“သားစိုး ပြောစကားအမှန်လား အမှားလား?”

buutheeJanuary 19, 20121min1017

“ကြားဖြတ် ရွေးကောက်ပွဲမှာ တိုင်းပြည် ကောင်းစားဖို့ကိုပဲ စဉ်းစားပြီး လုပ်တဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုပဲ ထောက်ခံသွားမယ့် သားစိုး”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂီတအနုပညာရှင် တို့တွေ့ဆုံခဲ့ကြတာ အခုဆိုရင် ၃ကြိမ် တွေ့ဆုံမှုမှာ ၁ကြိမ်ထက် တစ်ကြိမ် ဂီတဘက် က အနုပညာရှင်တွေ စုံသလောက် နီးပါးတွေ့ခဲ့ ရပေမယ့် ဟစ်ဟော့ပ် အဆိုတော် သားစိုးကိုတော့ တွေ့ဆုံမှုတွေ အထဲမှာ မတွေ့ခဲ့ရပါဘူး။ တွေ့ဆုုံကြတဲ့မှာ ဘာကြောင့် မပါဝင်ဖြစ် တာလဲဆိုတဲ့ အမေး ကို တော့ သားစိုးက ”ကျွန်တော်က သာကူး မဟုတ်ပါဘူး။ အရင်တုန်းက အဘ အဘ နဲ့ အခုမှ အစ်မ အစ်မ ဖြစ်သွားတဲ့ လူတွေထဲမှာလည်း ကျွန်တော်မပါဘူး။ ကျွန်တော် နဂိုကတည်းက BBC, VOA, RFA စသဖြင့် နိုင်ငံရေး အကျပ်အတည်း ရှိတဲ့ အချိန်ကတည်းက ကမ္ဘာ့ သတင်းစာတွေ နဲ့ကအစ မြန်မာ နိုင်ငံရေး အခြေအနေကို ပွင့်လင်း စွာပြောခဲ့တယ်။ ကျွန်တော်က ဖြစ်သင့်တာ၊ ကောင်းတာကို ပြောတဲ့အတွက် ဘယ်သူမှ အနှောင့် အယှက်မပေးဘူး။ အခုမှ ဒီလိုမျိုးသွားတဲ့ အထဲမှာ အရင်တုန်း ကတော့ အခွင့်အရေး ရတဲ့ဘက်မှာ နေပြီး၊ အခုမှ ပြောင်းလာကြတဲ့ လူတွေလည်းပါတယ်။ ဘယ်သူတွေ ဘာလဲဆိုတာ ပရိသတ် က သိပါတယ်။ ဒါကြောင့် ကျွန်တော့်လိပ်ပြာ ၊ကျွန်တော် လုံတဲ့ အတွက်ကြောင့် ဘာမှလုပ်စရာ မလိုပါဘူး။ ကျွန်တော် ဘာလုပ်သလဲ ဆိုတာ ပရိသတ်က သိပါလိမ့်မယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လည်း ကျွန်တော့် ရဲ့ရပ်တည်ချက် က ဒေါ်အောင်ဆန်းစုကြည်က ကော ကျွန်တော်တို့ကို ဘာတွေလုပ်ပေးမှာလဲ။  အခုလက်ရှိ အစိုးရ ကကော ဘာတွေ လုပ်ပေးမှာလဲ။ ကျွန်တော်တို့ တိုင်းပြည်ကို ဦးဆောင်မယ့်သူက ဘယ်သူပဲ ဖြစ်ပါစေ။ တိုင်းပြည် တိုးတက်အောင်၊ အခြေအနေ တိုးတက်အောင် ဦးဆောင်ပေးနိုင်တဲ့ သူတွေ ဘက်ကို ကျွန်တော် လိုက်မှာပါပဲ။ ကျွန်တော့်မှာ ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော် သီချင်းစပ်ထားပါတယ်။ သာကူး နဲ့နှာဘူး၊ နှာဘူး နဲ့ဂန်ဒူး၊ ဂန်ဒူးနဲ့ အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာပါလိမ့်မယ်” လို့ပြောပါတယ်။ ဆက်လက်ပြီး သားစိုးက ဧပြီ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက် ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီတွေနဲ့ ပတ်သက်ပြီးလည်း ”အရင် ကျော်ဖြတ်ခဲ့ရတဲ့ သင်ခန်းစာ အဟောင်းတွေကို ယူပြီးတော့ အခု လက်ရှိမှာ ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ကြည့်ရမယ်။ ကြည့်ပြီးတော့မှ ကျွန်တော်တို့က ဘယ်ဟာက အကောင်းဆုံး ဖြစ်နိုင်မလဲပေါ့။ ကိုယ့်တိုင်းပြည် အတွက် တကယ်ကောင်းတဲ့ သူကို ကျွန်တော် တို့က တကယ် ထောက်ခံမှာပါ။ လောလောဆယ် မှာတော့ ဘယ်သူ့ဘယ်သူကိုမှ ကျွန်တော် မပြောနိုင်သေးပါဘူး။ ကျွန်တော့် အနေနဲ့ နိုင်ငံရေးအစွဲ လည်းမရှိပါဘူး။ တိုင်းပြည် ကောင်းစားဖို့ အတွက် ဘာကိုမှ မစဉ်းစားဘဲနဲ့ တိုင်းပြည် အကျိုးကိုပဲ စဉ်းစားပြီး လုပ်တဲ့ အဖွဲ့အစည်း ၊လူပုဂ္ဂိုလ်ကိုပဲ ကျွန်တော် ထောက်ခံ သွားမှာပါ” လို့ ပြောပါတယ်။

