အိန္ဒိယက အပျင်းပြေပုံရိပ်ကလေးများ

ThuyazawJanuary 19, 20125min57522

မသိသေးတဲ့သူတွေ ပြုံးနိုင် ရယ်နိုင်အောင်ပေါ့

ဒါလည်းပေါင်းခံကျိူချက်ထားတဲ ့ရေသန် ့တစ်မျိူးပဲမဟုတ်လား… သူကြီးလဲ ကြိုက်မယ်ထင်တာပဲဗျို့ တဂျီးရေ အဲဒီ Idea လေးမစိုးဘူးဗျနော် ကိုင်ငှဲ ့နေစရာမလိုတော ့ဘူးပေါ ့…အမှန်အကန်အားပေးသူတစ်ဦးရဲ  ့စိတ်ကူးကောင်းတစ်ခုပါပဲ…
အကြောမာချက်ကတော ့….ဟင်းဖြစ်နေတာတောင်…အေးရာအေးကြောင်းလုပ်နေနိုင်တုံး….
ခွေးကမဆိုးပါဘူး…ပိုင်ရှင်ကသာ ခွေးထက်ဆိုးတယ်လို ့ဆိုလိုတာပေါ ့နော်…
အိန္ဒိယမှာလည်း ဒီလိုစာလုံးပေါင်းမှားတတ်ကြသေးတယ်…
တရားရိပ်သာကထွက်ပြီး မင်္ဂလာဆောင်ကြတာနဲ ့တူတယ်…
မမြဲခြင်းသဘောတွေရင်မှာပိုက်ပြီး ကြင်နာလိုက်ကြမယ်ပေါ ့….တတ်လည်းတတ်နိုင်ကြပါပေတယ်…
ကားပါမစ်သွင်းလာတာနဲ့တူတယ် နံပါတ်ပြားပါသေးဝူး…. ဟီး
အလကားတော ့မထားဘူး….အကျိူးရှိအောင်အသုံးချရမယ်…
လေအိတ်ဆိုတဲ ့အတိုင်း လေတော ့ထည် ့ထားရမယ်လေ….ဒါမှ စာနဲ ့ညီမှာပေါ ့…
တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်….
နှစ်ခုစလုံးကလည်း စီးတော်ယာဉ်တွေချည်းပဲမဟုတ်ပါလား…
သောကကြီးသူတစ်ယောက်ရဲ  ့ပူပန်မှုလို ့ဆိုယင်လည်းမမှားဘူးပေါ ့…
ဪ….အားပေးလိုက်ကြတာ…
ဘယ်ပါတီကများလည်းမသိဘူး…ပါတီဝင်ကတစ်ယောက်…
ဥက္ကဌတွေ၊ အတွင်းရေးမှူးတွေ၊ အမှုဆောင်တွေက ပိုများနေသလိုပါပဲလား…
လောက…လောက ပြောပြ၊ ဩချလောက်ပါပေတယ်…
အင်း….အဲဒီဆန်တွေတော ့ချက်စားလို ့ကောင်းတော ့မယ်…
ဇနီးလေးလည်းမကျန်ခဲ ့…ဆန်အိတ်ကြီးလည်းတစ်ခါတည်းအပါ….
အိန္ဒိယအမျိူးသမီးတွေရဲ  ့သတ္တိလည်းမသေးဘူးဗျ…နော်…
အားကျအတုယူလိုက်ကြရအောင်…
မပိုင်ဘူးလားကွယ်တို ့….
အညီအမျှပဲ…ဘယ်သူ ့ဘယ်သူမှ ပိုမရဘူး…
ငယ်ကတည်းက အိုင်တီနည်းပညာကို ဒီလိုပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်တာ…
ထမင်းမေ ့ဟင်းမေ ့ရုံတင်မက အဝတ်အစားပါဝတ်ဖို ့မေ ့တာ…
ပုံကောင်းကောင်းတစ်ခုရဖို ့ဆိုတာ လွယ်တယ်မထင်နဲ ့…
ကလေးထက်ပိုအရေးကြီးတယ်…
တောင် ့ထား ဆွပ်ပရား…
ကဲ ရယ်စရာပုံလေးတွေကြည့်ပြီး ရွာသူ/ရွာသားတွေ အသက်ရှည်ပါစေလို့ ရည်ရွယ်ပြီး ပြန်လည်ဝေမျှပေးလိုက်တာပါ

