နောင်ပွင့်တော်မူမည့် အရိမေတ္တယျ မြတ်စွာဘုရားအား ဖူးမျှော်ချင်လျှင်

Rose MinnJanuary 18, 20121min27222

စာကတော့ တော်တော်လေးရှည်ပါတယ်။ သည်းခံပြီး ဖတ်ကြည့်ပြီးကြည်ညိုစေချင်တဲ့စေတနာလေးပါ။

 

ကျွန်မ တို့ နေထိုင်သောဟောဒီကမာ္ဘမှာ
ဘုရားငါးဆူပွင့်မယ်လို့မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူပွင့်ထွန်း ပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ

အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ forward လုပ်တဲ့သူရဲ့ကောင်မလေးက ရေးပေးတာပါ။

forward လုပ်သူတွေလည်း
ကုသိုလ်တိုးမှာဖြစ်ကြောင်း ဝမ်းသာအားရပြောလာပါတယ်
ကျွန်မကိုယ်တိုင်လည်းဖတ်ပြီး အရမ်းကိုကြည်ညိုကာ
ဘုရားရှင်လက်ထပ်တော်မှာ လူဖြစ်ချင်စိတ် ကလေးဖြစ်လာပါတယ်
စိတ်ထဲကလည်းဆုတောင်းနေမိတယ် ။ ဗုဒ္ဓဘာသာတိုင်းရဲ ့
ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ်

အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး
ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗာန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။

အဲ ဒီအတွက် ကျွန်မတို့ ဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်း
လိုက်လုပ်ဖို့လိုပါတယ် …သုံးချက်ထဲပါ

၁။ မကောင်းမှု ကိုရှောင်ရမယ် ။

၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်နေရမယ် ။

၃။ စိတ်ကို ဖြူစင်အောင်ထားရပါမယ် ။

ဂေါတမ မြတ်စွာဘုရားရှင်က ကပိ္ပလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ
သီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်အရ
အရဟတ္တဖိုလ်ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်းနောင် အနာဂတ်ကာလမှာ
အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော်မူပါတယ်။
အရိမေတ္တေယျဘုရားလောင်းက တစ်သချေင်္နှင့် ကမ္ဘာတစ်သိန်း
ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာရှိနေမယ်။

နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အကြောင်း

အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက်
ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင်
ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။
ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-

(၁)ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ
အနှစ်တစ်ရာတန်းမှစပြီးအထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀၀
အထက်)

(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း

(၃)ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ

(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး

(၅)မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီးခုနစ်ရက်သာနေရခြင်း

ပဋိသန္ဓေယူုခြင်း

ကေတုမတီပြည် သင်္ခစကြဝတေးမင်းနှင့်တိုင်ပင်ကြံစည်ဘက်ကိုးကွယ်ရာဖြစ်သောအတိတ်အနာဂတ်ကိုသိမြင်နိုင်ပြီး
ပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော
သုဗြဟ္မပုဏ္ဏားကြီး၏ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။

ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာဆယ်လပြည့်တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော်
ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင်
သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက်မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူတစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော်
၁၈ ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။

အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။
ဘုရားလောင်းအဇိတမင်းသားဟာဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး
ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။
ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး “ယခုဘဝကား
ငါ့အဖို့နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ
အာသဝေါကင်းသည်ဖြစ်သောကြောင့်ငြိမ်းအေးလတံ္တ့”
ဟူသောစကားကိုအရပ်လေးမျက်နှာကိုကြည့်ပြီးပြောဆိုလိမ့်မယ်။

ပြာသာဒ်လေးဆောင်ပေါ်လာခြင်း

အဇိတမင်းသားလောကစည်းစိမ်ခံစားဖို့ရာနေမင်း၏ရောင်ခြည်ကဲ့သို့လူသားတွေမျက်စိဖြင့်စိန်းစိန်းမကြည့်ဝံ့တဲ့
အရောင်တလက်လက်ဖြင့် ရတနာအရောင်ထွန်းလင်းပြောင်တဲ့
တင့်တယ်ခံ့ညားသောပြာသာဒ်လေးဆောင်ပေါ်ပေါက်လာလိ်မ့်မည်။

ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့
တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသော
နဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ
ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီ
ခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက
ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀
ရှိမယ်။

ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။
ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ်။ ရွှေအိုး၏အမောက်ကား
မြေကြီးနဲ့အမျှအောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူး
ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။
ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်း
တစ်ထောင်ဖြင့် မောင်းနှင်ရသောရထားခုနစ်ရာ
မောင်းမပေါင်းတစ်သောင်းခြောက်ထောင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ
ကချေသည်အမျိုးသမီးခုနစ်ထောင်တို့ဖြင့်ဖျော်ဖြေကြလိမ့်မည်။

