မင်္ဂလာပါ ခင်ဗျာ ။
စနေ မနက် ၂:၀၀ နာရီ မှာ ကန်ကြမယ့် မိုချင်ဂလာဘတ် နဲ့ ဘိုင်ယန်မြူးနစ် ပွဲအကြောင်း ပါ ။
မိုချင်ဂလာဘတ် ရဲ့ အိမ်ကွင်း “ Stadion im BORUSSIA-PARK ” မှာ ကန်မှာ ဖြစ်ပါတယ် ။
ဘိုင်ယန်မြူးနစ် ဟာ ဂျာမနီ ဘွန်ဒက်လီဂါ မှာ အဆင့် (၁) နေရာမှာ ရပ်တည်နေပြီး မိုချင်ဂလာဘတ် က တော့ အဆင့် (၄) မှာ ရပ်တည်နေပါတယ် ။
ဘိုင်ယန်မြူးနစ် ဟာ ဘွန်ဒက်လီဂါ ၁၇ ပွဲ ကန်အပြီးမှာ
၁၂ ပွဲ နိုင် ၊ ၁ ပွဲ သရေ ၊ ၄ ပွဲ ရှုံး ၊ ရဂိုး ၄၃ ပေးဂိုး ၁၀ ၊ ၃၇မှတ်
အဝေးကွင်း ၈ ပွဲ ကန်ခဲ့ပြီး ရလဒ်များမှာ ၅ ပွဲ နိုင် ၊ ၁ ပွဲ သရေ ၊ ၂ ပွဲရှုံး ၊ ရဂိုး ၁၃ ပေးဂိုး ၇
မိုချင်ဂလာဘတ် ဟာ ဘွန်ဒက်လီဂါ ၁၇ ပွဲ ကန်အပြီးမှာ
၁၀ ပွဲ နိုင် ၊ ၃ ပွဲ သရေ ၊ ၄ ပွဲ ရှုံး ၊ ရဂိုး ၂၅ ပေးဂိုး ၁၁ ၊ ၃၃ မှတ်
အိမ်ကွင်း ၉ ပွဲ ကန်ခဲ့ပြီး ရလဒ်များမှာ ၆ ပွဲ နိုင် ၊ ၃ ပွဲ သရေ ၊ ၀ ပွဲ ရှုံး ၊ ရဂိုး ၁၈ ပေးဂိုး ၆
မိုချင်ဂလာဘတ် ရဲ့ ဖြစ်နိုင်ဖွယ်ကစားသမားများမှာ
ဂိုး Ter Stegen
နောက် Jantschke, Stranzl, Brouwers, Daems
လယ် Herrmann, Neustadter, Ring, Arango
ရှေ့  Reus, Hanke
ဘိုင်ယန်မြူးနစ် ရဲ့ ဖြစ်နိုင်ဖွယ်ကစားသမားများမှာ
ဂိုး Neuer
နောက် Boateng, Van Buyten, Badstuber, Lahm
လယ် Tymoshchuk, Schweinsteiger
လယ် Robben, Kroos, Muller
ရှေ့  Gomez
ဘိုင်ယန် မြူးနစ် ဟာ ဘွန်ဒက်လီဂါ မှာ ရဂိုးအများဆုံး နဲ့ ပေးဂိုး အနည်းဆုံး အသင်း ဖြစ်ပါတယ် ။
မိုချင်ဂလာဘတ် ကတော့ ဘွန်ဒက်လီဂါ မှာ ဒုတိယ ပေးဂိုး အနည်းဆုံး အသင်းဖြစ်ပါတယ် ။
သည်နှစ်သင်းတွေ့ ဆုံခဲ့မှုများမှာ
‎Aug 7, 2011 FC Bayern München 0 – Borussia Mönchengladbach 1
Apr 2, 2011 FC Bayern München 1 – Borussia Mönchengladbach 0
Nov 6, 2010 Borussia Mönchengladbach 3 – FC Bayern München 3
Apr 24, 2010 Borussia Mönchengladbach 1 – FC Bayern München 1
Dec 4, 2009 FC Bayern München 2 – Borussia Mönchengladbach 1
သည်နှစ် ရာသီ ဘိုင်ယန် အိမ်ကွင်းမှာ တွေ့ ဆုံခဲ့တုန်း က မိုချင်ဂလာဘတ် က ၁-၀ နဲ့ နိုင်ခဲ့ပါတယ် ။
မိုချင်ဂလာဘတ် ကန်ခဲ့တဲ့ ရှေ့ ငါးပွဲ ရလဒ်များမှာ
Dec 21, 2011 Borussia Mönchengladbach 3 – Schalke 04 1 (ပိုကယ်ဖလား)
Dec 18, 2011 Borussia Mönchengladbach 1 – Mainz 0
Dec 10, 2011 FC Augsburg 1 – Borussia Mönchengladbach 0
