ပျားသကာလို ချိုပါစေ..

ムラカミJanuary 19, 20129min22022

Some cause happiness wherever they go; others, whenever they go.

 – Oscar Wilde

Enchantment နဲ့ ပါတ်သတ်ပြီး ပြောပါဆိုရင် Charming လို့ပဲ ကနဦးဖွင့်ဆိုပါရစေ

(အဓိပ္ပါယ် အနည်းငယ် မခြုံငုံမိသော်ငြား..) နောက်တနည်း Incantation လို့လည်း ခေါ်ဆို

နိုင်ကြောင်း ပြောလိုပါတယ်…။ Enchantment အတွက် အခြေခံလိုအပ်ချက်ကတော့ တပါးသူ

ထံမှ နှစ်လိုဖွယ်ရှိမှု ကို ရရှိခြင်း လို့ အကြမ်းဖျင်းဆိုနိုင်ပါတယ်….။တဖက်လူဆီမှ ခင်မင်နှစ်လိုဖွယ်

ကောင်းဖို့ ဆိုတာကတော့ ….။

 

First impression ကနေပဲ စပြောပါရစေ ..။ first impression ကောင်းတခု ရရှိနိုင်စရာ

အချက်  ၄ချက် ရှိပါတယ် ။ ဒါတွေဟာ –

သင့် အပြုံး ၊ သင့် အဝတ်အစား၊ သင့် လက်ဆွဲနှုတ်ဆက်ပုံ နဲ့ သင့် စကားလုံး တွေပါပဲ။

ပထမဆုံး လူတွေကို ပြုံးပါဖို့ လိုအပ်ပါတယ်။ ဒါဟာ ဘယ်လောက် ကုန်ကျမှာလဲ ?

တပြားမှ မကုန်ပါ ။ မပြုံးပြခဲ့မိရင်သာ ကုန်ကျဆုံးရှုံးစရာတွေ  ရှိလာ နိုင်ပါတယ်…

အပြုံးမဲ့မျက်နှာပိုင်ရှင်ဟာ လူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ အခက်အခဲရှိလို့ပါပဲ

အပြုံးဟာ မရေရာမှုတွေ ဒေါသတွေ ဝေဝါးနေတာတွေကို ဖုံးအုပ်ခြုံလွှမ်းသွားစေပြီး နွေးထွေးခြင်း

ဆိုတဲ့ အရာကို ပေးနိုင်ပါတယ်။  charming!

 

ကျီးကန်းခြေထောက် ဖြစ်ပါစေ

 

သင်ဟာ အပြုံးတစ်ခုရဲ့ အစွမ်းသတ္တိကို မယုံကြည်ဘူးဆိုရင် အောက်ပါမေးခွန်း(၃)ခုကို

သင်ကိုယ်တိုင် ဖြေဆိုကြည့်စေချင်ပါတယ်။

l  သင်ကိုယ်တိုင်ရော မဲ့ရွဲ့နေတဲ့ လူတစ်ယောက်နဲ့ အလုပ်လုပ်ရတာ နှစ်သက်ပါသလား

l  သင်ဟာ မည်သူ့ကိုမဆို သိရှိ နားလည်ပါသလား

l  အဆိုပါ မျက်နှာထားတင်းတင်း ပုဂ္ဂိုလ်များသည် သူတို့ လိုချင်တာကို အမှန်တကယ် ရရှိတယ်

လို့ သင်ထင်ပါသလား

သည်နေရာမှာ ရုပ်ရင်မင်းသား George Coloney ရဲ့ အပြုံးကို ဥပမာပေးချင်ပါတယ် ။

သာယာနှစ်လိုဖွယ်ကောင်းတဲ့ အသွင်အပြင်ပါ။

သင်အဟာ စိတ်ထဲမှာတော့ တင်းမာနေပြီး အပေါ်ယံ သာ ပြုံးနေမယ်ဆိုရင် လုံလောက်အောင် charm ဖြစ်မယ့်

အပြုံး မဟုတ်ဘဲ မချိပြုံး သာဖြစ်နေပါလိမ့်မယ်။ သည်လိုမဟုတ်ဘဲ ဟန်ဆောင်ပြုံး ပြုံးမယ်ဆိုရင်တော့ လူတွေက

သင့်ကို နှစ်သက်ကြလိမ့်မယ် မဟုတ်ပါဘူး။

အပြုံးတု ဆိုတာ zygomatic major muscle ကိုပဲ အသုံးပြုပါတယ် ။ အဆိုပါ muscle ဟာ

မေးရိုးတလျောက် ကနေ ပါးစပ်ရဲ့ထောင့်စွန်းကို ချိတ်ဆက်ပေးထားတာပါ… သည် muscle ကို

အသုံးချဖို့ သိပ်ကို လွယ်ကူပါတယ် ။ သည်လို အပြုံးတုကို Pan America Smiles လို့ ခေါ်ကြပါတယ်.

(Pan America ရဲ့ attendants တွေဟာ passengers တွေနဲ့ ဆက်ဆံရတဲ့အခါ အမှန်တကယ်

နှစ်လိုဖွယ်ရာမကောင်းဘဲ အပြုံးတု သကာလောင်းခဲ့တယ်လို့ သမိုင်းဝင်ပါတယ်….)

