သတိရတမ်းတခြင်း..(၁)

aye.kkJanuary 22, 20121min10212

အမေသည်စာမတတ် ၊ အိမ်၏စီမံခန့်ခွဲမှုပညာလွန်စွာတော်တတ်၏………………………………။
ကျမသည်အမေမရှိသည့် နောက်ပိုင်းအမေ့ကျေးဇူးများအား အဖန်ဖန်အခါခါထပ်တလည်းလည်း လွန်စွာအောင်းမေ့၏ ။ အမေ့အားသတိရ၏ ၊ အောင်းမေ့၏ ၊ တမ်းတမိ၏……………………….။ အဘယ်မျှသတိရတမ်းတသနည်းဟုမေးသူရှိပါကပြောပြချင်၏..။ ပြောပြချင်မှုတို့ကလည်းရင်ထဲကြီးစိုးကာနေ၏ ထိုအထဲမှသတိရတမ်းတမှုတခု အားဖော်ပြကာရေးသားချင်မိ၏…။
အမေသည်ကျမတို့မောင်နှမအားလုံးတို့၏ ၊ အိမ်နေဝတ်ဆင်သည့် ဂါဝန် ၊ စကဒ် ၊ အင်္ကျီ တို့အားကိုယ်တိုင်ကိုယ်ကျ ချုပ်လုပ်ပေးကာ ၊ ဝတ်စားဆင်ယင်ပေးသူ ဖြစ်၍ ၊ အမေ့အားလွန်စွာချစ်ပါသည် ။ အဖေကအပြင်မှလှတာတွေ ့၍ဝယ်လာပေးပါက ၊ အသေအချာကြည့်ကာ လိုအပ်သည်များကိုအမေကမြင်တတ်ကာ ၊ သူကိုယ်တိုင်လှအောင်ပြန်လုပ်ပေး တတ်သူလည်းဖြစ်လေသည် ။ တစ်ရက်တွင်အဖေက ပန်းဆီရောင် ပိုးသားဂါဝန်လေး တစ်ထည်အား ဝယ်လာလျှင် အမေက အင်္ကျီလေးအား ကြည့်ကာ ပိုးသားဂါဝန် ဗြောင်ကလေးဖြစ်နေသည်ကို အမေကမြင်လျှင် ချက်ခြင်းပင် ပန်းထိုးပေးက ပိုလှမည်ဟုပြောပါသည် ။ ထိုနေ့ညနေခင်းလေးတွင် အမေကအိမ်ရှေပန်းခြံ ့အုတ်ခုံပါလာလေး၌ထိုင်ကာ စိတ်ရှည်လက်ရှည်နှင့် ပန်းထိုးပေးမည်ဟုဆိုကာအစအဆုံးအမေက
သူ့နဘေးနားတွင်အတူတူထိုင်ကာကြည့်ခိုင်းပါသည် ။ အမေသည် ပိုးသားဂါဝန်ပန်းဆီရောင်လေးအားလေးကိုင်လျှက်က လိုက်ဖက်မည့်ပိုးချည်လုံး(ရောင်စုံ အရောင်လေးများ)အားသူကိုယ်တိုင်ရွေးချယ်ပါသည် သမီးကဘယ်အရုပ်လေးမျိုးကချစ်သလည်းဟုမေးပါသည် ။ ကျမကဌက်ဇီးကွက်ရုပ်လေး အားသဘောကျသည်ဟုပြောလျှင် အမေသည် ၊ တစ်ကိုင်းတည်းနားနေသည့် ဌက်မောင်နှံ ဇီးကွက်ရုပ်ကလေးအား သစ်ကိုင်းတွင်နားသည့်ပုံလေးအား ခဲဖြင့်ရေးဆွဲကာ သမီးလှလားဟု မေးလျှင် ၊လှသည်ပြောကာ လွန်စွာသဘောကျသွားပါသည် ။ ပြီးလျှင်အမေက နှီးချောကရွတ်ခွေအဝိုင်း(၂)ခုအား ယူကာပိုးသားအင်္ကျီစလေး အရုပ်ရေးဆွဲထားသည့် ရင်ဘတ်နေရာလေး၌ တင်ကာအပေါ်နှင့်အောက်တင်းတင်းဆွဲကာဖိညှပ်လိုက်ပါသည် ပိတ်သားစခပ်တင်းတင်းလေးဖြစ်သွားလျှင် အမေက ဌက်ရုပ်ကိုယ်လုံးလေးနေရာအား ပိုးသားချည်စစိမ်းပုတ်ရောင်လေးနှင့် အပေါ်အောက်ထိုးယှက်ကာ အပ်ချည်တွယ်ငင်၍ ထိုးယူသွားပါသည် ၊ မျက်လုံးလေးအား ပေါ်လွင်စေရန်အဝါရင့်ကလေးထဲ့သွားပြီး ၊ ချေထောက်လေးတွင်အနက်သုံးကာ သစ်ကိုင်းလေးအား ဇီးရှားရောင်လေးထည့်ပြီး ထိုးပေးပါသည် ။ ကျမကကြည့်နေရင်းနှင့်အရမ်းလှ၍စိတ်ထဲမှာပျော်နေမိပါသည် အမေကသ္မီးလှလားဟု မေးလျှင် ဝမ်းသာလွန်း၍ မျက်ရည်ဝိုင်းစို့ကာ ကျေးဇူးတင်သည့် အကြည့်နှင့်အမေ့အားကြည့်မိပါသည် ။ အမေကကျမ၏စိတ်ခံစားမှုအားကြည့်ကာ ကျမအားငါ့သ္မီးက