ရင်ထဲကမပျောက်နိင်တဲ့ခံစားမှု့ဝေဒနာ”Feeling”

ရင်ထဲကတစ်ခါတစ်ခါ ခံစားချက်တွေစုဆုံပီး ပြင်းထန်လာရင် ကျုပ်မနေနိုင်ဘူးဗျာ။

ထိုင်ရမလို ထရမလို လမ်းလျှောက်ရမလိုနဲ့ …ရင်ထဲမှာလည်းကတုန်ကရင်နဲ့..ဒါနဲ့

မနေနိုင်လွန်းလို့ ရင်ဖွင့်တဲ့အနေနဲ့ ဒီစာကိုကောက်ရေးလိုက်တာဘဲ…အင်းရေးပြန်တော့လဲ

ဘယ်သူ့ဆီလိပ်မူရမှန်းမသိပြန်ဘူး..ဒီတော့ ဒီစာတိုလေးကို တနည်းနည်းနဲ့ ဖတ်ရှု့ခွင့်ရသူကိုဘဲ ရော်ရမ်းပီးရည်ရွယ်လိုက်ရတယ်…

ကျုပ်ဘဝဟာမဆိုးပါဘူး.. မဆိုးပါဘူးဆိုတာက ကောင်းပါတယ်လို့မပြောနိုင်သလို

သိပ်ဆိုးလှတယ်လို့လဲမဆိုနိုင်တာပါ..

နောက်တစ်ချက်က .. မဆိုးပါဘူးဆိုတဲ့အကဲဖြတ် ချက်ဟာ ဘယ်သူ့ဘဝနဲ့မှ နှိုင်းပီးပြောတာမဟုတ်ပါဘူး..ကျုပ်ဖြတ်သန်းလာခဲ့ရတဲ့ဘဝနဲ့ ယခုလက်ရှိဘဝ ယှဉ်ပီးသာပြောတာ…ဒါပေမဲ့ဗျာ ကှုပ်ဟာကိုယ့်ကိုယ်ကို မပိုင်သလိုဖြစ်နေတယ်..အဲ့ဒါအခံစားရဆုံးဘဲ…

ကျုုပ်ဘာကိုယုံကြည်လဲ…အဲဒါကိုလုပ်လို့မဖြစ်ဘူး

ကျုပ်ဘာလုပ်ချင်လဲ…အဲဒါမလုပ်နိုင်ဘူး

အဲဒါတွေအားလုံးမင်းကိုဘယ်သူကပိတ်ပင်တားမြစ်ထားလို့လဲလို့မေးစရာရှိတယ်…

လူပုဂ္ဂိုလ်တစ်ယောက် ကတော့မဟုတ်ဘူး…“ပါတ်ဝင်းကျင်“ “အသိုင်းအဝိုင်း“

“ဆွေမျိုးစု“ “ဓလေ့ထုံးစံ“ ဒါတွေကဘဲ..အဲ..အဆိုးဆုံးကတော့ “ဲဆွေမျိုးစု“ ဘဲ

ယုံကြည်ချက်တစ်ခုကိုအကောင်အထည်ဖေါ်တဲ့နေရာမှာ ရန်သူထက ်မိတ်ဆွေက

ပိုပီးအဟန့်အတားဖြစ်နေတတ်တယ်ဆိုတာသိပ်မှန်တယ်ဗျာ..ဒီနေရာမှာမိဘကအဓိကအကျဆုံးဘဲ..မိဘဆိုတာကျေးဇူးရှင်ဘဲ..ဆပ်လို့တောင်မကုန်ပါဘူး..

ကျုပ်အိပ်ရာဝင်တိုင်း မိဘမေတ္တာကိုဆင်ချင်အောင့်မေ့ပီး မေတ္တာပို့ပါတယ်..ဒါပေမဲ့

ဘယ်မိဘမဆိုပေါ့ဗျာ..သားသမီးကိုစိတ်လွတ်လပ်မှု့တော့ ပေးသနားသင့်ပါတယ်..ကျုပ်အလိုချင်ဆုံးကလဲအဲဒီလွတ်လပ်မှု့ဘဲ..

