သူများဆီက လူငယ်သူဌေးတွေ

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၅)ရက်က သံတွဲ ငပလီကမ်းခြေကို လာရောက်လည်ပတ်ခဲ့တဲ့ အမေရိကန် လူငယ် ဘီလီယံနာတွေ

picnic game တွေကစားကြပါတယ်။YBO လို ့ခေါ်တဲ့ သူတို ့အဖွဲ ့ဝင်တွေဟာ ရိုးသားစွာ ချမ်းသာလာတဲ ့အသက်(၄၀) မကျော်

သေးတဲ့ လူငယ်တွေပါ။အဖွဲ ့ကို ဝင်မယ်ဆိုရင် (၁)ဘီလီယံ ပိုင်ဆိုင်မှု ပြရပါတယ်။သူတို ့က သံတွဲမြို ့မြုံပြင်ကျေးရွာမှာ တလင်းနယ်၊

ရေအိုးသယ်၊လေးဂွပစ်၊ကောက်လှိုင်းခြွေကြပါတယ်။မြို ့ထဲကရော၊ရွာက ပါလာရောက်ကြည့်ရှုသူများနဲ ့စည်ကားပါတယ်။ဒီအစီအစဉ်

ကို Tour Mandaly ကနေဦးစီးတာပါ၊ရွာသားများ ကြည့်ရအောင် ဝေမျှ လိုက်ပါတယ်၊YBO အဖွဲ ့ဝင် ၁၃၂ ရဲ ့ပျော်ပွဲဆင်နွဲကြပုံကို

လေ့လာပေးပါအုံး။နောက်ကျမှတင်ပေးနိုင်တာက local branch manager ဆီကခွင့်ပြုချက်တောင်းနေလို ့ပါ။

 

ကောက်လှိုင်းခြွေနေကြတာပါ

 

 

 

 

 

 

 

 

 

 

ကောက်လှိုင်းခြွေနေကြတာပါ

 

 

 

 

 

 

 

 

 

 

လယ်ယာမြေ တလင်းနယ်ပြိုင်

 

 

 

 

 

 

 

 

 

 

လေးဂွ ပစ်နေကြတာ

 

 

 

 

 

 

 

 

 

 

လေးဂွ ပစ်နေကြတာ

 

 

 

 

 

 

 

 

 

 

ငပိ၊ငါးခြောက် အနံ ့ခံ ပြိုင်ပွဲ

 

 

 

 

 

 

 

 

 

 

ချောင်းထဲမှ ရေခပ်ပြီးအပြန်ပေါ့

21 comments

  • ကြောင်ကြီး

    January 20, 2012 at 12:30 pm

    ဘီလျံနာ ဟုတ်ပါ့မလားဗျ။ မီလျံနာ ဖြစ်မယ်ထင်တယ်။ ဒါမှမဟုတ်လည်း ဘီလျံနာများရဲ့ သားသမီး အမွေဆက်ခံသူများ ဖြစ်မယ်ထင်ပါတယ်။ အဲသလောက် လူငယ်ဘီလျံနာ ဦးရေ (၁၃၂) ရှိဖို့ဆိုတာ အမေရိကန်နိုင်ငံမပြောနဲ့ တကမာ္ဘလုံးမှာတောင် ရှိဖို့မလွယ်ဘူး။ တရုတ်နိုင်ငံလို မြန်မာပြည်က အဖိုးတန် တွင်းထွက်ရတနာတွေ ပေါချောင်ကောင်းရပြီး ချမ်းသာနေရင်တော့ တမျိုးပေါ့…။ ကျုပ်တို့ရွာသူ ပစ္စည်းမဲ့ဝါဒီ တရုတ်ကူမြူနစ်ကေဒါ မမှန်ဆိုရင် ဘီလျံနာ ဖြစ်နေပြီ။ သူ့အိမ်ဆောက်ထားတဲ့ ကျွန်းတိုင်ကြီးဆို ဟီးလို့၊ ကြမ်းခင်းကို ကျောက်စိမ်းပြား ခင်းထားတယ်၊ နံရံမှာ ပတ္တမြားတွေမြှုပ်ထားပြီး ပုလဲတွေ စီချယ်ထားပြီး မိချောင်းအရွယ် တောက်တဲ့အကောင်တရာတိတိ အလှမွေးထားသေးတယ်။