အဇိတမင်းသားအိမ်ထောင်ပြုခြင်း

အချိန်တန်လို့အရွယ်ရောက်တဲ့အခါ
စန္ဒမုက္ခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း
သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကား
စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့
နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ
အရောင်တဝင်းဝင်းထိန်နေမယ်။

အရိမေတ္တေယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ
ရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသားဘဝလောက်ရှိတာတောင်မှ
သင်္ခစကြဝတေးမင်းနှင့်တကွ မြို့ပေါင်းရှစ်သောင်းလေးထောင်က
ရှင်ဘုရင်တွေနတ်သားတွေက
ဝေယျဝစ္စလုပ်ပေးချင်လို့ပြုလုပ်ခွင့်ပေးဖို့လာပြီးတောင်းပန်ကြတယ်တဲ့။

အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ
ဆင်မြင်းရဲမက်ဗိုလ်ပါတွေရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။

သားတော်ဖွားမြင်ခြင်း

အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ
အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့
သားယောကျာ်းလေးမွေးဖွားလိမ့်မယ်။

နိမိတ်လေးပါးမြင်ခြင်း

ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့
ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း
နိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေရလာပြီးတော့
တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့်မည်။

ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏
ယဇ်တိုင်အပိုင်းပိုင်းပြတ်သည်ကို မြင်ရပြီး
သံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ပြဆိုထားတာရှိသေးတယ်။
ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။

အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ
အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော
ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေး
သူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး
နေကြလိမ့်မယ်။

နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက်
ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့
အပြည့်အလျှံခြံရံခစားနေကြလိမ့်မယ်။ လူ့ဘဝ
ကာမဂုဏ်ထဲမှာပျော်အောင်ဖြေဖျော်နေကြတာ။

အဇိတမင်းသားတောထွက်တော်မူခြင်း

အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ
တိုင်းသူပြည်သား လုူတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက်
ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့
နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ
မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွ
စန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့
ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။

တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ
ဘုရားလောင်းတန်ခိုးတော်ကြာင့်လည်းကောင်း
စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့
တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာင်္မင်းပျံသကဲ့သို့
ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့်
တောထွက်သွားကြလိမ့်မယ်။

နတ်ဗြဟာ္မများ ပို့ဆောင်ခြင်း

ကောင်းကင်ယံ ဟသာင်္ပျံ ပြာသာဒ်ကြီးကို ဗြဟာ္မမင်းက သုံးယူဇနာ
ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော
လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီးလိုက်မယ်။

သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်။ တုသိတာနတ်သားက
ပတ္တမြားယပ်ကိုကိုင်ပြီးလိုက်မယ်။ ပဉ္စင်္သိခနတ်သားက စောင်းကိုကိုင်မယ်။
လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။ နှစ်သိန်းရှစ်သောင်းရှိတဲ့
ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်။ နတ်သမီးတွေက
ရတနာပုဋောင်းကိုကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏
တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။
ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။

ဟသာင်္ပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေက
ရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့
မယားနဲ့ ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့်
ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။

အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ။
ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ
ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကို
ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။

စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်ဩဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်းလှုလိမ့်မယ်။

သဗ္ဗညုတဉာဏ်ရသည့်အချိန်

ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး
ရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့
ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ်
ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကိုကြည့်ပြီး နတ်ပရိသတ်နဲ့
လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့ရန်ကိုအောင်မြင်လိမ့်မယ်။ ညဉ့်ဦးယံမှာ
ပုဗ္ဗေနိဝါသနုဿတိဉာဏ်ကိုရမယ်။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဉာဏ်ကိုရမယ်။
မိုးသောက်ယံအချိန် အာသဝက္ခယဉာဏ်တွေရပြီးတော့
နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး
သဗ္ဗညုတဉာဏ်ကိုရမယ်။

ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့
အတောင်ခုနစ်ဆယ်ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်။
ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကိုဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်။

ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီး
ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ
ကြွေကြတော့မှာ။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။
ဖြတ်ကျော်မပျံ့ဝံ့ကြဘူး။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တိုင်း သတ္တဝါတိုင်း
ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ်ပတ်ပြီးမှ သွားကြလိမ့်မယ်။

ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း

အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန်
လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့
ထုံးတမ်းအစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။

ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့
ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှ
လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ
အလေးဂရုပြု ကိုးကွယ်နေကြတာ။

တလောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု
ညွှတ်တွားကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို
အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု
ယူလိုက်တာလို့ခေါ်တယ်။

