မြန်မာပြည်က လယ်ယာသုံးပိုးသတ်ဆေးကုမ္ပဏီများ အမြတ်ကြီးစား

farmlookerJanuary 19, 20121min642

မြန်မာပြည်ရဲ့ဒေါ်လာဈေးနှုန်းဟာ ၂၀၁၀-၂၀၁၁ခုနှစ်တွေမှာ

US တစ်ဒေါ်လာကိုမြန်မာငွေကျပ် ၁၂၀၀  ဝန်းကျင် ရှိခဲ့ပါတယ်။

၂၀၁၁ နဲ့ ဒီနှစ် ၂၀၁၂ နှစ်ဆန်းပိုင်းမှာတော့ US တစ်ဒေါ်လာကို

မြန်မာငွေကျပ် ၈၀ဝ ဝန်းကျင် ပဲရှိတော့ပါတယ်။

ဒါပေမဲ့ မြန်မာပြည်က လယ်ယာသုံး ပိုးသတ်ဆေးကုမ္ပဏီတွေကတော့

ဆေးပစ္စည်းတွေကို ၂၀၁၀-၂၀၁၁ ခုနှစ်တွေက ဈေးနှုန်းတွေအတိုင်း

မပြောင်းလဲဘဲ အမြတ်ကြီးစားပြီး ရောင်းချနေခဲ့ကြပါတယ်။

လယ်သမားအများစုကလည်း အသိပညာ၊ ဗဟုသုတနည်းကြတာကြောင့်

လယ်ယာသုံးပိုးသတ်ဆေးကုမ္ပဏီတွေက အမြတ်ကြီးစားထားကြတဲ့အတိုင်းပဲ

ဝယ်ယူသုံးစွဲနေကြရပါတယ်။

ရာသီဥတုကလည်း ပုံမှန်မဟုတ်ဘဲ အတော်လေးဖောက်ပြန်ခဲ့တဲ့အတွက်

တောင်သူတွေအနေနဲ့ဆေးပမာဏကို ယခင်နှစ်တွေထက်

ပိုမိုပြီးများစွာသုံးစွဲခဲ့ကြရပါတယ်။

ဆေးအတော်များများကလည်း အရည်အသွေး မပြည့်ဝတဲ့အတွက်

ဆေးအသုံးပြုရာမှာငွေကုန်ကြေကျ အတော်များနေကြရပါတယ်။

 

2 comments

  • windtalker

    January 19, 2012 at 9:00 pm

    သည်မှာက သယ်တဲ့လူ က လဲ သူဘဲ
    ရောင်းတဲ့လူ က လဲ သူဘဲ
    တစ်ခါတစ်လေ လမ်းကြောင်း ကျပ်ရင် ၊ မူဆယ် က ဂိုထောင်တွေထဲမှာ ပုံ

  • water-melon

    January 19, 2012 at 9:43 pm

    ရေပူဂိတ်ပိတ်လိုက်လို့တော်ပါသေးတယ် ကိုပေရေ

Leave a Reply