အရိယသစ္စာဆီသို့ (၃)

blankJanuary 19, 20121min1139

ပစ္စုပ္ပန်ကမ္မဝါဒ၏ အမြင့်ဆုံးတရားရပြီးသူ(ကြားဖူးနေကြစကားနဲ့ဆိုပါက ရဟန္တာ၊ ဘုရား ဟုနားလည်ရမည်လို့ယူဆပါသည်) ရဲ့ အိမ်ထောင်ရေး အမြင်ကိုတင်ပြပါမည်။

သာမညပုဂ်္ဂိုလ် အမျိးအစား သုံးမျိုးရှိ၏။ သာမညတရားကို ကိုယ်တိုင်သိသူ တစ်ဦး။ သာမညတရားကို ကိုယ်တိုင်ရှိအောင် လေ့ကျင့်သူ တစ်ဦးနှင့် သာမညတရားကို ကိုယ်တိုင်ရရှိပြီးသူ တစ်ဦး။ပေါင်းသုံးဦးတို့ ဖြစ်၏။ (သာမညသဘောတရားကျမ်း Ebook စာ ၁၀၈)
ထိုစာသားများအရ တရားရသူ အဆင့် (၃) ဆင့်ရှိသည်ဟုနားလည်ပါသည်။ ထို့ကြောင့် အမြင့်ဆုံးတရား ရပြီးသူ ဟူသောစကားကို အသုံးပြုထားပါသည်။

သူသည် (အမြင့်ဆုံးတရားရပြီးသူ ကိုရည်ညွှန်းသည်) အိမ်ထောင်သားမွေးမှုကို အပြစ်မတင်သော်လည်း လူတစ်ဦးက အခြားလူတစ်ဦးကို ရယူသိမ်းပိုက်ခြင်းသဘော သက်ဝင်သဖြင့် ချီးမွမ်းမှုလည်း မပြုပေ။ လူတစ်ဦးသည် အခြားလူတစ်ဦး၏ သိမ်းပိုက်မှုကို ခံယူရန်မသင့်မြတ် ဟူ၍လည်းကောင်း၊လူတစ်ဦးသည် အခြားလူတစ်ဦးကို သိမ်းပိုက်မှုမပြုအပ် ဟူ၍လည်းကောင်း သိမြင်နေသူ ဖြစ်သည်။(သာမညသဘောတရားကျမ်း Ebook စာ ၁၁၇)

အိပ်မက်မက်တတ်သူ၊ ကျန်းမာရေးအားလျော်စွာသုတ်များထွက်ကျနိုင်သူ၊ သားမျိုး စေ့ မခန်းသူ ဖြစ်သည်။ (သာမညသဘောတရားကျမ်း Ebook စာ ၁၁၉)

အထက်ပါအိမ်ထောင်ရေးအမြင်သည် Living Together နေထိုင်ခြင်းကို ဆိုလိုသည်လားမသိပါ။

9 comments

  • kai

    January 20, 2012 at 2:50 pm

    Living Together နေထိုင်ခြင်းမှာ.. အပြန်အလှန်.. သိမ်းပိုက်ခြင်းသဘော တချို့ပါနေသေးတယ်လို့ ထင်ပါတယ်..။
    ရုပ်ဝတ္ထုအားဖြင့်လည်း.. တချို့ပစ္စည်းတွေ.. (ဥပမာ- အိမ်ပရိဘောဂတွေ) ခွဲဝေသုံးစွဲရတာပဲလေ..။

    ယူအက်စ်မှာ.. ဘွိုင်း/ဂဲလ် ဖရန်းခေါ်တယ်ပေါ့..။
    သူတို့တတွေဟာ.. ကာမကို တခြားသူတွေကိုလွတ်လပ်စွာ ပေးခွင့်/ယူခွင့်လည်း.. မလုပ်ကြပါဘူး..။

    Living Together နေကြခြင်းရဲ့.. အဓိကအကြောင်းတခုက.. ငွေကြေးဥစ္စာပိုင်ဆိုင်မှုကို.. ပြတ်သားစွာမခွဲကြချင်သေးတာလို့.. ထင်မိတယ်..။
    အပြန်အလှန်လေ့လာ.. စုံစမ်းရင်း.. ဘဝအတွက် ရေရှည်ဆက်သွားဖို့.. သင့်/မသင့် ချိန်ဆနေချိန်တွေပေါ့…။