စစ်မှန်တဲ့ တကယ့်  အပြုံးတစ်ခုဟာ zygomatic major muscle သာမကဘဲ

orbicularis oculi muscle ကိုပါ အသုံးပြုပါတယ်..။ သည်ကြွက်သားက တော့ ကျနော်တို့ရဲ့

မျက်လုံး တဝိုက်ကို ဝန်းရံထားပါတယ်။ ခေါင်းစဉ်မှာ ဆိုခဲ့တဲ့ ကျီးကန်းခြေရာ ..ဆိုတဲ့ မျက်လုံးထောင့်က

အရေးအကြောင်း အတွန့် အကွေးတွေကို ဖြစ်ပေါ်စေတဲ့ ကြွက်သားဖြစ်ပါတယ်။ အပြုံးစစ်

တခုကို Duchenne smile လို့ခေါ်ပါတယ်။ ပြင်သစ်လူမျိုး အာရုံကြောပညာရှင် Guillaume Duchenne

ကို ဂုဏ်ပြုမှည့်ခေါ်ထားတာဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ လူတွေနဲ့ ဆက်ဆံရတဲ့အခါ နှစ်လိုဖွယ် သာယာတဲ့ စဉ်းစား တွေးခေါ်မှု နဲ့အတူ

orbicularis oculi muscle ကိုသုံးပြီး အားပါးတရ ပြုံးပါ။ ကျီးကန်းခြေရာ နက်နက်ရှိုင်းရှိုင်း ပေါ်လာပါစေ။

Botox treatments လို့ခေါ်တဲ့ အပြုံးတု နှင့်တကွ ..မျက်နှာထား ခပ်တင်းတင်းကို လုံးဝ စွန့်ပယ်လိုက်ပါ။

သည်လိုဆို ခံစားရတာ ပိုမကောင်းသွားဘူးလား….?

(တိုက်ဆိုင်လို့ တလောက hit ဖြစ်သွားတဲ့ classical အပြုံးတွေ ကို မျှဝေလိုက်ပါတယ်..)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ခြည်နှောင်ဖို့ရာ ဝတ်စားပါ

Distrust any enterprise that requires new clothes.

– Henry David Thoreau

 

ဝတ်စားဆင်ယင်မှု ဆိုတာကတော့ ..ဒုတိယအချက် ဖြစ်ပါတယ်။ အောင်မြင်မှု ကျရှုံးမှု ကို

အဆုံးအဖြတ်ပေးတတ်တဲ့ အချက်ဖြစ်တတ်လို့ အလွန်အရေးကြီးပါတယ်။ လိုတာထက် ပိုမို

ဝတ်စားဆင်ယင်ခြင်း (Overdressing) ဟာ

“ကျုပ်ဟာ ခင်ဗျားထက် ပိုချမ်းသာတယ် ၊ ပို မိုပြည့်စုံတယ် ပိုပြီး အရေးပါတဲ့ ပုဂိ္ဂုလ်ဖြစ်တယ်

ဆိုတာမျိုး အဓိပ္ပါယ် သက်ရောက်သွားပြီး လိုတာထက်လျော့ဝတ်ခြင်း (Underdressing)ကတော့

ကျုပ်ဟာ ခင်ဗျားကို တလေးတစား အရေးထားနေစရာမလိုဘူး ကျုပ်ကြိုက်သလိုဝတ်မယ်

လို့ တဖက်လူကို စော်ကားရာရောက်ပြန်ပါတယ်။ သည်တော့ အခြေအနေ အချိန်အခါကိုလိုက်ပြီး

တဖက်လူနဲ့ သာတူညီမျှစွာ ဝတ်ဆင်တဲ့အခါ “ငါတို့က ဘော်ဒါတွေ” ..we’re peers ဆိုတဲ့အသွင်ကို

ဆောင်နိုင်မှာဖြစ်ပါတယ်။

 

 

ဝတ်စားဆင်ယင်ရာမှာ ကိုယ့် မာန ဆိုတာကို ခနလေး မေ့ထားဖို့ အကြံပြုချင်ပါတယ်။

ကျနော်တို့ရဲ့ ရည်မှန်းချက်ဟာ  နှစ်လိုဖွယ်ကောင်းမှုကို ပြသဖို့ ဖြစ်ပြီး အထက်စီး ဆန်ဖို့

upper hand ရဖို့ ကြိုးပမ်းနေတာ မဟုတ်လို့ပါပဲ။

 

ဝတ်စားဆင်ယင်မှု နဲ့ ပါတ်သတ်လို့ နောက်ထပ် ပြောရမယ့်အချက်ကတော့ ကိုယ့်ဝတ်စားပုံဟာ

ကိုယ့်ရပ်တည်မှု နဲ့ conflict မဖြစ်ဖို့ပါပဲ ။ တကယ်လို့ခင်ဗျား ဟာ technical ပိုင်းကလူဖြစ်မယ်။

Innovator, revolutionary thinker နေရာမှာ လုပ်ကိုင်ဆောင်ရွက်ရတဲ့ အခါ ..three-piece suit

နဲ့ bow tie ဟာ အလုပ်မဖြစ်ပါဘူး။ ထိုနည်းတူစွာပဲ senior management တယောက်ဟာလည်း

T-Shirt နဲ့ Jeans မဝတ်သင့်ဘူးပေါ့ ။

 

