ယနေ့ည ၁၂ နာရီကျော်ခန့်က

chityimhtooJanuary 20, 20121min15717

ယနေ့ည ၁၂ကျော်ခန့်က ရန်ကုန်မြို့ အလုံဆင်မင်းဈေးမှတ်တိုင် အောက်ကြည်မြင်တိုင်လမ်းမကြီးပေါ်ရှိ CCG contruction မှဆောက်လုပ်သော မြကန်သာစားသောက်ဆိုင်ဘေးရှိ ၈ထပ်တိုက်မှာ အောက်ဘက်သို့မြေနိမ့်ဆင်းသွားတဲ့အတွက် နေအိမ်မှလူများရွှေ့ပြောင်းပေးခဲ့ရပါသည်။ တာဝန်ရှိသူများ မီးမောင်းများထိုးပြီးစောင့်ကြည့်နေခဲ့ရသည်။

17 comments

  • Khin Latt

    January 20, 2012 at 6:40 am

    ဒီအတိုင်း ဘဲ ရှိသေးလား။ ပြိုမသွား ရင်တောင် ဖြိုပြစ် ရမှာပါဘဲ။
    ဒီလိုမျိုး တွေ အများကြီး ထပ်ဖြစ် လာနိုင်သလားပါဘဲ။
    သတင်း ဓာတ်ပုံ အတွက် ကျေးဇူးပါ ချစ်ရင်ထူး ရေ။

  • မှော်ဆရာသိန်း

    January 20, 2012 at 8:22 am

    သတင်းဦး ၊ သတင်းထူးပါပဲ
    ကျေးကျေးပါ ..။

  • MaMa

    January 20, 2012 at 8:38 am

    သတင်းဦး သတင်းထူးပါပဲ။ ဓာတ်ပုံနှင့်တကွ တင်ပေးနိုင်တာ ချီးကျူးစရာပါ။ အဲဒါကြောင့် မနက်က ဖြတ်လာတုန်းက အဲဒီနားမှာ လမ်းပိတ်ထားတာကိုး။

  • fatty

    January 20, 2012 at 9:29 am

    သတင်းထူးတပုဒ်ပါဘဲဗျို့ ချီးကျုးပါတယ်။

  • eipu

    January 20, 2012 at 9:54 am

    သတင်းထူးပါဘဲ

  • စုံ စုံ

    January 20, 2012 at 10:22 am

    ဒီတိုက်ကြီးဆိုရင်တော့နှမြောစရာကြီးဘဲနော်
    ဒီတိုက်ကိုအရမ်းအဘောကျတာ တိုက်ခန်းက
    ကျယ်လဲကျယ်တယ် အနောက်လဲအရမ်းရှည်တယ်
    လမ်းမတန်းလဲဖြစ်လို့စိတ်ဝင်စားနေတာ
    ခုတော့ ခုတော့ 🙁 🙁

  • နွယ်ပင်

    January 20, 2012 at 10:24 am

    ဓာတ်ပုံနှင့်တကွ အခုလို သတင်းဦးလေး တင်ပေးတာ ကျေးဇူးပါ ………..

  • Khin Kha

    January 20, 2012 at 10:42 am

    အဲဒါကန်ထရိုက်နဲ့ဆောက်တာလား။ ဒါဆို-
    တိုက်ဆောက်တုန်းက စနစ်မကျခဲ့တာလား၊
    စနစ်မကျအောင် တိုက်ဆောက်ခဲ့တာလား။

  • စိန်ပေါက်ပေါက်

    January 20, 2012 at 10:56 am

    တော်သေးတာပေါ့ ပြိုကျပြီး လူတွေဘာမှမဖြစ်တာ..
    သတင်းအတွက် ကျေးဇူးအထူးရှယ်..
    လူတွေတော့ဘုံပျောက်လို ့.စိတ်မကောင်း

  • manawphyulay

    January 20, 2012 at 11:25 am

    ခုကော ဘယ်လိုဖြစ်နေသေးလဲ မြေကျွံသွားရင်တော့ မတွေးဝံ့စရာပဲနော်။ တော်တော်ကို ခိုင်ခံ့တဲ့ဖောင်ဒေးရှင်းပဲဖြစ်မယ်။ ကြောက်စရာကြီး ညရေးညတာ ဘယ်လိုနေကြမလဲ…

  • kyeemite

    January 20, 2012 at 11:27 am

    သတင်းထူးတပုဒ်ပါဘဲဗျို့ ချီးကျုးပါတယ်။
    Khin Kha says:

    အဲဒါကန်ထရိုက်နဲ့ဆောက်တာလား။ ဒါဆို-
    တိုက်ဆောက်တုန်းက စနစ်မကျခဲ့တာလား၊
    စနစ်မကျအောင် တိုက်ဆောက်ခဲ့တာလား။
    ဟုတ်တယ်..ကျွန်တော်တွေ့နေသလောက်ကတော့..ကန်ထရိုက်တိုက်တော်တော်များများ..
    အင်ဂျင်နီယာကြီးကြပ်တာမရှိဘူး..ပန်းရံဆရာနဲ့လက်သမားဆရာတွေဦးစီးပီးဆောက်တာဘဲ..
    ကန်ထရိုက်ဆိုတာလဲ အင်ဂျင်နီယာ တော်တော်ရှားပါတယ်..အဆိုးဆုံးက မြေအမျိုးအစားကိုမစမ်း
    တာဘဲ..ထဲ့တဲ့ သံချောင်းကလဲ စည်ပင်တင်ဘို့ဆွဲတဲ့ အင်ဂျင်နီယာတွက်ထားတဲ့အတိုင်းဟုတ်မဟုတ်
    ဘယ်သူ့မှမသိဘူး..စစ်မဲ့လူမှမရှိတာ..

