ဒေါ်စုစီးဖို့ ကားအသစ်လိုနေပြီ Car

ဒေါ်စုကားပေါ်မှ လူထုအား နှုတ်ဆက်စဉ်

ဒေါ်စု ခရီးထွက်ရင် လူထုကို အခါအားလျော်စွာ ကားပေါ်တက်ပြီး လက်ပြနှုတ်ဆက်တာ သတင်းဓာတ်ပုံများမှာ တွေ့ဖူးတယ်။ သူစီးတဲ့ကားက အိမ်စီးအဖြူရောင် ဆလွန်းကားလေးဆိုတော့ အဆင်မပြေဘူး။ ကားနောက်ခန်းတံခါးကိုဖွင့်ပြီး ကားကြမ်းပြင်ပေါ်တက် မျက်နှာပြရတယ်။ အခုဆိုရင် ရွေးကောက်ပွဲလည်း နီးနေပြီမိုလို့ မကြာခဏ မော်တော်ကားစီး ခရီးထွက်ရဖို့ ရှိပါမယ်။ အခုကားလေးက ဟိုသွားဒီသွားလောက်ပဲကောင်းတာမို့ လူထုနဲ့လည်း နီးနီးကပ်ကပ် ထိတွေ့လို့ရ ခရီးသွားဖို့လည်း ပိုသင့်တော်မယ့် ကားခေါင်မိုး sunshade အဖွင့်အပိတ်ပါတဲ့ ဖိုးဝှီးဒရိုက်ဗ်ကားမျိုးဖြစ်ဖြစ်၊ ဆလွန်းကားဖြစ်ဖြစ် အသစ်ထပ်ဝယ် ဒါမှမဟုတ် လက်ရှိကားနဲ့လဲစီး ဒါမှမဟုတ် နိုင်ငံခြားလုပ်ကားဈေး သိပ်ကြီးတယ်ဆိုရင်လည်း စက်ကောင်း အကြမ်းခံ အဲယားကွန်းလိုမျိုးပါတဲ့ ပြည်တွင်းဖြစ် ကြားတစီးစီး ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ ဒေါ်စု အခုစီးနေတဲ့ကားကို အများပြည်သူကို လေလံပစ်ပြီး ရလာတဲ့ အပိုဆောင်းငွေများဖြင့်လည်း ကားသစ်တစင်း ဝယ်ယူနိုင်မယ်ထင်ပါတယ်။ အခွန်ကိစ္စ ရှင်းရမယ်ဆိုရင်လည်း ကားခြင်းဒဲ့လဲမယ်ဆိုရင် စိတ်ဝင်စားသူ အများအပြား ရှိမှာပါ။ အခြားနည်းလမ်းများစွာလည်း ရှာရင်ရှိနိုင်ပါတယ်။ အချို့ကိစ္စတွေ လူသိရှင်ကြား ပြောလို့သိပ်မကောင်းဘူး။ ရွာသားများလည်း အကြံညဏ်များရှိရင် ပေးကြပါအုံး။
ကားအကျိုးတော်ဆောင်လေကြောင် 😎 (ပွဲစားမဟုတ်၊ ဤကားသဂျီး အလိုတည်း)

20 comments

  • ဟုတ်ပါတယ် ဒီကားလေးက ၁၉၉၆ ခုနှစ်လောက်က သံတွဲကို အမေစုနဲ ့ဦးတင်ဦးတို ့လာကတည်းက
    သုံးနေတဲ့ကားလေးမို ့အမေစုရော သံယောဇဉ်ရှိနေမှာပါ။ခုကားလေးကိုတော့ မရောင်းစေချင်ပါဘူး။
    ထပ်ဝယ်နိုင်ပါစေ ဆုတောင်းပါတယ်။ကားအသစ်တွေဆို ရင်အဆင်ပြေမှာပါ။အမေစုရောNLD ရဲ့ EC
    များပါ ဦးကြောင်ကြီး အကြုံပြုသလို အကောင်ထည်ဖော်နိုင်ပါစေ။

  • စိန်ပေါက်ပေါက်

    January 20, 2012 at 12:31 pm

    မေမေစု
    တားတားကို အဲဒီကားပေး
    တားတား လေလံပစ်ပြီး မေမေစုကို ကားကောင်းစားတစ်စီးဝယ်ပေးမယ်
    ဘရိုရဲ

    စကားမစပ်..
    ပြည်သူကိုယုံတာတော့ယုံတာပဲ
    ကိုယ့်ကိုယ်ကိုတော့ လုံခြုံရေး သတိရှိစေချင်ပါတယ်..
    ဗိုလ်ချုပ်လို အဖြစ်စေချင်လို ့ပါ..

