နိုင်ငံသားအခွင့်အရေးဆိုင်ရာ လက်ကမ်းစာစောင်ကို အစိုးရ၊ ကုလသမဂ္ဂ၊ ပြည်တွင်း၊ ပြည်ပ လူမှုကူညီရေးအဖွဲ့အစည်းများ၊ ရပ်ရွာအသိုင်းအဝိုင်းများမှ တစ်ဆင့်ဖြန့်ဝေမည်

klnJune 1, 20101min471

နိုင်ငံသားအခွင့်အရေးဆိုင်ရာ လက်ကမ်းစာစောင်ကို အစိုးရ၊ ကုလသမဂ္ဂ၊ ပြည်တွင်း၊ ပြည်ပလူမှုကူညီရေးအဖွဲ့အစည်းများ၊ ရပ်ရွာအသိုင်းအဝိုင်းများမှ တစ်ဆင့်ဖြန့်ဝေမည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုုပ်သမားရေးရာအဖွဲ့ရုံးမှ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ စတိ(ဖ်)မာရှယ်(လ်) ကပြောကြားခဲ့သည်။ “ လက်ကမ်းစာစောင်ကို ဇွန်လလယ်ပိုင်းမှာ စတင်ဖြန့်ဝေသွားပါမယ်။ ပထမဆုံး ပုံနှိပ်မှုအနေနဲ့ စောင်ရေတစ်သိန်းကို ပုံနှိ်ပ်ဖြန့်ဝေသွားပါမယ်။ လိုအပ်လျှင်လိုအပ်သလောက် ဆက်လက်ပုံနှိပ်ဖြန့်ဝေသွားပါမယ် ” ဟု ၎င်းက မေလ ၂ရရက်နေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ လက်ကမ်းစာစောင်တွင် အဓ္ဓမခိုင်းစေမှုဆိုသည်မှာ အဘယ်နည်း၊ မည်ကဲ့သို့ တိုင်ကြားနိုင်ပါသနည်း၊ တိုင်ကြားမှုပြုလုပ်ရန် လုံခြုံမှုရှိပါသလား၊ မည်သူတို့က တိုင်ကြားနိုင်ပါသနည်း၊ တို်င်ကြားမှုသည် လျှို့ဝှက်လုံခြုံမှု ရှိပါသလား၊ တိုင်ကြားပုံနည်းစနစ်အရ မည်သို့ဆောင်ရွက်သနည်း၊ တို်င်ကြားခြင်းဖြင့် မည်ကဲ့သို့သော ရလာဒ်များ ပေါ်ပေါက်လာနိုင်သလဲ၊ တိုင်ကြားမှု ပြုလုပ်ရန် မည်သူ့ကို ဆက်သွယ်ရမည်နည်း စသည့်ခေါင်းစဉ်များခွဲကာ မြန်မာဘာသာဖြင့် ရိုးရှင်းစွာ ရေးသားထားသည်။ လက်ကမ်းစာစောင်ကို ထုတ်ဝေဖြန့်ချိရန် အလုပ်သမားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တို့ မူအားဖြင့် ဇန်နဝါရီလက သဘောတူညီခဲ့ကြကြောင်းနှင့် အဆိုပါသဘောတူညီချက်ကို အလုပ်သမားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်နှင့် အပြည်ပြည်ဆို်င်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရုံးမှ အမှုဆောင်ညွှန်ကြားရေးမှူး Mr.Kari Tapiola နှင့်အဖွဲ့တို့ ဇန်နဝါရီလ ၁၈ရက်နေ့က နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနတွင် တွေ့ဆုံဆွေးနွေးရာမှ ယခုကဲ့သို့ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ကမ်းစာစောင်တွင် ဖော်ပြမည့် စာသားများနှင့် ဘာသာပြန်မှုများကို ဧပြီလ ၃ဝရက်နေ့တွင် နှစ်ဖက်သဘောတူညီခဲ့ကြကြောင်းနှင့် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံးမှ ဆက်သွယ်ညှိနှိုင်းရေးအရာရှိသည် လက်ကမ်းစာစောင်၏ စာမျက်နှာအပြင်အဆင် ခွင့်ပြုချက်ကို မေလ ၂၄ရက်နေ့တွင် ရရှိခဲ့ကြောင်း သတင်းရရှိသည်။