သင်တည်ရှိနေရာ အဖွဲ့အစည်းရဲ့ culture ကိုလည်း သင့်ရဲ့ ဝတ်စားဆင်ယင်ပုံဟာ

Reflect ဖြစ်နေဖို့ လိုပါသေးတယ်။ formal မဟုတ်တဲ့ fashion ကြီးစိုးတဲ့ အဖွဲ့အစည်းအတွင်းမှာ

သင်ဟာ စာအုပ်ကြီးအတိုင်း formal ချင်လို့ မရပါဘူး ။

 

          John Sculleyဟာ Apple Inc. ကိုစရောက်တော့ သည် ကိစ္စကို ကောင်းကောင်း

ခံစားခဲ့ရဖူးသပေါ့ Senior Management ဖြစ်တဲ့သူဟာ Jeans Culture ကြီးစိုးတဲ့ Apple Inc. မှာ

အများနည်းတူဝတ်ဆင် ခဲ့ပေမယ့် သက်တောင့်သက်သာ ရှိနေဟန် မတူပါဘူး တချိန်တည်းမှာပဲ ..

အခြားသော ဝန်ထမ်းတွေကလည်း သူ့ကို ငါတို့အားလုံးထဲကတယောက်  “One of the guys” လို့

မမှတ်ကြလို့ပါပဲ။

 

 

သည်လိုအနေအထား မှာ ရွေးစရာ၂ခု အကြံပြုလိုပါတယ်။ ပထမတစ်ခုကတော့ အဆိုပါ

အဖွဲ့အစည်းက လူတွေဆီက ဘယ်လိုဝတ်စားသင့်တယ် ဆိုတဲ့ အကြံဉာဏ်တောင်းပါ..။

အနည်းဆုံးတော့ သင်ဟာ မေးမြန်းစုံစမ်း ဖို့ အတွက် smart ဖြစ်သူ ..ဝေဖန်အကြံပြုချက်ကို

နားထောင်ဖို့အတွက် flexiable ဖြစ်သူ လို့ သူတို့ အသိအမှတ်ပြုပါလိမ့်မယ်။

ဒုတိယတစ်ခု ကတော့ exceptional cases တွေကလွဲရင် သင့် ကို comfortable ဖြစ်စေမယ့်

Manner အတိုင်းသာ ဝတ်ဆင်ပါ။ သက်တောင့်သက်သာ ဖြစ်မနေတဲ့လူ တစ်ယောက်ဟာ charming

ဖြစ်ဖို့ ခက်ပါတယ်။ သည်လိုဆို နှစ်လိုဖွယ်ကောင်းမှုကို ဘယ်မှာ ဖော်ဆောင်နိုင်တော့ပါအံ့နည်း။

 

 

ပြီးပြည့်စုံသော လက်ဆွဲနှုတ်ဆက်မှု 

          

တတိယအချက် တော့ လက်ဆွဲနှုတ်ဆက်ပုံနဲ့ ပါတ်သတ်ပြီး တော့ပြောချင်ပါတယ်။

ကံကောင်းထောက်မစွာနဲ့ Manchester University က Psychological Sciences Head ဖြစ်တဲ့

Geoffrey Beattie ရေးသားထားတဲ့ perfect handshake အတွက် ဖော်မြူလာ ရှိနေပါတယ်..

 

 

PH = √ (e2 + ve2)(d2) + (cg + dr)2 + π{(4<s>2)(4<p>2)}2 + (vi + t + te)2 + {(4<c>2 )(4<du>2)}2
(e) is eye contact (1=none; 5=direct) 5;

(ve) is verbal greeting (1=totally inappropriate; 5=totally appropriate) 5;

(d) is Duchenne smile – smiling in eyes and mouth, plus symmetry on both sides of face, and slower offset (1=totally non-Duchenne smile (false smile); 5=totally Duchenne) 5;

(cg) completeness of grip (1=very incomplete; 5=full) 5;

(dr) is dryness of hand (1=damp; 5=dry) 4;

(s) is strength (1= weak; 5=strong) 3;

(p) is position of hand (1=back towards own body; 5=other person’s bodily zone) 3;

(vi) is vigour (1=too low/too high; 5=mid) 3;

(t) is temperature of hands (1=too cold/too hot; 5=mid) 3;

(te) is texture of hands (5=mid; 1=too rough/too smooth) 3;

(c) is control (1=low; 5=high) 3; (du) is duration (1= brief; 5=long) 3.

 

 

ကိန်းဂဏန်းဖော်ပြချက်တွေကို အဖြေညှိရမှာ စိတ်ညစ်တယ်ဆိုရင် ..ကျနော်ကပဲ ဘာသာပြန်

အဖြေညှိပေးပါ့မယ်ဗျ။

 