    • ဂျက်ကီချီးပေ

      January 22, 2012 at 6:47 pm

      Living Together နေကြခြင်းရဲ့
      ( Living Together နေကြခြင်းရဲ့ ) 😀
      အကြောင်းက အယားပြေအောင်ဟေ့ အယားပြေအောင်သိဘီလား

  • blank

    January 22, 2012 at 5:59 pm

    ကျွန်တော်မသိတဲ့ စကားလုံးကိုသေချာရှင်းပြပေးတဲ့အတွက် kai ကိုကျေးဇူးတင်ပါတယ်။ ရဟန္တာက ကြောက်ရွံ့မှုမရှိတော့ဘူးလို့ ယူဆတာကိုကြည့်ပြီး kai က ပစ္စုပ္ပန်ကမ္မဝါဒကိုနားလည်မှု အနည်းးငယ်လွဲနေတယ် လို့ထင်ပါတယ်။ ရှင်ဉာဏရေးတဲ့ သာမညသဘောတရားကျမ်း Ebook စာ ၁၁၈ မှာ သူသည် (ပစ္စုပ္ပန်ကမ္မဝါဒ၏ အမြင့်ဆုံးတရားရပြီးသူကိုဆိုလိုသည်) ကြောက်လန့်ဖွယ် ထိုးကြိတ်သတ်ဖြတ် ရက်စက်ခန်းများကို စိတ်ကူးကြည့်လျင် ကြောက်ရွံ့မှုများ ဖြစ်ပွားမည်သာ။ လို့ရေးထားပါတယ်။ ပရမတ္တသစ္စာသမားတွေ ဖွင့်ဆိုထားတဲ့ အရိယာဆိုတာကြီးနဲ့ စစ်ဆေးရင်တော့ လွဲပြီလို့ ကိုသစ္စာရှင်းပြထားတာက ပစ္စုပ္ပန်ကမ္မဝါဒ အယူအဆအရ မှန်ပါတယ်။ ဝါးခြမ်းပြားနဲ့သွားရိုက်နေမှာစိုးလို့ပါ။

    • kai

      January 23, 2012 at 3:29 am

      ဝါးခြမ်းပြားကိစ္စက.. ဂျပန်ဇမ်ဗုဒ္ဓဘာသာမှာ.. တရားထိုင်နေရင် နောက်ကနေ.. တုတ်နဲ့ခပ်စပ်စပ်ရိုက်တာ မြင်ဖူးလို့ ပြောတာပါနော.။
      အဲဒါက.. တရားထိုင်ရင်း.. သူည(ဘာမှမရှိ)ကို.. မျက်မှောက်ပြုနိုင်တာရဲ့.. လိုအပ်တဲ့အချက်တခုလို့ ကြားဖူးလို့ပါ..။

      တကယ်လို့.. ဆိုင်ရာကိုးကွယ်ရာ ဘာသာတရားကို ထိခိုက်စော်ကားသလိုဖြစ်နေရင် ခွင့်လွှတ်ပါလို့….။

      စိတ်ထဲ..
      ချစ်ရွှင်သနား. တည်ကြားကြမ်းကြုတ်. စက်ဆုပ်ကြောက်ရွံ့. ရဲဝံ့အံ့ဩ. နောအရသာ ရဟန္တာက သေသေချာချာ သတိမပြတ်သိနိုင်တာမို့…ဝါးခြမ်းပြားနဲ့ရိုက်လိုက်ရင်.. ရုတ်တရက်ဖြစ်လာမဲ့.. ထိတ်လန့်မှုကို..သတိနဲ့.. ထိမ်းချုပ်လိုက်နိုင်တယ်လို့.. ယူဆမိလို့လည်း ပါတယ်ပေါ့…။
      ရဟန္တာမကြောက်ရွံ ့ဖူးလို့.. ဆိုလိုရင်းမဟုတ်ပါကြောင်းနဲ့..