ဓမ္မစကြာတရားဟောကြွခြင်း

ဗြဟ္မာမင်းထံမှ တရားဟောရန်ဝန်ခံပြီးပြီဆိုလျှင်ပဲ ဣသိပတနဥယျာဉ်တောသို့
ဓမ္မစကြာတရားဟောဖို့ရန်ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ
မြေကြီးကိုခွင်းပြီး အတောင်သုံးဆယ်ရှိတဲ့ ကြာပွင့်ကြီး ၂၄ တောင်ရှိတဲ့
ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။
လူပရိသတ် ရှစ်ယူဇနာ နတ်ပရိသတ် စကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်အထက်ဆုံး
အကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော်
ခြောက်ပါးလွှတ်ပြီး ဓမ္မစကြာတရားဟောတဲ့အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း
နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြလိမ့်မယ်။

ဘုရားရှင်၏တန်ခိုးတော်

ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်း
ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့်
ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်းတဲ့ ဗိမာန်မျက်နှာကျက်သည်
ဓမ္မစကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင်
နေ့ညအမြဲပင်လိုက်ပါပြီး မျက်နှာကျက်အဖြစ် မိုးကာပြီးနေမယ်။
အရိမေတ္တေယျဘုရား နေသန့်စင်သောအခါ နေဖို့ရာအတွက် မြေကြီးတို့ကိုခွဲပြီး
ရတနာသုံးပါးနှင့်ပြည့်စုံသော ၁၂ ယူဇနာကျယ်ဝန်းတဲ့
ရွှေမဏ္ဍပ်ကြီးပေါ်ပေါက်လိမ့်မယ်။

ဘုရားရှင်တန်ခိုးတော်ကြောင့် မိတာန်ပန်းဆိုင်း တုရင်တိုင် ထီး တံခွန်
ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ
အိမ်မှာဟောမယ်ဆိုရင် အိမ်ပေါက်ဝ ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ
မြို့မှာဟောမယ်ဆိုရင် မြို့မှာ တောမှာဟောမယ်ဆိုရင် တောမှာ စတဲ့
ဟောတဲ့နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ
လို်က်ပါနေမှာ။

ရုပ်မြင်သံကြားမေတ္တေယျဘုရား

အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ်
အိမ်ကပဲဟောဟော စကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့
တရားဟောအသံကိုကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်းမြင်နေရမယ်။
ရုပ်လည်းမြင်ရမယ် အသံလည်းကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း
မရဘူး။ မကြားချင်လို့နားပိတ်ထားလည်းမရဘူး။
ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ၃၁ ဘုံအကာအရံမရှိ
ဖီလာထုတ်ချင်းပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီး
ဗြဟ္မာတွေမြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေရတဲ့
ငရဲဒုက္ခမျိုးစုံကိုမြင်ရတော့ ငရဲရောက်အောင်
အကုသိုလ်တွေပြုရဲဖို့မရှိတော့ဘူး။

အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောကျာ်းဆိုရင် နတ်သားလို
မိန်းမဆိုရင် နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ ရုပ်မချော
အင်္ဂါမစုံတစ်ယောက်မှမရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။

အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ
အိမ်ထောင်ပြုကြလိမ့်မယ်။ ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ ပြဿနာမရှိ
ကွဲကွာသွားခြင်းလည်းမရှိ။ အမြဲအဆင်ပြေမယ်။ ရာသက်ပန်ပေါင်းသင်းရမယ်။
အမျိုးသမီးတိုင်းမှာ ပတ္တမြားနားတောင်း လက်စွပ် လက်ကောက်
ခြေကျင်းစသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ။
ရွှေမဝတ်နိုင်တဲ့သူမရှိဘူးတဲ့။

စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန်ယူစားလို့ရတယ်။
ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင်လည်း ဘာရောဂါမှကိုမရှိဘူး။

နေ့ညခွဲမရ

အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ကမ္ဘာလောကြီးဟာ နေ့အခါ
ညအခါရယ်လို့မရှိ နေ့ရောညပါ အမြဲတမ်းလင်းထိန်ပြီးတော့ မနက်ပွင့်တဲ့ပန်း
ညပွင့်တဲ့ပန်း မနက်ပန်း ညပန်း ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး
နေ့ညခွဲယူရလိမ့်မယ်။

ပရိနိဗ္ဗာန်စံမည့်အရွယ်

မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး ကုဋေခုနစ်ရာသော
ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင် အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ
ပရိနိဗ္ဗာန်စံဝင်လိမ့်မယ်။ ဒါပေမယ့် သာသနာတော်က
အနှစ်နှစ်သိန်းခြောက်သောင်း ပြည့်တဲ့အခါ ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင်
သာသနာပျက်ပြီး ကမ္ဘာတစ်သိန်းကာလလုံး ဘုရားမပွင့်တော့ဘူးတဲ့။

ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့
ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရားဖြစ်လိမ့်မယ်။ ပသေနဒီကောသလမင်းက
ဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်။

အဲဒီ မဏ္ဍကမ္ဘာမှာဘုရားနှစ်ဆူပွင့်ပြီးပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး
အဘိဘူဘုရားတစ်ဆူသာပွင့်လိမ့်မယ်။

သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်းဘုရားမပွင့်ဘဲနေပြီးတော့
ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ
ဒီဃသောနိအသူရိန်နတ်သား စန္ဒနီပုဏ္ဏား သုဘလုလင် တောဒေယျပုဏ္ဏား
နာဠာဂီရိဆင်မင်း ပလလေယဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။

အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ်

ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား သာသနာကာလအတွင်းမှာ

ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ်

မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း
ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ်

မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေမဟုတ်ဘဲ
စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂိ္ဂုလ်

သရဏဂုံသီလမပြတ်ဆောက်တည်သောပုဂ္ဂိုလ်

ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ ဥမင်လိုဏ်ခေါင်း
ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ် အသစ်ဆောက်လုပ်လှုဒါန်းတဲ့ပုဂ္ဂိုလ်

ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ်

ညောင်ရေသွန်းလောင်းသောပုဂ္ဂိုလ်

ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ် တံတားြ့ပုပြင်သောပုဂ္ဂိုလ်

အရုဏ်ဆွမ်း နေ့ဆွမ်းမပြတ်လောင်းလှုသောပုဂ္ဂိုလ်

ရဟန်းတို့အားပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့လှုဒါန်းသောပုဂ္ဂိုလ်

ကမ္မဌာန်းဘာဝနာပွားများအားထုတ်သောပုဂ္ဂိုလ်….

အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီးလက်ခတ်မလွဲ
အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။

အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။

အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့…..

မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည်
ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း
စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို
ခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍
ပဋိသမိ္ဘဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို
မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား
အရိမေတ္တေယျမြတ်စွာဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်။

ကျွန်မရဲ့ forward mail မှ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ ရွာသူရွာသားများလည်း ပိုပြီး ဗဟုသုတတိုးပွားကြပါစေ။

22 comments

  • စိန်ပေါက်ပေါက်

    January 18, 2012 at 4:22 pm

    တိကျလှချည်လားကွဲ ့
    အဘတော့..နုတ်ဆိတ် အားပေးတွားပါရေစေလို ့ပဲ ဘုရားတကာ၊ဘုရားစာရေးဆရာတို ့ကိုပြောပါရစေကွဲ ့

    • kai

      January 18, 2012 at 5:19 pm

      တိကျဆို.. ရှေးကဏန်းသချင်္ာနဲ့.. စာအရေးအသားမတတ်ခင်ခေတ်က.. သုံညဆိုတာ ဘာမှန်းတောင်မသိတဲ့..သူတွေ.. ရေးပေး.. အဲ..အဲ.. ပြောထားတာလေ…။

      ဆိုတော့..
      ကမ္ဘာ့လူထုကြီးက ဖတ်မိရင် ရယ်စရာ…။ 😆

      ..သာသနာပြုတာမဟုတ်ပဲ..သာသာနာကို..အယုံအကြည်မဲ့စေပြီး.. “ဆွဲချ”ဖြစ်စေတယ်ထင်မိတာပါပဲ…။ 👿

      • စိန်ပေါက်ပေါက်

        January 18, 2012 at 5:30 pm

        သဂျီးက ဖိုတိုရှော ့နဲ ့ဓာတ်ပုံတစ်ခု ထုတ်ပေးလိုက်လေ
        ဓာတ်ပုံနဲ ့စာနဲ ့ရောပြီး တင်ရင် ပိုယုံကြမှာ.
        ညှင်း.ညှင်း..

        (နာတော့..ကြက်သွန်နဲ ့ပေါင်းပြီး အထောင်းခံရတော့မယ်ထင်တယ် 😆 )

      • Anzartone

        January 18, 2012 at 8:10 pm

        သူကြီးရေ …
        ကျွန်တော်ကတော့ “ကမ္ဘာ့လူထုကြီး” ဖတ်ဖို့အတွက် ရေးထားတာလို့ မထင်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေအတွက် ရည်စူး ရေးသားထားခြင်း ဖြစ်တယ်လို့သာ ထင်ပါတယ်။