    ပုံ
    စိန်ပေါက်ပေါက်

  • myo nyunt

    January 20, 2012 at 12:54 pm

    အလိုလိုနေရင်းရတဲ့ဒေါ်လာတွေရှိတယ်လေ။
    မရှက်ဘူးလား မျိုးညွန့်ရာ၊ ကိုယ်နဲ့တန်ရာ တန်ရာပြောစမ်းပါ။ ခွေးပါးစပ်က နတ်စကားထွက်လို့…

    • myo nyunt

      January 20, 2012 at 2:52 pm

      ကျုပ်လူက မွေးတာမဟုတ်ဘူး။ တော်တော်ရိုင်းတဲ့ စစ်ဗိုလ်အဖေခေါ်
      ချင်တဲ့အေကာင်။

      • tharbaw

        January 20, 2012 at 6:41 pm

        စကားပြောရင် ဆင်ခြင်ပေးပါ မောင်မျိုးညွန် ့။နင် စဉ်းစားကြည့်ပါ. အလကားရတဲ့ ဒေါ်လာတွေလို ့ပြောရ
        လောက်အောင် နင်လဲ အလကားရဖူးလို ့ အမေစုကိုပါ လာဆွဲမထည့်နဲ ့။လောက မှဘယ်အရာမှ အလကား
        မရဘူးဗျ။သိအောင်မှတ်ထား။ခင်များလိုလူမှာ အမေရှိရင်တောင် အမေမှန်းသိတတ်ပေါ့မလား။အံ့ဩမိတယ်။

      • myo nyunt

        January 21, 2012 at 11:48 am

        သူများက အခြောက်ပါ…
        မျိုးညွှန့်အ၆
        လိုက်လို့နှောက်
        ကပေါက်ကခြောက်
        ဂေါက်လည်းဂေါက်
        လူတကာက
        ဝိုင်းလို့ဟောက်
        သူ့ခမျာမှာ
        ပေါက်တောက်တောက်…

    • etone

      January 20, 2012 at 3:48 pm

      ခွေးပါးစပ်က နတ်စကားထွက်တာ တကယ်အမှန်ပဲဟေ့ … သွေးထွက်အောင်ကိုမှန်တယ် … ။ 😆

      အလကားနေရင်းရတဲ့ ဒေါ်လာတဲ့ လား … အဟား ဟား … ရယ်ရလွန်းလို့ …. အူတက်တော့မယ် 😆

      ဟေးးးးးးးး တို့ရွာထဲကလူတွေ ……. အလိုလိုနေရင်း ရတဲ့ဒေါ်လာရှိတဲ့ လူတွေ .. လက်ညှိုးထောင် :mrgreen:

      • Thel Nu Aye

        January 20, 2012 at 5:59 pm

        ရှိတယ်။ လက်ညှိးထောင်ပြီ။ ဟိုနေ့ကကောက်ရတာ။ အစစ်တော့ဟုတ်ဘူး။ ပိုက်ဆံအိပ်ထဲမှာပါတဲ့ဒေါ်လာကဒ်ပြား။ းD

  • Wai Phyoe

    January 20, 2012 at 1:08 pm

    ပာုတ်ပါတယ် ထောက်ခံပါတယ် အမေစုကားကောင်းကောင်းစီးသင့်နေပါပြီ
    နောက်ပိုင်း NLD ရဲ့ပါဝါတွေကလည်းရှိလာပါပြီ။ ကားက မရှိမဖြစ်အလိုဆုံးပါ
    ဒါ ပကာသန လို့မထင်ပါဘူး လိုအပ်ချက်လို့ထင်ပါတယ်။ ဘာတွေပဲဖြစ်ဖြစ်
    အမေစု ရဲ့ လုံခြုံရေးကို လက်အောက်ငယ်သားတွေကလည်း အလေးထားသင့်ပါ
    တယ်

