ပာင်းချက်ကြမယ်ပော့

SandyJanuary 18, 20121min2422

ပြောင်းဖူးငါးဖယ်လုံးဟင်းချို

ပါဝင်သောအမျိုးအစားများ
၁.ပြောင်းဖူး(၂)ဖူး
၂.ထုံ့ချိုင်းငါးဖယ်လုံး
၃.မုံညင်းရွက်(၂)စည်း
၄.ကြက်သွန်နီ(၂)လုံး
၅.ကြက်သွန်ဖြူ(၂)လုံး
၆.ဂျင်းအနည်းငယ်
၇.ဆီ၁/၂ကျပ်သား
၈.ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း(၃)ဇွန်း
၉.ရေ(၁)လီတာ

ပြုလုပ်ပုံအဆင့်များ

၁.ရေ(၁)လီတာနုင့်ပြောင်းဖူးများကိုထပ်ပိုင်းချိုးပြီးအိုးအတွင်း(၁၅မိနစ်ခန့်)ထည့်ပြုတ်ပါ။
၂.ကြက်သွန်နီကိုအခွန်ခွာရေဆေးပြီး(၄စိတ်)စိတ်ပါ။
၃ကြက်သွန်ဖြူနုင့်ဂျင်းကိုမညက်တညက်ထောင်းပါ။
၄.မုံညင်းရွက်ကိုရေစင်စင်ဆေးပြီးသင့်တော်သလိုဖြတ်တောက်ပါ။
၅.ငါးဖယ်လုံး(လိုအပ်သလောက်)ပြောင်းဖူးအိုးအတွင်းသို့ထည့်ပြီး(၅မိနစ်ကြာ)ပြုတ်ပါ။
၆.(မိနစ်၂ဝခန့်အကြာ)ပြောင်းဖူးပြုတ်အိုးထဲသို့အသင့်ဖြစ်နေသောကြက်သွန်နီနုင့်ကြက်သွန်ဖြူ၊ဂျင်းတို့ကိုအိုးထဲသို့ထည့်ပါ။
၇.(၂မိနစ်ခန့်အကြာ)ပွက်ပွက်ဆူနေသောအိုးထဲသို့ရေစင်စင်ဆေးထားသောမုံညင်းရွက်ကိုထည့်ပါ။
၈.ကြက်သားမှုန့်၊ဆီတို့ကိုထည့်ပါ။
၉.(၂မိနစ်ခန်)အကြာအဖုံးအုပ်ပြီး၊အနည်းငယ်မွှေပေးပါ။
၁၀.ချိုမြိန်သောပြောင်းဖူးအရသာနုင့်မွှေးကြိုင်သောဟင်းရနံ့တို့့်ပေါင်းစပ်ဖန်တီးထားသော “ပြောင်းဖူးငါးဖယ်လုံးဟင်းချို” ကိုအသင့်စားသုံးနိုင်ပါပြီ။

2 comments

  • Wai Phyoe

    January 18, 2012 at 2:50 pm

    ပာုတ်ကဲ့ ဒီလိုမျိုး လွယ်လွယ်ကူကူ နဲ့ ထွင်ပြီးချက်ထားတဲ့ပာင်းမျိုးလေးတွေအတွက်ကျေးကျေးပါ

  • စိန်ပေါက်ပေါက်

    January 18, 2012 at 2:56 pm

    ကောင်းပါလေ့..
    ပုံလေးပါ တင်ပေးရင်
    ပိုကောင်းပါလေ့
    အာသီသရှိတဲ့နေ ့ မိန်းမကို စီမံခိုင်းဦးမှ

Leave a Reply