ဒေါ်စုခင်ဗျား

kokothandarJanuary 19, 20121min11512

သာမန်အားဖြင့်ကြည့်ရင် ဒေါ်စုတို့လွယ်လွယ်လေး နိူင်မှာပါ  ဒါပေမဲ့ ၉ဝတုံးကနိူင်ရဲ့နဲ့တောင် နေရာမပေးခဲ့တာရှိတယ်နော် ဒေါ်စုကို သိက္ခာချဖို့ချောင်းနေတဲ့ ရန်ကုန်တိုင်း

ကျတ်ဖွတ် တာဝန်ခံ အောင်သိန်းလင်းကိုလဲ လျော့မတွက်ပါနဲ့ အရွေးခံရပြီး လွှတ်တော်ထဲရောက်လာရင် ကြိုဆိုပါတယ်ပြောတဲ့ ဥက္ကဌ နှစ်ယောက်စကားလဲ မသာယာပါနဲ့

တစ်ကယ်တော့ရောက်လာမှာကြောက်နေကြသူတွေချည်းပါ  ကြိုတင်မဲတွေနဲ့ ဒေါ်စုကို ဒေါက်ဖြုတ်ပြီး ကြိုဆိုချင်ပေမဲ့ သူအရွေးမခံရတော့ ဝမ်းနည်းပါတယ် အပြောမခံရခင်

နိူင်ငံတစ်ကာ စောင့်ကြည့်ရေးအဖွဲ့တွေ ကော့မှုးမှာကြည့်စေဖို့ ဖိအားပေးသင့်ပါတယ် ဒေါ်စု မဲလိမ်ခံရလို့ မနိူင်ရင် တိုင်းပြည်မျောပြီ

အရင်ကျတ်ဖွတ်ကရွေးခံရသူ အားလုံးဟာ ကြိုတင်မဲတွေကြောင့်ဆိုတာသတိ ရှိစေချင်ပါတယ်

ညစ်ပတ်မခံရဖို့

12 comments

  • kyeemite

    January 19, 2012 at 1:28 pm

    kokothandar ရဲ့ပို့စ်ကိုအပြည့်အဝထောက်ခံတယ်ဗျာ..ကျွန်တော်လည်းဒါဘဲစိုးရီမ်တာ..
    အဖက်ဖက်ကဖိအားတွေပိလွန်လွန်းလို့သာ..နဲနဲပြောင်းပြနေတာ..မယုံရသေးဘူးဗျ..
    နှစ်ပေါင်းများစွာလိမ်လာခဲ့တာဆိုတော့…လိမ်တာကိုဘိန်းစွဲသလိုစွဲနေကြပီဗျ…
    အပီအပြင် သတိကြီးစွာထားသင့်ပါကြောင်း..

  • စိန်ပေါက်ပေါက်

    January 19, 2012 at 1:48 pm

    ဒီဖွတ်တစ်ကောင် တော်တော်ဦးနှောက်ပတ်စားနေပါလား..
    ဟိုမှာလဲ ဖွတ်.ဒီမှာလဲဖွတ်..ဖြစ်နေတယ်..
    အာရုံနောက်လာဘီ..ဒေါခွီးလာဘီ…
    ညှင်း.ညှင်း..

  • Thel Nu Aye

    January 19, 2012 at 2:25 pm

    သတိထားနိုင်မှတန်ကာကျမှာပါ။ ရှေ့ပိုင်းမှာဟိုလိုဒီလိုနဲ့ လျှော့သလိုလိုဘာလိုနဲ့ တကယ့်အချိန်ကောင်းကျမှဆော်ထည့်လိုက်ရင်ဘာမှတတ်နိုင်မှာမဟုတ်ဘူး။ သူတို့ထဲမှာကလိန်ကကျစ်တွေကျန်နေသေးတယ်။ သမာဓိဆိုတာချိန်ခွင်လား။ သိက္ခာဆိုတာ အရမ်းခါခိုင်းတာလားဆိုတဲ့ ဂုဏ်သိက္ခာ သမာဓိ ဘာမှမသိ၊ဘာမှမရှိတဲ့လူတွေရှိနိုင်ပါသေးတယ်။

  • ဆူး

    January 19, 2012 at 2:45 pm

    အောင်သိန်းလင်းက ပြီးခဲ့တဲ့ အခေါက်တုန်းကလည်း ကြိုတင်မဲကြောင့် ပါကွယ်။
    အဲဒီက မဲရုံ မဲရေတုန်းက အင်တာနက်မှာ တချိန်လုံး စောင့်ကြည့်နေတာ.. ၁မဲနဲ့ နိုင်တယ် ရှုံးတယ် အကြိတ်အနယ်မှာပဲ ကြိုတင်မဲကြောင့်သာ နိုင်သွားတာမို့..
    ပထမ အကြိမ်ကို နမူနာယူပြီး လူတွေလည်း ပိုပြီး သိလာ ကြလိမ့်မယ်လို့ ယုံတယ်။
    လုံးဝ ရှုံးစရာ အကြောင်းမရှိဘူးလို့ ယုံကြည်တယ်။

  • ahnyartamar

    January 19, 2012 at 2:51 pm

    That’s right, I’m also fully support for kokothandar said.

