ဗန်းမော်ဆရာတော်ဘုရားကြီး သိရှိခဲ့ခြင်းမရှိခဲ့သည့်(၄၇)ပါးစုံညီ အစည်းအဝေး……..

ပုိင္ေလးJanuary 21, 20122min1267

  ဗန်းမော်ဆရာတော်ဘုရားကြီး သိရှိခဲ့ခြင်းမရှိခဲ့သည့်(၄၇)ပါးစုံညီ အစည်းအဝေး……..

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးအား ယနေ့ တိုင်းသံဃ မဟာနာယက အဖွဲ့မှ ကျောင်းတိုက်မှ တလအတွင်း ထွက်ခွာရန် ဝန်ခံကတိပြုစာ ရေးထိုးခဲ့ပါတယ်..။ အဆိုပါ ဝန်ခံကတိပြုစာရဲ့ ပထမ မူလအစီအစဉ်၌ ၁၅ရက်အတွင်း ထွက်ခွါပေးရန်  ယနေ့ခေါ်ယူ အမိန့်ချပွဲမှာ မဟနမှ ညွှန်ကြား သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်…။ အဆိုပါ ၁၅ရက်အတွင်း ကျောင်းတိုက်မှ   မူလပထမ စီစဉ်ထားတဲ့ ဆုံးဖြတ်ချက်အား  ရွှေညဝါဆရာတော်မှ   အလျှင်အမြန် ထွက်ခွာစေရန် ပြုလုပ်ခြင်းသည် မိမိအား ကိုရင်၊ ကျောင်းသားများအား ကျောင်းမှ နှင်ထုတ်သကဲ့သို့ ဖြစ်နေကြောင်း ချက်ချင်းလက်ငင်းထွက်ခွာဖို့ မိမိ၏ အခြေအနေကိုလည်း ကြည့်ပါဦးဟု ပြောဆိုသဖြင့် တလပြန်လည် ပြင်ဆင် သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်…။ ဆရာတော်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်း အခြေအနေနဲ့ ငြိမ်းချမ်းရေး ပျက်ပြားမှုများ မဖြစ်ပေါ်စေလိုသောကြောင့် ဝန်ခံကတိ ပြုခဲ့ခြင်းဖြစ်ပါတယ်…။

   ယခုကဲသို့ အခြေအနေများအား ဖြစ်ပေါ်လာစေတဲ့ အကြောင်းအချက်များရဲ့ အစကို ပြန်လည် တင်ပြပါရစေ…။ သံဃမဟာနာယကရဲ့ အဓိက ဆုံးဖြတ်ချက်ထဲမှာ တခုအပါအဝင်ဖြစ်တဲ့ စွပ်စွဲ ပြောဆိုချက်ကတော့ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့က  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မန္တလေးတိုင်း)ရုံးမှာ ကျင်းပခဲ့တဲ့  အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားမှာ ဩဝါဒပေးခဲ့တာနဲ့ ပတ်သက်တယ်ဆိုပြီး အကြောင်းတခု ချပြထားခဲ့ပါတယ်..။ ယခုအချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း တရားဝင် ပါတီအဖြစ် ရပ်တည်နေပါပြီ..။ အများ သုံးသပ်နေတာကတော့ အဆိုပါ အဖွဲ့ချုပ်မှာ ဟောပြောချက်သာမက တခြားမမြင်ရတဲ့ နောက်ကွယ်မှ မဟနအဖွဲ့အား ဖိအားပေးမှုများလည်း ရှိနေကြောင်း သုံးသပ်ပြောဆိုကြပါတယ်..။ 
   ဒုတိယ အချက်ကတော့ နိုင်ငံတော် သံဃမဟာနာယက (၄၇)ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်ဆိုတာနဲ့ ပတ်သက်ပြီး သိထားသမျှ ပြောပြပါရစေ..။ ရွှေညဝါ ဗုဒ္ဓတက္ကသိုလ်ရဲ့ အဓိပတိ ဖြစ်ပြီး ယနေ့နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရဲ့ အမြင့်ဆုံး ဥက္ကဋ္ဌဖြစ်သူကတော့ ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာကုမာရပါ။ သီလ၊ သမာဓိပညာနဲ့ ပြည့်စုံပြီး အများလေးစား ကြည်ညိုတဲ့ ဆရာတော်ဘုရားကြီးဟာ အဆိုပါ နိုဝင်ဘာလ ၂၈ရက်နေ့က  (၄၇)ပါးစုံညီ အစည်းအဝေးသို့ ဆွမ်းစားကြွနေတဲ့ အတွက် တက်ရောက်နိုင်ခြင်း မရှိသလို ရွှေညဝါဆရာတော်အား.. အရေးယူမည့် ကိစ္စအား သိရှိခဲ့ခြင်းမရှိခဲ့ပါဘူး..။
   နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး သိရှိခြင်း မရှိတဲ့ ၄ရပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်

