မေ့လျှော့မိခဲ့တဲ့ အချင်းအရာ

etoneJanuary 18, 20121min998

ခပ်သွက်သွက်ခြေလှမ်းများဖြင့် သားအမိသားဖ သုံးယောက် ဆေးခန်းတွင်းသို့ဝင်လာကြသည် ။ အဖေဖြစ်သူသည် လူလတ်ပိုင်းသာဖြစ်ပြီး ကာယလုပ်သားအလုပ်လုပ်ဟန်တူပြီး ၊ ရှိရှင်းစွဲ အသက်ထက် ကြီးသယောက်ယောင် …. ။ ဘေးတွင်တော့ ညိုရင့်ရင့် အသားရေမှာ ပြာမွဲမွဲရောင်သမ်းကာ ၊ ဖယိုဖရဲ ဆံထုံးပစ်ဖြင့် လူလတ်ပိုင်းအမျိုးသမီးတစ်ယောက် …… သူမသည် သူဧ။် ဇနီးဖြစ်မည် ။ ၎င်းတို့ နှစ်ဦးဧ။် လက်တစ်ဖက်ဆီကိုကိုင်ပြီး အပြုံးရယ်မရှိသော မျက်နှာဖြင့် ကလေးတစ်ယောက်သည် သူတို့ဧ။် သားဟုပင် မြင်ရုံဖြင့် အတတ်သိသည် ။ မိသားစု ဘဝကို ဖော်ကျူးသော သဏ္ဍန်ဖြင့် သုံးယောက်သား ခပ်သွက်သွက်ဝင်လာကြသည် … ။  ခပ်နွမ်းနွမ်း သွင်ပြင်များကြောင့် ရုန်းကန်လှုပ်ရှားနေရသော မိသားစုတစ်စုဟုသာ အလွယ်မြင်မိလိုက်သည် ။ သို့သော် ထိုလူတို့ဧ။် မျက်လုံးအစုံသည် မျှော်လင့်ချက်အစုံတို့ဖြင့် ရ မှုန်ဝါးနေပေသည် ။

အများနည်းတူ အလှည့်ကျ စောင့်စားရမည်ဟု သိထားသဖြင့် နီးစပ်ရာ ခုံလွတ်မှာ အလျှိုလျှိုဝင်ထိုင်လိုက်ကြသည် ။ ၎င်းတို့ အလှည့်ကျမည့် အချိန်ကိုသာ ဟိုကြည့်ဒီကြည့်ဖြင့် စောင့်နေကြတော့သည် ။

#################################

 

၎င်းတို့ အလှည့်ရောက်သောအခါ အဖေဖြစ်သူက ထိုင်ခုံတွင် စောင့်နေခဲ့ပြီး အမေဖြစ်သူနှင့် သားဖြစ်သူတို့သာ အတွင်းခန်းသို့ ဝင်လာ ကြသည် ။ အဟာရဖွံဖြိုးမှု နည်းပြီး ကျုံလှီသောသော ကိုယ်ခန္ဓာဖြင့် သားဖြစ်သူက အလိုက်သင့် ကုတင်ပေါ်သို့ တက်ကာ လဲလျှောင်းလိုက်သည် ။

” သား ဘာဖြစ်လို့လဲ ”

”  ဒီလိုပါ ဆရာ ကျွန်မသားလေး အစာမစားပဲ အန်နေတာ သုံးလေးရက်လောက်ရှိပြီ ၊ တစ်ခါ တစ်ခါ အဖျားတက်တယ် ဘာဖြစ်နေမှန်းမသိဘူး  … ဖျားလွန်းလျှင်လည်း တက်သွားတတ်တယ် … ငယ်ငယ်ကတည်းက အတတ်ရောဂါရှိတယ် ”

” #@!%^&$*   ဖြစ်တာပါ ။ ကလေးဆိုတော့ ဆေးမထိုးပေးတော့ဘူး ။ အရည်ပဲသောက်ရမယ်  ”

#################################

” ကလေးက ဘယ်နှနှစ်လဲ ….  ”

” ရှစ်နှစ်ပါ ”

”  ဒါဆိုကျောင်းနေပြီပေါ့ ဘယ်နှစ်တန်းလဲ ”

