မမျှော်လင် ့သော လက်ဆောင် တခု

mandalarthuJanuary 19, 20124min16612

ပြီးခဲ ့တဲ ့စနေနေ ့(၁၄-၁-၂၀၁၂)နေ ့က မိတ်ဆွေ အမကြီး တယောက်ထံက သူမနဲ ့ခွဲခွာခါနီး

အမှတ်တရအဖြစ် သူမဆီကမျှော်လင် ့မထားတဲ ့လက်ဆောင ်တစ်ခု

ရရှိခဲ ့ပါတယ်။အဲဒါကတော ့ သူမ ဟိုးလွန်ခဲ ့တဲ ့နှစ်ပေါင်းများစွာက

သူမတို ့မိသားစု ဗုဒ္ဓဂါယာကို ရောက်ရှိခဲ ့စဉ်က သူမဖခင်ကြီး ဝယ်ယူလာခဲ့တဲ ့

 ရှေးဟောင်းဗုဒ္ဓဂါယာဘုရားဓာတ်ပုံတွေပါ။သိမ်းဆည်းထားတာ အနှစ်နှစ်ဆယ်ကျော်ပါပြီ။

သူမရဲ  ့ရည်ရွယ်ချက် က

ဗုဒ္ဓဂါယာကို တခါမှ မရောက်ဖူးသေးတဲ ့ကျွန်မတို ့မိသားစုကို

နေ ့စဉ် ဒီ ဗုဒ္ဓဂါယာဓာတ်ပုံတွေကို ဘုရားစင်မှာ မွန်မွန်မြတ်မြတ်ပူဇော်နေရင်

တစ်နေ ့နေ ့တစ်ချိန်ချိန်မှာ ဗုဒ္ဓဂါယာကို မိမိတု ိ့ကိုယ်တိုင်

သွားရောက်ဖူးမြော်ဖို ့အခွင်အလမ်း  ့ကြံ ု လာစေဖို ့ရည်ရွယ်ပါတယ်။

သူမရဲ ့စေတနာကို တန်ဖိုးထားပြီး ကျွန်မကလည်း ဘုရားစဉ်မှာနေ ့စဉ် ပူဇော်ခဲ ့ပါတယ်။

ရုတ်တရက် သတိရလိုက်မိတာက တော ့ ကျွန်မတို ့ရဲ ့ဂေဇက် ရွာသူရွာသားတွေကို ပါဘဲ။

ဂေဇက်ရွာထဲ ကလူတွေ အတော်များများ လည်း ဗုဒ္ဓဂါယာကို ကိုယ်တိုင်ရောက်ဖူးခဲ ့ကြပြီး

ဗုဒ္ဓဂါယာအကြောင်းကိုလည်း ဓာတ်ပုံတွေနဲ ့ဝေဝေဆာဆာ တင် ပြီးခဲ ့ကြပါပြီ။

ကျွန်မကိုယ်တိုင်လည်း ကိုယ်ကိုယ်တိုင် မရောက်နိုင်သေးတော ့ကြည်နူးဝမ်းမြောက်စွာနဲ ့

သာဓု အကြိမ်ကြိမ်ခေါ်ဆို ပြီး ဖတ်ရှုခဲ ့ပြီးပါပြီ။ဒါပေမယ ့်

အခု လို မမျှော်လင် ့ဘဲ နှစ်ပေါင်းများစွာကတည်းကဗုဒ္ဓဂါယာမှ ဝယ်ယူပူဇော်ထားခဲ ့သော

 ဘုရားပုံတော်တွေကို လက်ဆောင် အဖြစ်ရရှိချိန်မှာ ကျွန်မရင်ထဲ ကြည်နူးစွာနဲ ့

လက်ခံပြီး ဂေဇက် အဖွဲ ့သားအားလုံးကိုလည်း

ထပ်မံပြီး   ကောင်းသောကုသိုလ်တရားများ ဆင် ့ပွား စေ လိုသော ကြောင်

အခုလို မျှဝေလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

ပုံ(၁) က ဓာတ်ပုံတွေထည် ့ထားတဲ ့ အပြင် ကာဗာနှင် ့ ဂျပ်ထူအိတ်လေးပါ ။

