ဗဟုသုလေးများ(၃)

aye.kkJanuary 21, 20121min1017

လောကလူ့ရွာတွင် မိဘတို့အတွက် ၊ သားသ္မီးရတနာကားအမြတ်ဆုံး ဟုဆိုကြပါသည် ။ ထိုသို့ဆိုကြရာတွင် ထေရဝါဒဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်ကြသူများအနေဖြင့် သားသ္မီးကောင်းရရှိမှုအား လိုလားကြမည်ကား အမှန်ပင်………………။
ကျမအားငယ်ငယ်က ၊ ဘကြီးအိမ်အလည်သွားစဉ် ၊ ဘကြီးပြောပြခဲ့သည့်ဗဟုသုတလေးအား ပြန်လည်ပြောလိုပါသည် ။ ဘကြီးပြောပြဘူးသည်မှာ လောကလူ့ရွာလျှင် မိဘတို့အတွက်ဟူကား ၊ အကြွေးဆပ်သော သားသ္မီးနှင့် ၊ အကြွေးတောင်းသော သားသ္မီးဟူ၍နှစ်မျိုးနှစ်စား သာရှိကြောင်းပြောပြဘူးပါသည် ။ အကြွေးဆပ်သော သားသ္မီးကောင်းဆိုသည်မှာ ၊ ယုံကြည်သဒ္ဒါရှိကာ ၊ မိအဘတို့အား အိုမင်းမစွမ်းသည်အထိ(အသက်သေဆုံးသည့်အတိုင်) ၊ ရိုသေစွာလုပ်ကိုင်ရှာဖွေ ပြုစုကျွေးမွေး စောင့်ရှောက်တတ်သော ၊ သားကောင်း ၊ သ္မီးကောင်းများဖြစ်ကြောင်းနှင့် ၊ အကြွေးတောင်းသောသားသ္မီး ဆိုသည်မှာ(မိန်းမရှာများ၊ကိုယ်အင်္ဂါချို ့ယွင်းလာသူများ၊စိတ်ချို ့ယွင်းသူများ၊တစ်ခါတစ်ရံအရှူးအပေါများ) အကုသိုလ်ခလေးများမွေးလာကြကာ ၊ မိဘတို့စိတ်ပင်ပမ်းငြိုငြင်စွာဖြင့်တသက်ပတ်လုံးပင် ၊ ရှာဖွေကျွေးမွေးပြုစုရလေသည် ။ ချေကောင်း လက်ကောင်းနှင့်မွေးလာပြန်ကလည်း ယုံကြည်သဒ္ဒါမဲ့ကာ ၊ ရှာကျွေးဘို့မဆိုထားနှင့် မိဘတို့အားကိုယ်ဆင်းရဲ စိတ်ဆင်းရဲအောင်ပြုမူနေထိုင်ပြီး မိဘတို့အသက်ရှင်နေသမျှ တသက်တာပတ် လုံးပင်စိတ်ဒုက္ခရောက်အောင်သာ ရှာကြံလုပ်ဆောင်တတ်သူများသာဖြစ်သည် ဟုပြောပြပါသည် ။
