တမြေထဲမှာ

Shwe Myo ThantJanuary 19, 20121min1065

တမြေထဲမှာ

 

ဒီမြေပေါ်မှာ

လူတိုင်းဟာ

လွတ်လပ်စွာ

ရှင်သန်ခွင့်ရှိရမယ်။

 

တချို့ကပျော်

တချို့ကမျက်ရည်ကျ

မျှတမှုရှိပါစ။

 

ပျော်နေသူတွေအတွက်

မုဒိတာဖက်ပေမဲ့

သွက်လွန်းတဲ့ခြေ

ချေးမသင့်ပါစေနှင့်။

 

ကိုယ်ပျော်တဲ့အခါ

မျက်ရည်ကျနေသူတွေကို

သုတ်ပေးဖို့များ

သတိရပါသလား။

 

ဒီမြေပေါ်မှာ

သွေးချင်းတို့ဟာ

တမြေထဲနေ

တရေထဲသောက်

ဒုက္ခရောက်တော့လဲအတူတူ

ချမ်းသာသုခ၊ မျှဝေကြလျှက်

အေးအတူပူအမျှ

ခရီးဆက်ကြရမယ်။

 

ဒါပေမဲ့

တချို့ကသိတ်ခက်တယ်

တချို့ကသိတ်ကံကောင်း

အပြောင်းအလှဲကို

ကောင်းကောင်းကြီးအသုံးချ

အများအတွက်မှ

ဟုတ်ပါလေစ။

 

ဘာဘဲဖြစ်ဖြစ်

ချေလှမ်းတိုင်းမှာ

သမိုင်းစာမျက်နှာရှိတယ်။

 

တမြေထဲမှာ

တရေထဲသောက်နေသူတွေအတွက်

သင်လှမ်းတဲ့ခြေလှမ်းတိုင်း

ရာဇဝင်မရိုင်းဖို့လိုတယ်။

 

ဒီလိုမှမဟုတ်

ငါ့လှေငါစီး

ငါ့မြင်းငါစိုင်း

စစ်ကိုင်းဘဲရောက်ရောက်ဆိုရင်တော့

စစ်ကိုင်းမရောက်ဘဲ

သမိုင်းမှောက်သွားလိမ့်မယ်။

 

တမြေထဲမှာ

လူတိုင်းဟာ

သာတူညီမျှ

ပျော်နိုင်ခွင့်ရှိရမယ်။

 

(သောသီခို။ ၁၁း၄၈၊ ၁၈-၁-၁၂)

 

 

 

 

 

 

 

 

 

 

5 comments

  • kyeemite

    January 19, 2012 at 3:45 pm

    ဒီလိုမှမဟုတ်

    ငါ့လှေငါစီး

    ငါ့မြင်းငါစိုင်း

    စစ်ကိုင်းဘဲရောက်ရောက်ဆိုရင်တော့

    စစ်ကိုင်းမရောက်ဘဲ

    သမိုင်းမှောက်သွားလိမ့်မယ်။

    ဒီအပိုဒ်လေးကိုအကြိုက်ဆုံးဘဲ…အားပေးသွားပါတယ်..

    • Shwe Myo Thant

      January 20, 2012 at 1:55 am

      ကျေးဇူးပါ

  • ကိုယ်ပျော်တဲ့အခါ

    မျက်ရည်ကျနေသူတွေကို

    သုတ်ပေးဖို့များ

    သတိရပါသလား။

    ဒီနေရာလေးက မိုက်တယ်ဗျာ။ကျနော့်ကို အသိပေးလိုက်သလို ခံစားရတယ်ဗျာ။ကျေးဇူးပါနော်

  • windtalker

    January 19, 2012 at 9:11 pm

    တမြေထဲမှာ
    အမေ့သည်းညှာ
    ရွှေပဲဝါ
    ငွေဂဲရာ
    အသေမဆဲပါ
    ရေထဲမှာ
    နေစဲပါ

  • manawphyulay

    January 20, 2012 at 11:19 am

    တမြေလို့ ဘာလု့ိရေးရတာလဲ အမှန်တစ်မြေထဲလို့ရေးရမှာမဟုတ်ဘူးလား..
    နောက် ချေလှမ်းဆိုတာ ဘာအဓိပ္ပာယ်လဲ ခြေလှမ်းကိုပြောချင်တာလားမသိ။
    လောလောဆယ်တော့ တစ်မြေထဲမှာ အတူပျော်နိုင်ဖို့ အားလုံးဝိုင်းဝန်းကြိုးစားမှ ရမယ်လို့ ပြောပါရစေ…

Leave a Reply