      ဒါကို.. ပစ္စုပ္ပန်ကမ္မသာသနာအမြင်နဲ့..နည်းနည်း ပိုရှင်းပြနိုင်ရင် ရှင်းပြစေလိုပါတယ်နော….။

      • ကြောင်ကြီး

        January 23, 2012 at 5:27 am

        ပေးထားတဲ့ လင့်ခ်မှာ အရိယာစိတ်ထားကို သွားနာကြည့် အကုသိုလပ် အဝီစိငရဲဂျိုးကပ် သာသနာဖျက် ဇိမ်ဘုံးဂျီး စီအိုင်အေသူလျှို တရုတ်ကူမြူနစ်ကေဒါ နအဖစစ်တပ်လက်ပါးစေ သဂျီးရေ… http://realenlightenment.multiply.com/music/item/573/573

    • ကိုသစ္စာ

      January 23, 2012 at 3:29 pm

      ဒေါသဆိုတဲ့ ကြောက်ရွံ့တဲ့သဘောဟာ သမုဒယသစ္စာထိုက်တဲ့တရားပါ။
      သမုဒယသစ္စာကို တရားကိုယ်အနေနဲ့ပြောရရင် တဏှာပဲရပါတယ်။
      ဒါဆိုရင် သမုဒယသစ္စာလို့ဆိုရမယ့် တဏှာ (ကိလေသာ)ဆိုတာကို အရင်နားလည်ရပါမယ်။
      အဲဒီတဏှာဆိုတာ ဘာလဲလို့ ကွဲပြားဖို့ကို ဓမ္မဝိဟာရီဆရာတော် ဟောကြားခဲ့သည့် http://sites.google.com/site/sayamvasi/001-AboutTamnha.PDF တဏှာရှင်တမ်းစာအုပ်ကို လေ့လာစေလိုပါတယ်။
      လိုချင်တာတိုင်းကို တဏှာလို့ ပြောထိုက်ရဲ့လား ?
      ဒါဆိုရင် ဘယ်ကဲ့သို့ လိုချင်တာကိုမှ တဏှာလို့ ဆိုရမှာလဲ ?
      အဲဒီသဘောအတိုင်းပဲ သဘောမကျတာ၊ ထိတ်လန့်တာတိုင်းကိုကော ဒေါသလို့ သိမ်းကြုံးပြီးပြောထိုက်ရဲ့လား ?
      ဘယ်လိုမျိုးကိုမှ ဒေါသလို့ခေါ်ထိုက်တာလဲ ?
      မသိမှုသဘော မှန်သမျှကိုလည်း မောဟ (အဝိဇ္ဇာ)လို့ ခေါ်ထိုက်ရဲ့လား ?
      ဘယ်လို မသိမှုမျိုးကိုမှ မောဟ (အဝိဇ္ဇာ)လို့ ခေါ်ထိုက်တာလဲဆိုတာ အရင် ကွဲပြားဖို့လိုပါတယ်။
      အချိန်တန် စားနေကျအချိန်ကျလို့ ဗိုက်ဆာတာကို ရောဂါလို့ပြောလို့ရပါ့မလား ?
      လူတစ်ယောက်အနေနဲ့ ပုံမှန်ဖြစ်သင့် ဖြစ်ထိုက်လို့ ဖြစ်နေရတာနဲ့ ပုံမှန်မဟုတ်ပဲ ဖေါက်လွဲဖေါက်ပြန်ဖြစ်နေတဲ့သဘော (ရောဂါ)ကို ကွဲပြားဖို့လိုပါသည်။
      အဲဒီလိုပဲ လူတစ်ယောက်အနေနဲ့ ပုံမှန်ဖြစ်သင့် ဖြစ်ထိုက်လို့ ဖြစ်နေရတဲ့သဘောနဲ့
      ပုံမှန်မဟုတ်ပဲ အဝိဇ္ဇာလို့ ဆိုရတဲ့ မသိမှုကြောင့် ဖေါက်လွဲဖေါက်ပြန်ဖြစ်နေတဲ့ လွန်ကျူးမှုသဘော(တဏှာ)ကို ကွဲပြားဖို့လိုပါတယ်။

      အဲဒါကို မကွဲပြားရင် လိုချင်တာမှန်သမျှတဏှာဆိုပြီး အတင်းပယ်သတ်နေကြတဲ့ ဂျိန်းဘုန်းကြီးများနဲ့ တူသွားပါလိမ့်မည်။