  • စိန်ပေါက်ပေါက်

    January 20, 2012 at 2:32 pm

    လေးဂွပစ်ပြိုင်ရင်တော့
    စိန်ပေါက်ပေါက်ကိုသာ ခေါ်လိုက်ပါ
    ဂွ အိတ်စပတ်ဖြစ်ပါတယ်

    • @စိန်ပေါက်ပေါက် ကိုလဲ ခေါ်ပါတယ်။နောက်များ ငှက်ပစ်ဖို ့တောထဲဝင်ရင် ခေါ်ပါမယ် လိုက်မယ်
      မဟုတ်လားဗျ။
      @ကိုမောင်ပေ လူငယ်ဂျလေဘီအဖွဲ ့ဖွဲ ့ဖြစ်လျှင် လူကြီးမင်းအား အရေးယူပါမည်။အဘယ်ကြောင့်
      ဆိုသော် လူမိုက်အားပေးလုပ်နေ၍ဖြစ်၏။(just kidding)
      @ကိုကြောင်ကြီးရေ -သူတို ့ပြောပုံအရတော့ YBO=young billionare organization လို ့ပြောတာပါဘဲ။
      ဟုတ်တယ် မဟုတ်ဘူးကတော့ ကျွန်တော်လဲ မစပ်စုသာပါဘူးဗျ။
      @Thel Nu Aye ကခုလိုသူဌေးလောင်းလျာတွေရှိနိုင်၏ ဟုထောက်ခံပေး၍ ကျေးဇူးပါနော်။
      @Rose Minn ကလဲတိုင်းပြည်မှာ ဖြစ်စေချင်တာလေးကို ပြောပြပေးလို ့ကျေးဇူးပါ။
      @သံတွဲသား များဖြစ်တဲ့ tharbaw ,myaphay,maetu တို ့ကို လဲ ကျေးဇူးပါလို ့ပြောပါရစေနော်။

      • windtalker

        January 21, 2012 at 7:22 pm

        နင့် ကို လက်ထောက် အတွင်းရေးမှူး အထွေထွေတာဝန်ခံ ဝါဒဖြန် ့ချီရေး ဆန္ဒမဲစုဆောင်းတာဝန်ခံ….ဟိုဟာ ဒီဟာ အကုန်လုပ်
        အဲဒါဘဲ နင့်ရာထူး
        ဟီးဟီး

  • windtalker

    January 20, 2012 at 2:33 pm

    လန်ဒယ်နော်
    ကျုပ်တို ့ဆီလဲ လူငယ်ဂျလေဘီ ဒွေပေါမှပေါဘဲ
    အဖွဲ ့သာ ဖွဲ ့လိုက်လို ့ကတော့ ၊ ဘယ်နိုင်ငံမှ မှီမှာကို မဟုတ်ဘူး