l  ပြောဆိုနေစဉ် အချိန် အတွင်း အကြည့်ချင်း ဆုံပါစေ။

l  သင့်တင့်လျောက်ပတ်သော နှုတ်ခွန်းဆက်စကားဆိုပါ။

l  အပြုံးစစ်နဲ့ ပြုံးပါ

l  တဖက်လူ၏ လက်ကို လက်ခြောင်းများဖြင့် မြဲမြံစွာ ဆုပ်ကိုင် ပါ။

l  တဖက်လူထံမှ သင့်တင့်သော အကွာအဝေးတွင် ရှိနေပါစေ။ နီးကပ်လွန်းသည့်အခါ တဖက်လူ

စိတ်မသက်မသာ ဖြစ်ရတတ်ပြီး ဝေးကွာလွန်းလျင်လည်း စိမ်းကားလေသယောင်ဖြစ်နေသည်။

l  သင့်လက်ဖဝါးဟာ အေးမြ၊ ခြောက်သွေ့ ၊ ချောမွေ့နေပါစေ။

l  လက်ဆွဲနှုတ်ဆက်သည့်အခါတွင်လည်း အင်အား အသင့်အတင့် သုံးပါ။

l  လက်ဆွဲနှုတ်ဆက်မှုသည် ၂-၃စက္ကန့်ခန့် ကြာမြင့်ပါစေ။

 

 

 

သည်အထိဆိုရင်တော့ ကျနော်တို့ ဟာ first impression အတွက် အတော်ကလေး ပြည့်စုံနေပြီ

ဖြစ်ပါတယ်။ နောက်ထပ် တဆင့်သာ လိုအပ်ပါတယ်… အဲ့ဒါကတော့ တဖက်လူကို သင် စကားပြောတဲ့ အခါ အသုံးပြုမယ့် စကားလုံးတွေ ပါပဲ။

 

 

စကားအသုံးအနှုန်း မှန်ကန်စွာ

 

 

စတုတ္ထမြောက် အချက်ဖြစ်ပါတယ်။ ဒါဟာ ဝေါဟာရ ပိုင်းပါပဲ။ သင့်ရဲ့ စိတ်ရင်း(ဝါ)

ဖော်ပြလိုမှုကို ကိုယ်စားပြုတဲ့   ကိုယ်စားလှယ်တွေလည်း ဖြစ်ပါတယ်။ အသေးစိတ်ပြောရရင်

လူမှုဆက်ဆံရေးမှာ စကားလုံးတွေဟာ   attitude, personality နဲ့ perspective ကို

သယ်ဆောင်ပေးသွားပါတယ်…။ စကားလုံးအသုံးအနှုံးမှားယွင်းတဲ့အခါ  မှားယွင်းတဲ့ impression

ဖြစ်စေပါတယ်။ ဒါကြောင့်မို့လို့ အောက်ပါအတိုင်း တိုက်တွန်း အကြံပြုလိုပါတယ်။

 

ရိုးရှင်းတဲ့ စကားလုံး

တဖက်လူအဖို့ အဘိဓာန်တွေ Wiki တွေမှာ သွားရှာရမယ့် စကားလုံးမျိုးတွေ

သုံးစွဲမိပြီဆိုရင် ဒါဟာ fail ပါပဲ ။ Danish Proverb တခုက သည်လိုဆိုပါတယ်

“Big words seldom accompany good deeds.”

 

 

 

တက်ကြွတဲ့ လေသံ

“မှန်ကန်တဲ့ စကားလုံး ကိုသုံးပါ” နဲ့ “မှန်ကန်သောစကားလုံးများသည် သင်၏ အသုံးချမှုကို

ခံရသင့်ပေသည်” ဆိုတဲ့ စာသား ၂ခုကို နှိုင်းယှဉ်ကြည့်ပါ။ Passive ပုံစံဖြင့် ပြောသော စကားများသည်

ပြင်းပြမှုဂုဏ် ကင်းမဲ့ပြီး ယောင်ဝါးဝါးဖြစ်စေပါသည်။ Charm အတွက် တက်ကြွတဲ့လေသံနှင့် ပြင်းပြသော

စကားလုံးများ လိုအပ်ပါသည်။

 

 

ကျစ်လစ်မှုဂုဏ်

၁ဝနှစ်ကျော်ကြာ pitch presentation တွေနားထောင်ခဲ့တဲ့ အတွေ့အကြုံအရပြောရရင်

Entrepreneur တွေရဲ့ pitch တွေဟာ သိပ် မတိုတောင်းလှတာတွေ့ရပါတယ်။  တကယ်တော့

နားထောင်သူ ပရိတ်သတ်ဟာ စိတ်ဝင်စားမှုရှိတယ်ဆိုရင် အချက်အလက်တွေကို မေးမြန်းကြမှာပါ။

ကိုယ့်အကြောင်းကိုယ် စကားလုံး နည်းနည်းနဲ့ ဖော်ပြပြီး လိုအပ်မှ ပရိတ်သတ်က မေးမှ ဖြေတာမျိုးဟာ

အသင့် တော်ဆုံးပါပဲ လို့ ယူဆပါတယ်။

 

 

ပုံပမာပြမှု

Relevant ဖြစ်တဲ့ ဥပမာ ဥပမေယျ တခုခုနဲ့ ယှဉ်ထိုးပြီး ထင်သာ မြင်သာအောင် ပြောဆိုတတ်မှု

ဟာ လည်း အရေးပါတယ်လို့ဆိုချင်ပါတယ်..။ ဝိသေသတွေဟာလည်း အလွန်အရေးပါသေးရဲ့။ ဥပမာကမာ္ဘစစ် ဆိုပါတော့ …။ လူအတော်များများဟာ တကယ်တမ်း စစ်ကြီးမှာ ဝင်ရောက်ဆင်နွဲခဲ့မယ်