22 comments

  • စိန်ပေါက်ပေါက်

    January 19, 2012 at 11:30 am

    ဟဲ့.. ဟဲ့..
    အဆန်းတွေပါလား.
    ကြီးမိုက်တင်တဲ့ Profectional Photographer က အဘိုးကြီးတောင် ပါသေး..
    တော်တော်နောက်တဲ့ပုံတွေ..အဟေး..ဟေး..
    သာဓုနော့်

  • ဆူး

    January 19, 2012 at 11:44 am

    အိန္ဒိယမှာတော့ ယာဉ်တိုက်မှုဆိုတာ ထမင်းစားရေသောက်လိုပါပဲ.. အကောင်းတိုင်း တင်းရင်းနေတဲ့ ကားမရှိသလောက်ပဲ.. ကားတိုင်းက ပိန်ချိုင့်နေတာပဲ..
    အောက်ဆုံးက သုံးဘိန်းကား မှောက်တာ မြင်တော့ ကိုယ်တိုင် ဆိုက်ကားစီးပြီး အရှေ့က တိုက်လို့ လည်သွားပြီး အနောက်က ထပ်တိုက်ခံရလို့ နောက်တပတ်လည်သွားတဲ့ အဖြစ်ကို ပြန်သတိရမိတယ်။
    အဲဒီတုန်းကတော့ သံဓိဠာန်ချလိုက်တယ်.. အမလေး မအော်တော့ပဲ ဘုရား ဘုရား ဆိုပြီး တတော့မယ်လို့.. အချိန်မရွေးသေသွားနိုင်တာမို့ ဘုရားတပြီး သေရင် ကောင်းရာ ဘုံလားအောင်..
    ဘေးမသီရန်မခ မြန်မာပြည်ကို ပြန်ရောက်လာတော့.. တော်ပါသေးရဲ့ ဟင်းးး ချ နိုင်သွားတယ်။

  • water-melon

    January 19, 2012 at 12:30 pm

    ပုံတွေကြည်ပြီး ရယ်မိပါကြောင်း
    ဖိနပ်ကို ခတ်ထားကို ပုံကို အကြိုက်ဆုံး 😀

  • စုံ စုံ

    January 19, 2012 at 1:04 pm

    ပုံတွေကရီရတယ်နော် သဘောကျပါတယ် 😛

  • နွယ်ပင်

    January 19, 2012 at 1:16 pm

    ပုံတွေက အမိုက်စားတွေကြီးပဲ ကြည့်ပြီးရီလိုက်ရတာ 🙂
    ဇနီးလေးလည်းမကျန်ခဲ ့…ဆန်အိတ်ကြီးလည်းတစ်ခါတည်းအပါ ဆိုတဲ့ ပုံကိုတော့ အကြိုက်ဆုံးပဲ 😛

  • Thel Nu Aye

    January 19, 2012 at 1:30 pm

    ”ဪ….အားပေးလိုက်ကြတာ…
    ဘယ်ပါတီကများလည်းမသိဘူး…ပါတီဝင်ကတစ်ယောက်…
    ဥက္ကဌတွေ၊ အတွင်းရေးမှူးတွေ၊ အမှုဆောင်တွေက ပိုများနေသလိုပါပဲလား…
    လောက…လောက ပြောပြ၊ ဩချလောက်ပါပေတယ်…”
    ဆိုတဲ့ပုံကိုအကြိုက်ဆုံးပဲ။ မြန်မာနိုင်ငံမှာလတ်တလောဖြစ်နေတာနဲ့တူလို့။ ဒီပုံကိုအောင်သိန်းလင်းတို့ကြံဖွတ်ကိုပုံကြီးချဲ့ပြီးပို့လိုက်ပါလား။ ဒီလိုဖြစ်တတ်တယ်သတိထားလို့။

    စက်ဘီးနဲ့ဖိနပ်ကတော့မိုက်တယ်။ အလှုသွားရင်အဲလိုလုပ်ရမယ်။

    ”ဇနီးလေးလည်းမကျန်ခဲ ့…ဆန်အိတ်ကြီးလည်းတစ်ခါတည်းအပါ….”
    မန်းတလေးသားတွေဆန်အိပ်ကိုအဲလိုတော့သယ်နဲ့နော်။ လူဂျိုး။

    ”ပုံကောင်းကောင်းတစ်ခုရဖို ့ဆိုတာ လွယ်တယ်မထင်နဲ ့…
    ကလေးထက်ပိုအရေးကြီးတယ်…”
    ကိုပေါက်ဓါတ်ပုံတွေအဲလိုတော့ရိုက်နဲ့နော်။

