အမေစု နဲ့ အနုပညာသမားတွေ အားလုံးကို စော်ကားလာ သည် သားစိုး ရဲ့ သမိုင်း

ပုိင္ေလးJanuary 19, 20122min22934

—— Original post has been deleted ————

မူရင်းရေးသားသူက  အောက်ကကူးတင်ပေးထားတဲ့စာတွေအတိုင်း ကန့်ကွက်လာတဲ့ အတွက်
မူရင်းပို့စ်ကို ဖျက်သိမ်းလိုက်ပါကြောင်း…။
ကူးတင်သူ Burmese or Chinese မင်န်ဘာအနေနဲ့ စည်းကမ်းနဲ့ ကျင့်ဝတ်အရ တောင်းပန်ရမဲ့တာဝန်ရှိနေပါသေးတယ်.။
တောင်းပန်ပေးစေလိုပါကြောင်းပါနော..။
ဝက်ဘ်ဆိုက်စည်းကမ်းနဲ့တာဝန်ယူရမှုများ ပြန်ဖတ်ရန်..
=
Editor of Mandalay Gazette,Just writing a letter of apology below this comments does not make everything OK.

This is still the direct violations of U.S Federal and International Copyright Law.

(1) You are still illegally posting and/or publishing my copyrighted article without my authorization and still not yet fixing the Title.

(2) You are still not posting a correct name of the copyrighted owner’s/writer’s name.

(3) You are still referring to the incorrect link as the origination of my article.

I have never given you the permission and/or authority to use my article on your site.

Please DELETE my entire article and DO POST reason of removal to your readers.

Thank you for admitting your wrong doing as a responsible editor.

Myo Chit Myanmar

Founder, Owner, Producer & Publisher

Myo Chit Myanmar HD Media Production

California, U.S.A

(323) MYO CHIT
myochitmyanmar@facebook.com
myochitmyanmar@gmail.com

Mandalay Gazette ရဲ့ တာဝန်ရှိသူ ခင်ဗျား

တောင်းပန်စာ ကို Comment တွေ အောက်ထဲ ထည့်ရေးထားတာနဲ့ ကျန်တာတွေ အားလုံး မအိုကေ သွားပါဘူး ။

ခေါင်းစဉ်ကလဲ ကျွန်တော်ပေးထားတဲ့ ခေါင်းစဉ် မဟုတ်သလို

အောက်က ရေးသူ အမည်မှာ ကျွန်တော့်နာမည် မပါသလို

မူရင်း Link URL ကလဲ အမှားကြီး ဖြစ်နေပါတယ်

အဲ့ဒိ Post ကို ယူသုံးဖို့ မျိုးချစ်မြန်မာ ကို Mandalay Gazette က ဘယ်တုန်းကမှ တရားဝင် ခွင့်မတောင်းခဲ့တဲ့ အတွက် ဆက်လက်အသုံးချခွင့် မပေးနိုင်ပါဘူး။

ကျေးဇူးပြုပြီး ဒီဆောင်းပါးကို အခုချက်ချင်းဖျက်သိမ်းပြီး ဖျက်သိမ်းရတဲ့ အကြောင်းရင်းကိုလဲ သင့် စာဖတ်သူတွေ ကို တောင်းပန် ရှင်းပြပေးပါ။

အမှားကို တာဝန်ရှိ တည်းဖြတ်သူတစ်ယောက် အနေနဲ့ ဝန်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မျိုးချစ်မြန်မာ

34 comments

  • Burmese or Chinese

    January 19, 2012 at 8:11 am

    နတ်ကတော် သားစိုးက ပြောတာ တွေက ရင်ဝ ကို ဆောင့်ကန် ခံလိုက်ရသလို ခံစားလိုက်ရပါတယ်…………….

  • ahnyartamar

    January 19, 2012 at 8:39 am

    He (Thar Soe) is stupid man. Don’t put in your even thinking, waste of time.

    • Burmese or Chinese

      January 19, 2012 at 9:40 am

      What do you mean? You can explain I don’t understand. OK, Thank your post……….

  • ahnyartamar

    January 19, 2012 at 8:41 am

    He (Thar Soe) is stupid man. Don’t put about him in your even thinking, waste of time.

  • ဂျက်ကီချီးပေ

    January 19, 2012 at 9:16 am

    သူ့ရဲ့ခံယူချက်ကို သူပြောတာဘဲ သူမယုံကြည်နိုင်သေးတာကို သူပြောတာဘဲ
    ခင်ဗျားတို့ သဘောထားကြီးတတ်ဘို့လိုမယ်
    သဘောထားကြီးတယ်ဆိုတာထက် သူ့ခံယူချက်ကိုဒေါသထွက်စရာမလိုဘူးလို့ထင်တာဘဲ
    နောက်ပြီးတော့ သူ့ရဲ့တေးဂီတဖန်တီးမှု့ကို နတ်ဂတော်ဆိုပြီးသုံးနှုံးတာတွေဟာ
    မသင့်တော်ပါဘူး ဒါတွေက ခေတ်သစ်ဂီတဖန်တီးမှု့လေဗျာ
    တစ်လောကတောင် ဂျာမဏီကိုသွားတဲ့ မြန်မာ့ဆိုင်းတွေကို ဟိုက သူတို့ရဲ့ကရိယာတွေနဲ့
    ရောသမကြည့်ကြသေးတာဘဲ
    ရောသမတာမှ လူကြီးဟာကြီးတွေနဲ့တောင်မဟုတ်ဘူး
    ကလေးသားသားလေးတွေဟာတွေနဲ့ ( လူကြီးဂစ်တာနဲ့ဟုတ်ဘူး ကလေးဂီတာနဲ့ )
    ဆိုတော့ကာ
    ခေါင်းဆောင်တစ်ယောက်ကို လေးစားတယ်ဆိုတာ မိမိရဲ့ ပုဂ္ဂိုလ်ရေးအမြင်ပါ
    အဘ အဘ ဆိုတာလည်း ဒီလိုဘဲ မသိမသာ တိုးတက်လာတဲ့ ခေါ်ဆိုနည်းဆိုတော့ကာ
    ခင်ဗျားတို့လည်း မေမေတို့ အမ တို့ဆိုရာကနေ
    ဘယ်လိုတိုးတက်လာဦးမလဲဆိုတာလေး သတိထားကြပေတော့ပေါ့နော
    ကျုပ်ကတော့ တတ်ချုပ်ကြီးကို အချစ်ဆုံးးးးးးးးးး 😀 😀 😀

