၁၉.၁.၂၀၁၂ ည ကစားမယ့်၂ပွဲ

မောင် ပေJanuary 19, 20121min1179

မင်္ဂလာပါ ။
ကျွန်တော် မောင်ပေသည် ယခုရက်ပိုင်းအတွင်း ဘောလုံးနှင့်ပတ်သက်လျှင် အဝိဇ္ဇာ ဖြစ်နေပါသဖြင့် ၊ ခန် ့မှန်းချက် ထည့်မရေးတော့ဘဲ ၊ ပွဲကြို အထောက်အကူပြုအချက်အလက်များကို သာ ရေးတင်ပါမည် ခင်ဗျာ ။
ပွဲစဉ်များနဲ ့အချိန်များကတော့
ကိုပါအီတာလီယာဖလား
၂:၃ဝ အင်တာမီလန် – ဂျီနိုအာ
စပိန်ဘုရင့်ဖလား ပထမအကျော့
၃:၀ဝ ဗလင်စီယာ – လီဗန်တေး
………………………………………………
အင်တာမီလန် – ဂျီနိုအာ
အင်တာမီလန် ယခုပွဲမတိုင်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ
၁၅.၁.၂၀၁၂ အေစီမီလန် ဝ-၁ အင်တာမီလန်
၇.၁.၂၀၁၂ အင်တာမီလန် ၅-ဝ ပါးမား
၂၁.၁၂.၂၀၁၁ အင်တာမီလန် ၄-၁ လက်ချီ
၁၈.၁၂.၂၀၁၁ စီဆီနာ ဝ-၁ အင်တာမီလန်
၁၃.၁၂.၂၀၁၁ ဂျီနိုအာ ဝ-၁ အင်တာမီလန်
ဂျီနိုအာ ယခုပွဲမတိုင်ခင် ကစားခဲ့တဲ့ငါးပွဲမှာ
၁၅.၁.၂၀၁၂ ဂျီနိုအာ ၃-၂ အူဒီနီး
၈.၁.၂၀၁၂ ကယ်ဂလီယာရီ ၃-ဝ ဂျီနိုအာ
၂၁.၁၂.၂၀၁၁ နာပိုလီ ၆-၁ ဂျီနိုအာ
၁၈.၁၂.၂၀၁၁ ဂျီနိုအာ ၂-၁ ဘိုလော့နာ
၁၃.၁၂.၂၀၁၁ ဂျီနိုအာ ဝ-၁ အင်တာမီလန်
အင်တာမီလန် အိမ်ကွင်းတွင် ဂျီနိုအာ နှင့် တွေ ့ဆုံခဲ့မှုများမှာ
၆.၃.၂၀၁၁ အင်တာမီလန် ၅-၂ ဂျီနိုအာ
၁၂.၁.၂၀၁၁ အင်တာမီလန် ၃-၂ ဂျီနိုအာ ( ကိုပါအီတာလီယာ )
၇.၃.၂၀၁ဝ အင်တာမီလန် ဝ-ဝ ဂျီနိုအာ
အင်တာမီလန် ရဲ ့ဖြစ်နိုင်ဖွယ်ကစားသမားများကတော့
ဂိုး Julio César
နောက် Javier Adelmar Zanetti, Cristian Chivu, Walter Adrian Samuel, Lucio, Yuto Nagatomo
လယ် Dejan Stankovic, Esteban Matias Cambiasso, Wesley Sneijder
ရှေ ့ Giampaolo Pazzini, Diego Forlan Corazo
ဂျီနိုအာ ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများကတော့
ဂိုး Sebastien Frey
နောက် Luca Antonelli, Kakhaber Kaladze, Dario Dainelli, Giandomenico Mesto
လယ် Kevin Constant, Miguel Veloso, Juraj Kucka, Valter Birsa
ရှေ ့ Rodrigo Palacio, Zé Eduardo
ဈေးအနေအထားအရ အင်တာမီလန် တစ်ဂိုးဆိုရင် အပြည့်ဆုံးရှုံးမှာပါ ။
