ဆရာတော်ဘုရားရဲ့ မှတ်သားစရာလေးတွေ….

chatsuJanuary 21, 20121min1134

ဆရာတော် .. နာရီကြီးဘယ်ရောက်သွားသလဲ ဘုရား .. ”
” ညက ဒကာ ( ၂ ) ယောက် လာယူသွားကြတယ်ကွ .. ”
” ဆရာတော် သူခိုးလာခိုးသွားတာဖြစ်မှာပါ .. ဆရာတော် မသိလိုက်ဘူးလား ဘုရား .. ”
” သိပါတယ်ကွ .. သူတို့က မမှီမကမ်းနဲ့ဖြုတ်နေသံကြားလို့ မတော်လွတ်လို့ မင်းတို့နိုးကုန်ရင် နာရီလဲအကောင်းမရ .. ဒုက္ခလည်းရောက်ကြမှာစိုးလို့ ပလ္လင်နောက်မှာ ခွေးခြေရှိတယ်လို့ တောင် ပြောလိုက်သေးတယ် .. ”
” ဆရာတော့်နှယ် .. သူခိုးပဲ ဘာလို့ပြောလိုက်ရတာလဲ .. လှူပစ်လိုက်တယ်ဆိုတာကမှ ဟုတ်သေးတယ် .. ”
” ထူးပါဘူးကွ .. သူတို့လာယူတော့လဲ ကိုယ်ကသွားလှူရ သက်သာသွားတာပေါ့ .. ညကြီးမင်းကြီး သူများမသိအောင် လာယူတော့ ပုဂိ္ဂုလ် …အယုတ်..အမြတ်ကလဲ မရွေးရတော့ ဘူးပေါ့ .. ” ..
( အောင်ခြင်း ရှစ်ပါး ဆရာတော် ) အမရပူရမြို ့ .. ။

” ဆရာတော် .. တပည့်တော်တို့ လှူထားတဲ့ ရေဒီယိုကြီးလဲ မမြင်ပါလား … ဘယ်နေရာ သွားထားပါသလဲ ဘုရား .. ”
” ဘယ်မှ သွားမထားပါဘူး .. သူ့ပိုင်ရှင်ကယူသွားတယ် .. ”
” အို .. ဆရာတော်ကလည်း .. ဘယ်ကလာ ပိုင်ရှင်ရှိအုန်းမှာလဲ .. တပည့်တော်တို့က ဆရာတော်ကို လှူထားတာပဲ .. ဆရာတော် ပိုင်တဲ့ပစ္စည်းပေါ့ .. ”
” ငါမပိုင်လို့ပေါ့ကွာ .. ငါပိုင်ရင် ပစ္စည်းက ငါ့အနားမှာရှိနေမှာပေါ့ .. ခုတော့ သူ့ပိုင်ရှင် အနားရောက်သွားပြီ .. ”
” ဆရာတော်ကလည်း ဝေ့လည်လည်ပြောနေပြန်ပါပြီ .. သူခိုးခိုးသွားတာမဟုတ်လားဘုရား .. ဒါဆို ဆရာတော် ရေဒီယို ဆုံးပြီပေါ့ .. ”
” မဆုံးပါဘူးကွာ .. ဆုံးတယ်ဆိုတာ မီးလောင်သွားတာတို့ .. မြစ်ထဲပင်လယ်ထဲ ကျသွားတာတို့ လို ဘယ်သူမှ သုံးခွင့်မရတာမှ ဆုံးတာ .. ခုဟာက တစ်နေရာမှာ သုံးလို့ရနေအုန်းမှာပါ ”

( တောင်တွင်းကြီးမြို ့ နတ်မှီတောရ ဆရာတော်ဘုရားကြီး )

” ဆရာတော် လုပ်ပါအုန်းဘုရား .. ဒုက္ခတော့ရောက်ကုန်ပြီ .. ရဲ တိုင်မှ ဖြစ်တော့မယ် ”
” ဘာတုန်းဟ ကပိ္ပယရဲ့ .. မင်းဟာ အရင်းမပါ .. အဖျားမပါ ပြူးတူးပြဲတဲနဲ့ .. တိုးတိုးသက်သာ ပြောစမ်းပါ … ”
” ဆရာတော့် ပစ္စည်းတွေ ညက သူခိုး ခိုးသွားပြီဘုရား .. ဒါကြောင့် ပုလိပ်( ရဲ ) ကို တိုင်မှ ဖြစ်မယ်လို့ ပြောတာပါဘုရား … ”
” ကပိ္ပယ ကိုယ့်ပစ္စည်း သူများအခိုးခံရတယ်ဆိုတာ ကိုယ်ကလည်း သူများပစ္စည်း ခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့ .. သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ တစ်ချိန်ချိန်မှာ တူသော အကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ … အသာနေပါ ကပ္ပိယရယ် .. မင်းလုပ်လိုက်မှ ငါ သံသရာမှာ သူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ် .. ”

( ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရား )

တရားမသိသူများအတွက် ဥစ္စာပျောက်လျှင် ငရဲရောက်ရဧ။် .. တရားသိသူများအတွက်ကား .. ဥစ္စာပျောက်တိုင်း ကုသိုလ်ရရဧ။် ဟူသော အတွေးတစ်ချက်လေးရနိုင်ကြပါစေရှင် ..

( မထေရ်မြတ်တို့ဧ။် စကားဝိုင်းမှ )
By: Doh Yote

4 comments

  • ကိုချက်စူရေ
    ကျေးဇူးပါဗျို့
    ဆက်လက်အားပေးနေပါတယ်
    အမှတ်တမဲ့ သတိမမူလိုက်တဲ့ အချက်ကို အခုမှ သိသွားအောင် ဖော်ပြပေးတဲ့အတွက် …..

  • ဟိုး ကိုချက်စူရေ. အင်မတန်ကောင်းတဲ ့ဆရာတော်ဘုရားများရဲ ့
    မှတ်ချက်တွေပါလား။ကျေးဇူးကြီးပါတယ်ဗျာ။တကယ်ကို စိတ်ရင်းရိုး
    သားကြတဲ့ ဂုဏ်လေးသွားတွေ ့မိပါတယ်။

  • ဇွဲမာန်(အင်းဝ)

    January 21, 2012 at 8:23 pm

    ကျေးဇူးပါ ကိုချက်စူရေ…….
    ထိုအကြောင်းအရာနဲ့တူတဲ့ဆရာတော်ဘုရားမိန့်ဘူးတာရှိခဲ့ပါတယ်
    အဲဒီအကြောင်းအရာကတော့…တနေ့ဆရာတော်တပါးဆီ ဆန်တွေ ဆီတွေ ပစ္စည်းတွေ လာယူကြတာ
    အုပ်စုလို်က်ပေါ့ အဲလာတုန်းကဘာမှမဖြစ်ပေမဲ့ ပြန်တော့မယ်ဆိုတော့ အပေါက်က ရှာလို့မရတော့ဘူးလေ
    အဲဒါဆရာတော်ဘုရားက အပေါက်လိုက်ပြပေးလိုက်တယ်….. ဖြစ်ခြင်တော့ အဲဒီအကြောင်းအရာကို
    ရွာကရွာသူ/ရွာသားတွေသိတော့လိုက်လာကြတာပေါ့ ဆရာတော်နဲ့တွေရော…ဆရာတော်…ဆရာတော်..
    သူခိုးကပ်လို့ဆို ဘယ်မှာလဲ အဲဒီသူခိုတွေအဲသည်လိုလျှောက်တော့….ဟာ သူခိုးမဟုတ်ပါဘူးတဲ့
    အလှူခံပုဂ္ဂိုလ်တွေလို့ပြောလိုက်တယ်လေ….။

  • ကြောင်ကြီး

    January 21, 2012 at 11:34 pm

    ရွာသား – သဂျီး သဂျီး…သမီးတော်လေးကို ကြောင်ကြီးတကောင် လာညောင်နေဒယ်…
    သဂျီး – ညောင်ပါစေကွယ်၊ ငါ့သမီးလေးက ခလေးပဲရှိပါသေးတယ်…
    ရွာသား – အခုထဲက ရင်းနှီးမှုယူထားတာ ဖြစ်နေမယ်နော် သဂျီးမင်း…
    သဂျီး – မပူပါဘူးကွာ။ ငါဆေးခြောက်ပင် စိုက်ထားပါတယ်။ ငါ့သမီး အရွယ်ရောက်လာမှာနဲ့ ဆေးခြောက်ပင် ကြီးလာမှာနဲ့ အနေတော်ပဲ…။ မင်းလုပ်တာနဲ့ ကြောင်ကြီး ကြားသွားပြီး မလာဘဲနေအုံးတော့မယ်။ ကြောင်ကြီးရေ..မီ မီ မီ…

Leave a Reply