မဟုတ်ခဲ့ပါဘူး..။ သို့သော် ကမာ္ဘစစ်လို့ ဆိုလိုက်တာနဲ့ အောင်နိုင်ခြင်း၊ ခြေမှုန်းခြင်း ၊ဦးဆောင်ခြင်း

တို့ထက်စာရင် ရှုပ်ထွေးခြင်း၊ ငတ်မွတ်ခြင်း ၊ သေကျေပျက်စီးခြင်း ကိုပဲ လူတွေ မှတ်မိနေကြ

ပြန်ပြောင်းပြောဆိုကြပါတယ်။

စစ်ရဲ့ ဥပဒေသဖြစ်တဲ့ အောင်နိုင်ခြင်း ရှုံးနိမ့်ခြင်းတို့ကို ဝိသေသဖြစ်တဲ့ အရာတွေက

လွှမ်းမိုးသွားတာ လို့ ဆိုချင်ပါတယ်။ သေချာတာတခုကတော့ စစ်အကြောင်း relevant

ဥပမာ ကောင်းတစ်ခုဖြစ်ဦးတော့ ။ (အထူးသဖြင့်) အမျိုးသမီးတွေကို enchanting လုပ်ရာမှာ

အောင်မြင်ဖွယ်ရာ နည်းပါးတာပါပဲ ..။

ဒါဆိုရင် အားကစားဆိုင်ရာ ဝိသေသ ဥပမာတွေကရော …။ ကိုယ့်အရပ် ကိုယ့်ဇာတ်လို့သာ

ဆိုချင်ပါတယ် ..။“winning ugly” ကို လက်ခံထားတဲ့ ရပ်ဝန်းမှာ “losing beautifully” နဲ့ enchant

လုပ်ခြင်းသည် အောင်မြင်နိုင်ဖွယ် မရှိလို့ပါ။

 

 

ယှဉ်ပြိုင်မှုတွေထဲကနေ ပုံပမာကောင်းတွေ များစွာ ဆွဲထုတ်နိုင်ပေမယ့် ..တကယ်တော့ နှစ်လို

ဖွယ်ရာကောင်းစွာ ပြောဆိုဆက်ဆံမှုဆိုတာ အသာစီးရဖို့ ကြိုးစားတာမဟုတ်ဘဲ ..နှစ်ဦးနှစ်ဖက်

သာတူညီမျှ စိတ်ကျေနပ်မှု ရရှိခြင်းကို ဖော်ဆောင်တာမို့ …ဥပမာကောင်းတွေကို သာမန်နိစ္စဒူဝ

မိသားစု အကြောင်း ကလေးတွေအကြောင်းတွေကလည်း ဆွဲထုတ်ပြ နိုင်ပါကြောင်း ။

 

စကားလုံးရွေးချယ်မှုဆိုတာ တခါတလေမှာ ပိုလွန်းသွားတတ်တာလေး ကို သတိချပ်စေ

ချင်ပါတယ် ။ ကျနော်တို့ ကိုယ်ဝတ်မယ့်အဝတ်အစားရွေးချယ်ဝယ်ယူမှုလိုပေါ့….။ အသင့်တော်ဆုံးတွေ

လွတ်ထွက်သွားတတ်ပြီး တောက်ပြောင်လွန်း ထင်ရှားလွန်းတာတွေ (ဒါမှမဟုတ်ဆန့်ကျင်ဘက်တွေ)

ရွေးမိတတ်ကြလို့ပါ ။ အခုဆိုရင် အခြေခံ(၄) ခုဖြစ်တဲ့ အပြုံး၊ အဝတ်အစား၊ လက်ဆွဲနှုတ်ဆက်မှု နဲ့

စကားလုံးရွေးချယ်မှု ပြီးပါပြီ။ ကျနော်တို့ ..Attitude ဘက် သွားကြရေအောင်..။

(ဆက်ရန်..)

 

 

Ref:

http://newslite.tv/2010/07/16/scientists-find-formula-for-a.html

http://blog.guykawasaki.com/2011/06/how-to-increase-your-likability.html#axzz1jspOliXF

Enchantment: Guy Kawasaki (Paperback) : Increase Your Likability

 

 

22 comments

  • MaMa

    January 19, 2012 at 3:08 pm

    အဲဒီလို သင်တန်းမျိုးကို တက်ချင်နေတာ ဖားသက်ပြင်းရေ။
    တန်ဖိုးထားလေးစားစွာ တက်ရောက်မှတ်သားသွားကြောင်းပါ။
    (ဟိုဘက်က ရန်ကြွေးတွေကို သင်ပုန်းချေပြီးတော့။) 😆

    • ဖားသက်ပြင်း

      January 19, 2012 at 3:09 pm

      အော် …ရန်ကြွေး မီမှတ်ပါနဲ့ဂျာ …
      တခါတလေလေး ပေါ့ပေါ့ပါးပါး ရေးပါရစေခည…

      😀

  • water-melon

    January 19, 2012 at 3:34 pm

    မြန်မာပြည်က စကားကြီး ၁ဝခွန်းကရော အသုံးဝင်ပါလား ကိုကိုဖား
    ကိုကိုဖား ကောင်မလေးတွေစုရိုက်ထားတဲ့ပုံ အကျီအဖြူ ဆံပင်အနီလေးနဲ့ တောင်မလေးကို ဝေါအိုက်ညီ လို့ ချိုချိုသာသာပြောမယ်နော်။ 😆