 

 

   ထိုကဲ့သို့ သံဃမဟာနာယက ဥက္ကဋ္ဌ တက်ရောက်ခဲ့ခြင်း မရှိသလို သိရှိခဲ့ခြင်းမရှိတဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အား ထုတ်ပြန်ခြင်းဟာ နိုင်ငံတော်၏ အမြင့်ဆုံး ဘာသာရေး အဖွဲ့အစည်းကြီးအနေနဲ့ မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စဖြစ်ပါတယ်…။ သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ကိုလည်း စော်ကားရာ ရောက်ပါတယ်..။ မဟနမှ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၂)ရက်နေ့ရက်စွဲပါ ရွှေညဝါဆရာတော်ကြီးအား အချက်(၃)ချက်နဲ့ အတူ အရေးယူ ဆောင်ရွက်မည့် ထုတ်ပြန်စာအား ဒီဇင်ဘာလ(၁၄)ရက်နေ့ ညနေ ၅နာရီ၁ဝမိနစ်မှာမှ ပေးပို့လာပြီး ရွှေညဝါကျောင်းတိုက်မှ ဗုဒ္ဓတက္ကသိုလ် အဓိပတိလည်းဖြစ်တဲ့ ဗန်းမော်ဆရာတော်ကြီးအား ညနေ ၆နာရီမှာ ဖက်စ်ဖြင့်ပေးပို့ခဲ့သလို ကျောင်းတိုက်မှ ဆရာတော်တစ်ပါးအား အဆိုပါ ထုတ်ပြန်စာအား သွားရောက်ပေးပို့ စေခဲ့ရာမှ ဗန်းမော်ဆရာတော်ကြီး သိရှိခဲ့ရပြီး ဗန်းမော်ဆရာတော်ကြီးမှ လုပ်ရက်လိုက်လေခြင်းဟု ပြောဆိုကာ ငိုင်ကျသွားတယ်လို့ ဆိုပါတယ်..။
  ဒီဇင်ဘာလ ရရက်နေ့က ရွှေညဝါကျောင်းသို့ ဗန်းမော်ဆရာတော်ကြီး ကြွရောက်လာချိန်အထိ အဆိုပါ ထုတ်ပြန်ချက်အား ဗန်းမော်ဆရာတော်ကြီးကိုယ်တိုင် သိရှိချင်း မရှိခဲ့ပါဘူး…

   ဒါတွေဟာ အမှန်တရားတွေပါ..။ စကားချပ်အနေနဲ့ ယခုကြံ့ဖွံ့အစိုးရ တက်လာပြီး ၂လအကြာ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် ၅လပိုင်းက သတင်းစာထဲမှာ မပါလိုက်တာ အဖြစ်အပျက်တခုကတော့ ကြံ့ဖွံ့အစိုးရသစ်ရဲ့ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများရဲ့ ဩဝါဒခံယူပွဲ အခမ်းအနားမှာ ဗန်းမော် ဆရာတော်ကြီးမှ တက်ရောက်လာတဲ့ ဒု(သမ္မတ) စိုင်းမောက်ခမ်းနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား မိန့်ဆိုခဲ့ရာမှာတော့ အရင်အစိုးရလို သံဃာတော်တွေကို နှိပ်စက်၊ ညှင်းပန်း၊ သတ်ဖြတ်တာတွေ မလုပ်ဖို့ မိန့်ကြားခဲ့ပါတယ်..။ အဆိုပါ ဩဝါဒကထာ မိန့်ကြားပွဲမှာ ကြံ့ဖွံ့အဖွဲ့ဝင် ဝန်ကြီးများ မျက်စိ၊ မျက်နှာပျက်ဖြစ်ခဲ့ရပြီး နောက်တနေ့ အစိုးရပိုင် သတင်းစာတွေမှာတော့ အဆိုပါ အခမ်းအနားအား ရေးသားဖော်ပြခြင်း မရှိခဲ့ပါဘူး…။

