ရာသီစာ မြူရွက်သုပ်

Ma MaJanuary 21, 20121min30125

တစ်နှစ်ပတ်လုံးမှာမှ အခုလို နှင်းကျတဲ့အချိန်လေးမှာပဲ ရတတ်တဲ့ မြူရွက်ကလေးတွေ သုပ်စားကြရအောင်။

မြူရွက်ရဲ့ ပင်ကိုယ်က ဆိမ့်တဲ့အရသာရှိပါတယ်။
ဈေးပေါပြီး သုပ်စားရတာလည်း အလွန်လွယ်ကူတဲ့အပြင် တော်တန်ရုံအရွက်မကြိုက်သူတွေတောင် ကြိုက်ကြပါတယ်။
အချိန်တိုလေးအတွင်းမှာပဲ ရနိုင်တဲ့ ရာသီစာမို့ စုတ်ပြတ်သတ်နေတဲ့ ကော်နက်ရှင်ကို အံတုပြီး အချိန်မှီ တင်ပေးလိုက်ပါတယ်။

မြူရွက်

မြူရွက်ကို အရိုးရင့်တွေဖယ်ပြီး ကန်စွန်းရွက် သင်သလို သင်ရပါတယ်။
ပြီးရင် ရေနွေးဆူဆူထည့်ပြီး ဖြောထားပါ၊ ခဏကြာသည်ထိ အဖုံးအုပ်ပြီးထားပါ။ (သို့) ပြုတ်လိုက်ပါ။
ရေနွေးဖြောထားတဲ့ မြူရွက်

မြေပဲလှော်ကို ထောင်းထားပါ။
မျှင်ငပိကို မီးကင် (သို့) ပေါင်းထားပါ။
ဒါမှမဟုတ် ဆီနည်းနည်းမှာ မျှင်ငပိကို ထည့်ကြော်ပါ။
အခုကတော့ အလုပ်ထဲမှာ သုပ်စားတာမို့ အသင့်စား မျှင်ငပိဘူးလေးကိုပဲ သုံးလိုက်ပါတယ်။
မြူရွက်ပြုတ်၊ မြေပဲထောင်း၊ မျှင်ငပိကင်၊ ရှောက်သီး၊ ပိုကောင်းချင်လို့ ပုဇွန်ခြောက်မှုန့်ထည့်ထားတယ်။

မြူရွက်ပြုတ်ကို မြေပဲထောင်း၊ မျှင်ငပိကြော် ထည့်ပြီး အပေါ်က ရှောက်သီး (သို့) သံပုရာသီးလေး ညှစ်ပြီး သုပ်လိုက်ရင် စားကောင်းတဲ့ မြူရွက်သုပ်ကို ရပြီပေ့ါ။
စားလို့ရပြီနော် မြူရွက်သုပ်

ကျသင့်ငွေ-
မြူရွက် ၁စီး= ၁၀ဝ ကျပ်
မြေပဲလှော် ၁ထုပ်= ၅ဝကျပ်
မျှင်ငပိ ၁ဘူး= ၅ဝကျပ်

25 comments

  • ဦးဦးပါလေရာ

    January 21, 2012 at 11:01 pm

    မြူရွက်သုပ်ဆိုတာကို အညာမှာ စားဘူးတယ်လို့ပဲ အမှတ်ထားတာ။
    အဲဒါက အောက်ပြည်မှာရတာလား။
    အညာစာမဟုတ်ဘူးလား။

    (သတိတွေ မေ့လျော့လာတယ်ဆိုတော့ တံခါးခေါက်သံ စိပ်လာတဲ့သဘောပဲ… 😀 )

  • မမရေ ကျနော်တို့အိမ်သုတ်စာရင်းငပိမထည့်ဘဲ ငံပြာရည်ထည့်တာဗျ။
    ပြီးမှ ငရုတ်သီးကြော်လေးကိုက်စားတာ။
    ကျနော်က ချက်တတ်ဘူးနော် မြင်ဘူးတာပြောတာ။
    ကျနော်က စားရုံသက်သက်။

