စားကြမယ်ဟေ့ကောင်းကောင်း

SandyJanuary 18, 20121min855

ပြောင်းဖူးငါးဖယ်လုံးဟင်းချို

ပါဝင်သောအမျိုးအစားများ
၁.ပြောင်းဖူး(၂)ဖူး
၂.ထုံ့ချိုင်းငါးဖယ်လုံး
၃.မုံညင်းရွက်(၂)စည်း
၄.ကြက်သွန်နီ(၂)လုံး
၅.ကြက်သွန်ဖြူ(၂)လုံး
၆.ဂျင်းအနည်းငယ်
၇.ဆီ၁/၂ကျပ်သား
၈.ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း(၃)ဇွန်း
၉.ရေ(၁)လီတာ

ပြုလုပ်ပုံအဆင့်များ

၁.ရေ(၁)လီတာနုင့်ပြောင်းဖူးများကိုထပ်ပိုင်းချိုးပြီးအိုးအတွင်း(၁၅မိနစ်ခန့်)ထည့်ပြုတ်ပါ။
၂.ကြက်သွန်နီကိုအခွန်ခွာရေဆေးပြီး(၄စိတ်)စိတ်ပါ။
၃ကြက်သွန်ဖြူနုင့်ဂျင်းကိုမညက်တညက်ထောင်းပါ။
၄.မုံညင်းရွက်ကိုရေစင်စင်ဆေးပြီးသင့်တော်သလိုဖြတ်တောက်ပါ။
၅.ငါးဖယ်လုံး(လိုအပ်သလောက်)ပြောင်းဖူးအိုးအတွင်းသို့ထည့်ပြီး(၅မိနစ်ကြာ)ပြုတ်ပါ။
၆.(မိနစ်၂ဝခန့်အကြာ)ပြောင်းဖူးပြုတ်အိုးထဲသို့အသင့်ဖြစ်နေသောကြက်သွန်နီနုင့်ကြက်သွန်ဖြူ၊ဂျင်းတို့ကိုအိုးထဲသို့ထည့်ပါ။
၇.(၂မိနစ်ခန့်အကြာ)ပွက်ပွက်ဆူနေသောအိုးထဲသို့ရေစင်စင်ဆေးထားသောမုံညင်းရွက်ကိုထည့်ပါ။
၈.ကြက်သားမှုန့်၊ဆီတို့ကိုထည့်ပါ။
၉.(၂မိနစ်ခန်)အကြာအဖုံးအုပ်ပြီး၊အနည်းငယ်မွှေပေးပါ။
၁၀.ချိုမြိန်သောပြောင်းဖူးအရသာနုင့်မွှေးကြိုင်သောဟင်းရနံ့တို့့်ပေါင်းစပ်ဖန်တီးထားသော “ပြောင်းဖူးငါးဖယ်လုံးဟင်းချို” ကိုအသင့်စားသုံးနိုင်ပါပြီ။

5 comments

  • Mr.Smith

    January 18, 2012 at 3:08 pm

    ခုနက photo လေးကျန်ခဲ့လို့ပါ ထပ်တင်ပေးလိုက်တာပါ

  • ginny

    January 18, 2012 at 3:35 pm

    ပြောင်းဖူးက ချွေထည့်လို့ရောမရဘူးလားဟင်။ လွယ်လွယ်ကူကူချက်စားလို့ရတဲ့ဟင်းလေး တင်ပေးတဲ့အတွက် ရှဲ့ရှဲ့ပါ။

  • manawphyulay

    January 18, 2012 at 3:39 pm

    ဒီလိုကျတော့ ပြောင်းဖူးက နူးပါ့မလားဟင်… မကျက်တကျက်ဖြစ်နေမှာပေါ့။ လုပ်စားကြည့်ဦးမယ်။ ပုံလေးက စားချင်စရာလေးပဲ။

  • Khin Kha

    January 20, 2012 at 4:00 pm

    ပြောင်းဖူးကိုနူးအောင်အရင်ပြုတ်လည်းရမှာပါ။

  • windtalker

    January 20, 2012 at 9:17 pm

    ဟင်းရည်ပူပူထဲကနေ ပြောင်းဖူးပိုင်း ပူပူတွေ ကို
    မည်သို ့မည်ပုံ စားရမည်နည်း ။
    ဇွန်းခရင်း နဲ ့ထိုးစား ရမှန်းတော့ သိပေမယ့်
    ခက်ခက်ခဲခဲ စားကြရမယ့် ပုံဘဲ ။
    ဟူး…မောဒါ

Leave a Reply