   ယခုအဖြစ်အပျက်များမှာ သံဃမဟာနာယက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး ဆရာတော်ကြီးများအား ပြီးခဲ့တဲလက ရွှေညဝါဆရာတော်ရဲ့ အသနားခံစာအား သွားရောက်ပေးပို့ချိန်မှာတော့ အတွင်းရေးမှူးဆရာတော်မှ စာနဲ့သာမက လူကိုယ်တိုင် လာရောက်တောင်းပန်ဖို့ လိုကြောင်း အကြောင်းပြန်ခဲ့သလို ဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်ထားတာဟာ ကောင်းတဲ့အလုပ်ဖြစ်ကြောင်း မဟန အတွင်းရေးမှူး ဆရာတော်ကြီး ကိုယ်တိုင် မိန့်ကြားခဲ့တာ ဖြစ်ပါတယ်…။ ယခုဖြစ်ပျက်မှုများရဲ့ နောက်ကွယ်မှာ တစုံတခုသော နောက်ကွယ်မှ လှုပ်ရှား ကြိုးကိုင်နေတာ သံသယပွား စရာမလိုတဲ့ အဖြစ်အပျက်ကတော့ ရွှေညဝါ ဆရာတော်ကြီး ထိုင်းနိုင်ငံမှာ တရားဟောပြောဖို့ ရောက်ရှိနေချိန်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာတဲ့ ပြီးခဲ့တဲ့ ၁၃ရက်နေ့မှာ အသနားခံစာအား ပယ်ချကြောင်း ပေးပို့လာတာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ… ဆင့်ခေါ်စာ ပေးပို့လာတာ ဖြစ်ပါတယ်…။ ယနေ့ဆုံးဖြတ်ချတဲ့ နေ့မှာ ထူးခြားချက် တခုကတော့ အာဏာပိုင်များမှ မီဒီယာများအား ဓာတ်ပုံရိုက်ခွင့်သာ ပေးပြီး ဆရာတော်ကြီးများအား မေးမြန်းခွင့် မပြုဟုဆိုပါတယ်..။ အကြောင်းပြချက်ကတော့ ဆရာတော်ကြီးများ မဖြေကြားတတ်တဲ့ အတွက်ကြောင့်လို့ ဆိုကာမေးမြန်း သတင်းယူခွင့်အား ကြိုပိတ်ထားပါတယ်…။ မဖြေတတ်မှာ စိုးသည်ဟု ဆိုပါလျှင် သံဃမဟာနာယက ဆရာတော်ကြီးများမှာ စာတတ်ပေတတ် ပုဂ္ဂိုလ်ကြီးများ ဖြစ်ပါတယ်… မေးခွန်းများအား မဖြေတတ်စရာ အကြောင်းမရှိပါဘူး ကြိုတင် ပိတ်ပင်ထားလေသလားလို့ တွေးတောစရာဖြစ်နေပါတယ်..။