အလယ်ခေါင်မှာလေးထောင် ့ကွက်လေးဖောက်ထားတာပါ။ အတော်လေးဟောင်းနွမ်းနေပေမယ် ့

သပ်သပ်ရပ်ရပ်လေးပါဘဲ။

ဓာတ်ပုံတွေက ပို ့စကတ်အရွယ် (၇.၅”x၁၀”)ဆိုက်တွေပါ။

ကြည်လင်ပြတ်သားပြီး  ကြည်ညိုဖွယ် ဖူးတွေ ့နိုင်ပါတယ်။မြေပုံအပါအဝင် စုစုပေါင်းဓာတ်ပုံ(၈)ပုံပါဝင်ပါတယ်။


 

 

 

 

 

 

 

 

 

 

 

 

ပုံ(၂) က ဗုဒ္ဓဂါယာမြေပုံ ပါ။  

ကျောဘက်မှာရေးထားတာက

ချစ်သားအာနန္ဒာ –

အကြင်လူတို ့သည် (ဤ  သံဝေဇနိယ လေး ဌာနတို  ၌)ဘုရားဖူး ခရီး လှည ့်လည်ပြု၍

ကြည်ညိုစိတ်ဖြင် ့သေလွန်ကုန်ဧ၊်

ထိုလူအားလုံးတို ့သည် ဤခန္ဓာကိုယ် ပျက်စီး သေလွန်ပြီးနောက်

နတ်ရွာ သုဂတိ သို ့ ရောက်ကြကုန်လတ္တံ ့။

(မဟာ ပရိနိဗ္ဗာနသုတ်)

 

 

 

 

 

 

 

 

 

 

 

 

 

ပုံ(၃) က ဓမ္မေခ စေတီတော်ပါ။

မိဂဒါ ဝုန်၊  ဗီဟာပြည်နယ် ၊အိန္ဒိယနိုင်ငံ မှာရှိပါတယ်။

ကျောဘက်မှာရေးထားတာက

ချစ်သားအာနန္ဒါ –

မိဂဒါဝုန် သမင်တောသည်

အတုမဲ ့ ဓမ္မစကြာ တရားဦးကို ဟောတော်မူရာ နေရာပါလားဟူ

အမျိူးကောင်းသားတစ်ဦး အတွက်

သွားရောက်ဖူးမြော် သံဝေဂ ယူသင် ့သော ဌာနတစ်ခု ဖြစ်ဧ၊်။

(မဟာ ပရိနိဗ္ဗာနသုတ်)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပုံ(၄)က မဟာဗောဓိ ရုပ်ပွားတော် ပါ။

မဟာဗောဓိ မဏ္ဍိုံင်   ၊ဗုဒ္ဓဂါယာ ၊အိန္ဒိယနိုင်ငံမှာပါ။

ကျောဘက်မှာရေးထားတာက

‘’ မကောင်းမှု ကို မပြုလုပ်ရန်

ကောင်းမှုကို ပြုလုပ်ရန်

စိတ်ကို စင်ကြယ်စွာ ထားရန်

 ဤသည်ကား ဗုဒ္ဓဘုရား တို  ့ဧ၊် အဆုံးအမ (ဗုဒ္ဓသာသနာ တည်း)’’

(ဓမ္မပဒ)

 

 

 

 

 

 

 

 

 

 

 

 

 

 

ပုံ(၅)က ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပုံ ပါ။

မဟာပရိနိဗ္ဗာန စေတီတော်အနီး ဂန္ဓ ကုဋိ ၊ကုသိနာရုံ ၊ အိန္နိယနိုင်ငံ မှာပါ။

ကျောဘက်မှာရေးထားတာက

ချစ်သားအာနန္ဒာ –

ဤကား မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြု၍ ဝိပါတ် ကမ္မဇရုပ် တို ့ချုပ် ငြိမ်းရာ