  • ကြောင်ကြီး

    January 19, 2012 at 9:25 am

    အလန့်တဂျား ရှိရန်ကောကွယ်။ သူထင်တာသူပြောတာ ပြောပါစေပေါ့။ ပုဂ္ဂိုလ်ရေး ပုတ်ခတ် မဟုတ်တမ်းတရား စွတ်စွဲပြောနေတာမှ မဟုတ်တာ။ ပြီးတော့ နင်ရေးတာ သိပ်မရှင်းဘူး။ ဒေါ်စုကို မေးခွန်းထုတ်တာကို ပြောချင်တာလား၊ သူ့ကိုလာတွေ့သူအများစုကို သာကူးတွေလို့ ပြောတာကိုလား။ ဒါမှမဟုတ် သားစိုးရဲ့ နိုင်ငံရေးအမြင်ကို ဝေဖန်တာလား၊ သူ့ရဲ့ ဂီတဖန်တီးမှုကို ဆန့်ကျင်တာလား။ ရှင်းရှင်းလုပ်ပါကွဲ့၊ ရောထွေးနေတော့ ဆိုလိုရင်း အာပျော့သွားတယ်။ မကြာခင် ရွာသဂျီးကလည်း ဆုံးမစကားပြောအုံးမယ်၊ လောင်းမလား။ ငါကတော့ အောင်ပုကို အချစ်ဆုံး….:D 😀 😀

      • nigimi77

        January 19, 2012 at 4:40 pm

        ဘယ်နှယ်ဖြစ်ပြီး ကောက်ခါငင်ခါ သိုးဆောင်း စကားနဲ ့ ရေးနေကြသလဲကွယ် ။

        သိုးဆောင်း ရေးနည်းနိသာရည်းက ခိုက်လွန်းလို ့ ဒဘဲ့ ခံပရစေ ။ 🙂

        စိန ဘာသာနဲ ့သာ ရေးလိုက်ပါတော့…ခွိခွိ……

        • Burmese or Chinese

          January 20, 2012 at 9:37 am

          I can’t right Burmese becaues I don’t have Burmese fount. Now I live in other country……….
          So sorry…………………………

  • kai

    January 19, 2012 at 9:40 am

    ဒေါ်အောင်ဆန်းစုကြည်က.. ပါတီကနေ..အမတ်အဖြစ်နဲ့ဝင်ပြိုင်အရွေးခံမယ်ဆိုထားတာမို့.. ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်မြန်မာနိုင်ငံသားမဆို.. .. ဝေဖန်ခွင့်ရှိနေပြီလို့ ထင်မိပါတယ်..။
    လူထုဟာ.. ကိုယ်တင်မြောက်မဲ့..မဲပေးမဲ့သူကို.. ဝေဖန်ခွင့်ရှိတယ်.။ ဆုံးမသွန်သင်ခွင့်ရှိပါတယ်..။
    ဒီလိုနဲ့ကောင်းမွန်တဲ့.. ဒီမိုကရေစီစံနစ်ကို တည်ဆောက်ရတာဖြစ်ပါတယ်..။
    ဒီသဘောကျုပ်ပြောတာမဟုတ်.. ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောတာ …ဖြစ်ပါကြောင်း….။
    =
    http://burma.irrawaddy.org/archives/4980
    ဝေဖန်အကြံပြုရန် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်

    By featured, ရန်ပိုင် on January 18, 2012 2:05 pm in သတင်း / 21 comments, Hits: 21,390

    NLD ၏ နိုင်ငံရေး လုပ်ငန်းစဉ်များကို အမြဲတမ်း ထောက်ခံနေခြင်း မပြုဘဲ လိုအပ်လျှင် ဝေဖန်အကြံပြုရန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်ဟု သိရသည်။

    လွန်ခဲ့သည့် ၂၁ နှစ်က အကျဉ်းထောင်တွင်း ကွယ်လွန်ခဲ့သည့် ရန်ကုန်တိုင်း NLD ၏ ခေါင်းဆောင်တဦး ဖြစ်သူ ဦးတင်မောင်ဝင်း နှစ်ပတ်လည်နေ့ အစီအစဉ်သို့ တက်ရောက်လာသော ပရိသတ်များကို ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

    “ဝေဖန်ပါ အကြံပြုပါ တိုင်းပြည် တိုးတက်ရေးမှာ အားလုံး အဘက်ဘက်ကနေ တာဝန်ယူ အလုပ် လုပ်ဖို့ ပြောတယ်” ဟု ဦးတင်မောင်ဝင်း မိသားစုဝင်တဦးဖြစ်သည့် ကိုအောင်ဇင်သက် ဧရာဝတီကို ပြောပြသည်။

    မကြာခဏ ထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် နှစ်စဉ်ပြုလုပ်လေ့ရှိသည့် ဦးတင်မောင်ဝင်း အမှတ်တရ အစီအစဉ်ကို အခွင့်အရေးရတိုင်း သွားရောက်လေ့ရှိသည်။

    ဦးတင်မောင်ဝင်း ကွယ်လွန်ခြင်း ၂၁ နှစ်မြောက်နေ့ အစီအစဉ်ကို ဗဟန်းမြို့နယ် ဗိုလ်ဉာဏလမ်းရှိ သူ၏ မိသားစု နေအိမ်တွင် နံနက်ပိုင်းက ကျင်းပခြင်း ဖြစ်ပြီး NLD ၏ နာယကများ ဖြစ်သည့် သူရဦးတင်ဦး၊ ဦးဝင်းတင်တို့ အပြင် နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များ တက်ရောက်ကြောင်း သိရသည်။

    ဦးတင်မောင်ဝင်းသည် ဖဆပလ အစိုးရလက်ထက် အထက်တန်းကျောင်းသား ဘဝကတည်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ ကျောင်းသား လှုပ်ရှားမှုများကြောင့် ၁၉၆၄ ခုနှစ်တွင် ထောင်ဒဏ် ရနှစ် ချမှတ်ခံခဲ့ရသည်။

    ရှစ်လေးလုံး လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ဦးတင်မောင်ဝင်းသည် ထိုလှုပ်ရှားမှုအပြီး ပေါ်ပေါက်လာသည့် NLD ၏ ထိပ်တန်း စည်းရုံးရေးတဦး ဖြစ်လာသည်။

    ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ထိုနယ်မြေတွင် သူ၏ အဓိက ပြိုင်ဘက်မှာ အစ်ကိုအရင်းဖြစ်သူ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) ပါတီ၏ ကိုယ်စားလှယ်လောင်း ဗိုလ်မှူးကြီးဟောင်း ဇော်ဝင်း ဖြစ်သည်။

    ဦးတင်မောင်ဝင်းသည် ရွေးကောက်ပွဲ အနိုင်ရပြီး မကြာမီ ထိန်းသိမ်းခံရကာ နာမည်ကျော် အင်းစိန်ထောင်တွင် ဝမ်းကိုက် ရောဂါဖြင့် သေဆုံးသွားခဲ့သည်။

