“မြူတွေဆိုင်းနေတဲ့………………………………ရန်ကုန်နံနက်ခင်း(နှစ်)”

1 မနက်5နာရီ စွန်းစွန်း ဝေဇယန္တာလမ်းမ ဂန္ဓမာ ဟိုးဆေးလ်နားမှာပါ။ လမ်းဘေးက မြေစာပုံပေါ်က တက်ရို်က်ထားတာ။
2 အလွမ်းဝေအောင် လှပါတဲ့ ရန်ကုန်ဆောင်းမနက်ခင်း
3 မြူငွေ့တွေထနေတာ မန်းလေးမှာ မမြင်ရသေးဘူးဗျာ။
4 မြူုခိုးတွေထနေတာကို သစ်ပင်တွေကြားက မြင်နေရတာပါ
5 မြူနှင်းတို့ဝေနေသော
6 မြူတွေဆိုင်းနေသော ကွင်းပြင် မြင်ရတာ.................
7 အလင်းရောင်ရောက်ခါစ မြူခိုးတွေက လဲ ထလို့ကောင်းတုန်း
8 အလင်းရောင်က နှင်းတွေကြောင့် ပွင့်ပွင့်လင်းလင်းမရှိတာက ပိုကြည့်ကောင်းနေသလိုပါဘဲ
9 ပြုတ်ကျတော့ မလိုလို...........ရေစက်လေးတွဲလွဲခို
10 အရုဏ်တက် ပန်းရိုင်းတော
11 ကျနော် ကဒီလိုသစ်ပင်ဆိုရင် သိပ်သဘောကျတာ
12 အဝေးမှာဖူးမြင်ရတဲ့ စွယ်တော်စေတီ
13 နှင်းများကြားက အလွမ်းသစ်ပင်..............

“နံနက်ခင်းမြူများကြားကရန်ကုန်…………………”(အပိုင်းနှစ်)

 

နောက်နေ့မနက်ရောက်တော့ ပထမနေ့ကသွားခဲ့တဲ့လမ်းကိုပြောင်းပြန်ပါတ်ပါတယ်။

ကျနော်တည်းတာက ကုန်းကျော်တံတားအောက်မှာ။

အဲတော့ အိမ်ကနေတောင်ဖက်ကို လမ်းလျောက်ပါတယ်။

လမ်းအရှေ့ဖက် က တိုင်ကြီးထောင်ထားတဲ့ ဝင်းကြယ်ကြီးထဲမှာ ကျနော်လို့ချင်တဲ့ မြူငွေ့တွေ

အတန်းလိုက်ကြီး။

ဒါပေမယ့်မကျူးကျော်ရလို့ဆိုထားတော့ အထဲဝင်ရိုက်ချင်လို့မရပြန်ပါဘူး။

အထဲမှာရှိတဲ့မြူငွေ့တွေလဲရိုက်ချင်ဆိုတော့ အတော်လေးအခက်တွေ့ပါတယ်။

အဲဒါနဲ့ဘဲ နည်းနည်းမြင့်တဲ့နေရာလိုက်ရှာတော့ မြေစာပုံလေးကို တွေ့တော့ အဲဒီအပေါ်တက်ရိုက်တာ

စိတ်တိုင်းကျတဲ့လိုချင်တဲ့ပုံလေးတွေရလိုက်ပါတယ်။

နောက်ဆက်လျှောက်သွားရင် ဂေါက်ကွင်းနားရောက်တော့ ကွင်းပြင်ထဲမှာ နှင်းငွေ့တွေဝဲနေတာကို

မြင်ရတော့ ဝင်ပြီးလက်ဆော့ မိပါတယ်။

အဲတော့…………………..

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(25-1-12)

 

 

 

 

 

 

 

 

 

 

10 comments

  • အာရုဏ်တက် ပန်းရိုင်းတောပုံက အကြိုက်ဆုံးပါဗျ
    ကူးယူလိုက်ပီ
    နုနယ်တဲ့ ပန်းဆိုရင် ကျွန်တော်က အားလုံးကို နှစ်သက်လေ့ရှိတယ် …
    မှတ်ချက်။ ရွှေပန်းမပါ ဘာလို့လဲဆိုတော့ သူက အနမ်းပြင်းလို့ ……… 😛

  • သားငယ်

    January 28, 2012 at 10:40 am

    အကိုရေ..စောစောထပြီးဓာတ်ပုံရိုက်ရတော့..အိပ်ရေးပျက်တာပေါ့..ကွိကွိ

  • စိန်ပေါက်ပေါက်

    January 28, 2012 at 10:42 am

    ၁၂။
    ဟယ်
    လေးပေါက်က ရှည်ကြီးပဲတော့ … ( အရိပ်..အရိပ်) 😀

    • windtalker

      January 28, 2012 at 12:23 pm

      တိုတိုလေးတွေ ဆို မကြိုက်တတ်လို ့ပါတဲ့ကွယ်
      ပုံ
      ကိုယ်စားလှယ် မန် ့ပေးတတ်သူ
      မောင်ပေ

  • သားငယ်

    January 28, 2012 at 10:44 am

    ကျနော့် မှာရှိတဲ ့ဓာတ်ပုံလေး
    တွေလည်းတင်ပေးချင်ပါတယ်…ကွန်နရှင်က..အခု.ကွန်မန် ့ရေးတာကို..ခဏခဏ reload ဖြစ်နေလို ့
    အဆင်ပြေတဲ ့အခါမျှဝေချင်ပါတယ်..

  • Diamond Key

    January 28, 2012 at 11:18 am

    ကိုပေါက်ရေ၊ ၄ – ၉ ၁ဝ ကို သဘောကျလှသဗျို့။

  • Moe Z

    January 29, 2012 at 12:14 pm

    လေးပေါက်သဘောကျတဲ့ပုံက အထီးကျန်သစ်ပင်ကြီးပဲ 😛

    • စိန်ပေါက်ပေါက်

      January 29, 2012 at 12:19 pm

      အထီးကျန်မပေါ့ကွယ်
      အန်တီပေါက်က ကိုဒီးယား သွားနေတာကိုးလို ့

Leave a Reply