      လူနဲ့ ရောဂါကို ကွဲပြားပြီး ရောဂါပျောက်အောင် ကုသရသလို လူနဲ့ ကိလေသာ (တဏှာ) ကွဲပြားပြီး ကိလေသာပျောက်အောင် လုပ်ရမှာပါ၊
      လူမှာ ပုံမှန်သဘာဝအတိုင်း ဖြစ်နေတာတွေကို အတင်းပျောက်အောင်လုပ်ရမှာ မဟုတ်ပါဘူး။
      ပုံမှန်သဘာဝအတိုင်း ဖြစ်နေတာတွေပျောက်အောင်လုပ်မိနေရင်တော့ အိန္ဒိယက ကိုယ်လုံးတီးဂျိန်းဘုန်းကြီးများကဲ့သို့ လူလွန်ပုဂ္ဂိုလ်များ ဖြစ်နေကြပါလိမ့်မယ်။

      ဘုရား၊ ရဟန္တာတို့မည်သည် ပုံမှန်မဟုတ်ပဲ အဝိဇ္ဇာလို့ ဆိုရတဲ့ မသိမှုကြောင့် ဖေါက်လွဲဖေါက်ပြန်ဖြစ်နေတဲ့ လွန်ကျူးမှုသဘော(တဏှာ)ကို အပြီးတိုင်ပယ်သတ်ပြီးဖြစ်ပါသည်။
      မည်သည့် အကြောင်းနဲ့မှ မည်သည့်ကိစ္စကိုပဲဖြစ်ဖြစ် လွန်ကျူးမှု(တဏှာ)သဘောဖြင့် ပြုခြင်း၊ ပြောခြင်း၊ နေခြင်းများမရှိကြတော့ပဲ၊
      ဝိဇ္ဖာလို့ဆိုရတဲ့ လူ့အမှုကိစ္စတွေအပေါ်မှာ တန်ဘိုးအမှန်အတိုင်း ပိုင်းခြားသိတဲ့ အသိဉာဏ်ဦးစီပြီး ပြုမူ၊ ပြောဆို၊ နေထိုင်ကြခြင်းသည် အရိယာတို့ရဲ့ သဘောပါပဲလို့ နားလည်သလို ဆွေးနွေးလိုက်ပါသည်။

      (လွန်ကျူးမှုတွေ မဖြစ်ကြပဲ ပုံမှန်အတိုင်းဆက်ဆံတတ်သူများ ဖြစ်နိုင်ကြပါစေ။)

  • ဂျက်ကီချီးပေ

    January 22, 2012 at 6:42 pm

    ကြိုက်ခြင်ကြိုက် မကြိုက်ခြင်နေ
    အရိယာသစ္စာတရားကိုသိသူ ( စာရေးသူပြောတဲ့အကြောင်းအားလုံးမှီသှ် )
    အဲ့သည်ပုဂ္ဂိုလ်
    ဒီနေရာမှာ စာလာမရေးဘူး
    သိပ်ပြီးတော့ မကျယ်နဲ့လေနော သောက်မြင်ကပ်လာပြီနော
    သစ္စာတရားကိုတော်တော်လေးသိနေပြီလား
    ခပ်ဝေးဝေးသွားလိုက်တော့

  • blank

    January 24, 2012 at 9:13 am

    Kai အစ်ကိုမေးတာကို ရှာကြည့်တာ လူအပီသဆုံးလူ ဆိုတာပဲတွေ့တယ် ကျွန်တော်သေချာ မရှင်းပြတတ်ပါဘူးခင်ဗျာ။ အရိယသစ္စာဆီသို့ဆိုပြီး တင်ဖြစ်တာ ပထမအချက်က ကျွန်တော်နားလည်လိုတာ ဖြစ်ပါတယ်။ သာမညသဘောတရားကျမ်းသည် ကမ္ဘာလောကရှိ မည်သည့်ဘာသာ၊ ဝါဒ၊ ဒဿနများမှ သဘောတရားများကိုမျှ မှီခို၊ ကူးချ၊ ယူဆောင်၊ ထုတ်နှုတ်ပြသော သဘောတရားကျမ်း မဟုတ်ပါ လို့ ရှင်ဉာဏရေးတဲ့ သာမညသဘောတရားကျမ်း Ebook စာ ၁၂ မှာဖေါ်ပြထားတာကို သဘောကျတာရယ် ဒီကျမ်းစာရဲ့ ယူဆချက်တွေကို သေချာစွာသိနိုင်ရန်နဲ့ ပစ္စုပ္ပန်ကမ္မဝါဒရဲ့ တွေးခေါ်မှုပုံစံတစ်ခုလုံးကို ကျွန်တော်၏စိတ်တွင်တည်ဆောက်နိုင်အောင် တင်တာဖြစ်ပါတယ်။