  • MaMa

    January 22, 2012 at 10:30 am

    ဦးပါလေရာ၊ မောင်ကင်း၊ ကိုပေါက်-
    မနှစ်က အညာသွားတုန်းက သုပ်ကျွေးလိုက်တာကို စားကောင်းလွန်းလို့ သုပ်နည်းပါမေးလာတာ။ တစ်နှစ်တိတိစောင့်ပြီး ဒီနှစ်ကျမှ ဈေးထဲမှာတွေ့လို့ သုပ်စားရင်းနဲ့ ရွာသူားတွေကို သတိရလို့ တင်ပေးလိုက်တာ။ ဒီမှာ မြူရွက်ကို သိတဲ့လူနည်းတယ်။ မစားတတ်ကြဘူး။
    ကိုပေါက်ရေ-ငံပြာရည်ထက် မျှင်ငပိကို ထည့်သုပ်ပြီး စားကြည့်ပါလား။

  • ဆူး

    January 22, 2012 at 11:45 am

    ဆူးပန်းရွက် နဲ့ တူနေလို့ မြူရွက်တော့ တခါမှ မမြင်ဘူးဘူး။ ဆူးပန်းရွက်လို့ ခေါ်တဲ့ အရွက်ကတော့ ကြမ်းတယ် အိမ်မှာ ချဉ်ရေဟင်းချက်စားရတာ အမေ က ကြိုက်လို့ တွေ့ရင် ဝယ်ပြီး ချက်တယ် သိပ်တော့ မရပါဘူး တခါတလေမှ ရတယ်။

    • hmee

      January 22, 2012 at 2:30 pm

      မြူရွက်ကို ကြားဖူးတယ် မမြင်ဖူးဘူး။ စားလည်းမစားဘူးဖူး။ 🙂 နောက်တွေ့မှ သုပ်စားဦးမယ်။ ဆူးရေ အဝါရောင်အပွင့် ပွင့်တဲ့ ဆူးပန်းပင် အမြစ်ကို သွေးသောက်ရင် သွေးတိုးကျတယ်။ မမှီတို့ဘက်မှာ အရမ်းပေါတယ် အဲ့သည့် ဆူးပန်းပင်တွေလေ။

      • ဆူး

        January 22, 2012 at 2:40 pm

        ဆူးပန်းရွက် ကို ဈေးမှာ ဝယ်တာ တခါမှတော့ အပွင့် မမြင်ဖူးပါဘူး။ အပင်ကလေးက မုန်လာပင်ပေါက်လို သေးသေးလေးတွေ နှုတ်ပြီး လာရောင်းသလိုမျိုးတွေ့မိတာပဲ။

  • စိန်ပေါက်ပေါက်

    January 22, 2012 at 11:51 am

    အထူးအဆန်း ပါတကား မာမားရဲ့
    ခုမှ ကြားဖူးတယ်.မြူရွက်ဆိုတာ…
    တန်လဲတန်၏
    အရသာကော ဘယ်အရွက်နဲ ့ဆင်လဲခင်ည..

  • windtalker

    January 22, 2012 at 12:11 pm

    ရွာသူားများအတွက် ၂၀ဝကျပ်ထဲနဲ ့ စားလို ့ကောင်း ခံတွင်းမြိန် ၊ ကျန်းမာရေးနဲ ့လဲ ညီညွတ်တဲ့ အသုပ်တစ်ပွဲ ကို မမ က တင်ဆက်သွားပါတယ် ခင်ဗျာ….
    စားလို ့ကောင်းဒါ