        ဗုဒ္ဓဘာသာ ကျမ်းဂန်တွေထဲမှာပါတဲ့ နောင်ပွင့်လာမည့် အရိမေတ္တယျ မြတ်စွာဘုရားရှင် အကြောင်းကို ဗုဒ္ဓဘာသာဝင်များ သိစေဖို့အတွက် ရည်စူးပြီး ရေးဖွဲ့ထားတာပါ။ ဒီပို့စ် ဆိုင်ရှင် ကလည်း သူမှာရှိတဲ့ Forward Mail ကို ဗုဒ္ဓဘာသာဝင်တွေအတွက် ပြန်ပြီး Share ချင်တာလို့ပဲ ကျွန်တော်က ထင်မိပါကြောင်း … ။

        (သူကြီးရေ … ကျွန်တော့်ကို စိတ်မဆိုးနဲ့နော်။ ကျွန်တော်က သူကြီးကို အာခံပြီး ပြန်ပြောတာ မဟုတ်ဘူး။ ကျွန်တော့်အထင်ကိုပဲ ကျွန်တော်ကပြောတာ။)

  • မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည်
    ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း
    စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို
    ခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍
    ပဋိသမိ္ဘဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို
    မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား
    အရိမေတ္တေယျမြတ်စွာဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်။

  • uzin

    January 18, 2012 at 9:40 pm

    ဗုဒ္ဓဘာသာဝင်တွေက ပွင့်မယ်ဆိုပြီး မျှော်နေတဲ့အဆင့်ပဲရှိသေးတယ်။ ဒါကို ဘာသာရေးစည်းရုံးချက်အနေနဲ့ လာအိုနိုင်ငံရှိ ခရစ်ယန်အဖွဲ့က ရေးသားပြီး မြန်မာလို ပြန်ဆိုလိုက်တဲ့ စာအုပ်တစ်အုပ် ချင်းတောင်တန်း ခရစ်ယာန်သာသနာပြုအဖွဲ့က ကန့်သတ် ဆိုပြီး ဖြန့်ဝေလိုက်တာကို ဦးဇင်း တစ်အုပ်ရလို့ ဖတ်ရတယ်။

    သူတို့ဘာသာရဲ့ ရှင်မေရိယျ ဆိုတာ ဗုဒ္ဓ ဗျာဒိတ်ပေးလိုက်တဲ့ ရှင်အရိမေတ္တယျ ဘာပဲတဲ့ဗျာ။ ခင်ဗျားတို့ ဗုဒ္ဓဘာသာတွေ မျှော်လင့်နေတဲ့ အရိမေတ္တယျ ဆိုတာ သူတို့ခရစ်ယန် မေရိယျ ဆိုပြီး ပြောဆိုထားတဲ့ စာအုပ်ကို အကြောင်းသင့်ရင် ပို့စ်တင်ပေးပါမယ်။ စောင့်မျှော်ဖတ်ပြီး ဝေဖန်သုံးသပ် ချေပပြောဆိုနိုင်အောင်ပါ။ တစ်ခုတော့ရှိပါတယ် ပညာရှိချေပနည်းမှပဲ ဗုဒ္ဓနည်းလမ်းကျဖြစ်ပြီး လူသားပီသမှာ ဖြစ်ပါတယ်။

    Win Win Theory ပေါ့ဗျာ.

  • ချစ်ရအောင်

    January 19, 2012 at 12:03 am

    ဟုတ်ကဲ့ ခင်ဗျာ နာယူမှတ်သားသွားပါတယ်…. ။

  • nigimi77

    January 19, 2012 at 12:32 am

    ဘုရားတော့ ဖူးမြှော်ဖို ့ လောက်နဲ ့တော့ အားမရပါဘူး ။

    ကျုပ်ကိုယ်တိုင်ပဲ ဘုရားဖြစ်အောင် ကြိုးစားတော့မယ် ။

    လောလောဆယ်တော့ လူ ့ဘောင် လူ ့လောက အတွက်

    လုပ်စရာလေးတွေ ရှိနေသေးလို ့ …… ဘုရားထက် အရေးကြီးတာတွေ ဦးစားပေးလိုက်ဦးမယ် ။

    🙂

  • lusoegyikoko

    January 19, 2012 at 9:58 am

    ဒါဟာ ထေရဝါရ ဗုဒ္ဓဘာသာ မဟုတ်ပါဘူး။ထေရဝါရမှာ ဘုရားလောင်းကိုးကွယ်မှုမရှ်ိပါ။ထေရဝါရစစ်စစ်
    ကို ကမ္ဘာ မှာချပြလဲ ရီ မဖြစ်ပါဘူး။ သိပ္မံ နည်း ကျ ဆုံး ဘာသာဟာ ထေရဝါရ ဗုဒ္ဓဘာသာ တစ်ခုပဲရှိပါတယ်။ ဒီပို့စ် မှာ ဘာပဲပြောပြော လိုက်နာရင် တော့ မကောင်းတာမရှိပါဘူး။

