တမြေထဲမှာ
တမြေထဲမှာ
ဒီမြေပေါ်မှာ
လူတိုင်းဟာ
လွတ်လပ်စွာ
ရှင်သန်ခွင့်ရှိရမယ်။
တချို့ကပျော်
တချို့ကမျက်ရည်ကျ
မျှတမှုရှိပါစ။
ပျော်နေသူတွေအတွက်
မုဒိတာဖက်ပေမဲ့
သွက်လွန်းတဲ့ခြေ
ချေးမသင့်ပါစေနှင့်။
ကိုယ်ပျော်တဲ့အခါ
မျက်ရည်ကျနေသူတွေကို
သုတ်ပေးဖို့များ
သတိရပါသလား။
ဒီမြေပေါ်မှာ
သွေးချင်းတို့ဟာ
တမြေထဲနေ
တရေထဲသောက်
ဒုက္ခရောက်တော့လဲအတူတူ
ချမ်းသာသုခ၊ မျှဝေကြလျှက်
အေးအတူပူအမျှ
ခရီးဆက်ကြရမယ်။
ဒါပေမဲ့
တချို့ကသိတ်ခက်တယ်
တချို့ကသိတ်ကံကောင်း
အပြောင်းအလှဲကို
ကောင်းကောင်းကြီးအသုံးချ
အများအတွက်မှ
ဟုတ်ပါလေစ။
ဘာဘဲဖြစ်ဖြစ်
ချေလှမ်းတိုင်းမှာ
သမိုင်းစာမျက်နှာရှိတယ်။
တမြေထဲမှာ
တရေထဲသောက်နေသူတွေအတွက်
သင်လှမ်းတဲ့ခြေလှမ်းတိုင်း
ရာဇ၀င်မရိုင်းဖို့လိုတယ်။
ဒီလိုမှမဟုတ်
ငါ့လှေငါစီး
ငါ့မြင်းငါစိုင်း
စစ်ကိုင်းဘဲရောက်ရောက်ဆိုရင်တော့
စစ်ကိုင်းမရောက်ဘဲ
သမိုင်းမှောက်သွားလိမ့်မယ်။
တမြေထဲမှာ
လူတိုင်းဟာ
သာတူညီမျှ
ပျော်နိုင်ခွင့်ရှိရမယ်။
(သောသီခို။ ၁၁း၄၈၊ ၁၈-၁-၁၂)
ဒီလိုမှမဟုတ်
ငါ့လှေငါစီး
ငါ့မြင်းငါစိုင်း
စစ်ကိုင်းဘဲရောက်ရောက်ဆိုရင်တော့
စစ်ကိုင်းမရောက်ဘဲ
သမိုင်းမှောက်သွားလိမ့်မယ်။
ဒီအပိုဒ်လေးကိုအကြိုက်ဆုံးဘဲ…အားပေးသွားပါတယ်..
Was this answer helpful?
LikeDislikeကျေးဇူးပါ
Was this answer helpful?
LikeDislikeကိုယ်ပျော်တဲ့အခါ
မျက်ရည်ကျနေသူတွေကို
သုတ်ပေးဖို့များ
သတိရပါသလား။
ဒီနေရာလေးက မိုက်တယ်ဗျာ။ကျနော့်ကို အသိပေးလိုက်သလို ခံစားရတယ်ဗျာ။ကျေးဇူးပါနော်
Was this answer helpful?
LikeDislikeတမြေထဲမှာ
အမေ့သည်းညှာ
ရွှေပဲဝါ
ငွေဂဲရာ
အသေမဆဲပါ
ရေထဲမှာ
နေစဲပါ
Was this answer helpful?
LikeDislikeတမြေလို့ ဘာလို့ရေးရတာလဲ အမှန်တစ်မြေထဲလို့ရေးရမှာမဟုတ်ဘူးလား..
နောက် ချေလှမ်းဆိုတာ ဘာအဓိပ္ပာယ်လဲ ခြေလှမ်းကိုပြောချင်တာလားမသိ။
လောလောဆယ်တော့ တစ်မြေထဲမှာ အတူပျော်နိုင်ဖို့ အားလုံးဝိုင်းဝန်းကြိုးစားမှ ရမယ်လို့ ပြောပါရစေ…
Was this answer helpful?
LikeDislike