Facebok ပေါ်မှ အပိုင်းအစများ

KingJanuary 21, 20121min1267

ရေးတော့အကြီး ကြီးတွေ ရေးချင်တာဗျ … ဒါပေမယ့် အကြောင်းမတိုက်ဆိုင်ပြန်သေးတော့ ရေးဖို့ အခွင့်အလမ်းက မပေးပြန်ဘူး ဒီတော့ ဖေ့စ်ဘုတ်မှာ ဟိုရောက် ဒီရောက် စကားစု အပိုင်းအစများကို ကိုယ့်ဖာသာ တစ်နေရာတည်း စုစည်းချင်သောကြောင့်လည်းကောင်း၊ မိမိ မိတ်ဆွေများ ဖတ်မိပြီး ပြုံးမိစေရန်သော် လည်းကောင်း၊ လည်းကောင်း လည်းကောင်းများဖြင့် စုစည်းဖော်ပြလိုက်ပါတယ် …. အားလုံးပဲ ဒီနေရာရောက်မှ သည်းခံကာ ဖတ်ရှုပေးကြပါတော့ဗျာ …..

ပုံတွေကိုက အရမ်းလှ
ကြည့်မဝတဲ့ ကျွန်တော့်ဘဝ
မျက်ရည်တွေတောင်ခ
နစ်မွန်းမိတဲ့ မင်းအလှ
သမုဒယ ချောက်ထဲကိုလေကျ
ပြန်လမ်းမရှိတဲ့
ကမ္ဘာမှ ……..
(အမည်မသိရှေးစားဆိုမဟုတ်တဲ့ ကျွန်တော်) ….

————————————————————-

အဆင့်အတန်းဆိုတာ ဘာနဲ့ တိုင်းတာလဲ
ဘာကို သတ်မှတ်ကြတာလဲ
ငွေကြေး၊ ဂုဏ် ပကာသန ပညာအရည်အချင်းတွေလား
ရိုးသားမှုတွေကိုလား
ဖြူစင်သန့်ရှင်းတဲ့ နှလုံးသားတွေကိုလား
သဘာဝအတိုင်းရှိနေတဲ့ လောကကြီးထဲမှာ
မိမိရဲ့ အတ္တတွေကြောင့် ညစ်ထေးကုန်ပြီ
သက်ရှိ သတ္တဝါချင်းအတူတူ
အားလုံးအပေါ် မေတ္တာတရားထားနိုင်မှလား
အခုထိ အဆင့်အတန်းဆိုတာ ဘာနဲ့တိုင်းတာမှန်း မသိသေးပါ
မိတ်ဆွေတို့ကရော ဘာနဲ့ တိုင်းတာ ဆုံးဖြတ်ခဲ့ကြလဲ
ကျွန်တော်ကတော့ လူပီသစွာ နေနိုင်ဖို့ ကြိုးစားနေတုံးပါ …………….

—————————————————————

ရာထူးဆိုတာ ရူးတာ

အာဏာဆိုတာ အာပလာ

ဒါကြောင့်ငါဟာ

အသာအယာသာ နေတော့သည် .. 😛

—————————————————————–

ချစ်သူကိုလွမ်းတိုင်း ပန်းတစ်ပွင့်ကြွေကြမယ်ဆိုရင် ကမ္ဘာမြေကြီးမှာ ပန်းတွေနဲ့ နင်းရက်စရာတောင် ရှိမှာမဟုတ်လောက်ဘူး ….. ( ! _ ! )

—————————————————————-

ပါဆယ်ဖွင့်လိုက်တော့

သက္ကရာဇ်

မင်းတို့ကိုချစ်တာ

ရင်ထဲက အစစ် … ♥

———————————————————————-

..♫♪..♫♪…….♫♪…..♫♪..♫♪…….♫♪…..♫♪..♫♪…….♫♪…..♫♪..♫♪…….♫♪…..♫♪..♫♪ …….♫♪…..♫♪..♫♪…….♫♪…..♫♪..♫♪…….♫♪…..♫♪..♫♪…….♫♪…..♫♪..♫♪…….♫♪ …..♫♪..♫♪…….♫♪…..♫♪..♫♪…….♫♪…..♫♪..♫♪…….♫♪…..♫♪..♫♪…….♫♪… ..♫♪..♫♪…….♫♪…..♫♪..♫♪…….♫♪ ….

ဘဝဆိုတာ သံစဉ်တစ်ပုဒ်လို နိမ့်လိုက် မြင်လိုက်နဲ့
နှလုံးသားထဲက သံစဉ်တစ်ပုဒ်ကို ဘယ်သူသိမြင်
ရှိုက်နမ်းကြမှာလဲ ……. !!!!!!!

