“ရှေးရှေးကတည်းက ရှိခဲ့တဲ့ ရန်ကုန်က …………………”

1 အပြာရောင်ကောင်းကင်အောက်က ဗိုလ်တစ်ထောင်ဘုရား
2 ဗိုလ်တစ်ထောင်စေတီထဲက ဌာပနာတိုက်.......
3 ဗိုလ်တစ်ထောင်ဘုရား အတွင်းက ထူးခြားတဲ့ ဖွဲ့စည်းပုံအဝင်လမ်းလေးပါ
4 ဗိုလ်တစ်ထောင်က အုုန်းပင်တန်း
5 တရားရုံးအဟောင်းဘယ်တော့များ ပြောင်းသွားအုံးမလဲမသိ ဗိုလ်တစ်ထောင်ဆိပ်ကမ်းနားမှာပါ
6 နေ့ခင်းဘက်မှာမြင်ရတဲ့ မြိုတော်ခန်းမ
7 မီးသတ်အဆောက်အဦး ရေးဟောင်းပစ္စည်းပါဘဲ
8တောကလာတဲ့သူ ဘုရားမှတ်လို့ထိုင်ရှိခိုးတယ်ဆိုပြီး အလှောင်ခံရဘူးတဲ့ ရန်ကန်ုဘူတာကြီး
9 ရန်ကုန်ဘူတာကြီး အဆောက်အဦးအပြည့်
10 ဒါကတော့ ခေတ်သစ်အဆောက်အဦးပါ

 

“ရှေးကတည်းက ရှိခဲ့တဲ့ ရန်ကုန်မြို့က ဘုရားနဲ့အဆောက်အဥိ်”

 

အခုတစ်ခေါက်ရန်ကုန်ရောက်တော့ နေရာတော်တော်များများကိုရောက်ပါတယ်။

ဆူးလေ ဗဟိုတရားရုံး မြို့တော်ခန်းမ  ဗိုလ်တစ်ထောင်  ဆိုတာတွေကရှေးကတည်း

ကရှိခဲ့တဲ့အဆောက်အဥိတွေပါဘဲ။

ဒါပေမယ့် ရောက်ခဲတဲ့ ကျနော်အမြင်မှာ မြို့လည်ခေါင်က ရှိတဲ့ အဆောက်အဥိတွေထဲမှာ

ကျနော်မြင်ခဲ့ဘူးတဲ့ အဆောက်အဥိတွေ ဘုရားတွေက အခုထိ ပုံမပျက်ရှိနေသေးတာ ဝမ်းသာစရာ။

မန်းလေးဘူတာကြိးကတော့ ဝမ်းနည်းစရာပုံပြောင်းသွားပေမယ့်ရန်ကုန်ဘူတာကြိးကတော့

ရှေးမူမပျက်ရှိမြဲ ရှိဆဲ။

ကဲလက်ဆော့ထားတာလေးတွေ မျှဝေပေးလိုက်ပါတယ်။

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(29-1-2012)

 

17 comments

  • အာချိတိုမိုတို လီဂျင်ဖရဲသီး

    January 30, 2012 at 8:16 am

    မနက်စောစောဆီးဆီးမှာ အရမ်းကျက်သရေရှိတာဘဲ လေးပေါက်
    ဖူးမျှော်သွားပါတယ်။

  • အာချိတိုမိုတို လီဂျင်ဖရဲသီး

    January 30, 2012 at 8:26 am

    လေးပေါက် မြိုတော်ခန်းမဘေးက ပြင်နေတာက ဝန်ကြီးရုံးလား

    • htoosan

      January 30, 2012 at 9:11 am

      ဖရဲရေ.. အဲ့ဒါ အရင် က လူဝင်မှုကြီးကြပ်ရေး ရုံး ။ အဲ့ဒီမတိုင်ခင် ဟိုရှေးရှေးတုန်းကတော့ ရိုးလ်ကုန်တိုက်ဆိုလား ..အခုတော့ ကြားတာ ဟုတ်ချင်မှ ဟုတ်မယ်နော် Max Myanmar ကို လက်သိပ်ထိုးပေးထားတယ် လို့ ကြားတာဘဲ။ ငှါးရန် တင်ဒါလည်းမခေါ် ဘာသံမှ မကြားဘဲ ပြင်နေတာ ။ အသံမကြားလိုက်ဘဲ ပြင်နေတဲ့ အဖိုးတန် ရှေးဟောင်း အဆောက်အဦးတွေ ရှိသေးတယ် ။ ခရီးသွား ဝန်ကြီး ရုံးဟောင်း ၊ နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်း၊ဘာသံမှ မကြားလိုက်ဘဲ ပိုင်ရှင် အသစ် တွေ ဖြစ်ကုန်တယ် ..

