နေပြည်တော် မှ မန်းလေး (မတင့်ဆန်း – ၁)

Mလုလင္January 20, 20121min598

အို … မတင့်ဆန်း
လမသာတဲ့ ညအခါမှာ ….
ထွန်းလင်းတဲ့ လမ်းမီး ..
မပျင်းမရိ ထိုင်ကြည့်ချင်လောက်အောင် ထိန်ထိန်ညီးနေပါတော့တယ် ….
အို … မတင့်ဆန်း
လမ်းတွေကျယ်ကျယ်..
ပန်းပင်တွေ စနစ်တကျ နဲ့ .. ပလက်ဖောင်းလဲရှိရဲ့ ….
လိုင်းကားတော့ အရှားသား …

ရုံးတွေအစုံစုံ …. တောင်ကုန်းပေါ်မှာပုံ လို့ …
သွားချင်ရင် ကယ်ရီ စီး … ဒီခရီး နီးသလား ……
ခုတော့ ရန်ကုန် ကို ကျွန်တော် လွမ်းနေရပြီ မတင့်ဆန်းရယ် ..
အို မတင့်ဆန်း
ဒီလိုနဲ့ တစ်ညအိပ် .. မနက်ကျ တော့ လက်မှတ်ဝယ် ..
လေယဉ်ကွင်းအကျော် .. ကျွဲဆည်ကန် မှာ ဆိုက်
ဘေးလမ်းတဝိုက် မှာ ထန်းပင် တွေ တမျှော်တခေါ် နဲ့ ..
မန်းရွှေမြို ့တော်ကို ကျွန်တော် ရောက်ခဲ့ ပြီပေါ့ .. မတင့်ဆန်းရယ် ..။

လေးစားလျက်

M-လုလင်

8 comments

  • စိန်ပေါက်ပေါက်

    January 20, 2012 at 2:23 pm

    အိုမတင့်ဆန်း
    မန်းလေးရွှေမြို ့တော်ရောက်ရင်
    မစ်ချတာပေတို ့ရဲ့ ပေါက်-ပေ-ပု အသင်းနဲ ့တွေ ့ခဲ့ဦးဟဲ့

  • pooch

    January 20, 2012 at 2:42 pm

    အိုရီရမ်တယ်ဟောက်စ်မှာ မနက်စာ ဒင်းဆမ်းဖြင့် ဧည့်ခံဖို့ စီစဉ်ထားပါတယ် ချင့် 😛

    • M-Lulinရွှေ

      January 20, 2012 at 6:59 pm

      ဦးပေါက် ရဲ့ အချိန်းအချက် ကို စောင့် နေရင်း .. ဂလု ဂလု ဖစ်နေရပါတယ် ချင့် ..

  • manawphyulay

    January 20, 2012 at 4:23 pm

    ကိုကိုတင့်ပဲ ကြားဖူးတယ် မတင့်ဆန်းတော့ ကြားဖူးဘူး။ မန်းလေးမှာ ရှာတွေ့လား မတွေ့ရင် ဘုရားကြီးနားကနေ အော်ခေါ်ကြည့်လိုက်လေ… ဒါမှမဟုတ် မန်းလေးသားရွာသားတွေရှိတယ် အကူအညီတောင်းလိုက်လို့လည်း ရတယ်နော်။

  • Diamond Key

    January 20, 2012 at 4:31 pm

    အို … မတင့်ဆန်း
    လမသာတဲ့ ညအခါမှာ …
    ကိုပေါက်တို့ ခေါ်ရာနောက်….
    မန်းရွှေမြို ့တော်က ဘယ်နေရာကို..
    ရောက်ခဲ့ ပြီ ဆိုတာတော့ .. မပြောတော့ပါဘူးလေ…………….။ :mrgreen:

    • M-Lulinရွှေ

      January 20, 2012 at 6:57 pm

      နောက်နေ့မှာတော့ ဦးစိန်သော့ နောက် သများ လိုက် မှာပါချင့် …

  • MaMa

    January 20, 2012 at 7:36 pm

    အို-မတင့်ဆန်း
    ကျွန်တော် မန်းလေးမှာ ရွှေတွေ မျိုးတွေနဲ့ တွေ့ပြီး ရန်ကုန်ကို မေ့နေပါတော့တယ်။ 😆

  • မတင့်ဆန်းရဲ့လူရေ
    နေပြည်တော်ကို မတင့်ဆန်းလူထက်တစ်ရက်စောပြီး ခဏရောက်ခဲ့တာ
    မြို့ကျယ်ကျယ်ကြီးထဲမှာ ဆိုင်ကယ်ကယ်ရီငှားရတော့
    ပိုက်ပိုက်ကုန်တဲ့အပြင် သူများမောင်းတဲ့ဆိုင်ကယ်နောက်ကြောက်ကြောက်နဲ့လိုက်ခဲ့ရပါတယ်။
    (မန်းလေးမှာကိုယ်တိုင်မောင်းရင် ဘယ်လောက်ဖြဲဖြဲ ရှုပ်ရှုပ်ကြောက်ဘူးကွ)

Leave a Reply