မလ္လာမင်းတု ိ့ဧ။်ကုသိနာရုံ အင်ကြင်းတော နေရာ ပါတကားဟု သဒ္ဒါကြည်ညိုစိတ်ရှိသော

အမျိူးကောင်းသားတစ်ဦး အတွက်

သံဝေဂ ယူသင် ့သော ဌာနတစ်ခု ဖြစ်ဧ၊်။

(မဟာ ပရိနိဗ္ဗာနသုတ်)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပုံ(၆)က ဗုဒ္ဓဘုရားအလောင်း  ဖွားတော်မူပုံ ပါ။

လုမ္ဗနီ ဥယျာဉ် ၊နီပေါနိုင်ငံ  မှာပါ။

ကျောဘက်မှာရေးထားတာက

ချစ်သားအာနန္ဒါ –

ဤ ကား ဘုရားအလောင်းတော်ဖွားတော်မ ူခဲ ့ရာ

လုမ္ဗနီ အင်ကြင်းတော နေရာ ပါတကားဟူ၍ု သဒ္ဒါကြည်ညိုစိတ်ရှိသော

အမျိူးကောင်းသားတစ်ဦး အတွက်

သွားရောက်ဖူးမြော် သံဝေဂ ယူသင် ့သော ဌာနတစ်ခု ဖြစ်ဧ၊်။

(မဟာ ပရိနိဗ္ဗာနသုတ်)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပုံ(၇)က ဘုရားအလောင်း  ဒုက္ကရစရိယာ ကျင် ့တော်မူပုံ

ဥရု ဝေလတော ၊ဗီဟာပြည်နယ်၊ အိန္ဒိယ နိုင်ငံ မှာပါ။

ကျောဘက်မှာရေးထားတာက

ဘုရားအလောင်းမှာ ဘုရားဖြစ်ရမယ်ဆိုတဲ ့သေချာတဲ ့ပါရမီ(ကံ) ရှိတယ်။

ဒါပေမယ် ့ နန်းတော်ထဲမှာ စောင် ့မနေဘဲ တောထွက်ပြီး ခက်ခဲပင်ပန်းတဲ ့

ဒုက္က ရ စရိယာ ကို (၆)နှစ် ကျင် ့ခဲ ့တယ်။(ဝီရိယ) ။

ဒါပေမယ် ့ကံနဲ ့ဝီရိယ ရှိရုံတင်မရဘူး။ အသိဉာဏ်နဲ ့ယှဉ်ပြီး အလယ်အလတ်လမ်းစဉ်ကို ကျင် ့မှ

ဘုရားဖြစ်ခဲ ့တာ။(ဉာဏ်) ။

ဆိုလိုတာက ကံကိုချည်း အားကိုးလို ့မဖြစ်ဘူး။ ကံကို (၂၀)ရာခိုင်နှုန်း ထား၊

ဝီရိယကို (၄၀)ရာခိုင်နှုန်း နဲ ့ဉာဏ် (၄၀)ရာခိုင်နှုန်း ထားမှ

ဘယ်အလုပ်မဆို အောင်မြင်နိုင်တယ်လို ့ ယုံတယ်။

(ဆရာ ချစ်ဆွေဝင်း)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပုံ(၈)က မဟာဗောဓိစေတီတော် ပုံ ပါ။