  • awra-cho

    January 19, 2012 at 2:52 pm

    ဒေါ်စု လဲ သဘော ပေါက်မယ် (ထင် )ပါတယ်၊ ကျွန်တော် လည်း ကိုယ်တွေ့ ဆိုတော့ မယုံရေးချ မယုံ။

  • etone

    January 19, 2012 at 4:19 pm

    အမ်အာတီဗွီဖိုး ကနေ လိုက်ဖ်ရှိုးတွေလို … တိုက်ရိုက်ပြသလျှင် အရမ်းကောင်းမှာပဲ .. ဟီးဟီး … 😀

  • ဦးဦးပါလေရာ

    January 19, 2012 at 6:59 pm

    သူတို့ညစ်လဲ
    ဒေါ်စုနိုင်မှာပါ။
    တကယ်လို့ ဒေါ်စု ဒီတပွဲ မနိုင်အောင် လုပ်နိုင်ရင်တောင် ဘာမှမဖြစ်ပါဘူး..။
    လွှတ်တော်ထဲ ကိုယ်တိုင်မသွားရရုံပဲ ရှိပါတယ်။
    ဒေါ်စုသွားမယ့်လမ်းကို မတားဆီးနိုင်တော့ဘူးလို့ပဲ ယူဆပါတယ်။
    ဒေါ်စု ဘယ်မှာနေနေ သူတို့ အသာစီးရမယ့်ခေတ်ကတော့ ကုန်သွားပါပြီ။

  • အင်း ကျနော်တော့ စဉ်းစားမိပါတယ်။ဒီလူတွေ ရသလောက်တော့ညှင်းအုံးမှာပါ။မနိုင်တော့တဲ့ အဆုံးမှာ
    အာဏာထပ်သိမ်းမှာ တောင်စိုးမိတယ်ဗျာ။

    • Thel Nu Aye

      January 19, 2012 at 9:19 pm

      အာဏာထပ်မသိမ်းတော့ပါဘူးလို့တော့ရွှေမန်းကအာမခံနေတာပဲ။ ယုံကြည်ပေးလိုက်ကြရအောင်။ သိမ်းတော့လဲအဲဒီအချိန် မီးဒုတ် မီးဒုတ်ပေါ့။

  • zaw min

    January 19, 2012 at 8:56 pm

    လက်ရှိ အနောက်နိုင်ငံတွေနဲ့အစဉ်ပြေချောမွှေ့နေတာ ဘယ်သူကြောင့်လဲ၊ပိတ်ထားတဲ့ တံခါးတွေကိုတွန်းဖယ်နေတာဘယ်သူလဲ၊
    လက်ရှိအစိုးရက ဒေါ်စုကိုလက်တွဲလို့ ရလာတဲ့ ရလဒ်တွေပါပဲဆိုတာဘယ်လိုမှငြင်းနိုင်မှာမဟုတ်ပါဘူး…တကယ်လိုအပ်နေတာက ပြည်သူတွေဘက်ကတစ်ကယ့်ယုံကြည်ချက်နဲ့အပြည့်အဝထောက်ခံဖို့ပါပဲ…ကျန်တာက သူတို့အလုပ်သူတို့ဆက်လုပ်မှာပါ…

  • timothy

    January 20, 2012 at 12:57 am

    ဒီစစ်ဘီလူးတွေကိုဘယ်သူကမှယုံကြည်စိတ်ချလို့မရဘူးဆိုတာအားလုံးအသိပါ။
    အနုနည်း၊သွေးထွက်သံယိုမရှိရဘဲငြိမ်းချမ်းစွာနဲ့ဒီမိုကရေစီခေါတ်ကိုရောက်နိုင်ရင်အားလုံးအတွက်၊
    အမြတ်ထဲကအမြတ်ထွက်၊တကမ္ဘာလုံးကလဲ၊ဦးသိန်းစိန်ကိုဝိုင်းပြီးချစ်လိုက်မဲ့ဖြစ်ရပ်တွေဘဲ။
    ယုတ်ယုတ်ရက်ရက်ဖြစ်လာရင်စစ်တပ်ကအာဏာသိမ်းဘို့ဗိုလ်သန်းရွှေကမှာထားပြီးသား။
    အဆိုးဆုံးကိုလဲတွက်ထားကြဘို့မမေ့ကြပါနဲ့။
    စစ်ဆပ်ကအာဏာသိမ်းဘို့လုပ်လာတယ်။
    အဖမ်းအဆီးတွေစလာပြီဆိုတာနဲ့၊
    လူထုအင်အားပြကြဘို့ပြင်ထားကြပါ။
    လစ်ဗျားမှာလို၊သူသေကိုယ်သေ၊လူထုအားအင်တွေနဲ့စစ်တပ်တွေကိုဝင်လုံးဘို့ပြင်ထားရမယ်။
    အမေစုအိမ်ကို၊တင့်ကားဘရင်းကယ်ရီယာတွေနဲ့လာနေပြီဆိုတာနဲ့၊
    ကျုပ်တို့ခေါင်းဆောင်ကိုရန်သူ့လက်အောက်အကျမခံဘဲ၊
    အိမ်ဝင်းကိုသန်းပေါင်းများစွာသောပြည်သူလူထုကဝိုင်းထားရမယ်။
    သွေးမြေကျတော်လှန်ရေးကြီးဆင်နွှဲရမယ်။
    အကောင်းဆုံးအတွက်ကိုလုပ်နေကြပေမဲ့၊
    အဆိုးဆုံးအတွက်လဲ၊
    အဆင်သင့်ပြင်ထားကြဘို့နှိုးဆော်လိုက်ရပါတယ်။

Leave a Reply