    ဇနီးဖြစ်သူ ဒေါ်ခင်လှိုင်ကြူက“ အဲဒီတုန်းက ထောက်လှမ်းရေးခေတ် ဆိုတော့ အရမ်း တင်းကျပ်ထားတယ်။ အစားအသောက်၊ ဆေး၊ ပါဆယ်တောင် ပို့မရဘူး။ ဆုံးပြီးတော့မှ လာ အကြောင်းကြားတာ၊ အလောင်းကို ကြံတောသုဿန်မှာ ပြတယ်” ဟု ဆိုသည်။

    ၁၉၉ဝ ဝန်းကျင်က ဦးတင်မောင်ဝင်း၏ လုပ်ဖော်ကိုင်ဘက်တချို့သည် စစ်ထောက်လှမ်းရေးတို့၏ နှိပ်စက်မှု နှင့် ထောင်တွင်းအခြေအနေဆိုးများကြောင့် ထိန်းသိမ်းခံရစဉ် သေဆုံးသွားခဲ့သည်။

  • htoosan

    January 19, 2012 at 10:05 am

    မျက်ကန်း မျိုးချစ် မဖြစ်ဖို့တော့ လိုမယ်ထင်ပါတယ်။
    ဒေါ်အောင်ဆန်းစုကြည် ကို ဘာတွေလုပ်ခဲ့ လဲလို့မမေးဘဲ ဘာတွေလုပ်ပေးမှာလည်းလို့မေးတာ လွန်တယ်လို့ ပြောလို့မရဘူးထင်ပါတယ် ။
    သာကူးတွေအပြောခံရတာတော့ သူတို့ကိုလည်း ပြည်သူတွေကို ဝန်ချတောင်းပန်ခိုင်းရမယ်ထင်တယ်။။ အရင်တုန်းက အဘ ခေါ်မိပါတယ်ပေါ့နော် ……. 😀 😀

    • htoosan

      January 19, 2012 at 10:14 am

      ဪ .. ပြောဖို့ကျန်သွားတယ် ..အဘတို့ကို လက်အုပ် လေး လည်းချီမိတယ်ပေါ့နော် .. :mrgreen:

  • kaung kin pyar

    January 19, 2012 at 10:08 am

    သားစိုးရဲ့ သီချင်းတွေကို အရင်ကတည်းက မကြိုက်ခဲ့တာ…။ ဟိုမရောက်ဒီမရောက် တကယ့် မျိုးမစစ် သံစဉ်တွေပါ။ Hip Hop သံစဉ်ကို အများကြီး နားမလည်ပါဘူး။ ဒါပေမယ့် အရမ်းကောင်းမွန်ပြီး အဓိပ္ပါယ်ရှိတဲ့ စာသားတွေနဲ့ မြန်မာသံစဉ်တွေကို ဖျက်ဆီးတာကိုတော့ စိတ်ဆိုးမိပါတယ်။
    ခုအဖြစ်က ဘာနဲ့တူလဲဆိုတော့ တွင်းနက်ကြီးတဲ့ကျနေတဲ့သူတစ်ယောက်က ပါးစပ်အကျယ်ကြီးဟပြီး အော်နေလို့ မျက်လုုံးတောင် ပိတ်သွားတဲ့ ပုံစံမျိုးပါပဲ။ ပတ်ဝန်းကျင်ကို လှည့်အော်နေတာနဲ့ပဲ သူူ့ကိုယ်သူ ဘယ်နေရာရောက်နေမှန်းကို မသိနေတာပါ။ သူက ဘာကောင်မှမှ မဟုတ်တာ။ ဒါနဲ့များ အမေစုကို ပြောချင်သေးတယ်။
    အမေစုကို ထိခိုက်ရင်တော့ ကောင်းကင်ပြာလဲ မခံနိုင်ပါ။

  • thit min

    January 19, 2012 at 10:14 am

    ဒီစာ စတက်လာကတည်းက အခုလိုဖြစ်မယ်လို့ခန့်မှန်းမိပါရဲ့ခင်ဗျ။
    ဘာလို့လဲ ဆိုတော့ မူရင်းရေးသူကို ဖော်ပြမထားလို့ပါဘဲ။
    မူရင်းရေးသူက ကို “မျိုးချစ်မြန်မာ” ပါ။
    သူ့ကို ခရက်ဒစ်ပေးဘို့လိုပါလိမ့်မယ်။ ဆိုဒ်ကိုဖော်ပြရုံဆိုရင် ပို့စ်တင်သူရဲ့ အာဘော်လို့ထင်သွား
    တတ်လို့ပါဘဲ။ ဆိုဒ်ကိုညွန်းလဲ တော်တော်များများက မကလစ်ကြပါဘူး။ အကြံပေးတာပါခင်ဗျာ။
    ကျနော် ကိုယ်တိုင်လဲအဲဒီစာမျိုးဆိုအဲဒီလို နာမည်ဖော်ပေး ရေးလေ့ရှိပါတယ်။ကျေးဇူးပါ။
    ————-
    ဒီစာနဲ့ ပါတ်သက်လို့ကတော့ သားဆိုး က ဆယ်လီဘရစ်တီ မလို့ ခုလိုလူသိရှင်ကြားဖြစ်နေတာပါ။
    သာမန်လူတွေထဲမှာလဲ ကြိုက်တာမကြိုက်တာရှိနိုင်တာပါဘဲ။ မထူးဆန်းပါဘူး။
    ပြောရရင် သူမကြိုက်လို့လဲ ဘာမှဖြစ်မသွားပါဘူး။သူ့သဘောပါ။ သူကပါတီထောင်ပြီးစည်းရုံးခွင့်တောင်
    ရှိတာပေါ့ဗျာ။ ကျနော်တို့ကလဲကျနော်တို့ သဘောနဲ့အမေစုကို100% ယုံကြည်နေနိုင်ပါတယ်။
    အရမ်းကိုရိုးရှင်းလွန်းပါတယ်။ ကိုယ့်နဲ့မတူတိုင်း အပြစ်တင်စရာတော့မရှိပါဘူး။ လမ်းကြောင်းမတူဘူးလို့
    ဘဲစဉ်းစားရမှာပါ။

  • ကောင်းမြတ်သူ

    January 19, 2012 at 11:07 am

    ကိုသစ်မင်း comment ကြောင့် ကျွန်တော် link ကိုသွားကြည့်ဖြစ်တယ်… မူရင်းရေးသူကမျိုးချစ်မြန်မာပါ…
    ကျွန်တော်တို့ပြည်သူတွေ မျက်ကန်းမျိုးချစ်ဖြစ်မှာစိုးပါတယ်… မျိုးချစ်မြန်မာရဲ့ အောက်ဆုံးစာပိုဒ်ကို ကျွန်တော် တော်တော် ကြောက်သွားတယ်…စာပိုဒ်မှာဖော်ပြထားကတော့ “ကျွန်တော် ဘယ်တော့မှ သည်းမခံမယ့် အထိခိုက် အပုတ်ခတ် မခံမယ့် ကျွန်တော်ချစ်တဲ့သူတွေ စာရင်းမှာ ထာဝရ ထိပ်ဆုံးမှာ ပါတဲ့ အမေစု ကိုစော်ကားလာရင် ကျွှန်တော် ဘယ်တော့မှ ဘာအကြောင်းပြချက် နဲ့ မှ သည်းခံ နားလည် ပေးမှာ မဟုတ်ဘူးဆိုတာ ပြင်းထန်စွာသတိပေးလိုက်ပါတယ် …”
    တစ်သွေးတစ်သံတစ်မိန့်အုပ်ချုပ်မှု၊ မျက်ကန်းမျိုးချစ်မှု၊ နိုင်ငံရေးကိုယ်နဲ့မဆိုင်ဘူးလုပ်မှုတွေက ကျွန်တော်တို့ နိုင်ငံကို သုညကနေ ခဏခဏပြန်စစေမဲ့ အချက်တွေဖြစ်လာလိမ့်မယ်…..