ကျမအားထိုသို့ပြောပြ ပြီးလျှင်အကြွေးဆပ်သော သားသ္မီးနှင့် ၊ အကြွေးယူသောသားသ္မီး ဘယ်ဟာကိုနှစ်သက်လဲဟု ဘကြီးကမေးပါသည် ။ ကျမကအကြွေးဆပ်သော သားသ္မီးကိုသာလိုချင်ပါသည် ဟုဘကြီးအားပြန်ဖြေသည့်အခါ ၊ ထိုအခါဘကြီးက……၊ ဘကြီးကပြောသောစကားအား အစအဆုံးသေချာစွာ စူးစိုက်၍ မှတ်သားနားထောင်ခိုင်းပါတော့သည် ။ အချိန်အခါအရွယ်ရောက်လာလျှင် အိမ်ထောင်ပြုရမည်ကား ၊ ရှောင်လွဲ၍ရနိုင်သောအရာမဟုတ်သဖြင့် ၊ ရှက်စရာလည်းမဟုတ်ပါ ။ သ္မီးအခုဆယ်ကျော်သက်၍အပျိုကြီးဖားဖားပင်ဖြစ်နေပြီ ၊ သိရှိကာဗဟုသုတအဖြစ်သေချာစွာမှတ်သားထားရမည်ဟုပြောပါသည်။ အိမ်ထောင်ရေးဗဟုသုတအဖြစ်မှတ်သားနာယူစရာအဖြစ်ပြောပြသည်မှာ…………………………………………
တခါကမြတ်စွာဘုရားက ၊ ကျောင်းအမကြီးဝိသာခါအား“ငါဘုရားကိုဘယ်အခါမေ့သလဲ”ဟုမေးရာ ၊ ဝိသာခါက “တပည့်တော်တို့လင်မယားအတူနေသောသောအခါတွင်မေ့ပါသည်ဘုရား”ဟုလျှောက်ပါသည် ။ “သည်အခါမှာလဲ ငါဘုရားကိုမမေ့အပ် ၊ သို့မှသာသားသ္မီးကောင်းများရရှိနိုင်မည်ဟု”မိန့်ဆိုဘူးပါသည်။
ထိုအကြောင်းကိုထောက်၍ ၊ သ္မီးအိမ်ထောင်ပြုသည့်နေ့ရက်အချိန်မှစတင်ကာ ၊ ခင်ပွန်းသည်နှင့်အတူညအိပ်ရာ ဝင်ခါနီးတိုင်းဘုရားရှိခိုးပြီးမှအိပ်ရန် ၊ဘုရားရှိခိုးများများဆိုတာကအကြောင်းမဟုတ်ပါ ။ အရေးကြီးတာက ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ- ဘုရားကိုယုံကြည်စွာကိုးကွယ် ဆည်းကပ်ပါ၏ ။ ဓမ္မံ သရဏံ ဂစ္ဆာမိ- တရားတော်မြတ်ကို ယုံကြည်စွာဆည်းကပ်ပါ၏ ။ သံဃံ သရဏံ ဂစ္ဆာမိ-အရိယာသံဃာနှင့် တကွသမုတိ သံဃာတော်များကိုယုံကြည်ကိုးကွယ်ဆည်းကပ်ပါ၏ ။ ဟုဆို၍ စိတ်ကိုစူးစိုက် ရိုသေစွာကန်တော့ပြီးမှအိပ်ရန် ၊ ရတနာသုံးပါးအား မမေ့ဘဲသတိရစွာဖြင့် စိတ်တွင်ထားပြီးမှအိပ်သောကြောင့် ၊ ဒီညရရှိသော ပဋိသန္ဓေသားမှာ မိဘစိတ်ဓါတ်အရှိန်အဟုန် ရိုက်ခတ်မှုကြောင့် မွေးလာသောအခါ ၊ ရတနာသုံးပါးကိုယုံကြည်ခြင်း ၊ ဆိုဆုံးမရလွယ်ခြင်း ၊ သုဂတိဘုံမှလာသောသူဖြစ်ခြင်း စသည့်အကျိုးသက်ရောက်မှု တို့ရရှိမည်ဟုပြောပြပါသည် ။ တဆက်တည်းပင် မိဘနှစ်ပါးအားကန်တော့၍အိပ်ရန် ၊ မိမိထက်အသက်ရကာအားကိုးထိုက်သည့်ရှာဖွေလုပ်ကိုင်ကျွေးမွေးသည့်ခင်ပွန်းသည်အား ကန်တော့ပြီးမှအိပ်ရန် ၊ ကဆုန်လပြည့် ၊ ဝါဆိုလပြည့် စသောဗုဒ္ဓနှင့်ဆိုင်ရာ နေ့ထူးနေ့မြတ်တို့အားရှောင်ကြဉ်ရန်(မရှောင်ကြဉ်မိပါကအကြွးတောင်းသောသားသ္မီးမျိုးများအားမွေးဖွားလာပါကဆိုးကျိုး
များရရှိနိုင်ကြောင်း) ၊နှင့် ဋိသန္ဓေစွဲကပ်သည်ဟုသိရှိပါက ထိုနေ့ထိုရက်မှစတင်၍ ညအိပ်ရာဝင်တိုင်း အားလုံးရှိခိုးပြီးစီးပြီဆိုပါလျှင် မိမိစိတ်မှာဘုရားရှင်အားရည်ညွတ်၍ မိဘတို့အားလုပ်ကျွေးပြုစုသော အကြွေးဆပ်သည့် သားကောင်းသ္မီးကောင်းရတနာ ရရှိလိုပါ၏ အရှင်ဘုရားဟု စိတ်မှ ရည်စူး၍ဆုတောင်းပြီးမှ အိပ်ရန်မှာကြား
ပြောဆိုပါသည် ။ သို့မှသာသ္မီးလိုချင်သော မိမိအားအလုပ်အကြွေးဆပ်သော သားသ္မီးရတနာကောင်း ရရှိနိုင်မည်ဟုဘကြီးကပြောပြပါသည် ။ မှတ်သားနာယူကာ လိုက်နာကျင့်သုံးနေထိုင်တတ်ရမည်ဟု လည်းမှာကြားပြောဆိုပါသည် ။
နောက်တစ်ခုထပ်မံမှာကြားသည်မှာ ၊ တစ်ဦးနှင့်တစ်ဦး အလွန်ချစ်ကြ၍ နောင်ဖြစ်လေရာဘဝတွင် ငှက်ဖြစ်တောင် တကိုင်းတည်းနားပါရစေဟုဆုတောင်းလျှင် ကုသိုလ် ၊ အကုသိုလ် မတူကြ အတူတကွမဖြစ်နိုင်ကြပါ ။ ဘဝတိုင်းဆုံချင်လျှင် ၊ ဘုရားက နကုလပိတာ လင်မယားအား ဟောကြားသည့်အတိုင်း (စတုတ္တအင်္ဂုထ္တိုရ်၊ဒု-မဏ္ဏသက၊ပုညာတိသန္ဒဝဂ်၊၅-ပထမသမဇ်ပိသုတ်)လာ နှစ်ယောက်လုံးတူမျှသော သဒ္ဒါ တရားရှိကြရမည် ။ တူမျှသောအကျင့် သီလ ရှိကြရမည် ။တူမျှသောစွန့်ကြဲမှု စာဂ ရှိကြရမည် ။တူမျှသောအသိဉာဏ် ပညာ ရှိကြရမည် ။ဤသည်မှာဘဝတိုင်းဆုံရန်
အကြောင်းဖြစ်ပါသည် ဟု ပြောပြပါသည်။ (ကုသိုလ်ကောင်းမှုဟူသမျှအတူတကွစိတ်ထားညီစွာ
ပြုလုပ်ရမည်)
မိမိ၏ကိုယ်တွေ ့ဗဟုသုတလေးများသာလျှင်ဖြစ်ပါသည် ၊ ကြိုက်နှစ်သက်မှုမရှိပါက များစွာခွင့်လွတ်ကြပါကုန်။ ဝေဖန်ထင်မြင်ချက်များရေး သားပေးနိုင်ပါရန်တောင်းဆိုအပ်ပါသည် ။