ကျုပ်ကိုမိဘတွေမပေးနိုင်တာကလဲ အဲဒီလွတ်လပ်မှု့ဘဲ ..ဘာစိတ်လွတ်လပ်မှု့လဲလို့ခင်ဗျားမေးချင်လိမ့်မယ်..ကျုပ်ရှင်းပြပါမယ်…

ကိုယ်မှန်တယ်ထင်တာကိုယုံကြည်ချင်တာ။

ကိုယ်မှန်တယ်ထင်တာကလိုက်နာလုပ်ကိုင်ချင်တာ

ကိုယ်မှန်တယ်ထင်တဲ့အယူအဆအတွေးအခေါ်ကို လက်ခံချင်တာ..ဒါတွေပေါ့ဗျာ

ဟုတ်ပီ..ဒါတွေကိုယ့်ဘာသာကိုယ်လုပ်လို့မရ ဘူးလားလို့ဆိုတော့…

ရတော့ရတာပေါ့..ဒါပေမဲ့ မပေးဘဲယူရတဲ့ပစ္စည်းလိုပေါ့..ခိုးသလိုဖြစ်မနေဘူးလား..

ဘယ်စိတ်ချမ်းသာမလဲဗျာ..ပီးတော့မိဘတွေမှာအယူအစွဲတစ်ခုရှိတာက…

 

 

 

မိမိရဲ့မျိုးရိုးစဉ်လာဓလေ့ထုံးစံတစ်ခုကို..မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ..

မိမိတို့ယုံကြည်လက်ခံထားသလို လက်ခံရမယ်ဆိုပီး အမွေအတင်းပေးတာဘဲ..

မယူရင်မျိုးရိုးရဲ့်သစ္စာဖေါက်..ကျေးဇူးကန်းတဲ့ကောင်..မိဘကိုစိတ်ဆင်းရဲကိုယ်ဆင်းရဲ

ဖြစ်အောင်လုပ်တဲ့ လူမိုက် လူဆိုး လူ့အန္ဒ…ဒီလိုသဘောထားတာ..

သူတို့စကား နားမထောင် မလိုက်နာလို့ကတော့ အဲဒီလူရဲ့ပေးကမ်းထောက်ပံ့မှု့ကို၎င်း

စေတနာမေတ္တာကိုသော်၎င်း..လုံးဝလက်သင့်မခံဘူး..ငတ်ပီးသေရင်သေသွားပါစေဆိုတဲ့

အစွဲရှိတယ်…အဲဒါအဆိုးဆုံးနဲ့ ခံရအခက်ဆုံးဘဲ…

သားသမီးတွေလူလားမြောက်လာရင်..မိမိကိုယ်ကိုမိမိတာဝန်ယူပီး ဘဝကိုထိန်းကျောင်း

သွားဘို့..ယုံကြည်ရာလက်ခံလုပ်ကိုင်ဘို့..ဒါတွေခွင့်မပြုချင်ကြဘူး…အဲဒါကတော့

မိဘအများစုမှာ ထူးဆန်းစွာတူညီနေကြတဲ့ ခံယူချက်ဘဲ..ဒါကြောင့်လဲ လူ့လောကမှာ

ရင်နာစရာတို့  ကြေကွဲစရာတို့ စိတ်ဆင်းရဲစရာတို့ ပေါ်ပေါက်နေတာဘဲလို့ထင်တယ်။

ကျုပ်ကိုဘဲဥပမာကြည့်လေ..ကျုပ်လုပ်ချင်တာတော့ဒီကနေ့မှာလုပ်နေပီ…ဒါပေမဲ့..

ကျုပ်ရင်ဘတ်ထဲမှာအမြဲဘဲ မွန်းကြပ် နေတယ်ဗျာ..

ကျုပ်တစ်ခုဘဲ တတ်နိုင်တယ်…အဲဒါကတော့ ကျုပ်သားသမီးတွေအလှည့်ကြရင်

ကျုပ်လိုမဖြစ်စေရဘူးဆိုတာဘဲ….

သည်းခံဖတ်ရှု့ပေးကြတဲ့ စာဖတ်သူမိတ်ဆွေ များကိုကျေးဇူးတင်ပါတယ်..

စာဖတ်သူများရဲ့ ဝေဘန် ထောက်ပြျမှု့များကိုကြိုဆိုပါတယ်….

