ဟာ့ဒ်ဒစ်ကို ပြန်စီပြီး အစီအစဉ်ပြန်ချမယ်

manawphyulayJanuary 20, 20121min16611

ဟာ့ဒ်ဒစ်ကို ပြန်စီမယ်
ဟာ့ဒ်ဒစ်မှာ နေရာပြန့်ကျဲနေတဲ့ ဖိုင်၊ အချက်အလက်တွေကို ပြန်စီတဲ့ defragment လုပ်ငန်းစဉ်က ထူးခြားလှတယ် မဟုတ်ပါဘူး။ ဝင်းဒိုးစ်စနစ်မှာလည်း ပါရှိလို့ သီးခြား disk defragmenter ဆော့ဖ်ဝဲတွေကို သိပ်မသုံးကြတာပါ။ ဒါပေမယ့် Piriform က ထုတ်လုပ်တဲ့ Defraggler v2.00.230 ကို အခမဲ့ ရယူသုံးနိုင်လို့ ညွှန်းပေးလိုက်ပါတယ်။ ဖိုင်အရွယ်အစား 2.88MB နဲ့ freeware ဖြစ်တဲ့ Defraggler tool မှာ ဟာ့ဒ်ဒစ် partition တစ်ခုလုံးကို defrag မလုပ်ချင်ရင် ဖိုင်တစ်ဖိုင် ဒါမှမဟုတ် ဖိုင်များကို သီးခြားရွေးချယ်လုပ်ဆောင်နိုင်ပါတယ်။ ဟာ့ဒ်ဒစ် partition ကို defrag လုပ်နေချိန်မှာလည်း ဘယ်ဖိုလ်ဒါ၊ ဘယ်ဖိုင်ကို defrag လုပ်နေတယ်ဆိုတာ ပြပေးပါတယ်။ ဒါ့အပြင် defragmenter လုပ်ငန်းစဉ်ကို မြင်ကွင်းမှာ အရောင်စုံတုံးကလေးတွေ လှုပ်ရှားနေတာမျိုး (drive map) ပြပေးပါတယ်။ အဲဒီအတွက် သင့်ဟာ့ဒ်ဒစ်မှာ defragment အလုပ်တွေ ဘယ်လောက်လုပ်နေရတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။
သင့် ကွန်ပျူတာက ဟာ့ဒ်ဒစ်အရွယ်အစားက ကြီးတယ်။ defrag မလုပ်တာလည်း ကြာပြီဆိုရင်တော့ Defraggler က အချိန်အတော်ယူပါလိမ့်မယ်။ ကောင်းတာက သင်ကွန်ပျူတာကနေ ခဏအနားယူတဲ့အချိန်မျိုး၊ ရေချိုးခန်းဝင်နေတဲ့ အချိန်မျိုးမှာ defragment လုပ်ငန်းစဉ်ကို လုပ်ဖို့ အကြံပေးလိုပါတယ်။ Piriform (https://www.piriform.com) ဆိုတာက CCleaner, Recuva စသဖြင့် ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်လို့ အဲဒီဆော့ဖ်ဝဲတွေအတွက် အသုံးပြုလို့ အဆင်ပြေမယ်လို့ ကျွန်မ မြင်မိပါတယ်။ တကယ်လည်း အခမဲ့သုံးနိုင်တာကြောင့် လမ်းညွှန်ပေးရခြင်း ဖြစ်ပါတော့တယ်။

11 comments

    • manawphyulay

      January 20, 2012 at 4:38 pm

      စွာတာကတော့ ပြောမနေနဲ့ ပစ်တိုင်းထောင်ရေ… ခပ်စွာစွာဆိုတော့ အကုန်လုံးက ခပ်လန့်လန့်နဲ့ အဝေးက ရှောင်ချင်နေကြတာလေ… 😛

  • ပစ်တိုင်းထောင်

    January 20, 2012 at 4:44 pm

    မမကလည်း အမြဲသည်းခံနေရင် လူတွေကလွယ်ဘူး..
    ကုန်လွန်းလို့ စိတ်.. လောကမှာ တစ်ဖက်စောင်းနင်းလူတွေကများတယ်ဗျ..

    • manawphyulay

      January 20, 2012 at 5:22 pm

      ဒါက ဒီလိုရှိတယ် ညီမလေး… ရဲ့… နေရာတစ်ကာတော့ သည်းမခံပေမယ့် နားလည်ပေးလိုက်ရင် လောကမှ နေတတ်သွားမှာပါနော်…