    • htoosan

      January 30, 2012 at 9:25 am

      ဗဟိုတရားရုံးမဟုတ်ဘူး ဦးပေါက်ရဲ့ ။ ဗဟိုတရားရုံးက မြို့တော်ခန်းမဘက်ကနေ ပြန်ရိုက်မှ မြင်ရမှာ။ ပန်းခြံနဲ့မျက်နှာခြင်းဆိုင် ၊ Church နဲ့ နိုင်ငံခြားဘဏ်ကြားထဲမှာ။

  • စိန်ပေါက်ပေါက်

    January 30, 2012 at 11:24 am

    အူးပေါက်ရေ
    မီးသတ်အဆောက်အအုံက ပြိုကျတော့မယ်ထင်တယ်..
    တော်တော် စောင်းနေပြီနော့

  • shweminnthar

    January 30, 2012 at 1:52 pm

    ကြည်ညိုဖူးမြော်..သာဓုခေါ်..
    ရိုက်ချက်ကောင်းလှ..ဂွတ်လေစွပါတကား..

  • ကိုထူးဆန်းရေ
    ဟုတ်တယ် ကျနော်အမှတ်မှားပြီးပြောမိတာပါဗျာ။
    ကော်မင်းက အပေါ်အောက်ဆိုတော့ ငြင်းသလိုဖြစ်သွားတာပါ။

  • cobra

    January 30, 2012 at 2:28 pm

    အကိုရယ်..
    မြို့တော်ခန်းမကိုမရိုက်ပါနဲ ့
    သူ့ကိုကြည့်ရတာစိတ်မချမ်းသာလို့ပါ
    အရောင်အသွေးကရပ်ကွက်ထဲက ကန်ထရိုက်တိုက်တွေနဲ့တူနေတယ်
    အရင်အရောင်ကဆွဲဆောင်မှုရှိသေးတယ်

  • ညီလေး ကော်ဘရာရေ
    အမှတ်တရဆိုတော့ မလှပေမယ့် ပြမိပါတယ်ကွယ်။
    အခုခေတ်ကြီးကနေ့မြင်ညပျောက်
    မပျောက်ရင်လဲ ပိုင်ရှင်ပြောင်းသွားတတ်လွန်းလို့ပါကွာ။

    • naywoonni

      January 30, 2012 at 8:26 pm

      အဲဒါကြောင့် ကိုပေါက်က ကြုံတုန်းမှတ်တမ်းတင်ထားတယ်ပေါ့လေ….။ တတ်လည်းတတ်နိုင်တဲ့ သူကြီး ….။ အဲဒါကြောင့် မဒမ်ပေါက်က …………..ဟီးပြောရော့ဝူး………..။

  • windtalker

    January 30, 2012 at 6:57 pm

    ပိုင်ရှင် မရှိသေးတဲ့ အပျိုဂျီးတွေ
    ပိုင်ရှင် ရှာပေးလိုက်ချင်ပါတယ်….
    အဲဒီလို ဆိုပစ်လိုက်ချင်တာကလား
    ဟီဟိ

  • ဗိုလ်တထောင်က
    အပျိုဆောင်မှာ
    အစ်ကိုမောင်က
    ငိုမယောင်ယောင် ……

    အတိတ်ကိုငေး
    အနာဂတ်ကိုတွေးလို့
    ပစ္စုပန်မှာဆွေးနေတဲ့
    မင်းကောင်

    (လေးပေါက်ပုံတွေကို အားပေးနေပါတယ်ဗျ)

  • MaMa

    January 30, 2012 at 8:13 pm

    ကိုပေါက်လက်ရာတွေ တွေ့တော့မှပဲ ရန်ကုန်ရဲ့ အလှအပတွေကို မြင်မိတော့တယ်။
    နီးလွန်းတော့ မှုန်ဆိုသလို နေ့တိုင်း မြင်တွေ့ဖြတ်သန်းနေရတော့ သတိမထားမိဘူး။
    မန္တလေးသား ခံစားပြတဲ့ ရန်ကုန်ရဲ့အလှပေ့ါ။ 🙂

  • Thel Nu Aye

    January 30, 2012 at 8:34 pm

    ဟိုက်ကုတ်ကပထမတော့ဟိုတယ်လုပ်မလို့ပဲ။ အခုတော့ရှေးဟောင်းပြတိုက်လုပ်မလို့ တင်ဒါခေါ်နေသံကြားတယ်။ ဝန်ကြီးများရုံးနဲ့တူတူပေါ့။

  • captainamerica

    January 30, 2012 at 10:16 pm

    ကိုပေါက်ရေနေ.တိုင်းမြင်နေကြအရာတွေကိုတောင်လှအောင်ရိုက်နိုင်တယ်။လေးစားတယ်ဗျာ

  • captainamericaရေ
    မြင်နေကျသူက မထူးဆန်းပေမယ့် မြင်နေမကျသူက လှတာကို လှတယ်လို့မြင်မိသပေါ့။
    ဒီတော့လဲ လက်ဆော့ ။
    ကိုချော မန်းလေးတက္ကသိုလ်ပုံတင်သွားသလိုပေါ့ ။
    အပြန်အလှန်လေ။

Leave a Reply