    • ဖားသက်ပြင်း

      January 19, 2012 at 3:50 pm

      ရေကူးညာတင်။ကောက်ပင်ရိတ်လှီး။ရေစီးဖောင်ဆန်။အိုးတန်ဆန်ခတ်။ဆီပွတ်ကျည်ပွေ့။
      ဆင်ဝှေ့ရန်ရှောင်။တောင်သူယာခုတ် ။ကြက်ဆုတ်ခွပ်ပစ်။ရေစစ်ကရား။ခက်တင်မောင်းနင်း။
      စကား(၁၀)မျိုး က အသုံးဝင်ပါသော်ကောလားဗျာ…။ နောက်လည်း ရက်လက်ဗန့် ဖြစ်နေမှာပါပဲ။

      ဒါပေသိ …နည်းနည်းလေးတော့…အုံးအွမ်လိုက်ဦးမှ…ခိခိ…

      တကယ်က သူတို့မှာ မော်ဒန်ကေစ့်စတာဒီ တွေ လိုအပ်နေပြီဗျ…..။
      နောက်တခု ဒါကြီးကို မပြုမပြင် update မလုပ်တာ ကြာကြာလှရောပေါ့…။
      ဒါကိုသာ ဆင့်ပွားယူမယ် အသစ် အသစ်တွေ ဖြည့်ပေါင်းယူမယ် ဆိုရင် ၁၅မျိုးလည်း ဖြစ်ချင်ဖြစ်လာမယ် ၂ဝလည်း
      ဖြစ်ချင်ဖြစ်မပေါ့လေ။ (ရွာ့ မြန်မာစာ အသင်းကို မေး..ဦးမှ… ဟီး …)

      😀

      အချုပ်ပြောရရင်
      ကျနော် ရေးတာ first impression အတွက် enchant လုပ် ညှို့ယူဖမ်းစား တဲ့ အပိုင်းပါဗျာ…
      opening gameပေါ့ဗျာ.. စကား (၁၀)မျိုးကတော့ ပွဲစဉ်တလျောက်လုံး နဲ့ close the deal မှာ
      ကိုယ်လိုချင်တဲ့ result ထွက်ဖို့ try ရတဲ့ ဗျူဟာ အနေနဲ့ သုံးရမှာ တွေပါ..

      ကြိုးစားပါဦးမည်

      ခင်တဲ့
      ဖား

  • Thel Nu Aye

    January 19, 2012 at 3:35 pm

    တန်ဖိုးရှိသောပိုစ့်ဖြစ်ပါတယ်။ ဆက်ရှင်ခွဲဖတ်ရသောသင်တန်းဖြစ်ပါတယ်။ အချိန်ပေးရကြိုးနပ်ပါတယ်။ လိုက်နာကျင့်သုံးရန်မခက်ခဲသောကြောင့်ကြိုးစားလိုက်နာသင့်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။

  • blackchaw

    January 19, 2012 at 4:11 pm

    ပါကင်တစ်ကယ် ဖေါက်ဖြစ်သွားပြီပေါ့။
    သက်ငယ်စကား သက်ကြီးကြား လို့ မှတ်ပါတယ်။
    နားလည်ဖို့ သိ်တ်မခက်ခဲတဲ့ အပိုင်းလေးတွေ
    ဖြစ်တဲ့အတွက် မှတ်သားနာယူသွားပါတယ်။
    နောက်လာမယ့် အပိုင်းတွေကလည်း
    လွယ်လွယ်ကူကူ ဖတ်ဖို့ ပေါ့ပေါ့ပါးပါး ရေးပေးမယ်
    မဟုတ်လား။
    လောလောဆယ် လက်မတစ်ချောင်း
    ထောင်ခဲ့ပါရစေ။

  • amatmin

    January 19, 2012 at 5:06 pm

    ကိုဂီရေ..
    သင်တန်းသား တယောက်ရသွားပြီလို့ စာရင်းလေး တို့ပေးထားပါဗျာ… (အတည်နော်)
    လက်ဆွဲနှုတ်ဆက်ရင် ခပ်တွန့်တွန့်ဖြစ်တတ်တာကို ဒါဖတ်ပြီးပြင်လိုက်ဦးမယ်..
    ကျေးကျေး နဲ့ကိုဘလက်လို လက်တချောင်း……..