  • Thel Nu Aye

    January 20, 2012 at 2:51 pm

    ရှိနိုင်ပါတယ်။ သူတို့ဆီမှာ field တခုမှာအောင်မြင်သွားရင်ငွေတွေလှမ့်ဝင်လာပြီးသူဋ္ဌေးတွေဖြစ် သွားကြတာပဲ။ ဥပမာ- ဂျပ်စတင်ဘီဘာဆိုရင်လဲ လူငယ်ဘီလျံနာပါ။ Ireland က westlife အဖွဲ့ဆိုရင်လဲ အသက် ၃ဝ အောက် ဘီလျံနာဘွဲ့ရဖူးတာပဲ။ အခုတော့ ၃၃၊ ၃၄ တွေဖြစ်ကုန်ပြီ။ နောက် Boy Zone အဖွဲ့ထဲက Ronan Keating ဆိုလဲ ၁၈ နှစ်မှာ လျမ်းလျမ်းတောက်အောင်မြင်ပြီးသန်ကြွယ်သူဋ္ဌေးဖြစ်ခဲ့တာ မို့ဖြစ်နိုင်ပါတယ်။ မိဘက သန်းကြွယ်သူဋ္ဌေးမို့သူတို့အမွေရပြီးလဲဖြစ်နိုင်ပါတယ်။ ပဲရစ်ဟီလ်တန်ဆို လဲမိဘအမွေ၊ သူ့ဖက်ရှင်ဒီဇိုင်းတွေကနေဝင်တဲ့ပိုက်ဆံတွေနဲ့ အခုဆိုလူငယ်ဘီလျှံနာဖြစ်နေ ပါပြီ။ ပြောမယ်ဆိုအများကြီးပါ။ အမေရိကားဆိုတာအကြီးကြီးပါ။ လူသန်းပေါင်းများစွာနေတာမို့ရှိနိုင်ပါတယ်။

  • Rose Minn

    January 20, 2012 at 3:50 pm

    ငယ်ငယ်ရွယ်ရွယ်နဲ ဖြစ်တဲ့သူတွေကို အားကျပါတယ်။ တို့နိုင်ငံလဲ ဖြစ်လာပါလိမ့်မယ်။ ဖွံ့ဖြိုးတိုးတက်တာ အရှိန်နှုန်းမြန်လာတာနဲ အမျှ ဖြစ်လာမှာပါ။ ကြိုးစားကြရင် ဖြစ်လာမှာပါ။

  • tharbaw

    January 20, 2012 at 6:43 pm

    ကိုမော်သီးကတော့ လက်သွက်တယ်ဗျို ့။လေးငယ်ဆီက ယူသွားပီဆိုတာ သိလိုက်တယ်။
    ချက်ချင်း တင်ပေးလိုက်တာဘဲ။လူလည်ကြီးပါဗျို ့။

  • maetu

    January 20, 2012 at 6:55 pm

    တလင်းနယ် နေလိုက်တာများ အနော်တို ့လယ်တွေပျက်ကုန်ပီ။
    လျော်လဲ ပေးခဲ့ကြဘူး။လေးဂွတွေ နဲ ့ဆော်လိုက်ကြတာ တစ်ချက်မှ
    ကိုမလွဲဘူး။မှတ်ချက် တော်တော်များလွဲ ကြလေသည်။

  • myaphay

    January 20, 2012 at 6:59 pm

    ကိုယ်တွေ ဆီကလူငယ်လေးတွေ ဆီမှာ အကျင့်ဆိုးလေးတွေနဲ ့ အချိန်ကုန်နေကြတာ နှမျောလိုက်တာ။
    လူချင်းတူတူပေမယ့် ဘာကြောင့်များ ကိုယ်တွေ ကတွေဝေမိနေသလဲ စဉ်းစားရခက်နေတယ်ဗျာ။

  • thit min

    January 20, 2012 at 8:29 pm

    နဲနဲချမ်းသာတာနဲ့ “ကျယ်” တတ်တာ အာရှ က လူတွေပါဘဲ။
    မြင်ဘူးသမျှသိသမျှအနောက်ကကောင်တွေကတော့
    ဘယ်လောက်ဘဲပညာတတ်တတ် ချမ်းသာချမ်းသာ ဘဝင်မမြင့်ကြပါဘူး။
    ကြွားလဲမကြွားတတ်ကြပါဘူး။
    ခင်ခင်မင်မင်ဖော်ဖော်ရွေရွေတွေများပါတယ်။
    နှိုင်းကြည့်ရင်တော့ “စိတ်”တွေပါဘဲ။