(လင်းအက္ခရာ)

ကျွန်တော်ပြောချင်တာက ဒီမိုကရေစီ ရတယ်ဆိုရင် လွတ်လပ်စွာပြောဆိုခွင့် သဘောထားကွဲလွဲခွင့်ရှိပါတယ်

ကျွန်တော်နိုင်ငံရေးကိုဘာမှတော့နားမလည်ပါဘူး. ဒါပေမယ့် သူပြောသွားတာလဲမှန်ပါတယ်

မှားတာလေးတွေလဲပါကောင်းပါ ပါလိမ့်မယ်…ကျွန်တော့်အမြင်ကတော့ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်

ခင်များတို့ အမြင်လဲပြောေးကြပါလို့

7 comments

  • awra-cho

    January 19, 2012 at 3:00 pm

    လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်။ သူ့ ကို တိုက်ခိုက် တဲ့သူတွေ က ပုဂိုလ်ရေး ကိုးကွယ် တဲ့သူ
    တွေပါ၊ ဒေါ်စု ဘာလုပ်လုပ် မျက်စိမှိတ် ထောက်ခံတဲ့သူတွေပေါ့။ဒေါ်စု ကို ကျွန်တော် လည်း ထောက်ခံ
    ပါတယ်။အခုထိ ပေါ့လေ၊

  • “”ဒီလိုမျိုးသွားတဲ့ အထဲမှာ အရင်တုန်း ကတော့ အခွင့်အရေး ရတဲ့ဘက်မှာ နေပြီး၊ အခုမှ ပြောင်းလာကြတဲ့ လူတွေလည်းပါတယ်။ ဘယ်သူတွေ ဘာလဲဆိုတာ ပရိသတ် က သိပါတယ်။ ဒါကြောင့် ကျွန်တော့်လိပ်ပြာ ၊ကျွန်တော် လုံတဲ့ အတွက်ကြောင့် ဘာမှလုပ်စရာ မလိုပါဘူး။””

    သားစိုးအနေနဲ ့ခုလိုပြောတာကို ကျနော်မငြင်းပါဘူး။သူက အမေစုနဲ ့ပတ်သက်လို ့ သိရအောင်၊သိအောင် မကြိုးစားခဲ့ဘူးလို ့ဘဲ
    မှတ်ချက်ချရမှာပေါ့ဗျာ။ခက်တယ်ဗျာ။

  • Thel Nu Aye

    January 19, 2012 at 9:13 pm

    ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။ အကုန်ထောက်ခံနေလို့လဲမဖြစ်ဘူးပေါ့။ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိတယ်ဆိုတဲ့အတိုင်းအဆိုးမြင်မဟုတ်ပဲအပြုသဘောဆောင်တဲ့ကန့်ကွက်မှု့တွေလဲလိုအပ်ပါတယ်။ စောင့်ကြည့်မှု့ဆိုတာလဲလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ လူဆိုတာလုပ်ရတဲ့အလုပ်သိပ်များရင်လစ်ကွက်၊ ဟာကွက်ဆိုတာရှိစမြဲပဲလေ။ ဒါကိုစောင့်ကြည့်ပြီးတော့အပြုသဘောဆောင်ဝေဖန်အကြံပေးမယ်ဆိုရင်အမေစုလဲကြိုဆိုမှာပါပဲ။ အခုလဲဝေဖန်မှု့တွေကြိုဆိုကြောင်းအမေကပြောတယ်ဆိုတော့ကျွန်မတို့လဲဝေဖန်အကြံပေးမယ့်သူတွေ ကိုစောင့်ကြည့်လိုက်ကြပါစို့။

  • Reign

    January 23, 2012 at 2:21 pm

    How can we measure the performance of a political leader when he/she is not given a chance to prove it? A government has a primary duty to serve its people and must ensure the rule of law and rights of citizen/public, so what a government done for a country is partly doing their jobs while there might be some % of outstanding performance if compared with the rest of the governments. In every country, politicians used to give promises before election period but most of these promises are hardly materialized as Kyant Phyut did in last election. Though there is a right to disagree freely in a democracy, people should think twice before making any comment if they are celebrities because they they said might seriously influenced people who don’t know politics and the worse might be that the people who make comment generously might not be competent in politics.

  • Reign

    January 23, 2012 at 2:23 pm

    Please let me correct ” because what they said might seriously influenced people…..

  • ရွှေဘိုသား

    January 23, 2012 at 8:12 pm

    သူပြောတာလည်းမှန်ပါတယ်လွတ်လွတ်လပ်လပ်ပေါ့
    မှန်သင့်သလောက်မှန်ပါတယ်
    သူပြောသလို အမေစုကကော ဘာလုပ်ပေးနိုင်မှာလည်း ဆိုတာကတော့ အပြောနည်းနည်းမတတ်သေးဘူးလို့ပဲဝေဖန်အကြံပြုချင်ပါတယ်ဗျာ

  • SkyHeart WinKo

    June 10, 2012 at 8:58 pm

    ပါတီတွေလည်းခွပ်၊လူမျိုးတွေလည်းခွပ်၊အဖွဲ့တွေလည်းခွပ်၊မိသားစုလည်းခွပ် ဒိုင်လုပ်သူကပျော်လိုက်မဲ့ဖြစ်ခြင်း ဒို့ဗိုလ်ချူပ်ပြောသလို ကြက်နိုင်ငံကြီးဖြစ်တော့မယ်နဲ့တူတယ် မောင်သားစိုးရယ်။

Leave a Reply