7 comments

  • Thel Nu Aye

    January 21, 2012 at 10:41 am

    ပြည့်စုံနေလို့ပြောစရာတောင်မရှိတော့ပါဘူး။ အရမ်းကောင်းလို့လိုက်နာမှတ်သားသွားပါတယ်။

  • windtalker

    January 21, 2012 at 2:10 pm

    အဖိုးထိုက်တန်တဲ့ ဒေါ်အေးကေ ရဲ ့ကိုယ်တွေ ့များပါဘဲ
    နောက်ထပ်လည်း ထပ်ဖတ်ပါရစေ နော

  • စိန်ပေါက်ပေါက်

    January 21, 2012 at 2:18 pm

    ကောင်းပါလေ့..ဒေါ်အေးကေရေ့
    ဘာသာတရားနဲ ့ သားသမီးကောင်းရေအောင် အားထုတ်သလို ခေတ်မီဆေးဝါးများနဲ ့လဲ သားသမီးကောင်းရအောင်
    အားထုတ်သင့်ပါကြောင်း ဖြည့်ပြောပါရစေခင်ဗျ
    အန်တီပြောတဲ့..ရေးခဲ့တဲ့စာတွေဟာ အနော်တို ့လို နောက်ပေါက်လေးတွေအတွက် များစွာ တန်ဖိုးရှိပြီး ဗဟုသုတ ရစေပါတယ်
    ဆက်လက် ဆုံးမတော် မူပါဦးခင်ဗျ
    အားပေးလျက်..မစ်ချတာစိန်ပေါက်

  • nature

    January 21, 2012 at 3:26 pm

    တန်ဖိုးရှိတဲ့ ပို့စ်ကလေးပါပဲ။ လူတိုင်းဟာကောင်းတာတွေကိုပဲလိုချင်ကြတယ်။ ဒါပေမဲ့ကောင်းတာတွေချည်းပဲမရကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဝိဇ္ဇာဖုံးပြီး ဆိုးတာတွေကို ကောင်းတယ်ထင်ပြီး လုပ်နေကြလို့ပါပဲ။

  • aungnng87

    January 21, 2012 at 3:35 pm

    ကောင်းတယ်နော်။ ဗဟုသုတတော်တော်ရသွားပြီ။အတတ်နိုင်ဆုံးလိုက်နာနိုင်အောင်ကြိုးစားရမယ်။ ကျေးဇူးပါဘဲနော်။

  • ဆူး

    January 21, 2012 at 5:13 pm

    ငှက်ဖြစ်ရင်တောင် တကိုင်းတည်း နားပါရစေ ဆုတောင်းကောင်းလို့ တော်ကြာ
    လင်မုဆိုး မယား သောတာပန် ဆိုတာမျိုး ဖြစ်နိုင်တာမို့.. ကိုယ်နဲ့ ထိုက်တန်တဲ့ ကုသိုလ် အကျိုးပေးကိုသာ မျှော်လင့်ပါသည်။
    သံသရာ ဆိုတာ အရှည်ကြီးမို့.. ပတ်ဝန်းကျင်မှာ ရှိတဲ့ ဆင်းရဲချမ်းသာ အားလုံးကလည်း တချိန်တည်း တပြိုင်တည်း မှာ ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်တွေ ကြောင့် ဆုံကြတာလို့ မြင်ပါတယ်။

    နှစ် ၅ဝ ၆ဝ ဝန်းကျင် မှာ တသုတ်ပြီးသွားတော့ နောက်ထပ် တက်လာမဲ့ တသုတ် လာကြအုန်းမှာပေါ့..

    စာရင်းအင်းပိုင်တဲ့ ကံကြမ္မာချားရဟတ်ကြီးက နိမ့်သင့်တဲ့ လူကို နိမ့်ပေးပြီး မြင့်သင့်တဲ့ သူကို မြင့်ပေးပါလိမ့်မယ်။

  • aye.kk

    January 21, 2012 at 7:46 pm

    သဲနုအေး,……ဝမ်းသာမိတယ်လို့ပြောပြပါရစေကွယ်။
    ကိုဝင်းတော့ကာ,… အားပေးတာကျေးဇူးတင်ဝမ်းလည်းသာမိပါတယ်။
    စိန်ပေါက်ပေါက်,….အန်တီကိုအားပေးတာကျေးဇူးပါနော်။
    nature,……မှန်တဲ့စကားလေးပါ။
    aungnng87,ဒီစကားလေးကြားရတာဝမ်းသာမိပါတယ်။
    ဆူး,…….အန်တီကလာမဲ့မတ်လ(၁၇)ဆို၊ငါးဆယ်တန်းပေါ့နော်။
    သားတွေလိမ္မာလို့တော်သေးတယ်။အဲဒီစကားမျိုးမပြောဘို့သူတို့ကမှာထားပေမဲ့ပြောမိသွားပြန်ပြီ။

Leave a Reply