အင်တာမီလန် ဟာ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ၉ ပွဲမှာ ၈ ပွဲ နိုင်ခဲ့ပါတယ် ။
ယခုနှစ်ရာသီ စီးရီးအေပွဲစဉ်အဖြစ် ဂျီနိုအာ အိမ်ကွင်းတွင် ကစားခဲ့တုန်းက အင်တာမီလန် က ၁-ဝ နဲ ့နိုင်ခဲ့ပါတယ် ။
……………………………………………………..
ဗလင်စီယာ – လီဗန်တေး
ဗလင်စီယာ ယခုပွဲမတိုင်ခင် ကစားခဲ့တဲ့ငါးပွဲမှာ
၁၄.၁.၂၀၁၂ ဗလင်စီယာ ဝ-၁ ဆိုစီဒက်
၁၁.၁.၂၀၁၂ ဆီဗီလာ ၂-၁ ဗလင်စီယာ ( စပိန်ဘုရင့်ဖလား )
၈.၁.၂၀၁၂ ဗီလာရီးရဲ ၂-၂ ဗလင်စီယာ
၅.၁.၂၀၁၂ ဗလင်စီယာ ၁-ဝ ဆီဗီလာ ( စပိန်ဘုရင့်ဖလား )
၂၂.၁၂.၂၀၁၁ ဗလင်စီယာ ၄-ဝ ကာဒစ် ( စပိန်ဘုရင့်ဖလား )
လီဗန်တေး ယခုပွဲမတိုင်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ
၁၅.၁.၂၀၁၂ ဘီဘာအို ၃-ဝ လီဗန်တေး
၁၁.၁.၂၀၁၂ လီဗန်တေး ၄-ဝ အယ်ကော်ကွန် ( စပိန်ဘုရင့်ဖလား )
၇.၁.၂၀၁၂ လီဗန်တေး ဝ-ဝ မာယော့ကာ
၃.၁.၂၀၁၂ အယ်ကော်ကွန် ၂-၁ လီဗန်တေး ( စပိန်ဘုရင့်ဖလား )
၂၁.၁၂.၂၀၁၁ လီဗန်တေး ၄-၁ ဒီပို ့တီဗို ့ ( စပိန်ဘုရင့်ဖလား )
ဗလင်စီယာ အိမ်ကွင်းတွင် လီဗန်တေး နဲ ့တွေ ့ဆုံခဲ့မှုများမှာ
၁၅.၅.၂၀၁၁ ဗလင်စီယာ ဝ-ဝ လီဗန်တေး
၆.၁.၂၀၀၈ ဗလင်စီယာ ဝ-ဝ လီဗန်တေး
ဗလင်စီယာ ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Guaita
နောက် Jérémy Mathieu, Ricardo Costa, Adil Rami, Miguel Brito
လယ် Ever Banega, Mehmet Topal, Canales, Pablo Hernández
ရှေ ့ Roberto Soldado, Pablo Piatti
လီဗန်တေး ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Gustavo Adolfo Munúa
နောက် Juan García García, Nano, Ballesteros, Javier Rodríguez Venta
လယ် Iborra, Xavi Torres,
လယ် Juan Gómez López , Barkero, Valdo
ရှေ ့Arouna Kone
ဈေးအနေအထားအရ ဗလင်စီယာ တစ်ဂိုးဆိုလျှင် တစ်ဝက် ဆုံးရှုံးမှာပါ ။
ဗလင်စီယာ နောက်ဆုံးကန်ခဲ့တဲ့ သုံးပွဲမှာ နိုင်ပွဲ မရှိပါဘူး။
လီဗန်တေး နောက်ဆုံးကန်ခဲ့တဲ့ သုံးပွဲမှာ တစ်ပွဲနိုင် ၊ တစ်ပွဲသရေ ၊ တစ်ပွဲရှုံးပါ ။
……………………………………………..
……. ဖိုက်တာအားလုံး အောင်မြင်ပါစေ …….