    ဒီမှာ အဲဒီလို ဘီလီယမ်ချီ ချမ်းသာတဲ့ လူ(အသက် ၄ဝ အောက်ပါဘဲ) တယောက် တောကအိမ်
    တအိမ်ကိုသွားလည်တယ်။သူ့ကိုထမင်းကြွေးတာကို တအိမ်လုံးစားတဲ့ ပန်းကန်တွေပြန်ဆေးပေးတယ်။
    အပြန်မှာ မိုးရွာတယ်။သူကိုအိမ်ရှင်က ပလတ်စတစ်ထီးလေးတချောင်း
    ငှါးလိုက်တယ်။ ပေးလိုက်တယ်လို့လဲပြောလို့ရပါတယ်။
    ထီးက ယန်း ၁၀ဝ တန် လေးပါ။ အအေးတဗူး၊ကော်ဖီတဗူးကို စက်တွေမှာနှိပ်ပြီး ဝယ်ရင်တဗူးကို
    ယန်း ၁၂ဝ ဆိုတော့အဲဒီ ငွေဟာမဖြစ်လောက်ဘူးပေါ့ဗျာ။
    ဒါပေမဲ့ အဲဒီထီး ကို ယူသွားတဲ့ အဲဒီသူဋ္ဌေးလေးက တိတိကျကျပြန်လာပေးပါတယ်။
    လူကိုလူလို တန်ဖိုးထားတဲ့စိတ်ကလေးတွေအကြောင်း ပါ။

    • thit min

      January 20, 2012 at 8:31 pm

      အာရှက လူတွေအစား အရှေ့တောင်အာရှကလူတွေလို့ ပြင်ဖတ်ပေးပါ။

  • ဟုတ်ပါတယ် ကိုသစ်မင်းရေ။အကိုရဲ ့အဖိုးတန်ထိမိတဲ ့ ကွန်မန် ့လေးအတွက် ကျေးဇူးပါဗျာ။
    တန်ဖိုးရှိပြီး အတုယူစရာ သူတို ့ဆီကနေ ယူတတ်ဖို ့လိုပါတယ်။ကျနော်တော့ သူတို ့လူငယ်
    တွေကို အားကျမိပါတယ်။

  • ချစ်ရအောင်

    January 21, 2012 at 10:34 am

    ရှေ့နွားတသိုက် ဖြောင်းဖြောင်းသွားမှ

    နောက်က နွားကျောင်းသားတွေ ဖြောင်းဖြောင်းလိုက်မည်မှာ မလွဲဧကန်. . . ။

  • kai

    January 21, 2012 at 12:39 pm

    ယူအက်စ်မှာ.. ဘီလျှံနာ.. ၄၁၂ယောက်…။ တရုပ်ပြည်မှာ.. ၁၁၅ယောက်..။ ရုရှားမှာ ၁၀၁ယောက်..။ အိနိ္ဒယမှာ ၅၅ယောက်.. စသဖြင့်အောက်ကစာရင်းအတိုင်းရှိပါတယ်တဲ့..။ ၂၀၁၁ မတ်လ စာရင်းအရဖြစ်ပါတယ်..။

    Rank Country/Region Number of billionaires[1] Share of
    world total (%) Billionaires per 10M Category
    1 United States 412 34.0 13.2 American billionaires
    2 People’s Republic of China 115 10.6 0.9 Chinese billionaires
    3 Russia 101 8.3 7.1 Russian billionaires
    4 India 55 4.5 0.5 Indian billionaires
    5 Germany 52 4.3 6.4 German billionaires
    6 Turkey 38 3.1 5.2 Turkish billionaires
    7 Hong Kong 36 3.0 51.0 Hong Kong billionaires
    8 United Kingdom 33 2.7 5.3 British billionaires
    9 Brazil 30 2.5 1.6 Brazilian billionaires

