မီးလောင်ခံရသည့် ဆိုင်ခန်းပိုင်ရှင်များ အရင်းအနှီးလိုပါက မြို့တော်ဘဏ်မှ ငွေချေးမည်

klnJune 1, 20101min791

မေလ ၂၄ရက်နေ့က လောင်ကျွမ်းခဲ့သော မင်္ဂလာဈေးမီးလောင်မှုတွင် မီးလောင်ခံခဲ့ရသည့် ဆိုင်ခန်းရှင်များအား ရင်းနှီးရန် ငွေကြေးလိုအပ်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် မြို့တော်ဘဏ်မှ ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။ အဆိုပါမီးလောင်မှုကြောင့် မင်္ဂလာဈေး စတုတ္ထထပ်တွင် ဆိုင်ခန်းပေါင်း ၇၉ရခန်းနှင့် စားသောက်ဆိုင် ၄၈ဆိုင် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ငွေကျပ် သန်းပေါင်း နှစ်သောင်းကျော် ဆုံးရှုံးခဲ့ရသည်။ ဆိုပါမီးလောင်မှုတွင် မီးသင့်ခံခဲ့ရသော ဆိုင်ရှင်များအနေဖြင့် လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရာတွင် အခက်အခဲမဖြစ်စေရန်အတွက် ယင်းကဲ့သို့ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း သိရသည်။ “ဒီမီးလောင်မှုကြောင့် မင်္ဂလာဈေးမှာ ရောင်းချနေကြတဲ့ ဈေးသည်တွေရဲ့ လုပ်ငန်းနဲ့ ပစ္စည်းတွေ များစွာနစ်နာဆုံးရှုံးမှုဖြစ်ခဲ့ကြရပါတယ်။ ဒီနစ်နာမှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက များစွာ စာနာထောက်ထားတဲ့အနေနဲ့ ယခုဆိုရင် ကော်မတီပိုင် မြို့တော်ဘဏ်ကနေ ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ချေးငွေထုတ်ပေးသွားမှာဖြစ်ပါတယ်”ဟု ယင်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

One comment

  • လင်းဝေကျော်

    June 1, 2010 at 8:33 am

    စည်ပင်သာယာကော်မတီက ဘာဖြစ်လို့များ ဘဏ်လုပ်ငန်း လုပ်တာတုန်း။
    တို့များ မြို့တော်သားတွေ မေးခွင့်လည်းမရှိ။ စားရင်းရှင်းတမ်းလည်း မသိ။
    ဆောင်ပုဒ်ကား………
    “ဘုံးဘုံး ခွင်ထွင်၊ တို့ စည်ပင်”

Leave a Reply