ဗုဒ္ဓဂါယာ ၊ဗီဟာပြည်နယ်၊ အိန္ဒိယ နိုင်ငံ မှာပါ။

ကျောဘက်မှာရေးထားတာက

ချစ်သားအာနန္ဒာ –

နောင် အခါ  သဒ္ဒါတရားရှိသော ရဟန်းယောကျာ်းများ၊ ရဟန်းမိန်းမများ ၊ဥပသကာ ဒါယကာများ

ဥပသ ကာဒါယကာမများ သည်  ဤလေးဌာနသို ့လာကြကုန်လ တ္တံ   ့။

၁။ဤ ကား မြတ်စွာဘုရားဖွားတော်မူရာ လုမ္ဗနီ အင်ကြင်း ဥယျာဉ်တော်နေရာ ပါတကား။

၂။ဤကား သဗ္ဗညုတ ရွှေဉာဏ်တော် ကို သိမြင်တော်မ ူ၍ ဘုရားအဖြစ်ရောက်တော်မူရာ

ဗုဒ္ဓဂါယာ မဟာဗောဓိပင် နေရာပါတကား။

၃။ဤ ကားပဉ္စဝဂ္ဂီ ငါးဦးအား မြတ်စွာဘုရား တရားဦး ဓမ္မစကြာ ဟောတော်မူရာ

မိဂဒါဝုန်တော နေရာပါတကား။

၄။ ဤကား မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူရာ မလ္လမင်းတို ့ဧ။် အင်ကြင်းတော နေရာပါတကား

ချစ်သားအာနန္ဒာ –

အကြင်လူတို ့သည် (ဤ  သံဝေဇနိယ လေး ဌာနတို ၌့ )ဘုရားဖူး ခရီး လှည ့်လည်ပြု၍

ကြည်ညိုစိတ်ဖြင် ့သေလွန်ကုန်ဧ၊်

ထိုလူအားလုံးတို ့သည် ဤခန္ဓာကိုယ် ပျက်စီး သေလွန်ပြီးနောက်၌

နတ်ရွာ သုဂတိ သို ့ ရောက်ကြကုန်လတ္တံ ့။

(မဟာ ပရိနိဗ္ဗာနသုတ်)

 

 

 

 

 

 

 

 

 

 

 

 

 

 

ပုံ(၉)က ဗောဓိပင်နှင် ့ရွှေပလ္လင်တော် ပုံ ပါ။

မဟာဗောဓိ မဏ္ဍိုင် ၊ဗုဒ္ဓ ဂါယာ မှာရှိပါတယ်။

ကျောဘက်မှာရေးထားတာက

ချစ်သားအာနန္ဒာ –

ဗုဒ္ဓ ဂါယာ မဟာဗောဓိပင် နေရာကား မြတ်စွာဘုရားသည် သဗ္ဗညုတ ဉာဏ်တော် ကို

သိမြင်တော်မူရာနေရာပါတကား ဟု သဒ္ဓါတရားရှိသော

အမျိူးကောင်းသားတစ်ဦး အတွက်

သံဝေဂ ယူသင် ့သော ဌာနတစ်ခု ဖြစ်ဧ၊်။

(မဟာ ပရိနိဗ္ဗာနသုတ်)

 

ကျွန်မလို ဗုဒ္ဓဂါယာကို တခေါက်မှ မရောက်ဖူးသေးသောဂေဇက်ရွာသူ ရွာသားအပေါင်းတို ့အားလုံး

ဗုဒ္ဓဂါယာဘုရားများကို နေ ့စဉ်ရည်မှန်း၍

ဂုဏ်တော်ကို အာရုံပြုလို ့

ပုံတော်များကို ဖူးမြော်ြပီး

ဗုဒ္ဓဂါယာသိ ု ့ ကိုယ်တိုင် သွားရောက်ဖူးမြော်ခွင် ့ရနိုင်ကြပါစေလို ့

ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

 

 

 

12 comments

  • ကံကိုချည်း အားကိုးလို ့မဖြစ်ဘူး။ ကံကို (၂၀)ရာခိုင်နှုန်း ထား၊
    ဝီရိယကို (၄၀)ရာခိုင်နှုန်း နဲ ့ဉာဏ် (၄၀)ရာခိုင်နှုန်း ထားမှ
    ဘယ်အလုပ်မဆို အောင်မြင်နိုင်တယ်လို ့ ယုံတယ်။