  • thit min

    January 19, 2012 at 6:11 pm

    တော်တော်ကောင်းသော စာများကိုခုတလော ရေးနေလို့ ဝမ်းသာဂုဏ်ယူစွာ
    ချီးကျူးပါတယ်ညီလေးဂီရေ့။
    အမှန်ဝန်ခံရရင်………………….
    ကိုယ်က ဆက်ဆံရေး ကျို့တို့ကျဲတဲလူမျိုးဆိုတော့ ဘာပြောရမှန်း မသိလို့
    လက်မတော့ ထောင် ခဲ့တယ် ညီရေ့။
    ဟေ့ကောင် မင်းမသေ သေးဘူးလားလို့ နှုတ်ဆက်ရမှ သဘောကျတတ်တာဆိုတော့
    ဒီက ဂျပန်တွေလဲ ကိုယ်နဲ့တွေ့တော့ အူကြောင်ကြောင်ဖြစ်ကုန်ပြီထင်ပါရဲ့။
    နဲန်းဂဂျော(နှစ်သစ်ကူးသဝဏ်လွှာ) မပို့ဘဲ ပုဇွန်တကပ်နဲ့ ဂဏန်းတကပ်ပို့သင့်တဲ့
    ဆရာတယောက်ဆီ ပို့တယ်ကွာ။ သဝဏ်လွှာထက်ပိုစားလို့ကောင်းမယ်လို့ထင်လို့။(^^)။
    ထုံးစံတွေကိုကန့်လန့်တိုက်တတ်သော ကိုယ်နဲ့အပေါင်းအသင်းဖြစ်တာသူတို့တော့သနားစရာပါဘဲ။

    • Khin Latt

      January 20, 2012 at 5:57 am

      ဆရာသစ်ရေ – ကြားဘူးတာနော်။
      Steve Jobs ဂျပန် ကို သွားတော့ ဟိုက လူတွေ က လက်ဆောင် တွေ၊ Visiting Card တွေ အမြတ်တနိုး ပေးသတဲ့။
      အဲဒါကို Mr က မယူ ဘဲ ထားပြစ် ခဲ့သတဲ့။
      ပြီးတော့ သူ့ပုံစံ အတိုင်း ဘုကလန့် နေသတဲ့။
      အဲဒါကိုဘဲ အဲဒီ ဂျပန် တွေမှာ သဘောကျလို့ မဆုံးဘူး ဆိုဘဲ။ 🙂

  • windtalker

    January 19, 2012 at 7:10 pm

    ဖားဂျီး
    အခုတော့ မင်း ဘာကြောင့်အောင်မြင်နေသလဲ ဆိုတာ ကို
    ပြန်ဝေမျှ လိုက်ဘီပေါ့လေ
    လေးစားစွာ ဖတ်သွားပါတယ်
    အဲ့ထဲကတိုင်းလဲ လိုက်လုပ်မယ်
    ဒါနဲ ့ နံပါတ် ရ ပုံထဲမှာ ၊ ကြေငြာတစ်ခု တွေ ့နေရသလိုဘဲ
    ဟိုသီချင်းလေးတောင် ကြားလာမိတယ်
    “ အရှိကို အရှိဒိုင်းသာ ဖွင့်ပြမည် ”
    ဟီဟိ

  • padonmar

    January 19, 2012 at 11:21 pm

    သင်တန်းတက်သွားပါသည်။

  • တကယ်ကိုကောင်းတဲ့ စာတွေကိုဖတ်ခွင့်ရလို ့ကျေးဇူးပါအကိုရေ။စိတ်ဝင်စားဖွယ် ပုံလေးတွေပါ
    ထည့်ပေးထားတော့ ပိုအဆင်ပြေသွားပါတယ်။ဒီစာသားလေးက ဆေးပညာဆိုင်ရာ terminology
    အသုံးလေးပါလို ့ကြိုက်လို ့ပါနော့။

    စစ်မှန်တဲ့ တကယ့်  အပြုံးတစ်ခုဟာ zygomatic major muscle သာမကဘဲ
    orbicularis oculi muscle ကိုပါ အသုံးပြုပါတယ်..။

  • nature

    January 19, 2012 at 11:39 pm

    အဟီး….ကျွန်တော်ကန့်ကွက်ပါတယ်။ ကျန်တဲ့အချက်တွေ အဆင်ပြေပေမဲ့ သီချင်းဆိုတဲ့ မော်ဒယ်တွေကို ဆုချပြီး လက်ဆွဲနှုတ်ဆက်ရင် ၂-၃ စက္ကန့်က မလုံလောက်ဘူး ခင်ဗျ။ 🙂 🙂
    တန်ဘိုးရှိပြီး အနှစ်သာရပြည့်ဝတဲ့စာကိုဖတ်ခွင့်ရလို့ ပညာရှင် မောင်ဂီ ကို ကျေးဇူးအထူးတင်ရှိပါကြောင်း ။ မောင်ဂီကနေ ဘာဖြစ်လို့ဖားသက်ပြင်းဖြစ်သွားရတာတုန်း။ 🙂

  • pooch

    January 20, 2012 at 12:47 am

    မစ္စတာဂီရေ လုံးဝကိုပြည့်စုံတဲ့ စာစုလေးပါလို့ ပြောချင်ပါတယ်
    ဒီလို စာမျိုးကို ဖတ်ရတဲ့ အတွက် အသိလည်း တိုးသလို ဗဟုသုတလည်း ရပါတယ်
    ကိုယ့်ကိုယ်ကိုလည်း အလေ့အကျင့်လုပ်ကြည့်ပါအုန်းမယ်

    ဒီလို ကိုယ်သိသမျှကို မျှဝေတတ်တဲ့ စိတ်စေတနာကောင်းကြောင့် ဖြစ်လေရာ ဘဝအဆက်ဆက်မှာ လည်း ဒီထက်မက အသိကြွယ်သူတယောက်ဖြစ်မှာ အသေအချာပါ (ဒီစာသူကြီးမမြင်ပါစေနဲ့) 😛