  • MaMa

    January 22, 2012 at 12:29 pm

    ဆူးရေ-
    မြူရွက်ချည်းပဲရိုက်ထားတဲ့ပုံ ထပ်တင်ပေးလိုက်တယ်။
    ပုံစံက ဟင်းနုနွယ်ရွက်နဲ့ ဆင်တယ်။ ဒီကလူတွေ သိပ်မသိကြဘူး။
    အညာသူားတွေတော့ သိကြတယ်။
    အလုပ်မှာ အညာက ကလေးမလေးက တွေ့လို့ ဝယ်လာပေးတာနဲ့ သုပ်စားဖြစ်လို့ ရိုက်ထားလိုက်တာ။
    ဗိုလ်ပေါက်ရေ-
    မြူရွက်ရဲ့ အရသာက ဆိမ့်ပြီး နူးညံ့တယ်။
    သုပ်ရလွယ်ပြီး စားလို့လည်း ကောင်း၊ အကုန်အကျလည်းသက်သာတယ်။
    ဒါပေမယ့် နှင်းကျတဲ့အချိန် ခဏလေးပဲရတတ်တယ်။
    ကားခအကုန်ခံနိုင်ရင်တော့ လာစားလို့ရတယ်နော်။ 😆
    မောင်ပေ-
    စားသောက်ဆိုင်ဖွင့်ဖြစ်ရင် နူးဘာဂိုဏ်းသားများကို advertising manager ခန့်ရမယ်။
    မဒမ်ပေကို မြန်ကောင်းသက်သာ ဟင်းနည်းလေးပေးပြီး ဈေးဖိုးလျှော့ပေးလို့ရတယ်နော်။
    အသုံးဝင်တယ် မဟုတ်လား။ 😀

    • ဆူး

      January 22, 2012 at 1:37 pm

      အခု ဖွင့်လိုက်မှ စောစောက အပင်မတွေ့ပါဘူး ကွန်နက်ရှင်ကြောင့် မတွေ့တာလားလို့ ကိုယ့်ဟာကို ဇဝေဇဝါ ဖြစ်တုန်း.. အခုမှ တင်ပေးတာ ရေးတာ မြင်မှပဲ ဆူး အမြင် အမှားဘူး ဆိုတာ ကိုယ့်ဟာကို သိတော့တယ်။
      စူးပန်းရွက် ဆိုတာကတော့ အဲလို အပင်မျိုးမဟုတ်ဘူး အပင်နဲ့ မြင်တော့ မဟုတ်ဘူး ဆိုတာ သေချာ သွားတယ်။

      နောက်တခါ ထူးထူးဆန်းဆန်း ရှိရင် သံချောင်းခေါက်လိုက်ပါ.. ဝါသနာပါလို့.. ဟိဟိ..
      ဆူး နဲ့ အန်တီတို့နဲ့ ဇော်ဂျီ ဒုတ် တထောက်စာပဲ ဝေးတာဆိုတော့ တခုန်ဆို အိမ်ရှေ့အရောက် လာစားလို့ ရတယ်။

      • MaMa

        January 22, 2012 at 1:56 pm

        ဆူးရေ-
        ဇော်ဂျီဒုတ်တထောက်စာ ဆိုတဲ့စကားလုံး ခုမှကြားဖူးတယ်။
        သက်ငယ်စကား သက်ကြီးကြားပေ့ါ၊ ဗဟုသုတ တိုးသွားပါတယ်။
        နောက်တခါဆို သံချောင်းခေါက်လိုက်ပါမယ်။ နားစွင့်ထားပေ့ါနော်။ 😀