” သူငယ်တန်းပါပဲ အခုဒီနှစ်ကစပြီး နားထားပါတယ်  ”

” ကျောင်းဘာလို့ နားထားတာလဲ ၊ ငွေရေးကြေးရေးများ အဆင်မပြေလို့လား ၊ တခြားဘာအခက်ခဲရှိလို့လဲ ”

” ငွေရေးကြေးရေးအဆင်မပြေတတာထက် ကလေးက ကျောင်းတက်နေရင်း အ  သွားလို့ပါ ဆရာ  ”

ဆရာဝန်နှင့်လူနာ အမြဲတစေ စကားစမြည်ပြောတတ်သော်လည်း အထူးဆန်းမဟုတ်သောကြောင့် လုပ်စရာရှိသည့်တောက်တိုမယ်ရအလုပ်လေးလုပ်နေရင်းသာ သူတို့ချင်းပြောသမျှ မကြားတချက် ကြားတချက်ရှိသော်လည်း ယခုစကားတွင်တော့ သိလိုစိတ်ပြင်းပြမိသည် ။ ထို့ကြောင့် လုပ်လက်စ အလုပ်ကို ခဏရပ်ကာ သူတို့စကားပြောနေသောအတွင်းခန်းသို့ရောက်သွားမိသည် ။

#################################

 

”  ကလေးက ကျောင်းတတ်နေရင်း အ သွားလို့ ဟုတ်လား …….. ကျွန်တော်နားမလည်ဘူး …….. သေချာပြောပြပါဦး …….ကူညီနိုင်တာရှိလျှင် အကူညီပေးရအောင်ပါ ……. ”

” ဒီလိုပါ ….ဆရာ ….. သားက ငယ်ငယ်ကတည်းက တတ်တဲ့ရောဂါရှိတယ် … နောက်ပြီး အစားလည်း သိပ်မစားနိုင်တော့… လူကောင်လည်း သိပ်မထွားဘူး …… ကျောင်းတတ်ရမယ့်အရွယ်ရောက်လာတော့ ….. ကျွန်မတို့ ကျောင်းထားတယ် ….”

” အင်း ဟုတ်ပါပြီ ဆက်ပြောပါဦး …….. ကျောင်းထားတော့ …… ”

ကလေးဖြစ်သူပါ အနားမှာ နားထောင်နေသဖြင့် ၊ မိမိဧ။် အခြေနေမှန်ကို သိကာ ပုံမှန်မဟုတ်သော အခြေနေကို ရိပ်စားမိပြီး ၊ တမျိုးတမြည်စိတ် ဝင်သွားမည်စိုးသဖြင့် ကလေးကို အဖေဖြစ်သူနှင့် သွားထိုင်ရန် ကျွန်မခေါ်ထုတ်လာခဲ့သည် ။ ကလေးအဖေလက်သို့ ကလေးကို အပ်ပြီး … အလျှင်အမြန် အခန်းတွင်းသို့ဝင်ကာ ပြောသမျှ နားထောင်ရတော့သည် … ။

 

” ကလေးက အစက စကားပြောပါသေးတယ် ဆရာရယ် …. နောက်ပိုင်းမှ ကျောင်းမှာသင်းကွဲလိုဖြစ်လာပြီး ……. ဘယ်သူနဲ့မှ အဆက်ဆံမရှိတော့ပဲ … နောက်ဆုံး အခုလို စကားမပြောတဲ့အခြေနေကိုရောက်သွားတာပါ … အခုတော့ပြောလျှင်နားလည်ပြီး ပြန်မပြောတော့တာသာ ရှိပါတယ် …. ”

” ခင်ဗျားကလေး မွေးတုန်းကရော ပေါင်ပြည့် လစေ့ခဲ့ရဲ့လား ”

” ဟုတ်ပါတယ် ဆရာ ၊ ကလေးက မွေးကတည်းက ပေါင်လည်းမပြည့်ခဲံသလို ၊ လလည်း စောပြီး မွေးခဲ့တာပါ ။ မွေးတုန်းကတော့ ပြောကြတယ် …. အဲ့ဒီလို ကလေးမျိုးက ဉာဏ်ရည်နည်းနည်းနိမ့်နိုင်တယ်ဆိုလားပဲ …..”

