ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝန်းသို့ကားဖြင့်ဝင်တိုက်မိခြင်း…

 ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ခြံဝန်းကို ကားဖြင့်ဝင်တိုက်မိသည့် ပြဿနာသည် မတော်တဆလား၊တမင်ရည်ရွယ်ချက်လားဆိုတာ မသိရသေးပါဘူး။

ဒီသတင်းကို ယခု နာရီပိုင်းအတွင်းရရှိပါသည်။ http://www.thithtoolwin.com-news   မှရရှိပါသည်။

ပုံထဲက အတိုင်းမြင်ရတဲ့ကားက စည်ပင်ကားနဲ့တူနေတယ်…တိုက်ဆိုင်မူပဲလား..ရည်ရွယ်ချက်နဲ့လား…ဘာကြောင့်လဲ..သေသေချာချာသိချင်၍ အလွန်အစွမ်းထက်လှသော မန်းဂေဇက်ပေါ်သို့ အဖြေထွက်ရန်တင်ဆက်လိုက်ပါတယ်ခင်ဗျား..

ဒီသတင်းကိုသိရှိသောသူများအမြန်ဆုံးအကြောင်းကြားစေလိုပါသည်…

14 comments

  • windtalker

    January 19, 2012 at 8:55 pm

    ဘာကြောင့်လဲဆိုတာမသိရပေမယ့်
    သတင်းထူး ကို ဓါတ်ပုံနဲ ့တစ်ကွ သိလိုက်ရတဲ့အတွက်
    အသိထူးရပါ၏

  • Thel Nu Aye

    January 19, 2012 at 9:09 pm

    တမင်လုပ်တာတော့ဟုတ်ဟန်မတူပါဘူး။ စည်ပင်ကားမဟုတ်ပါဘူး၊ ကြည့်ရတာ။ မတော်တဆလမ်းချော်သွားတာဖြစ်နိုင်ပါတယ်။ အဲလိုကားတွေကလမ်းတွေပေါ်မှာရမ်းရမ်းကားကားမောင်းလေ့ရှိပါတယ်။ အဆိုးထဲကအကောင်းကတော့ ဘာပဲဖြစ်ဖြစ်သတိဝီရိယပိုရှိသွားတာပေါ့။ အမေစုလုံခြုံရေးလဲ upgrade လုပ်ပြီးသားဖြစ်သွားတာပေါ့။

  • water-melon

    January 19, 2012 at 9:36 pm

    အမေစု အမေစု
    ရွေးကောက်ပွဲဝင်တော့မယ်ဆို သတိထားနော်
    အမှောင့်ပရောဂတွေ တော်တော်များမယ်နော့

  • ဂျက်ကီချီးပေ

    January 19, 2012 at 10:37 pm

    ကျုပ်မှ မကယ်ရင် ခင်ဗျားတို့ သေဖွယ်ရာဘဲ
    ဘယ်ကောင်တိုက်ခြင်သေးလဲ ….. လာခဲ့
    အုပ်တံတိုင်းကိုမှ တိုက်ဝံ့တဲ့ကောင် လာခဲ့
    ဝေးဝေးမတွေးနဲ့ ကားခေါင်းနဲ့တိုက်ရင် ရေတိုင်ကီပျက်မယ်
    ( ရေတိုင်ကီဆိုတာ ဘယ်ဈေးပေါက်သလဲ ခင်ဗျားတို့အသိစုံး )
    ဖင်နဲ့တိုက်တဲ့ကောင် ခေါင်းထဲမှာမတွေးထားနဲ့
    ဗေဒင်လား
    လာခဲ့
    ချီးပေက အိပ်စတ်ပတ် 😀
    ခင်ဗျားတို့သိမလားသိဘူး ယတြာချေတာလေ အဖွားဂျီး ကားတိုက်မခံရဘဲ
    အုပ်ဒဒိုင်းကြီးကားတိုက်ခံရသဗျို့
    ကားမောင်းတဲ့ မောင်မင်းဂျီးသား ကျမ္မာဘာစေ ချမ်းသာဘာဇေ
    ဘယ်ကောင် တိုက်ခြင်သေးလဲ

  • အင်း ယတြာချေလေရော့သလားဗျာ။တမင်လုပ်မယ် ထင်ရတယ်ဗျို ့။ကျနော်တော့ အမေစု ကျန်းမာရေးရော၊အစစရာရာစိုးရိမ်
    မိပါတယ်။

  • zaw min

    January 20, 2012 at 12:36 am

    အမေ့ကိုချစ်သောပြည်သူများ အမေ့ကိုစောင့်ရှောက်နိုင်ကြပါစေဗျာ…အမေ အန္တရယ်ခတ်သိမ်းငြိမ်းပါစေ…လိုအင်ဆန္ဒပြည့်ပါစေ..