  • myo nyunt

    January 19, 2012 at 12:42 pm

    သားစိုးသီချင်းတွေကိုမကြိုက်ပါ။
    သို့သော် ယခုသားစိုးပြောသွားတာတွေ အလွန်ကောင်းပါသည်။

  • ပြောပါစေ ဗျာ။ဝေဖန်ခံနိုင်တဲ့ သူဟာ ပညာဉာဏ်ကြီးတဲ့သူသာလျှင်ဖြစ်ပါတယ်။
    သာရင်ကူးမယ့်လူတွေ တော့ရှိစမြဲပေါ့။ဒါပေမယ့် ခံယူချက်မရှိသူဆိုတာ က
    ခဏလေးဆိုပျောက်သွားမှာပေါ့

  • myanmarcitizen

    January 19, 2012 at 1:05 pm

    မောင် သားစိုး တစ်ယောက် ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်ခဲ့လဲ၊ ဘာတွေလုပ်ပေးနိုင်လဲမသိ တာ တော်တော်ကြီးကိုဆိုးပါသည်။(ဒီကောင်စာမဖတ်ဘူးထင်တယ်)
    လူတစ်ဦးစီတွင် သူ့အမြင်နှင့်သူရှိကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားတွေ့ကြသော အနုပညာရှင် များကို ကျွန်တော်က မောင်သားစိုး ပြောသလို သာကူး ဟုမထင်မိပါ။ ကူးလို့ရချိန်မို့လို့ကူးသည်ဟုသာ မြင် မိပါသည်။ (အရင်တုန်းက စစ်ဖုနပ် သေနပ်ပြောင်းနှင့် ထောင်ကို ကြောက်သဖြင့် မကူးရဲကြပါ။) မောင်သား စိုးက သာကူး ဟုသာပြောနေသည် ယခုလက်ရှိအချိန်တွင် ဘယ်သူကသာနေသနည်း ပြန်မေးချင်ပါသည်။
    မောင်သားစိုး တစ်ယောက် သီချင်းစပ်ဆိုပါက စပ်ဆိုနိုင်ပါသည်။ ဒါက မောင်သားစိုး အပိုင်းဖြစ်ပါသည်။
    ကျွန်တော်ကလဲ ကိုသားစိုးကို “ရွှေအိုးစည် လွယ်သလေးလေး လွယ်သလေးလေး တီးတဲ့ ..”( ရွေဆွဲပြား အကြီးကြီးဆွဲထားသေးသည်) စောက်ရူးဟု မြင်မိပါသည်။ 🙂

  • Wai Phyoe

    January 19, 2012 at 1:10 pm

    ကျွန်တော်ကတော့ သားစိုး အဖြေကိုကြိုက်တယ်ဗျ ခုက ဒီမိုကရေစီ ဖြစ်သွားပြီလေ ဝေဖန်ခွင့်တွေရှိလာပြီ
    မှန်ပါတယ်သာကူးတွေဆိုတာ ဥပမာ လွင်မိုးကိုပဲကြည့်ပါလား တခြားအနုပညာသမားတွေလည်းအများကြီးပါ
    အရင်တုန်းကတော့ ဖားချင်တော့ ပေါ်လစီကားရိုက်ဘာရိုက် ခုမှ မေစုမေစု ဖြစ်နေကျတာ၊
    ဘယ်သူမှတော့စင်းလုံးချောမရှိဘူးပေါ့လေ တစ်ယောက်ထဲကိုလည်း စွပ်အားကိုးနေလို့မရဘူး အမေစုကိုကြီး
    ပဲအားကိုးနေလို့မရဘူး တစ်တိုင်းပြည်လုံးကြိုးစားဖို့လိုပါတယ်။
    ဂီတ ကတော့ ဒါသူဖန်တီးမှူပါ ဘယ်လိုပဲတီးတီး ဒါအနုပညာပါ။ထွင်ပိုင်ခွင့်ရှိတယ်လို့ ကျွန်တော်မြင်ပါတယ်။
    အမှားလေးတွေပါးသွားရင်ခွင့်လွှတ်ပေးစေချင်ပါတယ်။

  • Phaung Phaung

    January 19, 2012 at 1:32 pm

    ……….တစ်ကယ်တန်း သားစိုး ဆိုတဲ့ ချာတိတ် ပြောတဲ့ စကားကမှ သူကတော့ တကယ် မသေချာမခြင်း ဘယ်သူနဲ့မှ မပေါင်းစည်းဘူး ဆိုတဲ့ သာကူးအစစ်ရဲ့ အတ္တကို ကွတ်တိထင်ဟပ်နေတာ လုံးဝ သိသာထင်ရှားပါတယ် .. ..
    ဟုတ်ပ .. သူပြောတဲ့သဘောက အဲလိုကြီးဖြစ်နေတယ်။ 😀 သားစိုးကို အပြင်မှာတခါတွေ့ဖူးတယ်… စိုင်းစိုင်းခမ်းလှိုင်နဲ့ ဓါတ်ပုံရိုက်ချင်ပါတယ်ဆိုမှ သူကချည်းပဲ ဝင်ဝင်ရိုက်နေတာ.. ရုံးကကောင်မလေးတွေကို ပုံခုံးတဖက်တချက်ဖက်ပြီးတော့လေ… ကြည့်ရတော့ နဲနဲတော့ ကြောင်စီစီနိုင်သလိုပဲ.. အရှက်လဲမရှိဘူး… ဂေါက်နေသလိုပဲ

  • ဇွဲမာန်(အင်းဝ)

    January 19, 2012 at 1:50 pm

    သဘာဝကိုသဘာဝလို့မြင်တက်ရင်အားလုံးအဆင်ပြေသွားမှာပါ..။

  • windtalker

    January 19, 2012 at 1:56 pm

    ဘိုးဘိုးလေ
    ဒီမိုကရေစီ အစစ်ဆိုရင်တော့ ဘာတွေဘယ်လို လဲ ဆိုတာတော့
    ရေးရေးကလေး သဘောပေါက်မိသကွဲ ့