    မရောက်ဖူးသေးပါဘူး။ကျေးဇူးတင်ပါတယ် မန္တလာသူလေးရေ။

  • Khin Latt

    January 20, 2012 at 6:28 am

    သေသေချာချာကို ပုံလေးတွေ နဲ့ ရှင်းပြထားလို့ ကိုယ်တိုင်ရောက်လိုက်သလို ခံစားရပါတယ်။
    ကျေးဇူးပါ မန္တလာသူ ရေ။
    ‘’ မကောင်းမှု ကို မပြုလုပ်ရန် ၊ကောင်းမှုကို ပြုလုပ်ရန်၊ စိတ်ကို စင်ကြယ်စွာ ထားရန်
    ဤသည်ကား ဗုဒ္ဓဘုရား တို ့ဧ၊် အဆုံးအမ (ဗုဒ္ဓသာသနာ တည်း)’’
    (ဓမ္မပဒ)
    ဒီစာလေးအတွက် လဲ အထူးကျေးဇူးပါ။

  • Khin Kha

    January 20, 2012 at 10:48 am

    မရောက်ဖူးသေးဘူး၊ပုံလေးတွေဖူးရလို့ မန်းသူလေးကျေးဇူးနော်။

  • bluerose

    January 20, 2012 at 2:45 pm

    ခုလိုပုံလေးတွေပြန်လည်မျှဝေတာတကယ်ကျေးဇူးတင်ပါတယ်
    ဗုဒ္ဓဂါယာမပြောနဲ့ကျိုက်ထီးရိုးတောင်တခါမှသွားမဖူးနိုင်ဖြစ်သေးဘူး
    သွားဖူးချင်ပေမယ့်အကြောင်းမသင့်သေးလို့
    ခုလိုဖူးတွေ့ရတာတကယ်ကျေးဇူးတင်ပါတယ်

  • စိန်ပေါက်ပေါက်

    January 20, 2012 at 3:04 pm

    အားပေးတွားပါတယ် အမရေ
    ကျေးဇူးပါ..
    လူတိုင်းရောက်ဖူးကြပါစေ..
    ကျနော်လဲ သွားချင်တယ်.. 😆

  • etone

    January 20, 2012 at 3:27 pm

    ဓါတ်ပုံလေးတွေအတွက် ကျေးဇူးပါ မန္တာလာသူရေ … ။

    မတူညီတဲ့ အတွေးနဲ့ တွေးကြည့်မယ်နော် စိတ်မဆိုးနဲ့… လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကသာ နည်းနည်းခွဲပေးခဲ့မယ်ဆိုလျှင် အခုဆို ကြည်ညိုတဲ့ သက်တမ်း 20ရှိပြီလေ … ။ ခွဲခွာခါနီးမှ ပေးတာဆိုတော့ … 🙁 ပြောမထွက်တော့ပါဘူးလေ ……. ။

    • mandalarthu

      January 20, 2012 at 8:43 pm

      မတူညီတဲ ့အတွေးလေးနဲ ့တွေးပေးလို ့ကျေးဇူးပါနော်……အိတုံရေ ။
      လက်ဆောင်ပေးတဲ ့အမကြီးက ရန်ကုန်ကပါ။သူကမန္တလေးကိုလာရောက် အလုပ်လုပ်ရင်း ဆုံဆည်းကြတာပါ။ကျွန်မတို ့ခင်မင်တာ(၂)နှစ်သာရှိပါသေးတယ်။အခု ကျွှန်မက သူ့ ့ကို ့စတင်ခွဲခွာရတာမို ့သူက စိတ်ကူးကောင်းကောင်းနဲ ့ခွဲခွာလက်ဆောင်ပေးတာပါ။
      လွန်ခဲ့တဲ ့အနှစ်(၂၀)ကသာ သူမနဲ ့သိကျွမ်းခဲ ့ရင်တော ့……………..