    ပစ္စုပ္ပန်ကမ္မဝါဒက ပြုလုပ်မှုများ၏ ဖြစ်ပေါ်လာမည့်အကျိုးတရားကို တိကျစွာ(အပိုအလိုမရှိ) သိရှိနိ်ုင်ပြီး အတိုင်းအတာသိသိ ဖြင့်ပြုလုပ်ပါက ပြုလုပ်မှုများ၌ ငြိကပ်သာယာမှုမရှိဟူ၍ယူဆပါတယ်။
    ကျွန်တော်က ပြုလုပ်မှုများ၏ ဖြစ်ပေါ်လာမည့် အကျိုးတရားများကို အတိအကျမသိနိုင်(ဘုရားမှလွဲ၍) လို့ယူဆပါတယ်။

    လွတ်လပ်စွာသဘောထား ကွဲလွဲခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်က ပစ္စုပ္ပန်ကမ္မဝါဒကို လေ့လာသူသာ ဖြစ်ပါတယ်ခင်ဗျာ။ ဒီအရိယာသစ္စာဆီသို့ကို တင်ရခြင်းရဲ့ ဒုတိယရည်ရွယ်ချက်မှာ ကျွန်တော့်ရဲ့ဖြစ်စေချင်တဲ့ ဆန္ဒနှစ်ခုရှိပါတယ်

    (၁) ပစ္စုပ္ပန်ကမ္မဝါဒကို လွတ်လပ်ပြီး မှီခိုမှုကင်းတဲ့ ဘာသာတရားအဖြစ်ရပ်တည်စေချင်တာဖြစ်ပါတယ်။

    (၂) ထေရဝါဒရဲ့စကားလုံး အယူအဆကျမ်းကိုးတွေမပါပဲ ပစ္စုပ္ပန်ကမ္မဝါဒကို ရှင်းလင်းနိုင်ပါလျှက်၊ မှီခို၊ ကူးချ၊ ယူဆောင်၊ ထုတ်နှုတ်ပြသောကျမ်း မဟုတ်ပါလို့ တရားဝင်ရေးထားပါလျှက်၊ ကိုယ်တိုင်ရပ်တည်နိုင်ကြောင်း သာမညသဘောတရားကျမ်းစာက သက်သေပြနေပါလျှက်နဲ့ ဟောပြောတဲ့အခါ ထေရဝါဒကျမ်းကိုးတွေ၊ စကားလုံးတွေ ယူသုံးပြောဆို ခြင်းဟာ မလိုအပ်ဘူးလို့ယူဆတာက တစ်ချက်ဖြစ်ပါတယ်။ ( ဒီလိုယူသုံးပြီး အဓိပ္ပါယ်များကို မိမိဝါဒနဲ့ကိုက်ညီအောင် ဖွင့်ဆိုကြလို့ အဓမ္မဝါဒဖြစ်တယ်လို့ ထေရဝါဒတွေကသတ်မှတ်ပြီး လွတ်လပ်စွာ ဖြန့်ချီကိုးကွယ်ခွင့်မပေးတာလို့ ကျွန်တော်ထင်ပါတယ်)
    ပစ္စုပ္ပန်ကမ္မဝါဒကိုလေ့လာရင် Foundation ဖြစ်တဲ့ သာမညသဘောတရားကျမ်းစာက စကားလုံးရိုးရှင်းပြီး၊ သူတို့ရဲ့ အယူအဆတွေကို အတော်ပြည့်စုံစွာသိ နိုင်တယ်လို့ထင်ပါတယ်။ အဓိကကသူတို့အယူအဆကို နားလည်နိုင်ရန် ကျိုးစားခြင်းဖြစ်ပြီး လက်ခံခြင်း၊ လက်မခံခြင်း၊ မှန်ခြင်း၊ မှားခြင်းက တစ်ပိုင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီကျမ်းစာတစ်ခုကိုသာ မူတည်ပြီး အရိယသစ္စာဆီသို့ ဆိုပြီးတင်ဖြစ်တာပါခင်ဗျာ။