  • linnlinnn

    January 19, 2012 at 3:05 pm

    အခုလိုအချိန်မှာ ကိုယ့်ရင်ထဲက ထင်မြင်ချက်ကို ရိုးသားစွာ ဖွင့်ပြောရဲတဲ့.. သားစိုးရဲ့ သတိ္တကိုတော့ တကယ်လေးစားသွားပြီ…

  • Anzartone

    January 19, 2012 at 3:11 pm

    ဒို့များကတော့ … အမေစု ကိုပဲ ချစ်တာ ။ အမေစု ချစ်တဲ့ ဒီမိုကရေစီ ကို ချစ်တာ မဟုတ်ဘူး … 😀 😀

    • Anzartone

      January 21, 2012 at 1:48 pm

      ဟာ … အနီကတ် (၅) ကတ်တောင်မှ ထိနေပါ့လား … ။
      အင်း … အမြင်မှားနေကြတယ် ထင်တယ်။ ကျွန်တော်က စာရေးသူကို အချစ် မမှားဖို့ ပြောတာပါဗျ။
      ဆိုကြပါစို့ ။ ဘုရားဟောခဲ့တဲ့ တရားတော်တွေအတိုင်း လိုက်နာကျင့်သုံးကြမှ ဘုရားကို တကယ်ချစ်ရာကျမှာ မဟုတ်လား။ အဲဒီလိုပဲ အမေစုက ဒီမိုကရေစီ ကို ချစ်တယ်။ ဒီတော့ အမေစုချစ်တဲ့ ဒီမိုကရေစီကိုလည်း ချစ်ရမယ်။ ဒီမိုကရေစီ စနစ် ပီပြင်လာအောင်လည်း ကြိုးစား ပုံဖော်မယ်ဆိုမှ အမေစုကို တကယ် ချစ်ခဲ့သူ ဖြစ်မှာမဟုတ်လား။
      အထက်က သားစိုး ပြောသွားတာကို အမေစု ကို သွားပြောကြည့်။ အမေစု က ခွင့်လွတ်လိမ့်မယ်လို့ ကျွန်တော်ကတော့ မြင်တယ်ဗျို့ … ။ အတ္တကြီးလွန်းတဲ့ လူတစ်ယောက်ဟာ နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ယောက် ဘယ်တော့မှ ဖြစ်နိုင်မှာ မဟုတ်ဘူး …. ။

  • awra-cho

    January 19, 2012 at 3:47 pm

    ဘာပဲ ပြောပြော မန်းဂဇက် ကို ပိုသဘောကျ သွားပြီ။အနီ အစိမ်းတွေ ကြည့်လိုက်တာ ဘာလုပ်လုပ်မျက်စိ
    မှိတ်မထောက်ခံဘူး ဆိုတဲ့ သူတွေများတာတွေ့ရတယ်။ဒီ လိုလူတွေများများရှိမှ တိုင်းပြည် တိုးတက် မှာပေါ့၊
    အစိုးရ ကိုလဲ ထောက်ပြ ဖို့ လိုသလို၊ အတိုက်အခံ ကို လည်းမှားရင်မှားတယ်ပြောရဲ ရမှာ။ပုဂ္ဂိုလ်ရေး ကိုးကွယ် မှု့က အာဏာရှင် စနစ် ကို ဦးတည်တတ်တယ် ဆိုတာ သာဓက တွေ အများကြီး ရှိကြောင်းပါ
    ခင်ဗျား။

  • ဦးဦးပါလေရာ

    January 19, 2012 at 7:18 pm

    အဲဒါတွေတော့ ကျုပ်သိပ်နားမလည်ပါဘူး။
    သားစိုးသီချင်းတွေကိုလဲ မကြိုက်ပါဘူး။
    သူ့အယူအဆပြောတာကိုလဲ ပြောခွင့်ရှိတယ်လို့ မြင်ပါတယ်။

    တခုပဲ…
    အဘ .. အဘ.. လို့ ခေါ်ကြရတာကတော့-
    ဒီနိုင်ငံထဲမှာမို့ပါ။
    မြောက်ကိုရီးယားမှာဆို
    ရင်ကွဲနာကျသလိုကို ငိုပြတတ်ရသေးတယ်…။

  • “ဘီလူးကြီး”ogre

    January 19, 2012 at 8:36 pm

    ဒီင်္ကောင်က စောက်ပျင်းပဲဗျ
    သူများလုပ်ပေးမှာ ထိုင်စောင့်နေတဲ့ကောင်ပဲ
    ကိုယ်ဘာသာကျတော့ဘာမှမလုပ်တတ်ပဲ
    ရှေ့က ဂီတသမားတွေ ရေးတဲ့သီချင်းတွေလောက်ဖြတ်ညှပ်ကပ်လုပ်ပြီးဆိုတတ်တဲ့ကောင်
    ရှင်းရှင်းပြောရရင်တော့ ကိုယ်ဘာသာဘာမှမလုပ်ပဲသူများဟာခိုးချနေတဲ့
    အဆိုတော် စောက်ရှုးလို့ပဲမြင်မိပါကြောင်း (ကျုပ်အမြင်ပါ)
    ကိုယ့်အမြင်ကို ကိုယ်တိုင်တာဝန်ခံပါတယ်

  • ချစ်ရအောင်

    January 21, 2012 at 11:13 am

    ဒီမိုကရေစီလို့ အော်ပြီး လုပ်ဆောင်နေကျတဲ့ နေရာမှာ လူတယောက်က သူ့ရင်ထဲက သူပြောချင်တာကို
    လွတ်လပ်စွာ ပြောခွင့် ရှိမယ်လို့ ထင်ပါတယ် မှားတာ မှန်တာကိုတော့ သူကိုတိုင် တာဝန်ယူပါလိမ့်မယ်…
    စာရေးသူ ခင်ဗျာ
    နိုင်ငံရေးလုပ်နေတဲ့ အဖွဲအစည်းတခုကို အားပေးထောက်ခံနေတဲ့ လူတယောက်အနေနဲ့ ပဂ္ဂိုလ်ရေး မကြိုက်တဲ့ အချပ်တွေကြောင်း သူ့ရဲ့ အနုပညာ သူ့ဂီတကို အားမပေးဖို့ တောင်းဆိုတဲ့ ဆိုတာက
    လုံးဝ မဖြစ်သင့်တဲ့ အချပ်ပါ … သဘောထား သေးသိမ်လွန်းရာကျနေလို့ပါ ကျွှန်တော်ကိုယ်တိုင်လည်း
    သူ့သီချင်းတွေကို နားမထောင်ဖြစ်ပါ မကြိုက်ပါ ကြိုက်တဲ့လူက အားပေးလိုက်မယ်ပေါ့ ကိုယ်နဲ့ ဘာဆိုင်လည်း ကိုယ့်လိုရင်းကိုပဲ ” နောက်တခုက မင်းက စာရေးတင်တာက သတင်းပုံစံနဲ့လည်း မဟုတ်ဘူး
    အမိန့်ပေးထားတဲ့ ပုံစံမျိုးနဲ့ ရေးတင်ပြထားတယ် ”.. ( ပြင်းထန်စွာ သတိပေးလိုက်ပါတယ် ) တဲ့
    စာရေးတာ သတိထားရေးပါ ကိုယ်ဥိးနှောက်မရှိတာ ထုတ်ပြောနေသလို ဖြစ်နေပြီ သူငယ်ချင်း . . . ။