ကြီးမိုက်

9 comments

  • Thel Nu Aye

    January 20, 2012 at 2:41 pm

    သားသမီးနဲ့မိဘကြားကမဆုံးနိုင်တဲ့ဖြစ်ရပ်ပါ။ ကြီးမိုက်တယောက်ထဲမဟုတ်ပါဘူး။ အရှေ့တိုင်းနိုင်ငံ တိုင်းမှာဖြစ်နေတဲ့သားသမီးနဲ့မိဘကြားကကြီးမားတဲ့ကွဲလွဲချက်ပါ။ မိဘဆိုတာ မိမိသားသမီးဘယ် အရွယ်ရောက်နေနေကလေးလို့ပဲမြင်နေတတ်တာမိဘတိုင်းရဲသဘာဝပါ။ သားသမီးဆိုတာကလဲ ဆယ်ကျော်သက်အရွယ်ကတဲကစပြီးလွတ်လပ်မှု့ကိုလိုလားတာလဲသဘာဝပါ။ တချို့မိဘတွေကတော့ give and take သုံးကြပေမဲ့တချို့မိဘတွေကတော့ တသွေးတသန် တမိန့်နဲ့အုပ်ချုပ်လေ့ရှိပါတယ်။ ဒါကျတော့ လဲနဲနဲလွန်ကဲတာပေါ့လေ။ ကျွန်မကိုယ်တိုင်လဲကျွန်မကလေးကို လွတ်လပ်ခွင့်ပေးမယ် လို့ဆုံးဖြတ်ခဲ့ပေမဲ့ တကယ်တန်း ကျတော့မလွယ်ကူပါဘူး။ မိဘတယောက်ရဲ့သားသမီးအပေါ်ကောင်းစေ ချင်တဲ့စိတ်၊ သူများ ထက်သာစေချင်တဲ့စိတ်တွေက ထိန်းချုပ်ဖို့ခက်ပါတယ်။ အဲဒီတော့လဲပဲ သားသမီးနဲ့မိဘကြားကမဆုံးနိုင် တဲ့ဖြစ်ရပ်တွေကအဆုံးမသတ်နို်င်တော့ဘူးပေါ့။ ဒါပေမဲ့လဲ give and take ကိုသားသမီးတွေက အပြုသဘောဆောင်လိုက်နာနိုင်ချင်အောင်တော့နား လည်အောင်ပြောပြ ပေး ခြင်းဖြင့်ဒီလိုပြသနာတွေကိုလျော့ချနိုင်ပါတယ်။ ဒါပေမဲ့ပြီးဆုံးသွားမှာတော့ မဟုတ်ဘူးပေါ့။ သားသမီးကလဲမိဘတွေကိုမိမိဖြစ်ချင်တာအကျိုးသင့် အကြောင်းသင့်ရှင်းပြပြီးဖြစ်ပေါ် လာနိုင်တဲ့အကျိုးကျေးဇူးတွေကိုပြေပြေလည်လည်ပြောပြနိုင်ရင်တော့ပြသနာတွေကအထိုက် အလျောက်ပြေလည်နိုင်ပြီးစိတ်နာကျင်စရာတွေလျော့ချနိုင်မှာပါ။

  • စိန်ပေါက်ပေါက်

    January 20, 2012 at 2:42 pm

    အပြောနဲ ့အလုပ် ညီပါစေ မစ်ချတာကြီးမိုက်
    တစ်ကယ်သားသမီးရမှ
    ဟိုလိုလုပ်ပါရား..ဒီရိုလုပ်ပါရား..မရုပ်နဲ ့

    မိဘကတော့ ကောင်းစေချင်လို ့ပါ..
    ဒါပေမဲ့..
    သားသမီးဘက်က အမြင်ကတစ်မျိုးဗျ

    ကျုူပ်လဲ ကိုယ့်သားသမီးတွေကို တတ်နိုင်သလောက် အလိုလိုက်ပါတယ်..
    ငယ်ငယ်က ကိုယ့်လို မဖြစ်စချင်ဘူးလေ
    အဲတာပါ

    • amatmin

      January 20, 2012 at 3:02 pm

      ကပေါက်ဖော်..ပြောတော့လူပျိုဂျီး ဆိုဗျ..
      ဘယ်နဲ့ တိုးလို့ တွဲလောင်းတွေ အကြောင်းပါလာတာလဲ 🙂

      ကိုကြီးမိုက်ကငယ်ငယ်တည်းက မိုက်လာတာပဲ ..ကြီးမိုက်ဆိုတော့ကြီးမှ မိုက်တာလားလို့. 🙂
      ဒါနဲ့သူတို့တားတဲ့ကိစ္စရပ်ကို လုပ်လို့ကိုယ့်အတွက်အကျိုးကျေးဇူးတကယ်ရှိမယ်မှန်းသေချာရင်တော့
      လုပ်သာလုပ်ပစ်လိုက်ဗျာ..လုပ်ကြည့်လိုက်မှ အဖြေသိရတာကိုး..
      တချို့ကိစ္စတွေက ကာယကံရှင်ကပိုအသိဆုံး လေ.မိဘနဲ့သားသမီးဆိုပေမဲ့ သူတို့မသိနိုင်တာလဲအများဂျီးရှိပ..
      ပြီးရင်တော့.ကိုယ့်သားသမီးအလှည့်ကျရင်လည်း ခံနိုင်အောင်ကြိုးစားပေါ့ နော..

