားသက်ပြင်း ရဲ့ Greatest Hits Photos of 2011-1
http://myanmargazette.net/87564/travel/photography-pictures-galleries-wallpapers-photo-tips
ကတော့ ဓါတ်ပုံတစ်ပုံမှ မပါတဲ့ ဓါတ်ပုံပို့စ်လေးပါဗျာ။
အနီရောင်လွှမ်းသော ကွန်းမန့်များ ကို ဗဟုသုတအဖြစ် ကြည့်သင့်တယ်လို့ ထင်ပါတယ်။
တော်တော် များများ အနီကဒ်တွေရထားပြီ ကျွန်တော်ကတော့ နှစ်ကဒ်ခင်ဗျ။ ဟေးဟေး။
နောက်တစ်ကဒ်ဆို တစ်ပွဲပယ်ပေါ့ဗျာ ဟားဟား။


Anzartone ရဲ့ Google ၏ Search Features များ

http://myanmargazette.net/87567/computers-technology
ဆိုတဲ့ ပို့စ်လေးကတော့ Search Features တွေထဲက တချို့ကို ဖေါ်ပြပေးထားတာပါဗျာ။

ကြောင်ကြီး ရဲ့ အာဏာရှင်ကြောင်ကြီးသေဘီ
http://myanmargazette.net/87591/society-lifestyle/gossip-rumor
ဆိုတဲ့ ပို့စ်လေးကတော့ ကြောင်ကြီးရဲ့ သရော်စာတစ်ပုဒ်ပါ။ ဖတ်ပြီး ပြုံးရမယ့်ပို့စ်လေးပါဗျာ။


manawphyulay ရဲ့ ကျွန်မရောက်ရှိနေသော နေရာလေး

http://myanmargazette.net/87584/travel
ဆိုတဲ့ပို့စ်လေးကတော့ နေပြည်တော်ရောက်မနောဖြူလေးရဲ့ ဓါတ်ပုံလေးတွေပါခင်ဗျာ။


မှော်ဆရာ ရဲ့ အဘဖောရဲ့ စတုဒီသာကျွေးပွဲမှာ အချီကြီး ပွတဲ့ မှော်ဆရာ

http://myanmargazette.net/87557/entertainment
ဆိုတဲ့ ပို့စ်ကတော့ အဘဖေါ ဧည့်ခံတဲ့ နေ့လယ်စာစားပွဲတက်လာကြတဲ့ လူတွေရဲ့ လက်မှတ်တွေကို
ဓါတ်ပုံရိုက်ပြီး အပျော်တင်ထားတဲ့ ပို့စ်လေးပါ။ ကွန်းမန့််တွေကလည်း နီရဲတွတ်နေတာပဲဗျာ။

etone ရဲ့ မန္တလေးဂေဇက်ဧ။် ပထမဆုံးသော စုပေါင်းအလှူ
http://myanmargazette.net/91382/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle
ဆိုတဲ့ ပို့စ်လေးကတော့ မန်းဂဇက်က ပြုလုပ်မယ့် အလှူပွဲအတွက် ရွာသူရွာသားတွေကို နှိုးဆော်ထားတဲ့ ပို့စ်လေးပါ။

၂၀၁၂ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်တော့ နာရေး ကူညီမှုအသင်းကို သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ် ။
အလှူငွေထည့်ဝင်ရုံတင်မဟုတ်ပဲ … သွားရောက်လှူဒါန်းရာတွင် လိုက်ပါဖို့ ကိုလည်း ဖိတ်ခေါ်ပါတယ် ။
မန္တလေးမြို့ – 096805396 / ပေါက်ပေပုအဖွဲ့ သို့လည်းကောင်း
ရန်ကုန်မြို့ – 095041643/ AKKO
0973114322 / ရွှေတိုက်စိုး
0973144421/ etone
095106806 / ET
သို့လည်းကောင်း ပါဝင်ကုသိုလ်ယူ လှူဒါန်းဖို့ ဖိတ်ခေါ်ပါတယ်

အခုပို့စ်တင်ကာနီးအထိ ကွန်းမန့်ပေါင်း ၁၁၂ ခုနဲ့ အောင်မြင်တဲ့ ပို့စ်လေးတစ်ခုဖြစ်နေပါတယ်ဗျာ။
သာဓုသာဓုသာဓု ပါ etone ရေ။

ရွာရဲ့ အချစ်တော် inz@ghi ရဲ့ KAIZEN
http://myanmargazette.net/94119/business-economy
ဆိုတဲ့ ပို့စ်လေးကတော့ အင်ဇာဂီရဲ့ ပို့စ် ၁၀၀ မြောက် အမှတ်တရပို့စ်လေးပါဗျာ။
၁၀၀ မြောက်မှာ ပေးဆပ်ခြင်တဲ့ စိတ်နဲ့ ရေးထားတဲ့ တန်ဘိုးရှိတဲ့ ပို့စ်လေးတစ်ခုဖြစ်ခဲ့ပြီး
သူကြီးရဲ့ sticky ပို့စ်လေးပါ ဖြစ်ခဲ့တဲ့ အတွက် ၀မ်းမြောက်ဂုဏ်ယူမိတဲ့ အကြောင်းလေး ပြောပါရစေခင်ဗျာ။
အပြန်အလှန်ကွန်းမန့်လေးတွေနဲ့ ဖတ်ကြရမယ့် အင်ဇာဂီ ရဲ့ မှတ်တိုင်ပို့စ်လေးတစ်ခုပါခင်ဗျာ။

black chaw

About black chaw

black chaw has written 332 post in this Website..