  • ကြောင်ကြီး

    January 19, 2012 at 10:04 am

    သဂျီးကတော့ ဒီဘဝမှာ ဂေါတမဘုရား သာသနာနဲ့လွဲရုံမက၊ နောင်ဘဝမှာလည်း အရိမေတ္တေယျဘုရားနဲ့ လွဲအုံးမယ်။ မထူးပါဘူး သဂျီးရယ် ဂျာပန်ဘီယာနဲ့ ကိုဘေးနွားကင်သာ စားနိုင်တုန်း အဝကြိတ်သွားပေတော့…။

  • kyeemite

    January 19, 2012 at 11:28 am

    ဘာသာရေးကိစ္စဆိုတော့..အထူးမငြင်းခုံလိုပါ..ဒါပေမဲ့ ဂဇက်ပရိပ်သတ်တို့ရေ..
    ဆရာကြီးပါရဂူ ဘာသာပြန်တဲ့..ဗုဒ်ဓဒိုင်ယာရီ (လုံးဆင့်ရေးမရလို့ဗျာ) ဆိုတဲ့စာအုပ်လေးဖတ်ကြည့်
    ကြဘို့ညွှန်းလိုပါတယ်….အဲဒါမှ ဗုဒ်ဓဝင်အစစ် လို့ပြောချင်ပါတယ်..

  • ahnyartamar

    January 19, 2012 at 11:30 am

    If someone know the book, which is all about future Buddha, please refer the book for more detail & specific.
    I like to read & study it more.
    Thank You.

  • maungmoenyo

    January 19, 2012 at 11:35 am

    အင်း..”အနာဂတဝင်ကျမ်း” လာ လို့မည်တယ်လို့ ဆိုခဲ့ကြတာ…အစဉ်အဆက်ကလက်ကမ်းခဲ့တဲ့ ကိစ္စပါ။ ဒီ ဘဒ္ဒကမ္ဘာ လို့ဆိုတဲ့ ကမ္ဘာခေတ်ကြီးမှာ ဘုရား (လို့ဘဲဆိုပါတော့လေ) (၅) ဆူပွင့်မယ်လို့တွက်ခဲ့တယ်။ အဲ့ဒီကမ္ဘာမျိုး သန်းပေါင်းတစ်သန်း ကို တစ်သချေင်္ လို့ဆိုကြတာကိုး။ ဘယ်လိုများတွက်ချက်လိုက်ပါလိမ့်။ သက်သေထူဘို့ထက်၊ debate လုပ်ဖို့ထက် ကဲ-မှတ်ထားကြဆိုတဲ့ အစဉ်အဆက် လက်ဆင့်ကမ်းခဲ့ တဲ့ မိရိုးဖလာ ယုံကြည်ကိုးစားမှု ထက်ပိုမယ်မထင်ပါ။
    “ဗုဒ္ဓ” ဟာ “ဘာသာ” မဟုတ်တဲ့ “ကျင့်”ကြံရာ ကျင့်စဉ်နည်းသက်သက်သာဖြစ်ပါတယ်။ ဒါကြောင့် ဂေါတမ က church ကိုမထူထောင်ခဲ့ပါဘူး။ ကိုးကွယ်ရာ ဆိုတာကိုအပြီးပိုင် ပယ်ဖျောက်စေခဲ့ပါတယ်။ အမှန်တရားကို မျက်စေ့မှိတ်ယုံကြည်ကြတဲ့ Christian တွေက သက်သေအထောက်အထားကို မြေလှန်ရှာချိန်မှာ၊ မြေလှန်ရှာပြီးသက်သေထူတာကိုအားပေးခဲ့တဲ့ ဗုဒ္ဓ ကိုယုံကြည်ကြသူဆိူသူတွေက (ဆိုကြသူတွေက) မျက်စေ့မှိတ်ယုံတဲ့ “ဗုဒ်ခရစ်” ကြီးများဖြစ်မှန်းမသိဖြစ်နေကြပါရောလား…။

  • ဇွဲမာန်(အင်းဝ)

    January 19, 2012 at 2:43 pm

    ဗုဒ္ဓအကြောင်းရေးရင် ကျမ်းညွန်းလေးတော့ ထည့်သင့်တယ်လို့ယူဆမိပါတယ်(ပိုတိကျသွားအောင်လို့ပါ)