  • အန်တီစုဘာတွေ ဆက်လုပ်ပေးမှာလဲ ဆိုတဲ ့ အဆိုတော်သားစိုး ရှင်းရတဲ့ ကိစ္စ
    “တိုင်းသူပြည်သားတစ်ယောက် အနေနဲ့ကျွန်တော်မေးခွင့်မရှိဘူးလားလို့ အဆိုတော်သား စိုးရှင်းရတဲ့ ကိစ္စ”

    အရင်တစ်ပတ်က ပေါ်ပြူလာမှာဖော်ပြခဲ့တဲ့ သားစိုး ရဲ့အင်တာဗျူးမှာ ပရိသတ်တချို့က သားစိုးရဲ့ အဖြေစကား တွေနဲ့ ပတ်သက်ပြီး နားလည်မှုလွဲတာလေးတွေရှိခဲ့ ပါတယ်။သားစိုးကလည်း သူပြောချင်တဲ့စကားရဲ့ အဓိပ္ပာယ် ကိုပရိသတ်တွေက နားလည်မှုလွဲသွားတဲ့အကြောင်းကို အခုလိုပြန်လည်ပြောပြတာကတော့”ကျွန်တော်ပေါ်ပြူ လာမှာ ဖြေလိုက်တဲ့ အင်တာဗျူးကြောင့် အွန်လိုင်းပေါ်မှာ ပွက်လောတွေရိုက်နေတာတွေ့ရတယ်။ကျွန်တော် ပြော ချင်တာကို နားလည်မှုလွဲသွားတာပါ။ကျွန်တော် ပြည်ပမှာနေခဲ့တဲ့အတွေ့အကြုံတွေအရ ရွေးကောက်ပွဲဝင် တော့မယ့် သမ္မတလောင်းတွေ၊လွှတ်တော်အမတ်တွေက တိုင်းပြည်ကိုဘာလုပ်ပေးမယ်ဆိုပြီး အမြဲတမ်းကြေညာကြ တယ်။ အိုဘားမားနဲ့ ဂျွန်မက်ကိန်းဆိုရင် အိုဘားမားကChange ဆိုပြီး ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် စသဖြင့်ပြောခဲ့တယ်။ ဒီလိုမျိုးပါပဲ။ အခု ကျွန်တော်တို့ဆီမှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်တော့မယ်။ ဒီအချိန်မှာ အန်တီစုကလည်းရွေးကောက်ပွဲဝင်ေ တာ့မယ်။ အန်တီစုကို ကျွန်တော်တို့အကုန်လုံးက ချစ်မြတ်နိုးပြီး သားပါ။ သူက
    ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး တစ်ယောက်ဖြစ်တယ်။ တိုင်းပြည်နဲ့ပတ်သက်ပြီး သူလုပ်နေတာေ တွကလည်း အများကြီးပါ။သူအနစ်နာခံခဲ့တာတွေကိုလည်း ကျွန်တော် တို့ အကုန်လုံးသိ တယ်။ကျွန်တော်ကိုယ်တိုင်လည်း အန်တီစုရဲ့မိန့်ခွန်းတွေကို နားထောင်ဖူးတယ်။
    အဲဒီတော့ အန်တီစုကကျွန်တော်တို့ကို ဘာတွေဆက်လုပ်ပေးမှာ လဲဆိုတာ ကျွန်တော် သိချင်တာပါ၊၊ဒါကိုတိုင်းသူပြည်သားတစ်ယောက်အနေနဲ့ကျွန်တော်မေးခွင့်မရှိဘူးလား။အန်တီစုဘာတွေ ဆက်လုပ်ပေးမှာလဲ၊၊ တခြားပါတီတွေ ကကောဘာတွေလုပ်ပေးမှာလဲ။ဒါမှလည်း ကျွန်တော်တို့ အဆင်သင့်ပြင်ထားနိုင်မှာလေ။ အခြေခံလူတန်းစား တိုင်းသူပြည်သားတွေ အတွက်ပေါ့၊၊တိုင်းပြည်ထူထောင် ရမယ့်အချိန်မှာ ကျွန်တော်တို့ကို ဘယ်လိုနည်းမျိုးနဲ့ ထူထောင်ပေးမှာလဲဆိုတာ တိုင်းသူပြည်သား တစ် ယောက်အနေနဲ့ ကျွန်တော်တို့ သိချင်တယ်။ ဒါကျွန်တော် တို့ မမေးသင့်ဘူးလား။ကျွန်တော်တို့ကို ခေါင်းဆောင် သွားမယ့်သူက ဘယ်လိုနည်းနဲ့ခေါင်းဆောင်သွားမှာလဲ။ရွေးကောက်ပွဲဝင်မယ့်အဖွဲ့တွေ အကုန်လုံးကိုသိချင် တာ ပါ။ အဓိကပြဿနာကတော့ စကားနားလည်မှုလွဲသွားတာပါ။ ကျွန်တော်က ပြည်သူတွေနဲ့ တစ်သားတည်းပါပဲ။ တိုင်းပြည်ကောင်းကျိုးကို တကယ်လုပ် ပေးမယ့်သူ ကို ထောက်ခံဖို့ အဆင်သင့်ပါပဲ။ လူတွေကလည်း စိတ် ဓာတ်တွေပြင်ပြီးတော့ ကောင်းတဲ့နေရာကိုသွားမှရမှာပါ။ လူတွေအားလုံးညီညွတ်မှတိုင်းပြည်ထူထောင် နိုင်မှာပါ။ ဒါကြောင့်အကောင်းဘက်ကို သွားဖို့အတွက် အကုန်လုံး ညီညွတ်မှဖြစ်မယ်”လို့ သားစိုးကပြောပါတယ်။

    လင်းအက္ခရာ (ပေါ်ပျူလာဂျာနယ်)