  • Khin Kha

    January 20, 2012 at 9:53 am

    ကားကလည်းဒီခြံမှ တိုက်တိုက်ဆိုင်ဆိုင် တိုက်မိတယ်လို့။
    အမေစုခြံရှေ့ကလမ်းက အကျယ်ကြီးပါနော်။

  • kyeemite

    January 20, 2012 at 10:37 am

    အစိုးရိမ်လွန်တော်မမူကြပါနဲ့..သာမန်မတော်တဆမှု့ဖစ်မှာပါ..
    ကားအပျက်ခံပီးတော့ ခြံစည်းရိုးတော့ တမင်ဂလာဝင်မတိုက်လောက်ပါဘူး..

  • bluerose

    January 20, 2012 at 12:36 pm

    အမေစုရေကျန်းမာပါစေချမ်းသာပါစေ
    ဘေးဥပဒ်အန္တရာယ်ကင်းဝေးပါစေ

  • ကြောင်ကြီး

    January 20, 2012 at 12:38 pm

    အဲဒီကား ဦးအောင်သောင်းပိုင်တယ်တဲ့။ ဒရိုင်ဘာက မြို့တော်ဝံဟောင်း ဦးအောင်သိန်းလင်း တပည့်ဆိုလား….။ ပြောနေဂျဒါ ပြောနေဂျဒါ….. 🙄

  • htoosan

    January 20, 2012 at 12:53 pm

    မတော်တဆ ဆိုရင်တော့ ကားမောင်းသူ အကုသိုလ် အတုံးလိုက် အတစ်လိုက်ဝင်တာဘဲ။
    တစ်ဘက်ကလည်း တမင်လုပ်တာလား ။ အလိုတော်ရိဆိုပြီး ဝိုင်းထောင်းကြတာ ခံရမှာ။
    နောက်တစ်ဘက်ကလည်း မင်းကြောင့် ငါတို့ အတော်ဖြေရှင်းနေရပြီ။ မင်းကြောင့်ဆိုပြီး ငါတို့လုပ်တာ မဟုတ်ဘူးဆိုပြီး စံပြ အနေနဲ့ ဆော်တော့မှာ။
    ဒေါ်အောင်ဆန်းစုကြည်မှ တစ်ပါး ၎င်းယာဉ်မောင်းအား ကယ်နိုင်သူ မရှိတော့ဟုထင်ပါသည်။

  • Wai Phyoe

    January 20, 2012 at 1:14 pm

    ကားဆိုတာမျိုးကလည်းပြောလို့မရပါဘူး လမ်းကျယ်လည်းဖြစ်တတ်ပါတယ်
    ဘယ်သူမှန်းမသိပဲနဲ့တော့ ထင်ကြေးမပေးချင်ပါဘူး
    ဒါပေမဲ့ မေစု စီးနေတဲ့ကား နေတဲ့အိမ် သွားတဲ့ခရီး အားလုံးကို ပိုလုံခြုံမှူရှိအောင်
    မေစု လက်အောက်ငယ်သားတွေက အလေးပေးသင့်ပါတယ်။

  • etone

    January 20, 2012 at 4:35 pm

    ကားဖြတ်သွားရာ လမ်းဘေးနားက ခြံတွေ၊ အိမ်တွေထဲ ဖြစ်တတ်တဲ့သဘောလို့တော့ထင်ပါတယ်… ။
    နေ့ခင်းကြောင်တောင်ကြီး … တမင်တော့ သွားမတိုက်လောက်ပါဘူး …. ။ (မထင်ဘူး )
    ဒါပေမယ့်လည်း အဲ့ဒီလမ်းက လမ်းလည်း ဒီလောက်မကျဉ် … ချိုင့်ခွက်လည်း လမ်းချော်လောက်အောင်မဆိုး ….. (ထင်တယ်.. )
    #@!^% ထင်တယ် … မထင်ဘူး …… ထင်တယ် … မထင်ဘူး ……. နောက်ဆုံးနာလည်း မူး 🙄

  • ဇွဲမာန်(အင်းဝ)

    January 20, 2012 at 9:34 pm

    တခါတလေဖြစ်တက်ပါတယ်….။

Leave a Reply