  • chityimhtoo

    January 20, 2012 at 1:31 pm

    ဟုတ်တယ်အမေစုကိုအိုဘားမားစီးတဲ့ ကားမျိုး မြန်မာနိုင်ငံမှာချမ်းသာပါတယ်ဆိုတဲ့သူဌေးကြီးတွေ
    ချမ်းသာပါတယ်ဆိုတဲ့ ရုပ်ရှင်မင်းသားမင်းသမီးတွေ ဆုပေါင်းလှူသင့်ပါတယ်။ဓါတ်ပုံကျတော့
    တွဲပြီးအပြေးအလွှားရိုက်လိုက်ကျတာ…..သွားတွေ့လိုက်ကျတာ …..လှူကျပါဟ။

  • kyeemite

    January 20, 2012 at 1:49 pm

    ကိုကြောင်ကြီး နဲ့ သဂျီး ပူးပေါင်းပီး တစ်စီးဝယ်ပို့လိုက်ဗျာ..
    အင်ပို့ အိတ်စ်ပို့ ကိစ္စ ဦးဖက်တီးတာဝန်ယူလိမ့်မယ်..
    အခွန်ကိစ္စကိုတော့ စိန်ပေါက်ပေါက် ရှင်းလိမ့်မယ်..မကောင်းလားရွာသားတို့..

  • Thel Nu Aye

    January 20, 2012 at 2:24 pm

    ကားပါမစ်ခေတ်မှာ ဝယ်မယ်ဆိုလွယ်ရဲ့သားနဲ့မဝယ်ပဲနေတာအမေစုဘာစဉ်းစားနေလဲမသိဘူး။ အနားမှာရှိတဲ့သူတွေကအကြံပေးမှာပါပဲ။ 99 model wagon တင်သွင်းမယ်ဆိုရင်တောင်ပါမစ်ကားဖိုးပါမှ သိန်း 250 မကျော်ပါဘူး။ ဒါပေမဲ့မဝယ်တာအမေစုမှာစဉ်းစားထားတာရှိပါလိမ့်မယ်။ လွှတ်တော်ထဲရောက်တော့မှပဲနိုင်ငံတော်ကပေးမလားကြည့်ကြရအောင်။ နေပြည်တော်မှာမှတ်ပုံသွားတင် တုန်းကတောင်နိုင်ငံတော်ကားပေးသုံးထားပုံရတယ်။ မားစီးဒီးအနက်ကြီးနဲ့။ v12 ဆိုပြီရေးထားတာ။

  • windtalker

    January 20, 2012 at 2:30 pm

    အမှန်က အမေဂျီးကား က လူဒွေ
    ဝိုင်းပြီး ဒိုနိတ်ရမှာ ဗျ
    ဟိုတစ်ခါ ၊ အမေဒစ်ကန် သမတဂျီး စီးတဲ့ ကားလောက် မနိမ့်တဲ့ကားမျိုး ၊ တစ်စီးလောက်
    ကိုကိုကြောင် ဝယ်လှူဗျာ

  • kokothandar

    January 20, 2012 at 4:51 pm

    ကျည်ကာ(bullet proof) ဖြစ်ရင်ကောင်းတာပေါ့ အမေရိကန်သမ္မတ သျှမ်းသျှမ်းတောက် ကနေဒီ လူတွေကြား ယုံကြည်မှု လွန်ကဲစွာ သွားမိလို အရေအရာ မရှိသူရဲ့ လုပ်ကြံတာ ခံခဲ့ရတယ်
    ရန်သူဆိုတာ တစ်ယောက်ထဲ ဖြစ်ပါစေ သတိထားရမဲ့အရာပါ နိူင်ငံရေးသမား မှန်ရင် ရန်သူနဲ့မကင်းပါ

