အိပ်မက် မက်ခွင့်ပြုပါ

manawphyulayJanuary 21, 20121min23221
လွမ်းအိပ်မက်လေးတစ်ခုပေါ့

အတွေးတွေ ပြည့်သိပ်နေတဲ့ ညလယ်ကောင်တွေထဲ
သတိရခြင်းက ငါ့ရင်ဘတ်ပေါ် အလွမ်းတွေက ပြိုကျ
မျှော်လင့်တိုင်း မက်ခွင့်မရတဲ့ အိပ်မက်တွေက
ညနံရံတွေကို တစ်စစီ ရိုက်ခတ်တိုက်စားလို့
နာရီတွေသာ အချိန်မှန် ပုံမှန်လည်ပတ်နေမြဲ
အချိန်တွေကို ဝါးမြို
တစ်စတစ်စနဲ့ ရာသီတွေအလီလီပြောင်း
နှစ်ဟောင်းတွေကုန် နှစ်သစ်တွေကူးပြန်ပါပေါ့
မပြောင်းလဲသေးတဲ့ ဘဝနဲ့လောကတွင်း ဖြတ်သန်း
လွမ်းမိတိုင်းလည်း စဉ်းစားမရ
ဘာကို ဘယ်လိုလွမ်းမိမှန်းလည်း မသိ
အလွမ်းသံသရာသာ ရှည်လျားနေခဲ့
တမ်းတမိတဲ့ အိပ်မက်တိုင်း
မင်းရဲ့အရိပ်များ ညစဉ်မက်စေခဲ့
ငါ့ရဲ့အတ္တများ
ခုတော့…
အိပ်မက်တွေနဲ့ မျောပါခဲ့ပေါ့
လွမ်းတိုင်း မက်ခွင့်မရှိတဲ့ အိပ်မက်ချစ်သူရယ်
ညတိုင်း အိပ်မက် မက်ခွင့်ပေးပါ….

21 comments

  • True Answer

    January 21, 2012 at 1:00 pm

    ဘဝ ဆိုတာ
    တကယ်တော့
    အိပ်မက်ပမာ
    ဘဝမှာ
    နောက်ထပ်
    အိမ်မက်ဆက်မမက်လိုတော့ပါ။
    အိမ်မက်ဆိုးတွေကော
    လန့်နိုးခဲ့တာ
    ကြည်နူးဖွယ်အိမ်မက်တွေကနေ
    မနိုးချင်ဘဲနိုးခဲ့ရတာ
    ဘယ်အိမ်မက်မှ
    အဟုတ်ထင်
    အတည်ယူ
    ဆုပ်ကိုင်လို့ မရပါတကား။

    • manawphyulay

      January 21, 2012 at 4:54 pm

      ဆုပ်ကိုင်လို့မရရင် လွှတ်ချလိုက်လေ… နို့မို့ လက်ပဲညောင်းတာ အဖတ်တင်မယ် 😛

  • cobra

    January 21, 2012 at 1:06 pm

    အယ်……သူကလွမ်းနေတာပဲ
    အေးဆေးပေါ့အချိန်တန်ရင်နောက်တစ်ယောက်ရောက်လာလိမ့်မယ်

  • စိန်ပေါက်ပေါက်

    January 21, 2012 at 2:03 pm

    အင်.
    မက်..မက်..
    နာ သမဒ ဖစ်ရင် အိပ်မက်မက်လဲ အခွန်ဆောင်ရမယ်မှတ်
    စဂါးမစပ်
    ပန်းနဲ ့ မျက်နှာပုံဖော်ထားတာ မိုက်သဟ

  • အချို့က
    တဏှာကို သာယာ
    သမုဒယကို မက်မော
    ကိလေသာကို ဖက်တွယ်
    အနိစ္စဆိုတဲ့ မမြဲတဲ့တရားကို
    ငါ ဆိုတဲ့ အတ္တနဲ့
    ကွယ်ဝှက်

    သံသယာမှာ ကျင်လည်အုံးမယ့်
    သတ္တဝါတွေပါလား …..
    ငါ ဆိုတာ ရှိနေသမျှ ငါလည်း အခုထိတော့ ငါ ဖြစ်နေအုံးမယ် .

  • jujuma

    January 21, 2012 at 3:10 pm

    မက်မနေပါနဲ့ မမ ရာ .. အိပ်ရေးပျက်တယ်..ဟိဟိ

  • Diamond Key

    January 21, 2012 at 3:34 pm

    အင်းပေါ့လေ…………..
    ညတိုင်း အိပ်မက် မက်ခွင့်ရဖို့ဆိုတာကလည်း၊
    ညအချိန်တိုင်းမှာ တိတ်ဆိတ်စွာ ဖြတ်နိုင်မှ၊
    တစ်ညက ပရဆေးဗုံး၊ ဝုန်းကနဲ့ နဲ့ဆူဆူညံ၊
    နောက်တစ်ည မှာ နောက်ဖေးခန်း ပြိုကျ၊
    ဟော…နောက်တစ်ည ကျပြန်တော့ ဂထပ်တိုက် မြေကြွံ၊
    အေးအေးချမ်းချမ်းလေး အိပ်မက် မက်ခွင့်ရဖို့ဆိုရင်တော့
    ရန်ကုန်ကနေခွာ
    မန္တလေးသာ လာခဲ့ပါလေ။……………………… :mrgreen: :mrgreen: :mrgreen:

    • manawphyulay

      January 21, 2012 at 4:51 pm

      တကယ်လာမှ ထွက်မပြေးနဲ့နော် ဦးဦးစိန်… လာမယ်လို့ပြောထားတယ်နော်…. ဒါပဲ လာမှ ရှိဘူး သိဘူးဆို ဟင့်…. ခုပိုဆိုးတာက ညတိုင် မီးလန့်နေတယ်။ ညကလည်း မီးသတ်ကားနှစ်စီးဖြတ်တော့ အပြင်ထွက်ပြီး ဘယ်မှာလည်းဆိုတာ စနစ်နာရသေးတယ်။ 🙁

  • Anzartone

    January 21, 2012 at 5:02 pm

    သူ့အကြောင်း အိပ်မက် မက်စဉ်
    နေထွက်ချင် ထွက်စေတော့
    ဘယ်တော့မှ မထချင်ခဲ့ ….
    သူ့အကြောင်း အိပ်မက် မမက်တဲ့ည
    သူ ငါ့ကို မေ့နေလို့လား … ?
    အူကြောင်ကြောင် သံသယနဲ့
    သူ့ကို စိတ်ဆိုးမိခဲ့သေးတယ် …

    • manawphyulay

      January 21, 2012 at 5:38 pm

      ခုထိ စိတ်ဆိုးနေတုန်းလား… သူလည်း မအားလို့ အိပ်မက်ထဲကို မလာတာနေမှာပေါ့နော်… 😛 မေ့နေတာတော့ မဟုတ်ဘူးထင်တယ်။

  • မမနောဖြူလေး ကဗျာကို အားပေးသွားတယ်နော်။

    “”အိပ်မက်တွေနဲ့ မျောပါခဲ့ပေါ့
    လွမ်းတိုင်း မက်ခွင့်မရှိတဲ့ အိပ်မက်ချစ်သူရယ်””
    အိမ်မက်မက်ခွင့်တောင်းနေတယ်ပေါ့. မမမနောဖြူလေးရေ။

  • water-melon

    January 21, 2012 at 10:24 pm

    တော်သေးတာပေါ့ “အတွေးတွေ ပြည့်သိပ်နေတဲ့ ညလယ်ကောင်တွေထဲ” မို့လို့
    အမှိုက်တွေပြည့်သိပ်နေတဲ့ လမ်းလယ်ကောင် မဟုတ်လို့ ဟီး 😀
    ကျွန်တော်ဆို ညတိုင်းမက်တယ် ဆောင်းတွင်းအိပ်မက်ဆိုတော့ ဘာတွေမက်မှန်းမသိပါဘူးဗျာ

  • ကြောင်ကြီး

    January 21, 2012 at 11:38 pm

    လွမ်းအိမ်မက်
    ပန်းချိန်စက်
    ကြမ်းကြိန်ထွက်
    စန်းရှိန်သမက်…။

  • KoNyeinChan

    January 22, 2012 at 5:04 am

    ဪ အပြိုဂျီးဒွေ အပြိုဂျီးဒွေ.. ရတာမလို လိုတာမရလို ့အိပ်မက်နဲ ့ဘဲကျေနပ်နေရတာလား 😀 😀 😀
    အစ်မအရင်းတစ်ယောက်လည်း အသက် ၄၅ နှစ်ရှိနေပြီ.. ကျောင်းဆရာမ အပြိုဂျီးဘဲ… သူပြောလိုက်ရင်တော့ ဟိုဟာမှ ဒီဟာမှ.. ဒါပေမယ့် ဘယ်သောအခါမှ ဖြစ်မလာသေးဘူး.. ဒို ့ကတော့ Better than nothing ဘဲ 😀

  • blackchaw

    January 22, 2012 at 2:43 pm

    ပွိုင့်တစ်သိန်းပြည့်ဘို့ ကိုးပွိုင့်အလိုမှာ
    အမှတ်တရပေးတဲ့ ကွန်းမန့်ပါဗျာ။

  • blackchaw

    January 22, 2012 at 2:44 pm

    ဆောဒီး ဆောဒီး မှားသွားတယ်။

  • htoosan

    January 22, 2012 at 4:15 pm

    ကိုးရာဘဲ လိုတော့အောင် ဝင်ရျ် အားပေးသွားပါသည်။

  • ဆူး

    January 22, 2012 at 4:26 pm

    မနောရဲ့ အိပ်မက်ကို ဝင်ရောက် အားဖြည့်သွားပေးပါတယ်။

  • snow white

    February 29, 2012 at 12:39 pm

    အပေါ်ကပုံ လေးကလူမျက်နှာလေး နဲ့တူတယ် နှုတ်ခမ်းဆူဆူလေး နဲ့ကောင်မလေး တယောက် မျက်နှာနဲ့တူတယ် မမမနော ကဗျာလည်း ဖတ်ရှုသွားပါတယ်

  • bluerose

    February 29, 2012 at 3:23 pm

    စိတ်ရှိအတိုင်းမက်စေသော်……………..
    သများလည်းအိမ်မက်မက်လိုက်အုံးမယ်နော်
    😳

Leave a Reply