သတင်းထောက် မအေးသူစံနှင့် ပတ်သက်၍ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦး၏လုပ်ရပ်ကို မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့က ရှုတ်ချကြောင်း သတင်းထုတ်ပြန်

klnJune 1, 20101min636

7 Day News ဂျာနယ်၏ တိုင်ကြားချက်အရ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် ပတ်သက်သည့် ကိစ္စကို ကြီးသောအမှုငယ်အောင်၊ ငယ်သောအမှုကို ပပျောက်စေရအောင် လူမှုရေးအကူညီဖြေရှင်းပေးရန်အတွက် မြန်မာနို်င်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့က 7 Day News ဂျာနယ်မှ သတင်းထောက် မအေးသူစံအား ၂၀၁ဝပြည့်နှစ် မေလ ၂၃ရက်နေ့တွင်လည်းကောင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးအား ၂၀၁ဝပြည့်နှစ် မေလ ၂၆ရက်နေ့ကလည်းကောင်း တွေ့ဆုံညှိနှိုင်းခဲ့ကြရာ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ညှိနှိုင်း၍ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက မအေးသူစံနှင့် စာနယ်ဇင်းသမားများအား လူသိရှင်ကြား တောင်းပန်စေရေးအတွက် ညှိနှိုင်းပေးရန်၊ ဖော်ပြပါအစီအစဉ်အတိုင်း ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက ဆောင်ရွက်ပေးလျှင် တရားရုံးဦးတိုက်လျှောက်ထားမှုကို မအေးသူစံမှ ရပ်ဆိုင်းရန်၊ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက မအေးသူစံနှင့် စာနယ်ဇင်းသမားများအား ဖော်ပြပါအစီအစဉ်အတိုင်း တောင်းပန်မှုမပြုလျှင် မအေးသူစံဆန္ဒအတိုင်း ဆောင်ရွက်ရန်တို့ကို ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပါသည်။ သို့သော် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးအနေဖြင့် အထက်ဖော်ပြပါအချက်များကို လိုက်လျောသဘောတူညီမှု လုံးဝမပြုလုပ်နိုင်ကြောင်း ယင်း၏သဘောထားကို ပြန်ကြားပြောဆိုခဲ့ပါသည်။ သို့ဖြစ်၍ စာပေနှင့် အနုပညာသမားများဘဝတူအချင်းချင်း ဗုဒ္ဓဘာသာမြန်မာလူမျိုးအချင်းချင်း အပြန်အလှန်ရိုင်းပင်းစာနာ နားလည်သည်းခံခွင့်လွှတ်ရမည့်အစား လွန်စွာရိုင်းပျခဲ့သည့်အပြင် လူမှုရေးအရ ဖြေရှင်းပေးခဲ့သည်ကို လိုက်လျောမှုမရှိသည့် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦး၏လုပ်ရပ်ကို မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က ဝမ်းနည်းစွာရှုတ်ချလိုက်ကြောင်း သိရသည်။

6 comments

  • လင်းဝေကျော်

    June 1, 2010 at 8:29 am

    ဒီဟာမအကြောင်းပဲ အရေးမပါ။

    လူကို ဖာသည်က ပါးရိုက်ခြင်း ဆိုပြီး ရေးကြပါလား ဂျာနယ်လစ်ပါချော တို့။

  • shwenyarmaung

    June 1, 2010 at 12:24 pm

    ဒီမင်းသမီးရဲ.အဆင်.အတန်းက ဒီလောက်နိမ်.ကျနေတာ
    လူမှုရေးအရညှိနှိုင်းပေးတာတောင်လက်မခံရင်တော. ဥပဒေအရရှင်းကြပေါ.

  • Amie

    June 10, 2010 at 11:23 pm

    why should htet htet apologize to stupid shit journalist aye thu san??? …i think the announcement is totally prejudice for aye thu san….bullshit!!!

  • novemberlay

    June 13, 2010 at 4:00 am

    အမှန်တော့ ဖြစ်သင့်တာက နှစ်ဦးနှစ်ဖက် အပြန်အလှန် တောင်းပန်သင့်ပါတယ်. တစ်ယောက်တည်း လူသိရှင်ကြားတောင်းပန်ခိုင်း တာက ကျွန်မသာ ထက်ထက်နေရာမှာဆိုလည်း လုပ်နိုင်မှာ မဟုတ်ဘူး…

  • maypearl

    August 2, 2010 at 3:57 am

    ဟုတ်တယ်…ဘာပဲပြောပြော လူဆိုတာမာနတော့ရှိရမှာပေါ့..သူ့ဘာသာအိမ်ထောင်ရေးကံမကောင်းတာက တစ်ပိုင်းပဲလေ…မေးသင့်တဲ့မေးခွန်းနဲ့ မမေးသင့်တဲ့မေးခွန်းဆိုတာတော့ ရှိတာပဲလေ

  • Yin Nyine Nway

    August 2, 2010 at 8:35 am

    ဂျာနယ်လစ်ကလဲ မင်းသမီးတွေမထွက်လိုက်နဲ့ လိုက်တော့ တာပဲ
    မင်းသမီးတွေကလည်း နာမည်မကြီးကြီးအောင်လုပ်ကြ
    ဘာတွေလဲကိုမသိတော့ဘူး
    2ဦး 2ဘက် အဆင်ပြရင်တော့ တော်တော် အဆင်ပြေကြမှာပါ

Leave a Reply