  • Anzartone

    January 19, 2012 at 2:12 pm

    ဖိနပ်ကိုပါ သော့ခတ်လို့ရတယ် ဆိုတာ အခုပုံကို ကြည့်မှပဲ သိတော့တယ်။
    အဲဒီ Idea ကိုတော့ ခိုက်သွားပြီဗျို့ ………….. 😀 😀

  • myanmarcitizen

    January 19, 2012 at 2:38 pm

    ကျေးဇူးပဲဗျို့ ။ ကြည့်ပြီး ရီသွားတယ် ။ 🙂

  • kyeemite

    January 19, 2012 at 2:53 pm

    ကျုပ်လဲအဲဒီဒါတ်ပုံတွေ အကုန်တင်မလို့ဘဲ..
    တစ်ပုံတင်တာတောင်ရွာပါတ်နေလို့ဗျို့..မကျွမ်းကျင်သေးလို့..တင်ပေးတဲ့
    thuyazaw21451 ကိုကျေးဇူးပါ..

  • thuyazaw21451

    January 19, 2012 at 3:02 pm

    ကိုကြီးမိုက်ကြီးရေ သတင်းလုတင်သလိုဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်ဗျာ……. ရွာသူ/ရွာသားအပေါင်း တွေ ပျော်ရွှင်စေဖို့သက်သက်ပါပဲ………. ကိုကြီးမိုက်ကြီးစိတ်မဆိုးဘူးဆိုရင် အပေါ်ဆုံးက ပုလင်း ကုန်အောင်သောက်သွားပါဗျာ………

  • awra-cho

    January 19, 2012 at 3:06 pm

    အိန္ဒိယအမျိူးသမီးတွေရဲ ့သတ္တိလည်းမသေးဘူးဗျ
    အမျိူးသမီးက အံကြိတ် ပြီးချနေတာ။ နောက်နေ့ဆို ဂျေးလ် ပဲထင်တယ်၊

  • etone

    January 19, 2012 at 3:29 pm

    ဖတ်ပြီးရယ်လိုက်ရတာ ခွက်ထိုးခွက်လန်ပဲ 😀

  • ahnyartamar

    January 19, 2012 at 3:46 pm

    If you want to see that kind funny photo or picture, you can check in under blog, actually all photo are from blogger Ko Peter.
    http://blog.kopeter.com/

  • thuyazaw21451

    January 19, 2012 at 4:08 pm

    မသိသေးတဲ့သူတွေ ပြုံးနိုင် ရယ်နိုင်အောင်ပေါ့ ဆိုတဲ့ခေါင်းစဉ်နဲ့တင်ထားပါတယ်………. ကျွန်တော်ကိုယ်တိုင် ဖန်တီးထားတယ်လဲမပြောမိပါ………… ahnyartamar ခုလို မူရင်းဆိုဒ်လေးတင်ပေးလိုက်တော့ ကောင်းတာပေါ့……… ကျွန်တော်လဲ တဆင့်တဆင့် ရရှိရင်း ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါကြောင်း……………….

  • Rose Minn

    January 19, 2012 at 4:33 pm

    စိတ်ညစ်တဲ့စိတ်တောင်ဘယ်ရောက်သွားမှန်းမသိရအောင် ရိုက်ချက်တွေ ပြင်းထန်ပါပေတယ်။ ကိုသူရဇော် ရဲ့ အဓိပ္ပါယ်ဖော်လိုက်တဲ့ စာသားတွေက ပိုလို့တောင်ရီရတယ်။ ဟောပြောသူ ရှေ့တစ်ယောက်ထဲငုတ်တုတ်ထိုင်နေတာ အရီရဆုံးပဲ။ 😛 😛

  • manawphyulay

    January 19, 2012 at 4:58 pm

    ဓာတ်ပုံရိုက်နေတဲ့ပုံကတော့ ဦးဦးဘလက်ကြီးလား ဒါမှမဟုတ် ဦးဦးစိန်သော့ကြီးလားမသိ… ပုံကောင်းကောင်းတွေ ထွက်တဲ့ ဆရာတွေဆိုတော့ အဟိ ရယ်ရတယ်နော်။ ပုံတွေက အဓိပ္ပာယ်အပြည့်ပဲ။ စာတပ်ရေးထားစရာတောင်မလိုဘူး။

  • ahnyartamar

    January 20, 2012 at 8:49 am

    I’m not blame to anyone, i just shared to all, what i knew small one.

  • တောတွင်းပျော်

    January 21, 2012 at 10:31 pm

    ပုံတွေက မရီရနေနိုင်ရိုးလား………….!!!!
    ဟားဟားဟား………….

Leave a Reply