  • twotwo70

    January 21, 2012 at 10:14 pm

    လွတ်လပ်စွာတွေးတောနိုင်သည် လွတ်လပ်စွာဝေဖန်နိုင်သည်
    လွတ်လပ်စွာတီထွင်ဖန်တီးခွင့်ရှိသည်
    သူ့အခွေမကောင်းဘူနားမထောင်နဲ့ပြောလို့မရပါ
    နားထောင်ချင်ထောင်မည်..မထောင်ချင်မထောင်ဘူး
    လာမစည်းရုံးနဲ့…အဖေါ်မညှိနဲ့…မင့်သားစိုးကိုကြိုက်ချင်ကြိုက်
    မကြိုက်ချင်နေ….ငါတို့လည်းကြိုက်ချင်ကြိုက်မယ်..
    မကြိုက်ချင်မကြိုက်ဘူး…ဒါပဲ…

  • kai

    January 22, 2012 at 6:46 am

    ဖေ့စ်ဘုတ်မှာ..ဒီအပေါ်က ကူးတင်ထားတဲ့စာ.. မူရင်းရေးသူ “မျိုးချစ်မြန်မာ”က အောက်ဆုံးကစာတွေအတိုင်း ရေးတင်ထားပါတယ်..။
    ဆိုတော့…
    ၁) ကျုပ်က.. ဒီဝက်ဘ်ဆိုက်ရဲ့.. တာဝန်ရှိသူအနေနဲ့.. မူရင်းရေးသူ”မျိုးချစ်မြန်မာ”ကို တောင်းပန်ကြောင်း ပြောလိုပါတယ်.။
    ၂) ကော်ပီကူးတင်သူအနေနဲ့.. ထိုက်သင့်မှန်ကန်တဲ့ Credit မပေးပဲ ကူးတင်တာကိုလည်း မူရင်းရေးသူကို တိုက်ရိုက်တောင်းပန်ပေးစေလိုပါတယ်..။

    =
    ဆိုတော့…
    ရွာသူားများကိုလည်း စည်းကမ်းပိုင်းနဲ့ ပြောစရာဖြစ်နေပါပြီ..။ တချို့က နောက်မှဝင်လာတာဖြစ်လို့.. ဒီလိုကူးတင်တာနဲ့ ပါတ်သက်ပြီး ကျုပ်က ကြားထဲက.. ဘယ်နှခါအပြောအဆိုခံရ.. ဘယ်နှခါတောင်းပန်ပေးနေရလည်း သိချင်မှသိမှာပါ..။ သိကြတဲ့အတိုင်း ဒီဝက်ဘ်ဆိုက်တခုလုံးကို.. ကျုပ်တယောက်ထဲ ငွေကြေးကစပြီး..အကုန်အကျခံ.. နည်းပညာပိုင်းပါ..စိစစ်လုပ်နေရတာမို့ တင်သမျှစာတွေအကုန်…လိုက်မစစ်နိုင်ပါဘူး.။ ရွာသူားတွေကပဲ.. အချင်းချင်းပြန်ထိန်းကျောင်းစိစစ်ပေးကြစေချင်ပါတယ်..။

    ကူးတင်တာတွေကို.. ရေးကြတာတွေကို.. စည်းကမ်းအတိုင်း တိတိကျကျလုပ်ကြစေချင်ပါတယ်နော..။
    စည်းကမ်းကို ပြန်ကြည့်လေ့လာနိုင်ဖို့..ဖြတ်ကူး ပြန်တင်ပေးထားပါတယ်..။
    ဒါနဲ့ပါတ်သက်ပြီး .. ဝါရင့်အတွေ့အကြုံရှိတဲ့ရွာသူားတွေလည်း နည်းနည်းဆွေးနွေးပေးကြပါဦး..။
    ဒီပို့စ်အောက်မှာမဟုတ်ပဲ.. ဖိုရမ်ထဲမှာဖြစ်ဖြစ်.. ပို့စ်အသစ်တင်ပြိးတော့ ဖြစ်ဖြစ်ပေါ့…။

    4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများ (မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ၊ ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ)တိုက်ရိုက်ကူးတင်ခွင့်မရှိ။
    5. သတင်း၊စာမူတွင် မှီငြမ်းကိုးကားခြင်း၊ ဘာသာပြန်ခြင်းပါက မူလSourceနှင့် မူရင်းစာတပိုဒ်ကိုဖော်ပြရန်။

    ============================

    http://www.facebook.com/notes/myo-chit-myanmar/mandalay-gazette-%E1%80%99%E1%80%BD-%E1%80%90%E1%80%AC%E1%80%9D%E1%80%94%E1%80%B9%E1%80%9B%E1%80%AD%E1%80%BD%E1%80%9E%E1%80%B0%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%9E%E1%80%AD%E1%80%AF%E1%82%94-%E1%80%B1%E1%80%99%E1%80%90%E1%81%B1%E1%80%AC%E1%80%9B%E1%80%95%E1%80%B9%E1%80%81%E1%80%B6%E1%80%81%E1%80%BA%E1%80%80%E1%80%B9/311219598913178

    Mandalay Gazette မှ တာဝန်ရှိသူများခင်ဗျာ …

    Jan 17th, 2012 မှာ ကျွန်တော် ကိုယ်တိုင်ရေးပြီး ကျွန်တော့် Blog မှာတင်လိုက်တဲ့ ကျွန်တော့် ဆောင်းပါး

    ” ဒေါ်အောင်ဆန်းစုကြည် နဲ့ အနုပညာလောက ကို စော်ကားလိုက်တဲ့ နတ်ကတော် သားစိုး “( http://myochitmyanmar.blogspot.com/2012/01/blog-post.html ) ကို

    Mandalay Gazette က Jan 19th, 2012 မှာ

    ” အမေစု နဲ့ အနုပညာသမားတွေ အားလုံးကို စော်ကားလာ သည် သားစိုး ရဲ့ သမိုင်း “( http://myanmargazette.net/94765/uncategorized-other/copypaste )

    လို့ အမည်ပြောင်းပြီး ကျွန်တော့်ကို ခွင့်လဲ မတောင်း Credit လဲ မပေးဘဲ ယူသုံးထားပါတယ်လို့ တွေ့လိုက်ပြီး မခံနိုင်တဲ့ သူငယ်ချင်းတစ်ယောက် က လှမ်းပြောလာလို့ သိရပါတယ်။

    ကျွန်တော် ကြည့်လိုက်တော့ တစ်ကယ်ဘဲ ကျွန်တော် ရေးထားတဲ့ ခေါင်းစဉ် ကို မသိမသာလေး ပြောင်းလိုက်ပြီး Blog တွေ ကို ပြန် Share ထားတဲ့ Link

    ( http://www.searchmyanmar.com/link/frame/cid/5948 ) ကိုဘဲ ပြန် Reference လုပ်ထားတာကို တွေ့လိုက်ရတော့ တမျိုးကြီးခံစားရပါတယ်။

    ကျွန်တော့် ကို ခွင့်မတောင်းတာ က တော့ မေ့သွားလို့ လို့ ဘဲ နားလည်ပေးလို့ရပါတယ်ဒါပေမယ့် သူများစာမူ ကို ခွင့် မတောင်းဘဲ တင်လို့ မရတာ မဂ္ဂဇင်း ပုံစံ အခငွေကြေးနဲ့ လုပ်နေတဲ့ သူတွေအားလုံး နားလည်ထားပြီးသား ယဉ်ကျေးမှု တစ်ခုပါ။

