Hongkong tourist ဟောင်ကောင်ခရီးသည် (၇)
Ocean park မှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံများ
ငါးပြခန်း အ၀င်ဝ၊ အဲဒီမှာစာတွေရေးလို့ရတယ် ဘာတွေရေးထားမှန်းတော့မသိ။ လိုက်ပို့တဲ့သူက သန့် စင်ခန်းသွားနေလို့ မမေးလိုက်မိ။ မြန်မာပြည်မှာ လို ဟိုနေရာရေး သည်နေရာရေး မရေးအောင် နေရာသတ်သတ်မှတ်မှတ်လုပ်ထားပုံရသည်။ ဆုတောင်စာများရေးသည်ဟု ထင်သည်။ အနီးကပ်ဓာတ်ပုံရိုက်ဖို့တော့ မေ့သွားသည်။
အလှငါးလေးများ (၁)
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
ဂဏန်း
ဝါးရွက်စားနေတဲ့ပင်ဒါလေး
ရွာသူားများ တရုပ်နှစ်ကူးမှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကိုယ် စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
လှသည်
ကြိုက်သည်
ခိုက်သည်
ထို့ကြောင့်
ဖတ်သည် ….
ကျွန်တော့်တို့ဆီမှာလည်း လာလည်တဲ့သူတွေ မှတ်တမ်းတင် စာရေးဖို့ နေရာတစ်ခု လုပ်ပေးထားမယ်
တစ်နှစ်ကို တစ်ခါ ဖျက်ပြီး အသစ်ရေးဖို့ လုပ်ပေးမယ်ဆိုရင်
တစ်ခါ ရေးခဲ့တဲ့သူက နောက်နှစ်မှာလည်း ကိုယ်ရေးချင်တာရေးရအောင် ဆက်တိုက်ဆက်တိုက် လာရောက်ရင်
ဝင်ငွေလည်း ပိုတိုး စည်းကမ်းလည်း ရှိကုန် လှလည်း လှပမယ်လို့ ထင်မိကြောင်း ….
Was this answer helpful?
LikeDislikevery good photo……………
Was this answer helpful?
LikeDislikeအားပေးသွားတယ်နော..ကိုကျော်မွန်ခန့်ရေ….
မသိတာတွေ ဖယ်လို့ သိတာလေးတွေပဲ မန့်တော့မယ်ဗျာ..
ပုံ(၁)(၂)(၃)(၄)(၅) က Tropical Gold Fish လို့ ယေဘူယျခေါ်တဲ့ ..
ရေချိုအလှမွေး ရွှေငါးလေးတွေပါဗျာ …
(ရွာထဲက ကိုရင်စည်သွပ် သူ့ချစ်ချစ်ကို လက်ဆောင်ဝယ်ပေးတာလေးတွေပေါ့)
(၁) (၂) ကတော့ Tosakin ဒါမှမဟုတ် Ryukiin အမျိုးဝင်တွေပေါ့ဗျာ Fan tail
လို့လည်း အသိများကြတယ်ခင်ဗျ..။
(၃) ကတော့ မျက်ပြူးလို့အလွယ်ခေါ်တဲ့ အမျိုးအစားဗျ… Telescope လို့ပြောကြတယ်
ပုံထဲက ငါးကတော့ Black Moor နဲ့ များ စပ်ထားသလား မဆိုနိုင်ဘူး Telescope မျိုးရင်းက
အပြောက်တွေပါတယ်ဗျ….သူက မျက်စိပြူးရုံသာပြူးပြီး တကိုယ်လုံးက Moor လိုမည်း
နေလို့ရယ်..။
(၄) ကတော့ Bubble Eyes ဗျ ..မျက်လုံးအောက်မှာ မျက်ရည်အိတ် တုန်တုန်လေးတွေပါတယ်
တခါတလေ ရန်ကုန်မှာ တွေ့ရတတ်တယ်ဗျ ယိုးဒယားကနေ သွင်းကြတာပါ..။
မွေးဖို့ ကတော့ အရမ်းနု လို့ ကျနော် တော့ သိပ် သဘောမတွေ့ဘူးဗျာ…။
(၅) ကတော့ King of the Goldfish ပဲဗျို့ ..Ranchu လို့ခေါ်တယ်…။
သူ့ကို Lionhead နဲ့ မှားတတ်တယ်ဗျ. …Lionhead နဲ့သူနဲ့ တူတာက ကျောရိုးဆူးတောင်
မပါဘူး … အမြီးဆူးတောင်တွေ တိုတယ်ဗျ…Lionhead ကို ခါးကုန်း လို့လည်းခေါ်တတ်သေးတယ်..