  • windtalker

    January 20, 2012 at 7:37 pm

    ဘုရားဒကာ မန်တလာသူလေးရေ
    သာဓု သာဓု သာဓု ပါ ဗျား

  • mandalarthu

    January 21, 2012 at 9:51 am

    ကို KING ,အတိသဉ္ဇာ နာဂရ ချစ်သူ , ကိုKhin Latt နဲ ့Khin Kha ေ၇……..
    ကိုယ်တိုင်ရောက်လိုက်သလို ခံစားရတယ် ဆို လို ့ဝမ်းသာမိပါတယ်။
    ကျွန်မတို ့အားလုံး မရောက်ဖူးကြသေးပေမယ် ့တနေ ့နေ ့တော ့ရောက်ဖြစ်ကြမှာပါနော်။
    အခွင် ့အရေးပေးလာတဲ ့ အချိန်မှာပေါ ့။နေ ့စဉ်ဖူးမြော်နေ၇ရင်ကိုဘဲ ကုသိုလ်တရားတွေ ပွားများပြီး
    သွားဖို ့ကံအခွင် ့အလမ်းတွေ ပွင် ့လာမှာပါ လို ့ကျွန်မကတော ့ယုံကြည်ပါတယ်။အားလုံးကို ကျေးဇူးပါနော်။
    bluerose ေ၇…ကျေးဇူးပါနော်။ ကျွန်မလဲ ကျိုက်ထီးရိုးတောင်တခါမှသွားမဖူးနိုင်ဖြစ်သေးဘူး…ဖူးချင်စိတ်တွေဖြစ်မိပေမယ် ့
    အခြေအနေမပေးသေးလို ့မရောက်ဖြစ်သေးတာပါ။ဆန္ဒပြင်းထန်ရင် တချိန်ချိန်တော့ …..ကိုယ်တိုင်အရောက်ဖူးဖြစ်မယ်လို ့မျှော်လင် ့ပါတယ်။
    ကိုစိန်ပေါက်ရေ …..ဆုတောင်းလေး အတွက်ကျေးဇူးပါနော်။ကိုစိန်ပေါက်ကြီးလည်း ဖူးချင်တဲ ့
    ဆန္ဒပြည် ့့်ဝပါစေနော်။
    ကိုပေေ၇…………..ကျွန်မက ဘုရားဒကာ မဟုတ်ရပါဘူးဗျာ။ ကျွန်မ ရေးတင်ချင်တဲ ့မျှဝေချင်တဲ ့
    စိတ်ဝင်စားတဲ ့အကြောင်းအရာတွေက ဘုရားနဲ ့ပတ်သက်တာတွေ ဖြစ်နေလို ့ပါ။တနေ ့နေ ့တော ့ အမှန်တကယ်ကို ဘုရားဒကာဖြစ်ချင်ပါတယ်။ ကြိုခေါ်ထားလို ့ကျေးဇူးပါနော်။

  • manawphyulay

    January 21, 2012 at 12:38 pm

    မမျှော်လင့်ပဲ သွားရောက်ဖူးစရာမလိုအောင် ပုံတွေကော စာတွေကော သေချာရှင်းပြပေးတဲ့ မမမန္တလာသူကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ သွားရောက်ဖူးမြော်ချင်ပေမယ့် လမ်းစရိတ်အသွားအပြန် သုံးစရိတ် ဘာမှမတတ်နိုင်သေးတဲ့ဘဝမှာမို့ ခုလောက်နဲ့ပဲ ကျေနပ်နေရပါတယ်။

  • mandalarthu

    January 21, 2012 at 8:44 pm

    ဟုတ်ကဲ ့၊ကျေးဇူးပါ မနောေ၇….
    ကျွန်မကလည်း သွားဖူးချင်ပေမယ် ့မနောလို အခက်အခဲလေးတွေ မျိုးစုံရှိတာပါဘဲနော်။
    ကျွန်မသာ တတ်နိုင်ရင်တော ့မမ မနောကို စပွန်ဆာပေးခေါ် သွားပေးချင်တယ်။
    အဲဒါ က ကုသိုလ် လည်းရတယ်လေ။အင်း…ဒါပေမယ ့်…
    တနေ ့နေ ့ပေါ ့………..ကိုယ်တိုင်ဖူးတွေ ့ခွင် ့၇ရင် အခုထက် ပို ပြီးကျေနပ်ရမှာပါနော်။

Leave a Reply