  • Rose Minn

    January 19, 2012 at 4:20 pm

    ဗုဒ္ဒဘာသာ ကိုးကွယ်သူ ရွာသူရွာသားများ ဖတ်ပြီး ကြည်ညို တဲ့စိတ်ကလေး ဖြစ်အောင်သက်သက် တင်ထားတာပါ။ တခြား စွယ်တရားလဲမပါ ပါဘူး။ မည်သူ့ကိုမှ သာစေ နာစေစိတ်လဲမရှိပါဘူး။ ဗဟုသုတလေးတိုးပွား ရုံသက်သက်သာ ကုသိုလ်ယူပါသည်။ စေတနာ သက်သက်သာ။

    • kai

      January 20, 2012 at 1:55 pm

      သာမန်အားဖြင့်… ရေး-ဆွေးနွေးနေကြတာတွေဟာ.. မူရင်းပို့စ်ကူးတင်သူကို.. အပြစ်ဆိုကြတဲ့.. ဆိုလိုရင်းမဟုတ်ဖူးဆိုတာ.. သိစေချင်လို့ပါ…။ သတင်း..အချက်အလက်ကို ပြောနေကြတာဖြစ်ပါတယ်..။

      ကျုပ်ခံယူချက်တခုကလည်း…
      “သတင်းစကား သယ်ဆောင်လာသူကို..မသတ်စကောင်း”..ပါတဲ့….။
      ‘Don’t kill the messenger’ ပါပဲ..
      သတင်းစကားသယ်ဆောင်..ဖြန့်ဝေသူဟာ.. (သတင်းအချက်အလက်တွေအတွက်) ပတ်သက်မှုမရှိ.. အပြစ်ကင်းပါတယ်နော..။

      ဖေါဝပ်မေးလ်.. ကော်ပီကူးတင်တဲ့.. စည်းကမ်းဖေါက်တာကတော့ တပိုင်းပေါ့.. 🙂

      Idiom Definitions for ‘Don’t shoot the messenger’
      This phrase can be used when breaking some bad news to someone and you don’t want to be blamed for the news. (‘Don’t kill the messenger’ is also used.)

      • thuyazaw21451

        January 20, 2012 at 2:17 pm

        သူကြီးရေ မသိလို့တစ်ခုလောက်မေးမယ်နော်……………. သူကြီး က ဗုဒ္ဓဘာသာကိုးကွယ်ပါသလားဟင်…. သူများစေတနာကို ပုတ်ခက်နေသလိုပဲနော်……..

        kai says:

        တိကျဆို.. ရှေးကဏန်းသချင်္ာနဲ့.. စာအရေးအသားမတတ်ခင်ခေတ်က.. သုံညဆိုတာ ဘာမှန်းတောင်မသိတဲ့..သူတွေ.. ရေးပေး.. အဲ..အဲ.. ပြောထားတာလေ…။
        ဆိုတော့..
        ကမ္ဘာ့လူထုကြီးက ဖတ်မိရင် ရယ်စရာ…။ 😆

        ကြောင်ကြီး says:

        သဂျီးကတော့ ဒီဘဝမှာ ဂေါတမဘုရား သာသနာနဲ့လွဲရုံမက၊ နောင်ဘဝမှာလည်း အရိမေတ္တေယျဘုရားနဲ့ လွဲအုံးမယ်။ မထူးပါဘူး သဂျီးရယ် ဂျာပန်ဘီယာနဲ့ ကိုဘေးနွားကင်သာ စားနိုင်တုန်း အဝကြိတ်သွားပေတော့…။

  • aye.kk

    January 19, 2012 at 6:23 pm

    ဘုရားတစ်ခါပေါ်တော်မူမှဆန်လမ်းတစ်ခါသာကြုံပါသည်။

  • Khin Kha

    January 20, 2012 at 11:13 am

    ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေက ဖတ်ပြီးကြည်ညိုပေါ့။ ဗုဒ္ဓဘာသာ မကိုးကွယ်သူတွေအတွက်တော့
    ဗဟုသုတလို့သဘောထားပြီး ဖတ်နိုင်ပါတယ်။ ရေးတင်ပေးတဲ့ Rose Minn ရဲ့စေတနာတော့ လေးစားပါတယ်။

  • အာ ချောင်

    January 20, 2012 at 5:22 pm

    အဲ့ဒီအချက်အလက်တွေက ဂေါတမမြတ်စွာဘုရားကတကယ်ပဲ ဗျာဒိတ်ပေးခဲ့တာတွေဖြစ်ကြောင်း နံမည်ကျော် ဘုန်းဘုန်းတပါး ဟောတဲ့တရားမှာနာဖူးပါတယ် ပြန်ရှာပြီးတင်ပေးပါ့မယ်
    ဘာသာတရားနဲ့ပတ်သက်ရင် မသေချာပဲနဲ့ မဆွေးနွေးစကောင်းပါဘူး
    အမှားပါသွားရင် ပြန်ရနိုင်တဲ့အကျိုးကလည်းများမှာမို့လို့ပါ..

