တောင်ငူကြံ့ဖွတ်ဘာလဲ..စာပေဟောပြောပွဲဘာလဲ…

nyeinchanJanuary 21, 20121min22010

၁။ဆရာအော်ပီကျယ်………………..ရဲရဲတောက်ဝေဖန်သံတွေနဲ.စာပေဟောပြောပွဲတွေမှာအမှန်တရားရဲ.ဘက်တော်သားလို.

ပရိတ်သတ်တွေကြား အရမ်းထင်ရှားနေသူ၊   အခု ကြံ့ဖွတ်စာပေဟောပြောပွဲတောင်ငူမှာ ဘယ်လိုရည်ရွယ်ချက်နဲ.လာပြီး ဘာတွေများပြောဦးမှာလဲ ။

သိပြီးလာမှာလား၊ မသိဘဲလာမှာလား ။ ဘယ်လိုတန်ဖိုးမျိုးပေးရမယ်ဆိုတာတော့ ဟောပြောပွဲပြီးမှ သိချေမယ်တကား…….

၂။ ဆရာဖေမြင့်……………………ရဲရဲတောက်အမှန်သတင်းတွေ၊ သမာသမတ်ကျတဲ့ ဆောင်းပါးတွေ၊ အယ်ဒီတာ့အမှာတွေကို ပြည်သူအကြိုက်

အန်တီစုအကြောင်းသတင်းတွေ ၊ မောင်းဆက်ရဲ.NLD အောင်နိုင်ရေးဆောင်းပါးတွေ ၊ အနှစ်သာရရှိတဲ့ ပြည်သူ.အတွတ် ” ပြည်သူ.ခေတ် ” ဂျာနယ်မှာ  လက်သံ

ပြောင်ပြောင်ရေးသားသူ  အခု ကြံ့ဖွတ်စာပေဟောပြောပွဲတောင်ငူမှာ ဘယ်လိုရည်ရွယ်ချက်နဲ.လာပြီး ဘာတွေများပြောဦးမှာလဲ ။

သိပြီးလာမှာလား၊ မသိဘဲလာမှာလား ။ ဘယ်လိုတန်ဖိုးမျိုးပေးရမယ်ဆိုတာတော့ ဟောပြောပွဲပြီးမှ သိချေမယ်တကား…….

၃။ ဆရာမသန်းမြင့်အောင်………………………အခုထိ အဖိနှိပ်ခံ နေရဆဲ လူမှုရေးကူညီမှုအသင်းကြီးရဲ. ခေါင်ဆောင်မှု၊ လှုပ်ရှားမှုမှာ ဦးကျော်သူနှင့်

သွေးသောက်လိုလက်ချင်းတွဲပြီး ကြုံဆုံလာသမျှ တစ်ဖက်အဖွဲ.အစည်းရဲ. မတရားသဖြင့် ကန်.သတ်နှိပ်ကွပ်မှုတွေကို ကြံ့ကြံ့ခံအံတုလို. မြင့်မြတ်သော ပြည်သူအကျိူးပြု

လူမှုအောက်ခြေသိမ်းလုပ်ငန်းတွေကို  ထောင်မကြောက်တန်းမကြောက် အံ့လောက်အောင် စွမ်းဆော င်နေသူ အခု ကြံ့ဖွတ်စာပေဟောပြောပွဲတောင်ငူမှာ ဘယ်လိုရည်ရွယ်ချက်နဲ.လာပြီး ဘာတွေများပြောဦးမှာလဲ ။ သိပြီးလာမှာလား၊ မသိဘဲလာမှာလား ။

ဘယ်လိုတန်ဖိုးမျိုးပေးရမယ်ဆိုတာတော့ ဟောပြောပွဲပြီးမှ သိချေမယ်တကား…….

၄။မောင်သာချို ၊ ဦးဘုန်း နှင့် ဒီမိုကရေစီချစ်ပြည်သူများ အကြိုက် ကြက်သီးဖြန်းဖြန်းထအောင် ဟောပြနိုင်သော စာရေးဆရာများ ( မှတ်ချက် ။လယ်တွင်းသား

စောချစ်နှင့်ငြိမ်းမင်း မပါ) …………………အခု ကြံ့ဖွတ်စာပေဟောပြောပွဲတောင်ငူမှာ ဘယ်လိုရည်ရွယ်ချက်နဲ.လာပြီး ဘာတွေများပြောဦးမှာလဲ ။

သိပြီးလာမှာလား၊ မသိဘဲလာမှာလား ။ ဘယ်လိုတန်ဖိုးမျိုးပေးရမယ်ဆိုတာတော့ ဟောပြောပွဲပြီးမှ သိချေမယ်တကား…….