    ကူးသွားပါတယ်နော် နောက်ပြန်ရှာဖတ်ရင် မသေချာလို့ပါ

  • zaw min

    January 20, 2012 at 1:16 am

    ကျေးဇူးအများကြီးတင်ပါတယ် မစ်စတာဖားဂီ…လူငယ်၊လူကြီး အားလုံးအတွက်အသုံးဝင်သော အကြောင်းအရာ ဂရုမပြု၊အလေးမထားမိခဲ့တာတွေအတွက် အလွန်အဖိုးတန်သောပိုစ့်တစ်ခုပါ။
    ဖွံ့ဖြိုးတိုးတက်နေစ နိုင်ငံတွေဖြစ်မလေး၊စင်္ကာပူစသည့်နိုင်ငံတွေမှာတောင် မီဒီယာတွေက ရုပ်သံအစီအစဉ်တွေမှာ သတင်းစာဆောင်းပါးတွေမှာပါ အပြုံးသင်တန်းတွေပေးနေပါတယ်၊အခုမှ ခြေလှမ်းစလှမ်းရမည့် ကိုတို့တိုင်းပြည်အတွက် အထူးရေးပါတဲ့အပိုင်းပါပဲ…အပြုံးသင်ဆရာကြီးဂီ…

  • Foreign Resident

    January 20, 2012 at 5:14 am

    ကြုံလို့ပြောပါရစေ ။
    ဟီလာရီ ကလင်တန် က အရမ်းတော်တာပဲနော် ။
    အခုမှမြင်ဘူးတဲ့ ဒေါ်စု နှင့် ဆက်ဆံတာ ။
    နှစ်ပေါင်းများစွာ ကွဲနေတဲ့ တကယ့် ငယ်ပေါင်း သူငယ်ချင်း အရင်းကြီး နှင့်
    ပြန်တွေ့လို့ အရမ်း ပျော်နေသလိုပုံနှင့် ဆက်ဆံနိုင်တယ် ။
    အမူအရာတွေ အပြုံးတွေက အရမ်း လှိုက်လဲတယ် ။
    ဒေါ်စု တောင် လိုက်မမှီဘူး ။

    • Khin Latt

      January 20, 2012 at 5:50 am

      မေတ္တာရောင်ပြန် လို့ ဆိုစမ်းပါ အဘရာ။ 🙂

  • Khin Latt

    January 20, 2012 at 6:00 am

    တူ ဖား လေးရေ –
    မပြောတော့ ဘူး။ အလေးဘဲ ပြု သွားသကွဲ့။ 🙂
    ခင်တဲ့
    အရီးတော်

  • ဖားသက်ပြင်း

    January 23, 2012 at 12:11 pm

    အပေါ်က အမျိုးတွေရေ…..
    အားပေးကြတာ ကျေးဇူးပါဗျာ…
    ရီပလိုင်းနောက်ကျတာလည်း ခွင့်လွှတ်ပါဗျ….
    ဆက်ရေးနေပါတယ် လို့လည်း အသိပေးပါရစေခင်ဗျာ…။

    ခင်တဲ့
    ဖားသက်ပြင်း ..။
    (အဝတ်လျှော်စက် ပြန်ကောင်းသွားလို့ အဝတ်အကြွေးတွေ ထောင်းလမောင်းကျေ
    လျှော်ဖွတ်ရင်း weekend ကို ကျော်ဖြတ်ခဲ့ပါသည်ခင်ဗျား …)

  • Moe Z

    January 24, 2012 at 11:04 am

    အဟမ်း .. မတူတဲ့အမြင်နဲ့ပြောကြည့်မယ်နော
    လက်ဆွဲနှုတ်ဆက်တာကလေ အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေအတွက်
    အသုံးမတည့်ဘူး သူတို့ကိုလက်ကမ်းပေးလိုက်ရင် လက်ကလေးအနောက်ပစ်ပြီး
    ပြန်ပဲပြုံးပြတယ် လက်ဆွဲမနှုတ်ဆက်ဘူး 😛

    • ဖားသက်ပြင်း

      January 24, 2012 at 11:12 am

      အော် ..ပျောက်နေပါတယ် အောက်မေ့တယ်..
      ပြန်ပေါ်လာပီဟေ့ ဆိုကတည်းက သများ လာ ခလုတ်တိုက်တော့တာဘဲ ….

      နောက်ဆို အစ္စလာမ်မစ် ဝါးလ်ဒ် နဲ့ပါ ချိန်ထိုးပြီး မျှမျှတတဖြစ်အောင် ရေးပါ့မယ်
      ပန်းသေးဆြာမလေးရယ်…

      စကားမစပ်
      あけましておめでとう ပါနော…
      ကွမ်ကျိုး ဘက်ကလာတဲ့ 黄酒 လေး၁လုံးလောက်တော့ သောက်ချင်သား…။

      ပုံ
      ဇိမ်ဖုံးဂျီးငယ်
      ဖင်းသက်ပြား ကိုယ်တော်လေး..

  • နွယ်ပင်

    January 24, 2012 at 11:34 am

    လာရောက်ပြီး သင်တန်းတက်သွားပါတယ်နော် …
    တကယ်ကိုကောင်းတဲ့ ပိုစ့်လေးပါ …

Leave a Reply