  • kyeemite

    January 20, 2012 at 3:34 pm

    Thel Nu Aye နဲ့ စိန်ပေါက်ပေါက် ကိုကျေးဇူးပါ…
    တစ်ကယ်ကဒီစာစုဟာ ကျွန်တော်အသက်၂ဝ ဝန်းကျင်က အရမ်းခံစားရလို့
    ဒိုင်ယာရီ မှာချရေးခဲ့ တဲ့ စာမူရင်းအတိုင်းပါ..အရသာပြောင်းသွားမှာစိုးလို့မပြင်ထားပါဘူး..
    အခု တော့အသက်ကလဲ ကြီးလာပီ..ဆိုတော့ နဲနဲတော့ ဖြေနိုင်ပါပီ..ဒါပေမဲ့..ရှင်းရှင်းကြီးတော့
    မပျောက်သေးဘူး….သားသမီးတွေကိုတော့ တသွေးတသံ တမိန့်နဲ့ မအုပ်ချုပ်ပါဘူး..
    အကျိုးသင့် အကြောင်းသင့် ရှင်းပြပီး အုပ်ချုပ်ပါတယ်..သူတို့ကိုလဲ ရှင်းပြခွင့်ပေးတယ်…
    အရေးအကြီးဆုံးအချက်က“မလိမ်တတ်အောင်“ “မှန်မှန်ပြောတတ်အောင်“ ထရိန်းထားပါတယ်..
    ကျွန်တော်တို့ ငယ်ငယ်ကဆို မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မိဘကိုမှမဟုတ်ဘူး..ကိုယ်ထက်ကြီးတဲ့
    လူကိုပြန်ကိုမပြောရဘူး..ပြန်ပြောတာနဲ့ ရိုက်တာဘဲ…တစ်သက်လုံးအကြောက်တရားနဲ့ ကြီးလာရတာ..
    ဒါကြောင့် လူတောတိုးအောင် ကိုယ့်ကိုယ်ကိုမနဲ ပြန်ကျင့်ယူခဲ့ရတယ်..ပြောမယ်ဆိုအများကြီးပါဗျာ…

    • Thel Nu Aye

      January 20, 2012 at 5:57 pm

      အဖြစ်အပျက်ကဟောင်းပေမဲ့ ဖြစ်စဉ်ကေတော့ update ဖြစ်နေတာမို့အကျိုးရှိမှာပါ။ အခုအချိန်မှာဒီလိုခံစားချက်မျိုးခံစားနေရတဲ့ကလေးတွေရှိနေနိုင်ပါတယ်။ ဒီစာစုလေးကိုဖတ်မိလို့နဲနဲနားလည်ခံစားတတ်သွားမယ်၊မိဘတွေပေါ်မှာနားလည်သွားမယ် ဆိုရင်ဒီပိုစ့်တင်တဲ့ (ကို)ကြီးမိုက်နဲ့ကွန်မန့်ပေးရတဲ့ကျွန်မတို့လဲအကျိုးများတာပေါ့ရှင်။

  • windtalker

    January 20, 2012 at 9:19 pm

    မိဘတွေရဲ ့သားသမီးတွေပေါ်ထားတဲ့ စိတ် လေး ဖတ်သွားပါတယ် ခင်ဗျာ

  • kyeemite

    January 21, 2012 at 10:46 am

    amatmin ရေ..ငယ်ငယ်ကလဲမိုက်ပါတယ်..ဒါပေသိ ကြီးတော့မှပိုမိုက်လို့ပါ..အကြံပေးတာကျေးဇူးပါ..
    ကိုပေ ကိုလဲ သင့်ခရုပါ..

  • eipu

    January 21, 2012 at 11:27 am

    မိဘတွေရဲ့သားသမီးအပေါ်ထားတဲ့စေတနာလို့ နားလည်ပေးလိုက်ပါနော်။

  • pooch

    December 18, 2012 at 11:19 pm

    မိဘက သားသမီးကို အရှိအတိုင်း လက်ခံပေးတတ်တာ
    သားသမီးကလည်း ကိုယ့်မိဘကို အရှိအတိုင်း လက်သင့်ခံနိုင်တာကလည်း နားလည်မှု တမျိုးပါပဲ ။
    မိဘနဲ့ သားသမီးကြား အဲ့ဒီလို နားလည်မှုမျိုး တည်ဆောက်ထားနိုင်ရင်တော့ အကောင်းဆုံးပါ။

Leave a Reply