    • ကြောင်ကြီး

      January 21, 2012 at 12:44 pm

      သူတို့က လူငယ်တွေ ဟုတ်လို့လား။ အနဲအကျဉ်းလောက်သာ လူငယ်များဖြစ်မယ် ထင်ပါတယ်။

      • kai

        January 21, 2012 at 12:58 pm

        အသက်၄ဝအောက်တော့.. သိပ်ရှိမယ်မထင်ပါဘူး..။ ရာဂဏန်းမရှိလောက်ဘူးထင်တာပဲ..။
        အပေါ်က..YBO က..အသင်းဝင်ထားသူတွေဆိုလိုတာဖြစ်မှာပေါ့..။
        မိသားစုလိုက်ဝင်လို့.. ရချင်လည်းရမှာကိုး…။ ဘီလျှံနာတယောက်မှာ.. မီလျှံနာမိသားစုဆယ်ဂဏန်းရှိချင်ရှိမှာပါ…။ 🙂

        ဘီလျှံနာရာချီပြီး မြန်မာပြည်လည်လည်လာတယ်ဆိုရင်.. အဲဒီသတင်း.. ကမ္ဘာ့ထိပ်စည်းသတင်းဖြစ်နေမှာ…။

  • သူကြီးရေ ဒီကသူတွေကို မေးကြည့်တော့လဲ တိကျအောင်မဖြေနိုင်ကြဘူး။
    မိသားစုဝင်တွေလဲ ပါဝင်နိုင်ပါတယ်။တစ်ချို ့ဆို ယိုးဒယားကနေ အဖော်တွေ
    ပါခေါ်လာကြပါတယ်။တိကျအောင် ထပ်မေးကြည့်လို ့ရရင် ပြောပေးပါမယ့်။
    ဒါပေမယ့် သူတို ့ဆီကလူငယ်တွေကို ကြည့်ရတာ ကျနော်တို ့ဆီကနေ တော်
    တော်လေးကို ကွာသွားပီဘဲဗျာ။

  • hmee

    January 21, 2012 at 3:22 pm

    နံပါတ်စဉ် ၃ က ပုံက တလင်းနယ်တာ မဟုတ်ဘူးထင်တယ်နော်။ ဓါးကြမ်းတုန်း ရိုက်နေတာထင်တယ်။ ထယ်ထိုး ပြီးတော့ မြေသားခဲက ကြီးနေသေးတာမို့ မြေသားမွှအောင် ဓါးကြမ်းတုန်းရိုက်ရတယ်။ အခုပုံက နွားတွေဆွဲနေတာ ဓါးကြမ်းတုန်းလားလို့။ တလင်းနယ်တာက အဝိုင်းလိုက် ဖြန့်ထားတဲ့ စပါးပုံကို နွားလှည်းနဲ့ အဝိုင်းလိုက်နယ်ရင် စပါးတလင်းနယ်တယ်ခေါ်တယ်။ တလင်းမြေဖြစ်အောင် လုပ်တာကို တလင်းခေါက်တယ်ခေါ်တယ်။ နွားလှည်းနဲ့ မြေကြီးကို အကြိမ်ကြိမ်အခါခါ ဝိုင်းပြီး လှည့်မောင်းရတယ်။ မောင်းပြီးလို့ မြေသားမာလာမှ နွားချေးကြမ်းရတယ် အဲ့ဒါတွေ ပြီးမှ တလင်းဆိုတာ ဖြစ်လာတာပါ။ မသိတဲ့သူတွေ အမှတ်မှားမစိုးလို့ ပြောပြတာပါ။ တမျိုးမထင်ပါနဲ့နော့်။

  • ဟုတ်ပါတယ် မမမှီေရေ။အဲဒါကို ဒေသအခေါ် ကြမ်းစီးတယ်လို ့ခေါ်ပါတယ်။ခုလို ထောက်ပြဝေဖန်ပေးလို ့ကျေးဇူးတင်ပါတယ်။
    မမတို ့လို လယ်ယာအကြောင်းနှံ ့စပ်လို ့ထောက်ပြပေးနိုင်တာ။ကျေးဇူးအထူးတင်ပါတယ် မမမှီရေ။

Leave a Reply