    နောက်ပြီး ဘယ်ဆောင်းပါး / စာမူ မဆို မူရင်း ကလောင်ရှင် နာမည် ကို ဖေါ်ပြရမယ်ဆိုတာ ကတော့ မဖြစ်မနေ လိုက်နာရမယ့် ကျင့်ဝတ်တစ်ခုလဲ ဖြစ်ပါတယ် ဆိုတာ အားလုံးသိကြမှာပါ။

    ခုက ကျွန်တော့် နာမည်ကိုလဲ ဖျောက်ထားပြီး Search လုပ်ရင်တောင် ကျွန်တော့် မူရင်း နဲ့ ထပ်တူဖြစ်မနေအောင် စာမူ မူရင်း ရဲ့ ခေါင်းစဉ်ကို မသိမသာ ပြောင်းထားတာ က ခံရ အခက်ဆုံးပါဘဲ။

    ကျွန်တော် ဒီလို ခပ်တည်တည် Copy Right Violation လုပ်တာကို လုံးဝ လက်မခံနိုင်ပါဘူး

    ကျေးဇူးပြုပြီး ဒီ ဆောင်းပါးကို Mandalay Gazette မှာ မူရင်း အမည် နဲ့ ရေးသူကို စာပေကျင့်ဝတ် နဲ့ အညီ လေးစားမှု ထားပြီး အမှန်အတိုင်း ဖေါ်ပြပေးဖို့ လေးနက်စွာ တောင်းဆိုလိုက်ပါတယ်

    လေးစားခင်မင်စွာဖြင့်

    မျိုးချစ်မြန်မာ

    • thit min

      January 22, 2012 at 8:08 am

      သည်နေရာမှာ ပြောစရာ တွေရှိပါတယ်။
      ကျနော် ဒီပို့စ်မှာ ခရက်ဒစ်ပေးဖို့ ခပ်စောစောထဲက ပြောထားပါတယ်။
      ဒါပေမဲ့ ရေးသူက လျှစ်လျှူရှူထားပါတယ်။
      အချက် ၂ချက် တွေ့ရပါတယ်။
      ၁။ကူးရေးတာကိုတွေ့လို့ပြောတိုင်း သိပ်ဂရုမစိုက်ကြပါဘူး။ဘာမှလဲမထူးပါဘူး။
      ၂။ ပြောတဲ့လူတချို့ကလဲ “လေသံမာ”ပါတယ်။ ရင့်တင့်တင့်လေးတွေရှိပါတယ်။
      ဟောက်စားပုံစံရှိခဲ့(ဘူး)ပါတယ်။ဆရာကြီး စတိုင်တွေနဲ့ ပြောတာတွေလဲရှိနေပါတယ်။
      သတိထားပြီး စကားထိန်းပြီး ပြောတတ်တဲ့လူက ခပ်ရှားရှားပါ။

      ပြောရရင် ပြောသူမှာရော အပြောခံရသူမှာပါ မထိရောက်ပါဘူး။
      =====================
      လိုအပ်တာလေးအကြံပြုရရင်—————->>

      ၁.ကူးရေးသူကို တွေ့ရင် သတင်းပို့နိုင်တဲ့ “နေရာလေး” တခုဖန်တီးပေးပါ။
      (ဖိုရမ်မှာထက် စတစ်ကီ လေး ပိုကောင်းပါလိမ့်မယ်၊လို့ ထင်ပါတယ်)
      ၂.တွေ့တဲ့သူကအဲဒီနေရာမှာ လာအကြောင်းကြားပါမယ်။
      ၃.ဦးခိုင်က လိုအပ်သလိုအရေးယူဆောင်ရွက်ပေးပါ။

  • ကိုခိုင်ရေ
    ဒီလိုကူးရေးတဲ့ပြဿနာက တကယ်ကြီးမားပါတယ်။
    ကြွယ်တာမဟုတ်ဘဲပြောရရင် ကျနော်စာတွေအများကြီး အကူးခံရ
    နာမယ်ပြောင်းပြီး ယူသွားတာကို ခံရတာအများကြီးပါ။
    ဒီပြင်နေရာမှာမပြောနဲ့ ဒီရွာမှာတောင် ကျနော်နဲ့ဦးကောက် ကူးတဲ့ပြဿနာတက်တော့
    “တောင်းပန်ဆိုရင်လဲ တောင်းပန်ရတာပေါ့ဗျာ”လို့ ကွန်မင်းပေးတာ သူကြီးလဲဖတ်ဘူးမှာပေါ့။
    သူကြီးကလဲ သုံးကြိမ်ခွင့်လွတ်တယ်လို့ ဆိုထားသကိုး။
    နောက်တစ်ဆိုက်မှာ ဒီလိုကူးရေးတဲ့အကြောင်းပြောတော့
    “ကိုပေါက်ရောကူးမရေးဘူးလား”လို့တောင် ပြန်အပြောခံခဲ့ရပါတယ်။
    နောက်တစ်ချို့ကတော့
    “စာရေးတယ်ဆိုတာ ပျံ့နှံ့စေချင်လို့မလား ကူးပြီးတင်တာ ဘာဖြစ်လဲ”ဆိုတဲ့သဘောရတဲ့
    ကွန်မင်းမျုးိပေးတာလဲခံရဘူးပါတယ်။
    အဲတော ဒီအင်တာနက်မှာစာရေးရတာကတော့ ကြိုက်သလောက်သာ ယူပေတော့ လို့ သဘောထားခံရတာအမှန်ပါဘဲ။
    တစ်ခုတော့ရှိပါတယ်သူကြီးရေ။
    မန်းလေးဂေဇက်ထဲကလူက သူများဆီက စာကို ခရက်ဒစ်မပေးဘဲ တင်ထားတာရှိသလို။
    အခြားဆိုက်ကလူကလဲ ဒီထဲက စာကို ယူပြီးတင်တာ ရှိပါတယ်။
    အကောင်းဆုံးကတော့ ကိုယ်သိက္ခာ ကိုယ်လုံအောင်နေတာ အကောင်းဆုံးပါဘဲ။
    အခုလိုတောင်းပန်ရတော့ သူကြီးလဲဘယ်ကောင်းမလဲပေါ့ဗျာ။
    အကောင်းဆုံးက ကူးတာသိရင် ဖြုတ်ချလိုက်။
    ဒါပေမယ့် စာဖတ်ပြီး မန်းမိတဲ့ ကွန်မင်းတွေကို တော့ ပွိုင့်မနုတ်နဲ့ပေါ့ဗျာ.
    နို့မို့ကြားက ငထွားခါးနာမှာပေါ့နော်။

Leave a Reply