Dec 3, 2011 Borussia Mönchengladbach 1 – Borussia Dortmund 1
Nov 25, 2011 FC Köln 0 – Borussia Mönchengladbach 3
ဘိုင်ယန်မြူးနစ် ကန်ခဲ့တဲ့ ရှေ့ ငါးပွဲ ရလဒ်များမှာ
Jan 10, 2012 India 0 – FC Bayern München 4 ( ခြေစမ်းပွဲ )
Jan 7, 2012 Al-Ahly SC 1 – FC Bayern München 2 ( ခြေစမ်းပွဲ )
Dec 20, 2011 VfL Bochum 1 – FC Bayern München 2 ( ပိုကယ်ဖလား )
Dec 16, 2011 FC Bayern München 3 – FC Köln 0
Dec 11, 2011 VfB Stuttgart 1 – FC Bayern München 2
ဘိုင်ယန်မြူးနစ် ဟာ ပထမ ရာသီဝက် နားချိန်မှာ ခြေစမ်းပွဲ ၂ ပွဲ ကန်ခဲ့ပြီး နှစ်ပွဲလုံး နိုင်ခဲ့ပါတယ် ။
မိုချင်ဂလာဘတ် ကတော့ ခြေစမ်းပွဲ ကန်ခဲ့ခြင်းမရှိပါဘူး ။
ဈေးအနေအထားအရ ဘိုင်ယန် သရေ ဆိုရင် အပြည့်ဆုံးရှုံးမှာ ဖြစ်ပါတယ် ။
မိုချင်ဂလာဘတ် မှာ အားထားရတဲ့ အငှားနဲ့ ခေါ်ထားတဲ့ တိုက်စစ်မှူး “Joshua King” ဟာ သက်တမ်းကုန်လို့ မန်ချက်စတာယူနိုက်တက် ကို ပြန်သွားခဲ့ပါပြီ ။ ထို့ အတူ မိုချင်ဂလာဘတ် ရဲ့ နောက်တန်းခံစစ်မှူး “Dante” ဟာ လဲ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီပွဲမှာ လွဲပါတယ် ။
ဘိုင်ယန်မြူးနစ် အတွက် သတင်းကောင်းကတော့ နိုဝင်ဘာလတုန်းက ဒဏ်ရာရလို့ နားခဲ့ရတဲ့ “Schweinsteiger” ပြန်လည် ပါဝင်လာခြင်းပါဘဲ ။ “Franck Ribery” ကတော့ ပြီးခဲ့တဲ့ ကိုလုံးနဲ့ ပွဲမှာ ၂ ဝါ ထိ ခဲ့လို့ ဒီပွဲမှာ လွဲပါတယ် ။
ဈေးအနေအထားအရ စဉ်းစားရင်ကတော့ တစ်ဂိုးဘဲလိုတဲ့ ဘိုင်ယန်မြူးနစ် ကို ရွေးခြယ်ချင်စရာပါ ။
သည်လို ရွေးလာအောင်လည်း ဈေးက နုနေပါတယ် ။
တစ်ဘက်မှာ ပြန်စဉ်းစားရင်လည်း ပထမအကျော့ တုန်းက ဘိုင်ယန်မြူးနစ် အိမ်ကွင်းမှာ ၁-၀ နဲ့ မိုချင်ဂလာဘတ် က နိုင်ခဲ့တာ ဆိုတော့ ၊ သည်ပွဲမှာ ဘိုင်ယန်မြူးနစ် က ပြန်လက်စားချေဖို့ အနိုင်ကစားမှာပါ ။
မိုချင်ဂလာဘတ် ကွင်းမှာ ဘိုင်ယန် အနိုင်မကစားနိုင်တာ ၆ နှစ် ရှိခဲ့ပြီ ဆိုတာကလဲ စဉ်းစားစရာ အချက် တစ်ခုပါဘဲ ။
သည်ပွဲကို ဥရောပ ဘူက်ီများ ခန့် မှန်းပေးချက်များကတော့
“ မိုချင်ဂလာဘတ် ၀-၂ / ၀-၃ / ၁-၂ ဘိုင်ယန်မြူးနစ် ” ပါ ။
လူစုံနေပြီ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အနေနဲ့ ၊ အဓိက ကစားသမားမစုံတဲ့ မိုချင်ဂလာဘတ် ကို အနိုင်ကန်နိုင်မလား ဆိုတာကိုတော့…..။
…………………………………………………..
……. ဖိုက်တာအားလုံး အောင်မြင်ပါစေ …….

About မောင် ပေ

မောင် ပေ has written 396 post in this Website..

   Send article as PDF