   ထေရ်ကြီးဝါကြီး မဟန ဆရာတော်ကြီးများဟာ အများအားဖြင့် နယ်မြို့များမှ ဖြစ်ပါတယ်..။ မျက်စိပိတ် နားပိတ်ခံရတဲ့ မဆလ၊ နဝတ၊ နအဖခေတ်များမှာ အစိုးရရဲ့ဝါဒဖြန့် သတင်းဋ္ဌာနတွေဖြစ်တဲ့ မြဝတီ၊ MRTV၊ အစိုးရသတင်းစာများနဲ့သာ အများအားဖြင့် ထိတွေ့နေရတာဖြစ်ပါတယ်…။ ယခုကဲ့သို့ မဟနဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ကိုယ်တိုင် ပါဝင်ခဲခြင်းမရှိ၊ အကြာင်းကြားမှုမရှိပဲ. ဆုံးဖြတ်ချက်ချခြင်းဟာ ဆရာတော်ကြီးအား မထီမဲ့မြင် စော်ကားရာ ရောက်စေပါတယ်..။ ဗန်းမော်ဆရာတော်ကြီး ပါရှိသယောင်၊ သိရှိသယောင် ဆုံးဖြတ်ချက် ချခြင်းဟာလည်း. အမြင့်ဆုံး သာသနာပိုင် အဖွဲ့အစည်း တခုအနေနဲ့ မလုပ်သင့် မလုပ်ထိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်.။ ထိုကိစ္စမှာ အကြောင်းမှန်အား သိရှိခြင်းမရှိတဲ့ အချို့သော (အားလုံးကို မဆိုလိုပါ) မဟနအဖွဲ့ဝင် ဆရာတော်ကြီးများအား အများပြည်သူမှ အမြင်တမျိုး သက်ရောက် စေပြီး အဆိုပါ နောက်ကွယ်မှ ဖိအားပေး ကြံစည်နေမှုဟာ သံဃာသင်းခွဲမှုကဲ့သို့ အင်မတန်မှ အပြစ်ကြီးတဲ့ လုပ်ဆောင်မှုဖြစ်စေသလို အာဏာအတွက် သာသနာကို ခုတုံးလုပ်ခံနေတဲ့ အနာဂတ် သာသနာအတွက် အင်မတန် ရင်လေးစရာ ကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်…။
   အချုပ်အားဖြင့် ဆိုရသော် နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး သိရှိခြင်းမရှိပဲ သိရှိ၊ ပါဝင်သယောင် အမိန့်စာထုတ်ပြန်ခြင်း၊ မဟန ဆရာတော်ကြီးများအား မှားယွင်းသော သတင်း အချက်အလက်များ ပေးပို့ခြင်း၊  စတဲ့လုပ်ကြံဖန်တီးမှုများရဲ့  နောက်ကွယ်မှာ အာဏာပိုင် အဖွဲ့အစည်းတခုခုမှ ရည်ရွယ်ချက်ကြီးကြီး အကြံအစည်ကြီးကြီးနဲ့ လုပ်ဆောင်မှုများ ရှိနေကြောင်း ရေးသား တင်ပြလိုက်ရပါတယ်..။ အဓမ္မကို ဓမ္မဖြင့် အောင်ပွဲ ခံစေရမည်…။
ယနေ့ ရွှေညဝါကျောင်းတွင်း မြင်ကွင်း ဓာတ်ပုံများ..