    ကလေးမမွေးနိုင်ဘူးထင်လို့ စေတနာကိုရှေ့ထားကာ ညှပ်ကိုကိုင်ပြီး အားရပါးရဝင်ဆွဲတာ ဘီယာဗိုက်နဲ့ယောကျာင်္းကြီး ဖြစ်နေတယ်ဆိုရင်တော့ ဝိုင်းဝန်းခွင့်လွတ်ပေးကြပါခင်ဗျာ။ ပို့စ်ကိုဖတ်သူများ၊ ကောမင့်ပေးသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • ကိုသစ္စာ

    January 24, 2012 at 10:05 am

    ထေရဝါဒ၊ မဟာယာန၊ တိဗက်ဗုဒ္ဓဘာသာ၊ စသော ဗုဒ္ဓဘာသာဝါဒကွဲများမှ ဘုရားဟောပါလို့ ယူထားသော ပါဠိတော်တို့သည် ဗုဒ္ဓဘုရားဟောဖြစ်သည်ဟု ယူဆပါက ထေရဝါဒမှ ငါတို့နှင့်သာဆိုင်သည်၊ ငါတို့သာလျှင် ကိုးကားမည်ဟု အပိုင်သိမ်းပိုက်လို့မရသင့်ပါ။
    ဥပမာ ဓမ္မစကြာ၊ ပဋိစ္စသမုပ္ပါဒ်၊ သတိပဋ္ဌာန် စသောစသော သုတ္တံတို့သည် ဗုဒ္ဓဘုရားဟောအစစ်အမှန်များဖြစ်ခြင်းကြောင့် ထေရဝါဒ တစ်ခုတည်းမှ ငါတို့နှင့်သာဆိုင်သည်ဟု သိမ်းပိုက်နေခြင်းသည် သဘောထားသေးသိမ်ရာရောက်ပါသည်။
    ထိုထို ပါဠိတော်တို့အပေါ်မှာ ထေရဝါဒမှ ပရမအတ္တသစ္စာအမြင်ဖြင့် ဖွင့်ဆိုခြင်းနှင့် ပစ္စုပ္ပန်ကမ္မဝါဒမှ အမှုသစ္စာ (အရိယသစ္စာ)အမြင်ဖြင့် ဖွင့်ဆိုခြင်းမတူညီကြခြင်းလို့ သဘောထားကြီးကြီး၊ အသိအမြင်ကျယ်ကျယ်နဲ့ နားလည်ပေးဖို့လိုပါသည်။
    ထေရဝါဒ ကလေးဆန်ဆန် “‘ဒါ ငါ့ဟာ၊ ဒါ ငါ့ဟာ၊ ငါနဲ့သာဆိုင်တယ်၊ ငါတို့ဖွင့်ဆိုတာမှ အမှန်” ဆိုပြီး အဓမ္မလုပ်ဆောင်တိုင်း တရားအစစ်အမှန်က အဓမ္မဖြစ်ရမှာလား။ ဓမ္မ၊ အဓမ္မကို နှိုင်းယှဉ် လေ့လာသူ ပညာရှင်များ ဆုံးဖြတ်ပါလိမ့်မယ်။
    ဗုဒ္ဓမြတ်စွာဘုရားသည် ပရမတ်ဝါဒီလော ? သို့မဟုတ် လူတွေကို ကံ (သင်္ခါရ)ငြိမ်းအောင် လမ်းညွှန်သူလော ? ဆိုတာအရင် နားလည်ဖို့လိုပါတယ်။
    ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာသည် ဗုဒ္ဓဟောပြောလမ်းညွှန်ခဲ့သော အရိယသစ္စာကို ပြန်လည်ဖော်ထုတ်ခြင်းဖြစ်သည့်အတွက် ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ပါကြောင်း ပြောကြားလိုက်ပါသည်။

Leave a Reply