” ဒီကြားထဲ ခင်ဗျားကလေး ဘာတွေ ထူးခြားသေးလဲ ”

” ကျွန်မတို့လင်မယားကလည်း နေ့စားတွေပါ ၊ နေ့တိုင်း အလုပ်လုပ်ကြရပြီး ကလေးကို တလှည့်စီထိန်းလျှင်ထိန်း မထိန်းလျှင် အိမ်နီးနားချင်းနဲ့ အပ်ခဲ့ရတာပါ ။ သူတဦးတည်းသာ အနေများပြီး  အပြုံးအရယ်သိပ်မရှိပါဘူး …. ကျွန်မတို့ကလည်း နေဝင်နေထွက် ပိုက်ဆံရှာရပြီး … ပြန်လာတော့လည်း အိမ်မှု ကိစ္စတွေနဲ့ လုံးပမ်းနေရတော့ …ကလေးနဲ့ သိပ်ပြီး အရောတဝင်မနေဖြစ်ဘူး ….  ”

” အင်း ….. ဟုတ်ပါပြီ .. အခြနေကို တော့ အတော်ရိပ်စား မိပါပြီ ………. ကလေးစကားမပြောတော့တာ ……. သူ့ဉာဏ်ရည်မမှီခဲ့လို့ ဆိုတာထက် ……… ပတ်ဝန်းကျင်နဲ့ အရောတဝင်ရှိမှုအားနည်းတဲ့ဒဏ်တွေကြောင့် …. အပေါင်းသင်းမဆံ့တော့လို့ ဖြစ်တာ အများဆုံးပါနိုင်တယ် ….. ”

” ခင်ဗျားတို့ပြောပုံအရဆိုလျှင် ကလေးက ဉာဏ်ရည်မမှီဘူးပဲထားပါတော့ ……… ကျောင်းတက်တဲ့အခါ ….. အတန်းသူ အတန်းသားတွေနဲ့ လိုက်လျောညီထွေမှုမရှိတာမျိုးတွေကြောင့် … ခွဲခြားဆက်ဆံခြင်းခံရမယ် …. ခွဲခြားဆက်ဆံခြင်း ခံရတာတွေကြောင့် ကလေးမှာ မိမိကိုယ်ကို ယုံကြည်မှုပျောက်ဆုံးနေမယ် ….အိ မ်မှာရော ပတ်ဝန်းကျင်မှာပါ ကလေးနဲ့ တရင်းတနှီး ပြောမယ့်လူမရှိတာကြောင့် …. ကလေးကစိတ်ဓါတ်ကျလာသလိုဖြစ်လာမယ် ……နောက်ပိုင်း ပတ်ဝန်းကျင် အသိုင်းဆိုတာမျိုးကို ဝင်ဖို့ ကြောက်သွားတာမျိုးလို့ ထင်မိတယ် ……. ကလေးက စကားမပြောတာအတွက် ခင်ဗျားတို့ ဘယ်သူတွေနဲ့ တိုင်ပင်ပြီး ကုပြီးပြီလဲ … ”

” %$#@! နဲ့တော့ ကုနေပေမယ့် … ကလေးက စကားပြန်မပြောသေးပဲ ….. ”

” ဒါမျိုးက စိတ်ရှည်ရှည်နဲ့ ကုရတာပါ …. စောင့်တော့ကြည့်ပါဦး …….. ဒီကြားထဲကလေးကို လူတွေနဲ့ အရောတဝင်ရှိဖို့ ကျောင်းတော့ထားပေးရမယ် …  ”

” ကျွန်မတို့ အနားနီးက ပရဟိတ္တအခမဲ့ကျောင်းလေးမှာတော့ ထားဖို့ စီစဉ်ထားပါတယ် ….ဒါပေမယ့် စိတ်ထဲတော့ တွေဝေနေတုန်းပဲ …..  ”