  • maungmoenyo

    January 21, 2012 at 9:29 am

    “ဗုဒ္ဓဘာသာ ကိုးကွယ်တယ်” ဆိုတဲ့ ဝေါဟာရကို မြင်ရတော့ တကယ်ဘဲ အထိတ်တလန့်ဖြစ်မိပါတယ်။
    ဘာဖြစ်လို့လဲဆိုတော့ ဂေါတမက ကိုးကွယ်ခြင်းအရာကို အပြီးတိုင်ပယ်ရှင်းခဲ့လို့ လို့နားလည်ထားပါတယ်။
    နောက်တခုက “ဘာသာ”…။ နားလည်သလောက် ဆွေးနွေးရရင် ဂေါတမက မရှိတဲ့အရာကိုအရှိလုပ် ရှိတဲ့အရာကိုမရှိလုပ်ပြီး လောကရဲ့ ဖြစ်ပျက်မှုတရားကို ဟောပြော မသွန်သင်ခဲ့ပါဘူး။ ပကတိရှိနှင့်ပြီးသား လောကရဲ့ ဖြစ်ပျက်မှုကို အနုလုံပဋိလုံ ဆွေးနွေးသွားတာတွေဘဲရှိပါတယ်။ ဒီprinciple တွေပေါ်မှာ မူတည်ပြီး ကျင့်ကြံ ကြရတဲ့ ကျင့်ကြံခြင်းဘဲရှိပါတယ်။ ဟောပြောသွန်သင်သမျှအားလုံးတို့ရဲ့ အချုပ်ဖြစ်တဲ့ ဓမ္မစက္ကပဝတ္တနသုတ် မှာ လူနဲ့ တကွသက်ရှိအားလုံးတို့ရဲ့လွတ်ရာဟာ နိဗ္ဗာန်ဆိုတဲ့ ဒုက္ခအပေါင်းတိုရဲ့ငြိမ်းရာကိုခရီးဆုံးရှိတယ်ဆိုတာကိုသက်သေထူခဲ့ပါတယ်။ နိဗ္ဗာန်ဆိုတာကောင်းကင်မဟုတ်ပါဘူး။ မဲ့ခြင်း (သို့) မရှိခြင်းပါ။ သံသရာမှာကျင်လည်ခြင်းကို မညွှန်ခဲ့ပါဘူး။ လွတ်ကြောင်းကိုဘဲပြောပြခဲ့ပါတယ်။ တန်ခိုးလို့ခေါ်တဲ့ ဖန်ဆင်းခြင်း၊ တန်ခိုးဖန်တီးခြင်း၊ မြေလျှိုးမိုးပျံခြင်းများ မရှိခဲ့ပါဘူး။ အထောက်အထားလုံးဝမရှိခဲ့ပါဘူး။ သမိုင်းဆရာ တို့ရဲ့ချယ်မှုန်းမှုကို နောင်လာနောက်သားများက အမေးအမြန်းမရှိ၊စစ်ဆေးခြင်းမရှိလက်ခံလာကြလို့ပါ။

  • ချစ်ရအောင်

    January 21, 2012 at 11:26 am

    ဟုတ်ကဲ့ မင်္ဂလာပါ Rose Minn ရေ ခွင့်မတောင်းမိပဲ ကျွှန်တော် တခြား ဆိုဒ်လေးမှာ ကူးယူတင်ပြ မိလိုက်ပါသည် ဖြစ်ချင်တော့ အဲဆိုဒ်လေးမှာ သူငယ်ချင်းတင်ထားသော အခုပို့စ်လေးကို ဘာလော့ဂါ
    ဆုရှင်အနေနဲ့ ဒုတိယ ဆုဆိုပြိး ပေးအပ်လိုက်ပါတယ်… ကျွှန်တော်သည် ဤပို့စ်လေးကို
    စာဖတ်သူများအနေနှင့် သိစေချင်လို့ မေတ္တာထား ပွားများမိ ကူးယူဖော်ပြလိုက်မိတာပါ …
    ခွင့်မတောင်းမိတာကို နားလည်ပေးပါလို့ တောင်းပန်အပ်ပါတယ် … နောက်နောင် ကြိုက်နှစ်သက်မိခဲ့ရင်
    တောင်းဆိုပြီးမှ ကူးယူဖော်ပြပါမည် . . . ကျေးဇူးတင်ပါသည် Rose Minn ပျော်ရွှင် ကျန်းမာ အောင်မြင်ပါစေ

Leave a Reply