        • ဆူး

          January 22, 2012 at 2:41 pm

          အခုမှ ထွင်လိုက်တာါ အန်တီ.. အန်တီ ကြိုက်ရင် မူပိုင်ပေးလိုက်မယ်။

  • thit min

    January 22, 2012 at 12:59 pm

    အသုပ်ရဲ့ အသက်က အဆာပလာပါဘဲထင်ပါရဲ့။
    မမရဲ့ မြူရွက်သုပ်ကလဲ ထမင်းမြိန်စရာလေးဘဲဗျာ။
    မန်းလေးရောက်ရင် ရှာစားရအုန်းမယ်။
    အရွက်သုပ်တွေနဲ့ ထမင်းစားရတာ သဘောကျတယ်။
    ဒီမှာအနေ ကြာလာတော့ ဆီကြော်တွေ စားရမှာကြောက်လာပြီ။
    စားချင်စိတ်ကိုမရှိတော့တာ။
    အသုပ် သုပ်တာတော့ တော်တော်ကြိုက်တယ်ဗျ။
    ဝက်သားတွေပြုတ်သုပ်၊ ခေါက်ဆွဲသုပ်၊ ထမင်းသုပ်တွေလုပ်စားဖြစ်တယ်။တယောက်တည်းနဲ့။
    အားလူးပြုတ်၊ပဲပင်ပေါက်ရေနွေးဖျော၊သခွါးသီး၊ဂေါ်ဖီပါးပါးလှီးထဲ့၊ပုဇွန်ခြောက်မှုန့်နဲ့ ပဲ မှုန့်ဖြူး၊ငံပြာရည်၊
    မန်ကျည်းရည်၊ဆီချက်လေးနဲ့ ပဲကြော်ချေထဲ့၊ နံနံပင် ညှပ်ထဲ့၊ငရုတ်သီးမှုန့်လေးလဲမကျန်ထဲ့ထားနောက်ပြီး
    ကြက်ဥပြုတ်လေးပါးပါးလေးလှီးထဲ့ထားတဲ့ ကိုယ်တိုင်သုပ်ခေါက်ဆွဲသုပ်ဆိုတခါစားရင် တဇလုံလောက်မှ ဝတယ်။

    • MaMa

      January 22, 2012 at 2:01 pm

      ဆြာသစ်ရေ-
      ကျမလည်း အသုပ်အလွန်ကြိုက်ပါတယ်။
      အသုပ်မှာ အဆာပလာက အဓိကပါပဲ။
      ဒါပေမယ့် ဒီမြူရွက်သုပ်ကတော့ ဆား၊ အချိုမှုန့်၊ ဆီချက်၊ ပုဇွန်ခြောက်မှုန့်တွေ ထည့်စရာမလိုပဲ မျှင်ငပိ၊ မြေပဲလှော်၊ ရှောက်သီးရှိရုံနဲ့တင် သုပ်စားလို့ရလို့ အလွန်လွယ်ကူပါတယ်။

  • ိကိုက်ိုသစ်ရေ
    မြူရွက်က ရာသီစာရယ်၊
    ရှာစားလို့မရ
    ယခုလိုနှင်းကျသောကာလမှာသာ
    ရသောအစားအစာဖြစ်ပါကြောင်း…………………………….

  • padonmar

    January 22, 2012 at 7:19 pm

    မြူရွက်သုပ်ဆိုတာ စာထဲပဲဖတ်ဖူးတာ။
    မမရဲ့ မြူရွက်သုပ်က (လက်တွေ့လျှာတွေ့ အားပေးလိုက်ရသောကြောင့် ) အဟုတ်အမှန် အရသာရှိပါကြောင်း
    အမှန်အကန် စားသုံးသူမှ ထောက်ခံအပ်ပါသည်။
    စာနဲ့ရေးပြသွားသော ဆရာသစ်၏ ကိုယ်တိုင်သုပ်ခေါက်ဆွဲသုပ်ကိုလည်း ထောက်ခံချက်လိုချင်လျှင်မြည်းပေးနိုင်ပါကြောင်း 😀

  • padonmar

    January 22, 2012 at 7:24 pm

    မား-မာ-မိုးမွန်မတ်ပေါက် အသင်း ကိုယ်စား၊
    အရသာ ဆိမ့် တယ်ဟု ပြင်ပါရန်၊
    ဆူးပန်းရွက်ဟု ပြင်ပါရန်။

    • MaMa

      January 22, 2012 at 7:45 pm

      ဒါကတော့ ပညာရှိသတိဖြစ်ခဲလို့ပဲ သဘောထားလိုက်ပါနော်။ :red face:
      ပြင်လိုက်ပြီနော်။ 😀