  • beautygirl

    January 20, 2012 at 6:52 pm

    ကွန်ပျူတာ လေးနေတာနဲ့အတော်ပဲ ဒေါင်းပြီးစမ်းကြည့်လိုက်မယ်နော်။ ကျေးဇူးပါ။

  • XII Man

    January 20, 2012 at 8:20 pm

    ဟုတ်ပါတယ်။ ဒီလိုမျိုး ဟာ့ဒစ်တွေကို Defragment လုပ်တာက ကောင်းပါတယ်။ ကွန်ပျူတာမှ သုံးနေတယ်ဆိုရင် ဟာ့ဒစ်ကို Defragment လုပ်တာတို့၊ Disk cleanup လုပ်တာတို့၊ Disk error checking လုပ်တာတို့က တစ်ပတ် တစ်ခါ ဒါမှမဟုတ် တစ်လ တစ်ခါလောက် လုပ်ပေးသင့်ပါတယ်။ အဲလို မလုပ်ခဲ့ရင် ကွန်ပျူတာက မြင့်နေပေမယ့် နှေးကွေးနေဆဲ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ Antivirus scan ဖတ်တာတို့၊ Registry cleanup လုပ်တာတို့ကို အမြဲ လုပ်ပေးသင့်ပါတယ်။ ကိုယ်တိုင် မလုပ်တတ်ရင်တောင် Ccleaner တို့လို ဆော့ဖ်ဝဲမျိုးကို သုံးပြီ ကွန်ပျူတာကို သန့်ရှင်းပေးသင့်ပါတယ်။ အမြဲတမ်း ကိုယ့်ကိုယ့်ကို သန့်ရှင်းအောင် လုပ်ပြီး သုံးနေတဲ့ ကွန်ပျူတာလေးကိုတော့ ဒီအတိုင်း ပစ်မထားလိုက်ပါနဲ့။

  • Khin Latt

    January 21, 2012 at 4:19 am

    မနောရေ – အကျိုးပွါး စေမဲ့ ဗဟုသုတ လေးအတွက် ကျေးဇူးပါ။
    မနော ကြည့်ရတာ စိတ်ရှည်သည်းခံ တတ်ပုံပါဘဲ။ 🙂

  • Wai Phyoe

    January 21, 2012 at 10:59 am

    လုပ်ကြစမ်းပဗျ ကွန်ပျူတာနဲ့ ပတ်သက်ပြီး ပို့စ်တင်တဲ့လူအရမ်းနည်းနေလို့ပါ။ လေ့လာရတာအားမရဘူး

  • captainamerica

    January 21, 2012 at 12:13 pm

    ကွန်ပြူတာနဲ.ပတ်သက်ပီးလေ့လာချင်တယ်ဆိုရင်နည်းပညာသီးသန်.
    ဆိုဒ်တွေရှိတယ်ညီလေး။အနာဂတ်ကောင်းကင်ဆိုတဲ့ဆိုဒ်လေးမဆိုးဘူး
    မန်းဂေဇာတ်ကနည်းပညာသီးသန်.ဆိုဒ်မှမဟုတ်တာ။ဒီမှာလဲကွန်ပြူတာ
    ပညာချိကြီးတွေအများကြီးရှိပါတယ်။စာရေးရတာပျင်းလို.နဲ.တူပါတယ်။
    ကျွန်တော်လည်းဒီနေရာကနေထပ်ပီးပြောပရစေ။နက်ဝက်ကင်း
    ပိုင်းလေးတွေဆွေးနွေးချင်လို.ပါ။နက်ဝပ်သမားတွေရှိရင်ကူညီကြပါအုန်း။

    • manawphyulay

      January 21, 2012 at 5:43 pm

      ဒါဆိုရင်တော့ လာလည်ဖို့ဖိတ်ခေါ်ပါတယ်။ http://www.manawphyu.net မှာလည်း လာဆွေးနွေးလို့ရပါတယ်။ ဒါနဲ့ ကွန်ပျူတာ စာလုံးပေါင်းအမှန်နော် ပြူ မဟုတ်ဘူးနော် မောင်လေး 🙂

  • uncle kyaw

    January 21, 2012 at 10:57 pm

    အော တွေ့ပြီ…ဒီရွာထဲကိုဝင်လာတာ ဒါမျိုးတွေ ရှိတတ်တယ် ကြားလို့ ဝင်လာတာ ..ဦးလေးတို့က ကွန်ပြူတာနဲ့ရင်းနှီးခါစ ဆိုတော့ ဒါမျိုး ပို့စ်တွေ ရှာနေတာ..ရုံးက ကွန်ပြူတာ တစ်လုံးမှာ ဇော်ဂျီ တင်တာ မရဘူးဖြစ်နေတယ်..ဖတ်လို့ပဲရတယ် ..ရေးမရဘူး ..control+shift နဲ့ပြောင်းလဲ …မရဘူး..languae sign keyboard ပုံသေးသေးလေးလဲ မပေါ်ဘူး ..ရွာသားအသစ်စက်စက် အန်ကယ်ကျော့်ကို ကူကြပါဦး…ဝင်းဒိုး အသစ်ပြန်တင်ပြီး မရတော့တာ..ဘယ်လိုများ တင်ရင် ရနိုင်မလဲ..
    ဖြုတ်လိုက် တင်လိုက် အကြိမ်လဲ များနေပြီ…ဒါ ဒါပဲ..ဒီရွာမှာ အခြေချတော့မယ်လို့တော့စိတ်ကူးထားတယ်..ရွာသားတွေ ရွာသူတွေ သဘောကောင်း..ဆိုလို့

Leave a Reply