ကမာ္ဘ့လေယာဉ်ဆီဈေး မြင့်မားနေမှုကြောင့် ပြည်ပလေကြောင်းခရီးစဉ် လက်မှတ်နှုန်းထားများ မြင့်တက်

klnJune 1, 20101min520

ကမာ္ဘ့လေယာဉ်ဆီဈေးနှုန်း မြင့်မားနေမှုကြောင့် ပြည်ပလေကြောင်းခရီးစဉ် လက်မှတ်နှုန်းထားများ လိုက်လံမြင့်တက်လျက်ရှိကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနများမှ စုံစမ်းသိရသည်။ ထိုကဲ့သို့ လေယာဉ်ဆီဈေးနှုန်းမြင့်တက်မှုများကြောင့် ပြည်ပခရီးစဉ် လက်မှတ်နှုန်းထားများ ယခင်ကထက် ဈေးနှုန်းအနည်းငယ် အပြောင်းအလဲဖြစ်ပေါ်သွားသည်ဟု သိရသည်။ “လေယာဉ်လက်မှတ်နှုန်းတွေ အနည်းငယ်ဈေးတက်သွားတာနဲ့ ခရီးသည်အခြေအနေက အပြောင်းအလဲဖြစ်မသွားပါဘူး။ အခုချိန်က ခရီးသည်နည်းသွားတာဖြစ်နေကျပါပဲ။ အရေးတကြီး ပြည်ပသွားချင်ကြတဲ့ ခရီးသည်တွေကတော့ လက်မှတ်ဈေးတွေ ဘယ်လိုတက်တက် ဝယ်စီးကြတာပါပဲ”ဟု Seven Diamond ပြည်ပလေယာဉ်လက်မှတ်အရောင်းမန်နေဂျာတစ်ဦးက ဆိုသည်။ ယခုတီဂျီလေကြောင်းလိုင်းမှ လက်မှတ်ဈေးနှုန်းထားများသည် ရန်ကုန်- ကိုလ်ကတ္တားခရီးစဉ်ကို အမေရိကန် ၅၉ရ ဒေါ်လာ၊ ရန်ကုန်-ဂယာခရီးစဉ်ကို အမေရိကန် ၆၁၅ဒေါ်လာ၊ ရန်ကုန်-ကွမ်ကျိုးခရီးစဉ်ကို အမေရိကန် ၅၇ရဒေါ်လာဖြစ်ပြီး ယင်းခရီးစဉ်များသည် လက်မှတ်သက်တမ်းသုံးလရရှိမည်ဖြစ်ကြောင်း၊ ရန်ကုန်-ဘန်ကောက်ခရီးစဉ်ကို အမေရိကန် ၂၆၃ဒေါ်လာတို့ အသီးသီး ဈေးနှုန်းမြင့်တက်သွားပြီး ထိုကဲ့သို့ ဈေးနှုန်းပြောင်းလဲမှုကို မေ ၁၅ရက်မှ စတင်သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ လေယာဉ်လက်မှတ်အရောင်းကုမ္ပဏီများအနေဖြင့် ၂၀၀၉နှစ်ကုန်ပိုင်းနှင့် ၂၀၁ဝနှစ်ဆန်းပိုင်းကာလများတွင်သာ လက်မှတ်ရောင်းအား အကောင်းဆုံးအခြေအနေဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင် ခရီးသည်နည်းပါးသွားခြင်းကြောင့် အရောင်းအေးလျက်ရှိကြောင်း သိရသည်။