  • ကိုကြီးမိုက်ပြော သလိုစစ်ဆေးမယ့်သူများကလဲ ငွေပေးရင်
    မျက်စိမှိတ် လက်မှတ်ထိုးနေတာက အကျင့်ပါနေသလားလို ့။

  • bluerose

    January 20, 2012 at 12:03 pm

    ကန်ထရိုက်တွေမှာနေရမှာတောင်ကြောက်လာပြီနော်
    နိမ့်ဆင်းရုံမို့လို့တော်သေးတာပေါ့ရှောင်ချိန်ရလိုက်သေးတယ်
    လုံးဝကျွံဝင်သွားရင်တော့မတွေးရဲစရာပဲနော်
    ခုလိုသတင်းထူးလေးကိုတင်ပေးလို့ကျေးဇူးတင်ပါတယ်
    ကန်ထရိုက်တိုက်များဆောက်ရင်စစ်ဆေးတာကိုတင်းကျပ်သင့်တယ်လို့ထင်ပါတယ်
    ပေးတာယူနေရင်တော့ဒီလိုမျိုးတွေပဲထပ်ဖြစ်နေအုံးမှာပဲ

  • chityimhtoo

    January 20, 2012 at 1:36 pm

    ကျွန်တော်တို့အရင်မီးလောင်တုန်းကပေါက်ကွဲမှူ့ဖြစ်ပြီး မြေကြီးတွေတုန်ခါသွားတဲ့ဒါဏ်တွေခုမှခံရတာလား
    မသိပါဘူး။တည့်တည့်ကိုပြိုကျရင်ကိစ္စမရှိဘူး ဘေးကိုလဲကျရင် ဘေးကအိမ်တွေထိမှာစိုးရိမ်ရတယ်။

  • TTNU

    January 20, 2012 at 2:32 pm

    ချစ်ရင်ထူးရေ
    တီချာသတိထားမိနေတယ်။
    သတင်းထူးတွေ တော်တော်စောစောတင်တာ မောင်ရင် တော်လိုက်တာ။
    ဒီသတင်း ဘယ်မှာမှမဖတ်ရသေးဘူး။ ကျေးဇူးတင်ပါသည်နော်။

  • etone

    January 20, 2012 at 3:44 pm

    ကိုချစ်ရင်ထူးရေ … ဓါတ်ပုံနဲ့တကွတင်ပြပေးတာ ကျေးဇူးပါနော့ …
    မနေ့က ညဘက် ဆယ်နာရီခွဲကျော်ခန့်မှာ အိမ်က ဂျာနယ်လစ်ကြီး ကင်မရာတလုံးနဲ့ လစ်ခနဲပျောက်သွားလိုက်တာ …. ။ အတင်းမေးမှ … ဖုန်းဝင်လာလို့တဲ့ .. တိုက်ကြီးစောင်းသွားတယ်ကြားတယ် သတင်းသွားယူမလို့ဆိုပဲ … ။ ကျွန်မလည်း အားကိုးတကြီးနဲ့ … ဒီကင်မရာလေးပါယူပြီး ရိုက်ခဲ့ပါဟယ် … ရွာထဲကလူတွေကို ပြန်ပြပေးမလို့ပါဆိုတာကို … စိတ်ပုတ်စွာနဲ့ .. ကင်မရာနှစ်လုံးကိုင်ထားလျှင် ဘယ်လို ရိုက်လို့ အားရပါ့မလဲ ….သတင်းလိုချင်လျှင် သတင်းလိုက်တဲ့… ကိုယ်တိုင်လည်း သတင်းလိုက်တာမဟုတ်ပဲနဲ့… ရိုက်မလာဘူးဆိုပြီး .. လစ်သွားလို့ … ကျွန်မဖြင့်အိမ်မှာပွစိပွစိ မေတ္တာပို့ပြီး ကျန်ခဲ့ရပါတယ် … ။ 👿

    အိမ်နဲ့လည်း သိပ်မဝေးတော့ လိုက်သွားချင်ပေမယ့် … ညတိုင်း 11ခွဲကနေ 12နာရီအတွင်းအိပ်တတ်တဲ့ အကျင့်ပျက်မှာ စိုးလို့ … လိုက်မသွားဖြစ်ခဲ့ဘူး … ။

  • etone

    January 20, 2012 at 4:00 pm

    ဒီသတင်းလေးကြားကြားချင်း ခေါင်းကြီးသွားခဲ့ပါတယ် ….. ။ တိုက်ပြိုတယ်ဆိုတော့ … ကန်ထရိုက်ကပဲ စားတာလား ဆိုတဲ့ အတွေးကတော့ ပထမဆုံးဝင်မိသွားတယ် … နောက်တစ်ခါ .. အရမ်းများ အိုဟောင်းနေလို့လားဆိုတာမျိုးလည်း တွေးမိတယ် … ( တခြားမီဒီယာတွေမှာရေးထားတာ 2007လောက်ကမှ ဆောက်တဲ့ တိုက်သစ်ပါတဲ့လေ … ) … ထင်တာကတော့ … ရန်ကုန်တမြို့လုံး တုန်ဟီးသွားစေတဲ့ … မင်္ဂလာတောင်ညွှန့်က ပေါက်ကွဲမှုကြီးရဲ့ အကျိုးဆက်လည်းပါမယ်လို့တော့ ထင်မိပါတယ် … ။

Leave a Reply