  • TTNU

    January 22, 2012 at 10:49 pm

    မမရေ…
    တီချာသိတဲ့ မြူရွက်က ဒီလို အရွက်မကြီးဘူးထင်တယ်။
    ဒီအရွက်က ပိုသန်နေသလားလို့။
    အညာမြူရွက်က နည်းနည်းသေးပြီးသွယ်တယ်ထင်တယ်။
    ပြီးတော့တီချာတို့ကတော့လေ မြူရွက်ကိုနွမ်းအောင်ပြုတ်လိုက်ပြီးရေဆုတ်ညှစ်၊
    ပြီးမှနှုံ ့နေအောင် ကတ်ကြေးကိုက်ပစ်လိုက်တာ။ အဝေရာရွက်သုတ်ရင်လည်း
    ဒီအတိုင်းပဲ။
    Anyway, မမရဲ ့ မြူရွက်သုတ်လေးကြည့်ပြီးဗိုက်ဆာလာပြီ။ မနက်ကျရင်
    အတုခိုးပြီး တမာရွက်သုတ်စားဦးမယ်။:)

  • zaw min

    January 23, 2012 at 1:00 am

    အတုခိုးသွားပါ၏၊အစဉ်ပြေလျှင် မီနှုးထဲထည့်လိုက်မယ်၊ဒါပေမယ့် ဒီမှာတော့ အဲဒီမြူရွက်တော့ရနိုင်မယ်မထင်ဘူး..တစ်ခြားအလားတူတဲ့ အရွက်တစ်မျိုးသုံးပြီးစမ်းသပ်ဦးမှပဲ…ကျေးဇူးပါမမရေ…အသုတ်ဆိုတော့အသုံးဝင်သဗျ…

  • Khin Latt

    January 23, 2012 at 3:52 am

    မမရေ – အဲဒီမြူရွက် က ဟိုးအရင် တို့တွေ အဖွား နေတဲ့ ပြည်မြို့အလွန် မြို့လေးမှာ ပေါမှပေါ။
    မြူရွက်သုတ်၊ ညောင်ဖူးသုတ်၊ ငှက်ပျောဖူးသုတ်၊ ချင်ပေါင်ဖူးသုတ်၊ မျှစ်သုတ်၊ ဘူးသီးခြောက်သုတ် အစုံပါဘဲ။
    အဲလို အသုတ်မျိုး တွေနဲ့ဆိုထမင်း ကို အသားဟင်း မလိုဘူး။ အပြတ်တီးတာဘဲ။
    ရန်ကုန် က လူတွေက သိပ်မသိကြဘူး။
    အခုတော့ ပဲမှုန့်က တော်ရုံဝယ်မရတော့ အဲလို အသုတ်တွေ မလုပ်နိုင်တော့ဘူး။
    မမ အသုတ်လေးက စားချင်စရာ။ ရှလွတ် …… 😀

  • နွယ်ပင်

    January 23, 2012 at 11:13 am

    မြူရွက်သုတ်ကို သူများသုပ်ကျွေးတာ တစ်ခါပဲ စားဖူးတယ်
    ကိုယ်တိုင်တော့ မသုပ်စားဖူးသေးဘူး အန်တီမမ ပြောပြထားတော့လဲ
    လွယ်သားပဲနော် သုပ်စားကြည့်ဦးမယ် ကျေးဇူးပါ အန်တီမမရေ ……………

  • ahnyartamar

    January 23, 2012 at 11:34 am

    i was born in Magway & long time to eat this salad. I miss the this salad. When i was young aged, mum made it this salad in every week (at least one time per week) & our family lunch is very delicious with this salad.
    Thank you so much, Ma Ma.
    Now I know how to make it & to having lunch in some Sunday with this salad.

  • eipu

    January 23, 2012 at 11:52 am

    မမရေ
    အညာသွားလည်တုန်းက စားဘူးတယ်။ အရမ်းစားလို့ကောင်းတာဘဲ။ နည်းဖော်ပြပေးတဲ့အတွက်ကျေးဇူးပါ။

Leave a Reply