ဒီမိုဝေယံ (My E-mail) မှ………………..

7 comments

  • Burmese or Chinese

    January 21, 2012 at 11:51 am

    အဓမ္မကို ဓမ္မဖြင့် အောင်စေရမည်………….

  • ကြောင်ကြီး

    January 21, 2012 at 12:24 pm

    ရွာထဲမှာ သဂျီးတို့ ပြောနေတာ ခေတ်ပြောင်းနေဘီ ဆိုလားလို့။။။ သဂျီးက စီးပွားရေးပိတ်ဆို့မှုကိုတောင် ယုတ်သိမ်းဖို့ စည်းရုံးနေလေရဲ့…။ သဂျီးရေ…မော်တော်ကား ပါမစ်ရဖို့ မျက်နှာပြောင် ဒီလောက်တောင် တိုက်ရသလား။ သေရင် အဲဒီကားကြီး မပါဘူးဗျို့…ဦးကျော်သူတို့ဆီက ကားစီးရရင်တောင် ကံကောင်းတယ်မှတ်…။

  • စိန်ပေါက်ပေါက်

    January 21, 2012 at 12:39 pm

    မဟန တို ့ဘာတို ့ သများမသိ
    သများသိတာ..ပြည်သူတွေ..အိုကေမှ ဘုန်းဘုန်းတို ့လဲ စိုပြေမယ်
    ပြည်သူတွေအိုကေအောင် လုပ်ပေးတဲ့ဘုန်းကြီး ဘုန်းဘုန်းတို ့က ဘဇာကြောင့် အဝှာပြုချင်ကြတာတုန်း
    သများစဉ်းစားလို ့မရ
    ကြက်ဖွတ်ပေးတဲ့ ဆွမ်းတစ်နပ်ထပ်..ပြည်သူကပ်တဲ့ ဆွမ်းတစ်လုပ်က ပိုပြီး ဖြူစင်ပါတယ်

    ဘုန်းကြီးအရေးမို ့
    တော်တေးဘီ.အဟွတ်..အဟွတ်

  • အင်း ခက်တော့နေပါပီ။သာသနာကိုဖျက်နေကြပါလား။မဟန ရဲ့အထက်မှာ အာဏာရူးတွေ
    ကလက်ကိုင်ထားသလို၊လိုရာခိုင်းစေနေသလိုဖြစ်နေပီဗျာ။

  • ဦးဦးပါလေရာ

    January 21, 2012 at 11:09 pm

    ဒီအတိုင်းဆိုရင် မဟန က လမ်းဆုံးရောက်တော့မယ်။
    အစကတည်းက ကိုယ့်သံဃာအား ကိုယ့် ပရိတ်သတ်အား ကို အားကိုးပြီးဖွဲ့လို့ရလျှက်သားနဲ့
    အစိုးရလောင်းရိပ်အောက်မှာ စ ခဲ့ကြတော့….။

  • timothy

    January 22, 2012 at 6:54 pm

    I would like to thank Burmese or Chinese for sharing the real face of the military-backed Thein Sein`s administration. It shows the army could stage the coup at any time. They could kill anyone, even the Sasana, if they think it is the right path.
    ကျွန်တော် တို့အားလုံးဒီသီတင်းကိုဖြန့်ဝေလက်ဆင့်ကမ်းဘို့လိုလိမ္မယ်။
    သိန်းစိန်အစိုးရကိုလုံးဝဥသုံယုံကြည်လို့မရဘူးဆိုတာဒါကသက်သေပြတာဘဲ။
    စစ်တပ်ကထကြွလာမဲ့အရိပ်အယောင်ပြလာတာနဲ့တပြိုင်နက်ထဲ၊
    လူထုကြီးကတန်ပြန်တိုက်ခိုက်ဘို့အသင့်ပြင်ထားကြပါ။
    မင်းသားခေါင်းကျွတ်ပြီဆိုတာနဲ့၊ဘီလူးခေါင်းပေါ်လာတဲ့အထိစောင့်နေစရာမလိုဘူး။
    လူထုအားမာန်နိုးထပြန်လို့၊
    အမေစုညွှန်ပြ၊
    ဒီမိုကရေစီရအောင်၊
    ငါတို့သွေးတွေပေးရပေးရ၊
    ရရင်ရ၊မရရင်ချကြဘို့အဆင်သင့်ပြင်ကြပါလို့ဆော်ဩောလိုက်ရပြန်ပါတယ်။