သူတို့၂မျိုး ကွာတာကတော့ Ranchu က မျက်နှာမှာ ဂျယ်လီ ပါတယ်ဗျ…ရွှေငါးထဲမတော့
သည်ကောင်တွေက ဈေးလည်းအပေးရဆုံး သန်လည်း အသန်ဆုံးပဲဗျ…ရေငုတ်သင်္ဘော ခါးချိုး
ထားတဲ့ပုံ နဲ့ ရေကူးတာလည်း သိပ်မြန်တယ်…။
တော်သေးပြီ ရှည်သွားပြီဗျာ …။
ဟိုတလောက တီလုပ်သဌေးမကြီး သူ့ခြံထဲမွေးထားတဲ့ ငါးတွေ အေးလို့သေကြတယ်ဆိုလို့
ငယ်ငယ်က ငါးမွေးတာလေး ပြန်သတိရလို့ (ပုံလေးတွေမြင်မှ ပိုလွမ်းသွားလို့)
အမှတ်တရ ရေးလိုက်ပါတယ်ဗျာ….
ခင်တဲ့
ဖားသက်ပြင်း
Was this answer helpful?
LikeDislikeပုံတွေက ဗဲဒီးဂွတ်ပါလား
ငါးတွေကလဲရောင်စုံဘဲ..ရေလည်မိုက်
Was this answer helpful?
LikeDislikeကိုကင်းပြောတာထောက်ခံပါတယ်။ thanks burmese or chinese. ကိုဂီပြောမှ ငါးတွေသရုပ်နဲနဲရေးရေးထင်သွားပါတယ်။ အမှန်ကသရုပ်ကွဲသွားတယ်လို့ပြောရမှာပါ။ ကျနော်က ငါးတွေအကြောင်း နကန်းတလုံးမှ မသိလို့ ရေးရေးဘဲ ထင်သွားတာ။ ကိုဖား or ကိုဂီ တို့ကတော့ ဗဟုသုတအရာမှာတော့ living wiki လို့တောင် ပြောရမလိုဖြစ်နေပြီ။ ခင်ဗျားတို့ ရွာထဲမှာရှိတာတော့ ရွာ့ကျက်သရေတိုးတာ အမှန်ပါဘဲ။ ဓာတ်ပုံတချို့က ကျနော့မိတ်ဆွေ ကျနော့ကိုလိုက်ပို့ပေးတဲ့ ဟောင်ကောင်သား မစ်စတာဝီလျံရဲ့လက်ရာတွေပါ။
သူက Eos နဲ့ ဆွဲထားတဲ့ ပုံလေးတွေဗျ။ စိတ်လဲရှည်။ သဘောထားလဲကောင်းတယ်။
ကိုပေါက်ဖော်ကတော့ ရွာထဲမှာ အမြဲလိုလိုရှိနေနိုင်တာ လေးစားပါတယ်။ ခင်ဗျားတို့အားပေးလို့ ကျနော်ဆက်ပြီးတင်ချင်စိတ်လေးဖြစ်မိတာအမှန်ပါ။
Was this answer helpful?
LikeDislikeကျေးဇူးပါ ကိုကျော်မွန်ခန့် ရေ။ထူးဆန်းထွေလာလေးတွေ ကြည့်ခွင့်ရလို့ ပါ။
Was this answer helpful?
LikeDislikeဟောင်ကောင် ခရီးသည်ဂျီးရေ
ဟောင်ကောင် ဂျက်မ တို့ နဲ့ တွေ့ ခဲ့ရင်
ဓါတ်ပုံရိုက်ခဲ့ဖို့ သတိရပါနော
ဟီဟိ
Was this answer helpful?
LikeDislike