” ဘယ်ဖြစ်ပါ့မလဲဗျာ …. တန်းတူမဟုတ်တဲ့ ကလေးတွေကြားထဲမှာ စကားမပြောတတ်တဲ့ ခင်ဗျားတို့ကလေးကို အဲ့လိုကျောင်းမျိုးပို့လို့မရဘူး …..သူငယ်တန်းတက်တုန်းကလို စိတ်ခံစားမှု ပြန်ဖြစ်နိုင်တယ် ။ ”

” ဒီတော့ ကျွန်တော်အကြံပေးချင်တာက … မေရီချက်မင်းလိုကျောင်းမျိုးမှာ သွားဆွေးနွေး ၊ အပ်နှံသင့်တယ် …. ”

” ဟုတ်ကဲ့ဆရာ … အဲ့ဒါ အလုံမှာ ရှိတာမဟုတ်လား … ကျွန်မတို့ သွားဆွေးနွေးလိုက်ပါဦးမယ် ”

”  မသွားခင်တော့ ဖုန်းကြိုဆက်လျှင် ဆက်လို့ရအောင် ကျွန်တော် ဖုန်းနံပါတ်ရေးပေးလိုက်မယ် …. အရင်စုံစမ်းပြီးမှသွားပေါ့ ။ ”

” ဖုန်းနံပါတ် – 221872ပါပဲ …….. ”

” ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ ကျွန်မတို့ သွားလိုက်ပါ့မယ် ….. ဒါနဲ့ဆေးဖိုးဘယ်လောက်ကျလဲ ”

” ကဲကဲ … ယူမနေတော့ပါဘူး ………  ခင်ဗျားတို့ ကလေးကို လိုက်ပို့တဲ့အခါ လမ်းစရိတ်ပဲ လုပ်သွားလိုက်တော့ ……… ”

ကျေးဇူးတင်စကား အထပ်ထပ်ပြောပြီး ပျော်ရွှင်နေသော မျက်ဝန်းများဖြင့် ပြန်သွားသော ထိုမိသားစုဧ။် ကျောပြင်ကိုကြည့်ရင်း သက်ပြင်းသာ ချလိုက်မိပါတော့သည် ။

#################################

 

 

8 comments

  • စိန်ပေါက်ပေါက်

    January 18, 2012 at 4:13 pm

    ခလေးဉာဏ်ရည်မမီတာ..ကိုယ်ဝန်ဆောင်စဉ်မှာ ဂရုမစိုက်တာနဲ ့လဲ သက်ဆိုင်ပါတလား ခင်ည

    • Thel Nu Aye

      January 18, 2012 at 6:07 pm

      သက်ဆိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ကလိုအပ်တဲ့အာဟာရကိုပြည့်ဝစွာမစားပေးရင် ခလေးဉာဏ်ရည်မမီတာ၊ ကိုယ်လက်အင်္ဂါမစုံတာ။ ဆွံအနားမကြားတာ၊ ပေါင်မပြည့် လမစေ့မွေးတာတွေဖြစ်နိုင်ပါတယ်။

  • Phaung Phaung

    January 18, 2012 at 4:38 pm

    ကလေးက သနားစရာကောင်းလိုက်တာ… တကယ့်ကို စားဝတ်နေရေး ရုန်းကန်နေရတော့လည်း မိဘကို အပြစ်မဆိုသာပါဘူး .. ကလေးကို မေရီချက်မင်းကို မိဘတွေက တကယ်ရောပို့မှာလားဟင်… စိတ်ပူနေမိတယ်……….

    • etone

      January 19, 2012 at 9:01 am

      တကယ်ပို့မပို့ကတော့ …… သေချာအတပ်မပြောနိုင်ပေမယ့် …. မေရီချက်မင်းက ကလေးတွေအကြောင်းတစွန်းတစပြောပြီးမိဘအနေနဲ့ ဘာလုပ်ပေးသင့်ဆုံးလဲဆိုတာမျိုးတော့ .. ခေါင်းထဲ အတွေးနည်းနည်းထည့်ပေးလိုက်တယ် .. ။ စာအများကြီးဖြစ်နေမှာစိုးလို့ ထည့်မရေးတော့တာ…. သွားမယ်လို့တော့ ထင်ပါတယ် 🙂