၅။ တောင်ငူကမောင်ဆွေ ဆိုသူနှင့်ကာတွန်းဆရာများဆိုသူများ………………….တကယ်ရှိမရှိမသိသော ထာဝရဂရုဏာရှင်သွေးလှုအသင်း အမည်ဝှက်နှင့် အမည်ရင်း မဖော်ဝံ့သော ကြံ့ဖွတ်က ရောင်းရင်းကြီးများ ဘယ်လိုရည်ရွယ်ချက်နှင့် စာပေဟောပြောပွဲအမည်ခံပြီး ဘာတွေဘော်ချက်ကြမလဲ ၊ ဘာအကျိုးအမြတ်တွေ

ကောထွက်လာမလဲ၊ ဘယ်လိုတန်ဖိုးမျိုးပေးရမလဲဆိုတာတော့ ဟောပြောပွဲပြီးမှဘဲ သိချေမည်တကား။

 

##မှတ်ချက်။        ။အခမဲ့ကြော်ငြာပေးခြင်းဖြစ်ပါသည်။ တစုံတရာ တုံပြန်သံများကို အသေအချာကိုမျော်လင့်ပါသည်။

######  စောစီးစွာ  မလာရန်ဆုံးဖြတ်ပြီး တုံပြန်သွားသူ ဆရာမောင်ဝံသအားလေးစားစွာ အနူးအညွှတ် ဂုဏ်ပြုလိုက်ပေအံ့#####

10 comments

  • nyeinchan

    January 21, 2012 at 2:55 pm

    ဟေဟေ့ ဟေဟေ့

  • စိန်ပေါက်ပေါက်

    January 21, 2012 at 3:24 pm

    မောင်ဝံသ ပြောသလို…သွားမနေကြနဲ ့ဗျာ
    အလုပ်မရှိရင် အိမ်မှာ ဝတ္ထုဖတ်ပြီး ဇိမ်ယူနေလိုက်. 😆

    သွားဖြစ်တဲ့လူကလဲ ဘာထူးလဲ သတင်းပို ့ပါဦး 😀

  • စာပေဟောပြောပွဲပါ လူပုဂ္ဂိုလ် ပါတီစွဲမထားပါနဲ ့။ကြံ့ခိုင်ရေးက ဘဲလုပ်လုပ်၊ဘယ်ပါတီကဘဲလုပ်လုပ်
    အကောင်းမြင်နားထောင်ပေးလိုက်ပါ။မကြိုက်ဘူးဆိုရင်တော့ သွားမနေတော့နဲ ့ပေါ့။ကျေးဇူးပါဗျား။

  • nyeinchan

    January 22, 2012 at 7:06 pm

    ၁။ ဒီပို.ကိုကျနော်တင်တာမဟုတ်ပါ။
    ၂။ဒီလိုအချက်အလက်များကိုကျနော်မကြိူက်ပါ။
    ၃။ ကျေးဇူးပြုပြီဖျက်ပေးပါ။
    adminအားတင်ပြအပ်ပါတယ်။ ။

    • မှော်ဆရာ

      January 22, 2012 at 8:46 pm

      ဘာကြီးတုန်းဟ
      ငြိမ်းချမ်းရေးတာမဟုတ်လို့
      ဘယ်သူရေးသတုန်း …..

      • မှော်ဆရာ

        January 22, 2012 at 9:16 pm

        ကျွန်တော်နဲ့တော့ မဆိုင်ပါဘူး ..
        ဘာဖြစ်လို့ ကိုမရေးပဲနဲ့ ပိုစ်တက်သွားလဲ ပြောလို့ရရင် ပြောပေးပါလားဗျာ ..
        သိချင်ရုံသက်သက်ပါ ..။

        • thit min

          January 22, 2012 at 9:25 pm

          မှော်ဆရာတောင် သည်မျက်လှဲ့ကို နားမလည်ပေဘူးတဲ့ မင်းကြီးများ။ 🙂

  • ကိုဒေါင်းkd

    January 23, 2012 at 12:18 pm

    သူတင်တာဟုတ်ဘူးဆိုရင်
    အနော်ယူတင်လိုက်မယ်လေ။
    ခွင့်ပြုပါနော့။

  • ကောင်းမြတ်သူ

    January 23, 2012 at 2:14 pm

    သူကြီးရေ ရှင်းပေးပါအုံးဗျ။ ဘာတွေ မှားနေတာလဲ။ ငြိမ်းချမ်းဆိုတဲ့ Account ပွင့်နေလို့သူများဝင်ရေးသွားတာလား။ hack လုပ်တာခံရတာလား။ အောက်မှာ ငြိမ်းချမ်း comments မှာ “ဟေဟေ့ ဟေဟေ့”ဆိုတာ လုပ်သွားသူက ရေးထားတာလား။ လုပ်ပါအုံး။ hack ခံရတယ်ဆိုရင်လည်း ဆာဗာကနေမဟုတ်လောက်ဘူး။ Browser ကနေဖြစ်နိုင်သည်။ စာရေးသူများ ဆိုင်တွင်အသုံးပြုပါက Browser ၏ Saved Password များကို ပြန်ဖျက်ပြီးမှထွက်သင့်တယ်.

  • kai

    January 24, 2012 at 11:53 am

    ကိုယ်တိုင်ရေးတာမဟုတ်ရင်.. ပတ်စ်ဝပ်ပြောင်းလိုက်စေလိုပါတယ်….။
    တယောက်ယောက်က.. အကောင့်ယူသုံးသွားတာ ဖြစ်မယ်ထင်ပါကြောင်းနဲ့.. မကြာခင်ပို့စ်ကို ဖျက်မယ်ဖြစ်ပါကြောင်း…။

Leave a Reply