  • maungmoenyo

    January 23, 2012 at 6:22 am

    မဟန ရဲ့ အနေအထားက သာဿနာရေးဝန်ကြီးဌာန ရဲ့ အရိပ်အာဝါသနဲ့ လှုပ်ရှားနေရပါတယ်။ အစိုးရက သာဿနာရေးကိစ္စမှာ ပါနေသမျှကာလပါတ်လုံး လူထုကအဲ့ဒီအဖွဲ့ပေါ်မှာ ယုန်ထင်ကြောင်ထင်ဖြစ်နေအုံးမှာပါဘဲ။ သာဿနာရေးကိစ္စ ကိုမဟနကအကူအညီတောင်းမှ အစိုးရအနေနဲ့ဝင်စွက်ဖက်တာ၊ အရေးယူတာဆိုတာမျိုးဘဲရှိသင့်ပါတယ်။ အဆိုးဆုံးကတော့ သာဿနာရေးဝန်ကြီးဌာနဆိုပြီး ဖွဲ့စည်းတည်ထောင် ထားတာပါဘဲ။ သာဿနာ့ဘောင်ထဲကသံဃာတွေ ကိုဝိနည်းဆိုင်ရာကိစ္စတွေ၊ ဖေါက်ဖျက်ကျူးလွန်မှုတွေကို မဟနက သီးသန့်ဥပဒေစည်းမျဉ်းထုတ်၊ ကိုယ်တိုင်အရေးယူဆောင်ရွက်၊ လူ့စည်းဝိုင်းထဲရောက်မှ အစိုးရကိုအကူအညီတောင်း၊ အရေးယူ၊ ဒီလိုဘဲဖြစ်သင့်ပါတယ်။ သာဿနာရေးဝန်ကြီးဌာန ဟာ တည်ရှိရန်ဘယ်သောအခါကမျှ မသင့်လျော်တဲ့ဌာနဖြစ်ပါတယ်။ လက်ရှိ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ကိုလည်း နိုင်ငံတကာအဆင့်မှီဘို့ ပြည်ပ scholars တွေ နဲ့ သီးခြားလွတ်လပ်တဲ့ center တခုအနေနဲ့ ဘဲမြင်ချင်ပါတယ်။ အရေးကြီးဆုံးက ဗုဒ္ဓ က church ကိုမထူထောင်ခဲ့ယုံမက church ဆိုတဲ့အယူအဆကို သူ့ရဲ့ကျင့်စဉ်မှာ မသတ်မှတ်ခဲ့ပါဘူး။ နိဗ္ဗာန် မျက်မှောက်ပြုရေးလမ်းစဉ်မှာ အနာဂါမ်ဆင့်လောက်ရောက်ရင် လူနံ့မခံနိုင်လို့ လူနဲ့ဝေးရာ။ လူ့ဝတ်ကြောင်ဘဝကို စွန့်ကြရတဲ့အဖြစ်တွေရှိပါတယ်။ ဗုဒ္ဓက ပြောလို့ (သို့) ပညတ်လို့ စွန့်ရတာမဟုတ်၊ ကျင့်စဉ်နည်းအရ မစွန့်မဖြစ်တော့တဲ့ အခြေရှိလို့စွန့်ကြရတာပါ။ နိဗ္ဗာန်ရောက်ကြောင်းကျင့်ကြံကြသူသံဃာတွေ ဟာလူ့ဝန်းကျင်နဲ့ နီးစပ်တဲ့ ွှခြေကိုအတတ်နိုင်ဆုံးရှောင်ကြရပါတယ်။ ဗုဒ္ဓဆိုဆုံးမတဲ့ ကျင့်စဉ်တွေကိုဝေမျှဘို့အတွက်သာ သံဃာတွေလူ့လောက်ကမှာရှိနေရခြင်းသာဖြစ်ပါတယ်။ ဒါကလွဲရင် သံဃာကိစ္စ သံဃာတွေလုပ်၊ လူ့ကိစ္စလူတွေလုပ်ကြရပါမယ်။ ရွှေညဝါဆရာတော်ကိစ္စမှာ မဟုတ်ကာမှလွဲရော၊ ပုဂ္ဂိုလ်ရေူးတွေအများကြီးပါ ပါလိမ့်မယ်။ (၄၇)ပါးစုံညီ မသိရင်၊ဒီအမိန့်ဟာ မဟန ကထုတ်တဲ့အမိန့်မဖြစ်နိုင်သလို၊ အဲ့ဒီအမိန့်ဟာ ပျက်ပြယ်ရပါလိမ့်မယ်။ ဒါမောင်မိုးညိုရဲ့ အမြင်ပါ…။

Leave a Reply