  • ရွှေဘိုသား

    January 18, 2012 at 7:03 pm

    အင်းဖတ်လိုက်ရတော့လည်း စိတ်မကောင်းပါဘူး မမတုံတို့ ဆေးခန်းက အခမဲကုပေးလိုက်တာကို သာဓုပါဗျာ
    စကားမစပ် ကျနော်လည်း စွံစရာမရှိ မျက်စိစွံနေတာအောင်သွားလို့ လာပြီးခွဲလို့ရမလား ရွာသားအချင်းချင်း
    ဖရီးပေါ့ဗျာ ဟဲဟဲ

  • ဦးဦးပါလေရာ

    January 19, 2012 at 12:24 am

    “ကျွန်မတို့ကလည်း နေဝင်နေထွက် ပိုက်ဆံရှာရပြီး … ပြန်လာတော့လည်း အိမ်မှု ကိစ္စတွေနဲ့ လုံးပမ်းနေရတော့ …ကလေးနဲ့ သိပ်ပြီး အရောတဝင်မနေဖြစ်ဘူး ….”

    အဲသလိုကလေး အမြောက်အများဟာ နောက်မျိုးဆက်ပြည်သူတွေထဲမှာ အချိုးအစားတခုအဖြစ် ပါဝင်လာတော့မှာ။
    အ မသွား ဆွံ့ မသွားရင်တောင်မှ စိတ်ဒါဏ်ရာ အကြီးစားတွေနဲ့ပေါ့။
    ဧရာဝတီမြစ်ကြီး စီးမြဲစီးနေအောင်
    ဒေါနတောင်တန်းကြီးစိမ်းမြဲစိမ်းနေအောင်
    ကျုပ်တို့ ထိမ်းသိမ်းကောင်း ထိမ်းသိမ်း နိုင်ပါလိမ့်မယ်။
    ကျုပ်တို့သွေးသားတွေ အဆင့်အတန်းနိမ့်သွားမှာကိုတော့ ……..။

  • နွယ်ပင်

    January 19, 2012 at 10:27 am

    ဖတ်ပြီး စိတ်မကောင်းလိုက်တာ ကလေးကသနားပါတယ်
    မိဘတွေကလည်း စားဝတ်နေရေးအတွက် ရုန်းကန်နေရတော့လည်း
    ဘယ်ဂရုစိုက်နိုင်ပါ့မလဲနော် …
    မေရီချက်မင်းကျောင်းကိုသာ တကယ်ပို့ပေးရင် ကောင်းမှာပဲ …

  • Khin Latt

    January 20, 2012 at 6:23 am

    အိတုံ ရေ –
    စိတ်မကောင်းစရာ ပါဘဲ။ တကဲ့ အဖြစ်အပျက်ဘဲ မဟုတ်လား။
    မေရီချက်မင်းလိုကျောင်း က ဆွံ့အနားမကြားကျောင်း လို့ထင်ပါရဲ့။
    အနောက်နိုင်ငံ လိုမျိုးတွေ မှာတော့ အဲဒီလို ဉာဏ်ရည်မမှီ ရင် disable လို့သတ်မှတ်ပြီး သူတို့လို ကလေး မျိုးတွေ အတွက် သီးခြား ကျောင်း တွေ ကို မသွားချင်ရင် သာမာန် ကျောင်းတွေမှာကို သီးခြား facility တွေ၊ ဆရာတွေ နဲ့ ပံ့ပိုးပေးတာ။
    ရည်ရွယ်ချက် ကတော့ အဲဒီကလေးတွေ ကြီးလာရင်လဲ အများသူတွေလို လူတောထဲ ဝင်နိုင်အောင်ပေါ့။
    ကြင်နာမှုလေးအတွက် သာဓုပါ သမီးရေ။
    ဒါထက်ပိုပြီး ကောင်းကျိုးလေးတွေ လုပ်နိုင်ပါစေ။
    တိုင်းပြည် တကယ်ကောင်းလာရင်တော့ အဲဒါမျိုးလေးတွေ အတွက် ဦးစားပေး ပြင်ဆင်ပေးဖို့ ဖြစ်လာမှာပါ။
    မကြာလောက်ဘူးတော့ ထင်ပါရဲ့။
    ချစ်ခင်စွာဖြင့်
    အရီးလတ်

Leave a Reply