9 comments

  • amatmin

    January 19, 2012 at 5:31 pm

    ကိုရင်ပေအစား အနည်းငယ်ရွေးခွင့်ရမယ်ဆိုရင်တော့
    အေစီမီလန်ကိုနိုင်ပြီး စိတ်တက်ကြွနေမဲ့ အင်တာမီလန်ကို ၂ လုံးအသာမှန်းတယ်ဗျာ..
    ခင်ဗျားအမြင်လေး အာဘော်လေးပါမှ ပိုကောင်းတာလေဗျာ..
    ဒါနဲ့ဝိဇ္ဇာဖြစ်ဖို့ဆိုတာ အဝိဇ္ဇာအဆင့်ကနေတက်ရတာပဲဆိုတော့
    မှန်းသာမှန်း.. နောက်မဆုတ်နဲ့ ကိုရင်ပေရေ.. 🙂

  • thit min

    January 19, 2012 at 5:34 pm

    မင်း……………….
    ကျောက်တွေကို အဲဒီလို အသေးစိတ် သိ နေပြောနေနိုင်ရင် မင်းဘာလို့မကြီးပွါးရမှာလဲ။
    ဈေးကွက်အဆင့်၊ အရည်အသွေအဆင့်၊ရနိုင်တဲ့နေရာ ရောင်းလို့ရတဲ့နေရာ ရောင်းတဲ့သူတွေ
    အဲဒီလူတွေလက်ထဲမှာရှိတဲ့ ကျောက်တွေရဲ့ ဈေးကွက်/ဈေးနှုန်း/အရည်အသွေး သမိုင်း၊
    ဝယ်လက်များရဲ့စိတ်သဘော၊ဈေးပေးအင်အား၊ ရာသီအလိုက်ဈေးကွက်ပုံစံ၊ပန်းတိမ်လုပ်ကွက်ထွက်ဈေးကွက်၊
    အဲဒါတွေ ဘာမဆိုသိရင်ပြီးပြီပေါ့။ အနီလာအစိမ်းလားအပြာလား လာထား သတင်းရောင်းစားရင်
    ပုလင်းအကောင်းစား နဲ့ ဟင်းကောင်းများရှေ့ချ “က” လို့တောင် ရသေး။
    (ဟားဟား ကော်မန့်ပေးတာနော်၊ ညီကိုမပေးရတာကြာလို့၊ အမှန်ကတော့ လုပ်စားနေတာကြာပြီအကိုရေ့
    ဖြစ်မှာပါ။ ပြောကြည့်ပေးတာဟေ့ ခင်လို့။)

    • windtalker

      January 19, 2012 at 7:06 pm

      ကစ်သိုရေ
      ကျောက်လောက ခေတ်ပျက်ပုံများ
      မူဆယ် ကြယ်ဂေါင် ဂိတ်မှာ
      “ ကျောက်စိမ်းမဝယ်ရဆိုပြီး ” တရုတ်စာနဲ ့ဆိုင်းဘုတ် ထောင်ထားတယ်ဆိုဘဲ
      မူဆယ်က ရွာသူလေး လာမှ အတိအကျ မေးရဦးမယ်
      လေးစားကျေးဇူးတင်လျှက်
      မောင်ပေ

  • water-melon

    January 19, 2012 at 7:01 pm

    အပြောသာလွယ်တာ လက်တွေ့ ကျောက်ဝိုင်းထဲဆင်းကြည့်ပါအုုန်း ကိုသစ်မင်းရေ
    လျှာယပ်ခတ်နေရတယ်
    အထည်ကြီး အထည်လေး ဈေးကွက်ကျနေတယ်
    လွှာချပ်တွေကတော့ မရောင်းရပါဘူး
    နှစ်ကူးနီးတော့ ဆိုင်ခန်းတွေ ပိတ်ထားတယ် 😀

    • thit min

      January 19, 2012 at 7:14 pm

      အထည်လည်းမရောင်းရတော့ဘူးလားဗျာ။အဲဒီလောက်တောင်လား။
      ချုပ်ချုပ်ကြီးတို့ရဲ့လှိုင်းရိုက်တာပါ။ရေရှိရင် ဆွဲအောင်းထားလိုက် အထည်ကတော့ အင်အားရှိရင်
      အပြင်ကလူကိုခေါ်/အော်ရောင်းလို့ရတာဘဲ။ အလုံးတွေကတော့ ကြွေတလှဲ့ကြက်တခုန်။
      (စိတ်က မကုန်သေးဘူး-)(^^)

  • water-melon

    January 19, 2012 at 7:52 pm

    ရေရှိတဲ့ လူကတော့ ဆင်ပိန်တော့ ကျွဲလောက်ပေါ့ ကိုသစ်ရယ်
    အနော့တို့လို့ မရှိတဲ့လူတွေကတော့ သူခိုးဈေးပေးလည်း
    အင်တင်တင်လုပ်လို့မရဘူး ရောင်းရတာဘဲတော်ရေ

  • စိန်ပေါက်ပေါက်

    January 19, 2012 at 9:26 pm

    အင်တာရယ် ဗလာစီယာရယ် ကြိုက်သဗျာ..

  • ကြောင်ကြီး

    January 20, 2012 at 12:20 pm

    အင်တာ ဆင်လာ နင်ဟာ မြင်သာ… ၂-ဝ သို့ ၃-ဝ ပြတ်နဲ့နိုင်မယ်ဗျာ…
    ဗလင်စီယာ ဗလာစီရင် … သူ တဂိုးမှ သွင်းနိုင်မှာ မဟုတ်ဘူး။ အောက်အသင်း လီဗန်တေး ဘက်ကထိုင်ဆော့ဗျာ။ ကံလိုက်ရင် အနိုင်တောင် ရအုံးမယ်…။

Leave a Reply