မင်္ဂလာဈေးကြီးမှ ဆိုင်ခန်းအချို့သိမ်ကြီးဈေးနှင့် ယုဇနပလာဇာဝန်းကျင်တစ်ဝိုက်သို့ ပြောင်းရွှေ့ဖွင့်လှစ်

klnJune 1, 20101min420

မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့သော မင်္ဂလာဈေးကြီးမှ အောက်ထပ်ဈေးဆိုင်ခန်းအချို့ သိမ်ကြီးဈေးနှင့်အဆိုပါ မင်္ဂလာဈေးဝန်းကျင်တစ်ဝိုက်နှင့်ယုဇနပလာဇာဝန်းကျင်တစ်ဝိုက်တို့တွင် ဆိုင်ခန်းနေရာများကို ပြောင်းရွှေ့ဖွင့် လှစ်ကြသည်ဟု သိရသည်။ မင်္ဂလာဈေးကြီးရှိ အောက်ထပ်အထည်ဆိုင်များ၊ ဈေးဆိုင်ခန်းများသည် လက်ရှိအချိန်ကာလတွင် ရောင်းအားကောင်းသည့် ကျောင်းဖွင့်ချိန်ရာသီနှင့် ကိုက်ညီနေ၍ ဖောက်သည်မပျက်စေရေးအတွက် ယင်းကဲ့သို့ဖွင့်လှစ်နေကြရသည်ဟု သိရသည်။ အချို့သော လုပ်ငန်းရှင်များကလည်း မင်္ဂလာဈေးကြီးပြန်လည်ရှင်းလင်းနေခြင်းနှင့် ယာယီဈေးပြန်လည်ဖွင့်လှစ်ပေးမည့် အချိန်ကို စောင့်ဆိုင်းခြင်းမရှိဘဲ လက်ရှိကျောင်းဖွင့်ရာသီအမီ ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် သိမ်ကြီးဈေးသို့ ပြောင်းရွှေ့ဖွင့်လှစ်မှုများလည်း ရှိသည်ဟုသတင်းရရှိသည်။