  • ဂျက်ကီချီးပေ

    January 20, 2012 at 10:29 pm

    ဘာဘဲဖြစ်ဖြစ်
    ဒီကိစ္စကတော့ အဖွားကြီးအနေနဲ့ တစ်ကယ်လုပ်သင့်တယ် ကျုပ်ထောက်ခံတယ်
    စစ်တပ်နဲ့ အဆင်ပြေရင်လဲ
    သံချပ်ကားကြီးတစ်စီေးလာက်တောင်းလိုက်ပေါ့ဗျာ
    သံချပ်ကားလဲ အလယ်မှာ အပေါက်ပါတာဘဲ
    မထူးပါဘူး ကျဉ်ဆံပါထည့်ထားလိုက်
    ယုတ်ယုတ်လုပ်တဲ့ကောင်တွေကို အမြှောက်နဲ့ထုကွာ

  • ဦးဦးပါလေရာ

    January 20, 2012 at 11:18 pm

    ဒေါ်စုက တိုင်းပြည်အတွက် အလွန်အရေးပါပါတယ်။
    အမှားအယွင်းတစုံတရာဖြစ်ရင် တိုင်းပြည်အလွန်နစ်နာမှာပါ။
    ၁၉၄ရ ကို ပြန်မသွားချင်ပါဘူး။
    ဒါကြောင့် သူ့လုံခြုံရေးကို အထူးပဲဂရုစိုက်သင့်ပါတယ်။
    ကားအနေနဲ့ပြောရရင်
    သူ့ရဲ့အရေးပါမှု့ကို အသိအမှတ်ပြုတဲ့အနေနဲ့
    လက်ရှိအစိုးရက ကားကောင်းကောင်းလေးငါးစီးတော့
    (ငှားတာပဲဖြစ်ဖြစ်) စီစဉ်ပေးသင့်ပါတယ်။

  • htoosan

    January 21, 2012 at 9:25 am

    လှုတိုင်း ပေးတိုင်းလည်း စီးဦးမှ ကို ..
    ရိုးရိုးလေးနဲ့ ပကာသန မပါ၊ လူအပြောမခံရအောင် စီးချင်နေလို့သာ ဒီကားစီးနေတာ နေမှာ။
    ဒေါ်အောင်ဆန်းစုကြည်နားက လူတွေက လည်း မတွေးဘဲ မနေ ၊ မပေးဘဲ နေမည်မဟုတ် ။
    ဒေါ် အောင်ဆန်းစုကြည် ကိုယ်တ်ိုင်က ညင်းပါယ်ထားလို့ ဖြစ်မယ်လို့ထင်ပါတယ် ။
    တကယ်စီးစေချင်ရင် အားလုံးစည်းရုံးပြီး ဒေါ်စု ကိုတောင်းဆိုမှ ရမယ်ထင်ပါတယ် ။

  • htoosan

    January 21, 2012 at 9:29 am

    ဆရာမတို့ရေ . ကျွန်တော် စာလုံးပေါင်းမှားသွားတယ် ခင်ဗျ ။ ငြင်းပယ် ထားလို့ ဖြစ်မယ်လို့ထင်ပါတယ်။

  • kyeemite

    January 21, 2012 at 10:52 am

    myo nyunt ဆိုတဲ့ကောင် ဘာတွေပြောနေပါလိမ့်..

  • cobra

    January 21, 2012 at 1:03 pm

    ဟုတ်ပါတယ်ကားကအရှေ့မှာလည်းနည်းနည်းလေးခြိုင့်နေပါတယ်
    အန်တီကလည်းပေါ်ပင်မလုပ်ချင်တာလား ဒီကားလေးကိုသံယောဇဉ်ရှိတာလား
    တော့မသိဘူး ဘယ်သူပြောပြောမလဲပါဘူး
    ပီးတော့အန်တီလုံခြုံရေးကိုအထူးသတိပေးကြတဲ့
    သူများကိုလည်းကျေးဇူးတင်ပါတယ်။
    NLD ပါတီဝင်ချင်သူများလည်း ကိုယ်နေတဲ့မြို့နယ်မှာစုံစမ်းနိုင်ပါတယ်
    ၁လက်မ ပတ်လည်ဓာတ်ပုံ၃ပုံနဲ ့
    ဖောင်ကြေးကတော့၁၀ဝကျပ်ပါ။
    လှိုင်မြို ့နယ်နေသူများဝင်ရောက်ချင်ပါကကျွန်တော်နဲ့ဆက်သွယ်နိုင်ပါတယ်။

Leave a Reply