————————————————————————-

ကိုယ်ပုံနှင့်တူသော ပုံများအားအောက်ပါ website တွင် မိမိနာမည်နှင့် နိုင်ငံအမည်ကို ရိုက်ပြီး ရှာနိုင်ပါသည်

http://www.scrolllock.nl/passport/

—————————————————————————–

…..♫♪..♫♪……မသေချာသူ ဒီလောကထဲ
မေရေ ချောင်းချားတဲ့ ပုံကလေးအတိုင်း
နှစ်ယောက်သားဝေးရင် … အိုး .. နှစ်ယောက်သားဝေးရင်
အသစ်ရှာဖွေပြီး …ပျော်ပါတော့နော်
အသစ်ရှာဖွေပြီးးးးးးးးးးးး … ပျော်ပါတော့နော် …..♫♪..♫♪……

————————————————————————————-

1. ဒါလေးကို Copy လုပ်လိုက်။
@+[146148512122081:0]
2. ပြီးရင် comment မှာ Paste လုပ်
3. + လက္ခဏာကို ဖျက်။
4. Enter ခေါက်ကြည့်လိုက်ပါခင်ဗျာ။

————————————————————————————-

ကမာ္ဘကြီးကို ငြိမ်းချမ်းရေးနှလုံးသားတွေနဲ့ တည်ဆောက်ပစ်ချင်တယ်

သစ္စာတရားတွေကို စည်းရိုးလုပ်
လုံခြုံတဲ့ မေတ္တာအိမ်ကလေးတွေထဲမှာ
ကြင်နာမှုတွေနဲ့ တူတူနေကြရအောင်ကွာ

———————————————————————-

အချို့က

တဏှာကို သာယာ

သမုဒယကို မက်မော

ကိလေသာကို ဖက်တွယ်

အနိစ္စဆိုတဲ့ မမြဲတဲ့တရားကို

ငါ ဆိုတဲ့ အတ္တနဲ့ကွယ်ဝှက်

သံသရာမှာ ကျင်လည်အုံးမယ့်

သတ္တဝါတွေပါလား …..

ငါ ဆိုတာ ရှိနေသမျှ ငါလည်း အခုထိတော့ ငါ ဖြစ်နေအုံးမယ် ….

———————————————————————

အခုရက်ပိုင်းအတွင်း ကျွန်တော်လက်ဆော့မိသမျှ ပါဗျ 😛 😀 🙂
အားလုံးကိုခင်တဲ့

KING

7 comments

  • windtalker

    January 22, 2012 at 11:35 am

    ဟိုက်…အင်းကူး
    ပုလင်းထူးတွေ နဲ ့
    အတင်းမူးပြီး
    ဟင်းခူးသာ စားလိုက်ပေတော့…

  • စိန်ပေါက်ပေါက်

    January 22, 2012 at 11:47 am

    စုံတကာ စေ့လှပါတကား.. အမောင်ကင်းရဲ့

  • Anzartone

    January 22, 2012 at 3:14 pm

    ” ကိုယ်ပုံနှင့်တူသော ပုံများအားအောက်ပါ website တွင် မိမိနာမည်နှင့် နိုင်ငံအမည်ကို ရိုက်ပြီး ရှာနိုင်ပါသည်
    http://www.scrolllock.nl/passport/

    အပေါ်က လင့်ကို ကျွန်တော် သွားကြည့်ပြီးပြီ ကိုကင်း ရေ … ။ အဟဲ … ကျွန်တော့် နာမည်ရှေ့မှာ စာလုံး တစ်လုံးတောင် အပိုပါလိုက်သေး … ။ ဘာတဲ့ …. Monkey … တဲ့ ။ အတော် နောက်တဲ့ဟာ ……. 😀

    http://www.scrolllock.nl/passport/hosting.cfm?id=4004928D4E-DC0B-C80C-A91D6CECA270D86A&name1=Mg&name2=Anzartone

    • koyinmaung

      January 23, 2012 at 7:33 am

      မောင်ကင်း…http://www.scrolllock.nl/passport/ သွားမကြည့်တော့ပါရိုးနေပြီ
      ခံရတာကိုပြောပါတယ်..ဟဲဟဲ

  • @ ကိုပေ
    ကျွန်တော်က အိမ်ပြန်ရင် အဆင်သင့် လှန်စားစရာ မရှိသေးပါဘူးဗျ (ထမင်း/ဟင်း ပြောပါတယ်) …. 😛
    ==========================================================
    @ ကိုဖော်
    ဒါတောင် မဟုတ်တရုတ် ပေါက်ကရတွေ မပါသေးဘူးနော် …. 😛
    ==========================================================
    @ ကိုအံစာတုံးရေ
    ဒါလေးရော
    1. ဒါလေးကို Copy လုပ်လိုက်။
    @+[146148512122081:0]
    2. ပြီးရင် comment မှာ Paste လုပ်
    3. + လက္ခဏာကို ဖျက်။
    4. Enter ခေါက်ကြည့်လိုက်ပါခင်ဗျာ။
    စမ်းမကြည့်ခဲ့ဘူးလားဗျ …. 😛
    =========================================================
    ခင်တဲ့
    KING

  • ရာထူးဆိုတာ ရူးတာ
    အာဏာဆိုတာ အာပလာ
    ဒါကြောင့်ငါဟာ
    အသာအယာသာ နေတော့သည် ..

    မောင်ကင်းကြောတာ
    အနော်ဟုတ်ဘူးနော်။

  • aye.kk

    January 23, 2012 at 6:13 am

    လူကိုလူလိုမြင်ပြီး၊လူပီသအောင်အကျင့်မြတ်တို့ဖြင့်(ငါးပါးသီလ)လုံခြုံကာ……၊
    ကိုယ်ကျင့်တရားကောင်းမွန်စွာနေထိုင့်ကျင့်သုံးခြင်းသည်လျှင်သာ…………..၊
    လူ့………….“အဆင့်အတန်း”မည်ပါပေသည်ဟုထင်မြင်မိပါကြောင်း…………………..။

Leave a Reply