ဝမ်းသာလွန်းလျှင် ၊ ဝမ်းနည်းလွန်းလျှင် မျက်ရည်ကျတတ်သည် ။ စိတ်ခံစားမှုကြီးတာ မကောင်းဟုပြောပါသည် ။ ယောက်ျားလေးမဟုတ်၍တော်သေးသည်ဟုဆိုကာပြောပါသည်။ယောက်ကျားလေးဆိုက စိတ်ပျော့ညံ့၍ မဖြစ်ဟုအမေပြောပါသည် ။ ထိုမျှသာမကသေး လက်ပွေ ့ ့အိတ်လှလှလေးတွေ အမေထိုးနေသည့်အခါ မျိုးတွင်လည်း အမေကကြည့်ခိုင်းထားတတ်ပါသေးသည် ။ တစ်ခါလျှင် ကျမက သ္မီးတို့ကြီးလာလျှင် အမေတို့ခေတ်ကဟာအသုံးဝင်တော့မှာ မဟုတ်ဘူးဟုပြောမိလျှင် အမေကလက်မှုပညာဆိုသည်မှာ ဘယ်ခေတ်ဘယ်အခါမှာမှ တိမ်ကောသွားသည်မရှိ တန်ဘိုးလည်းမဖြတ်နိုင် ဟုဆိုကာအမေပြောပြပါသည် ။
အမေသည်တစ်မိသားစုလုံး၏ ၊ ခေါင်းအုန်း ၊ မွှေ ့ရာ ၊ ခြင်ထောင်တို့အား သူကိုယ်တိုင်ပင် ကျမတို့ကြီးကောင်ဝင်ကာ လူလားမြောက်သည်အထိပင် ချုပ်လုပ်ပေးခဲ့သူဖြစ်ပေသည် ။ ခေါင်းအုန်းများနှင့်မွှေ ့ရာများတို့အား(၂) နှစ်မပြည့်ခင်တစ်ကြိမ်လဲပေးပါသည် ။ ခေါင်းအုန်းနှင့်မွှေ ့ ့ရာလဲသည့်အချိန်အခါရောက်တိုင်းလျှင်….. ကျမတို့မောင်နှမတွေအားလုံးပင် အလုပ်ရှုတ်၍ စိတ်ညစ်ကြရပါသည် ။ အမေကားသူ့ဘိုးဘွားပိုင် ခြံမြေအား သူများအားဌားရမ်းထားကာ ထိုခြံကြီးထဲတွင် လဲမှို ့ပင်များအများအပြားစိုက်ထားပါသည် ။ အိမ်နှင့်ကတစ်ခြံကျော်သာခြားပါသည် လဲမှို့များရင့်ကာအခွံမှာညိုခြောက်လာ၍ အက်ကွဲလုနီးပါးရောက်လာပါက လူဌားများနှင့်ခူးယူချခိုင်းကာ အမေနှင့်ကျမတို့မောင်နှမအားလုံးပင် ခူးချသည့်လဲမှို့များအား တောင်းများနှင့်ကောက်ယူထဲ့ပြီးလျှင်အိမ်သို့ပြန်သယ်ယူလာကြပါသည် ။ အမေက လဲမှို ့သီးများရကာနီးအချိန်တွင် မွှေ ့ရာများ ခေါင်းအုန်းများ အားလုံးအရံသင့်ချုပ်လုပ်ထားတတ်ပါသည် ။ မွေ ့ရာများနှင့် ခေါင်းအုန်းများအားလည်း မောင်နှမအားလုံးတို့အား သီးခြားစီပြုလုပ်ချုပ်ထားပေး၏ ၊ ထိုအချိန်ရောက်လျှင် အလုပ်လွန်စွာရှုတ်ကာ နှစ်ရက်၊သုံးရက်ထိကြာညောင်းတတ်ပါသည် ။
အမေနှင့်ကျမတို့မောင်နှမအားလုံး(အဖေမပါ) ၊ ထမင်းစားပြီးသောက်ပြီးချိန် နေ့လည်(၁)နာရီမှညနေ(၄)နာရီအထိ လုပ်ကြရပါသည် ။ ထိုအချိန်မျိုးတွင် အိမ်ရှေ ့ခမ်းမတံခါးပေါက်ကြီးများအားဖွင့်ချကာ မောင်နှမတွေတယောက်တလက် မြန်မြန်သွက်သွက်လုပ်ကြရလေသည် ။ ပထမတရက်တွင်လဲမှို့များအခွံနွွှာ၍ လဲမှို့တွေထုတ်ယူကာတောင်းထဲသို့ကြရသည် ၊ ဒုတိယရက်ကားအခွံနွှာပြီးသားလဲမှို့များ အစေ့များထုတ်ကြရသည် ။ အစေ့ထုတ်သောနေ့တွင် ပျော်လဲပျော်စိတ်လဲညစ်ကြရသည် ။ အမေကပြောပြောဆူဆူ သင်ပေးရင်းနှင့်လုပ်ခိုင်းတတ်၍ဖြစ်ပါသည် ။ လဲမှို့များထဲ့ထားသည့်တောင်းများ တစ်ယောက်တတောင်းကျစီ ၊ တာဝန်ပေးကာ တုတ်လည်းတစ်ယောက်တချောင်း ကျစီပေးထားပြီး အစေ့များ အောက်၌ထိုင်ကျသွားအောင် တုတ်အားလက်နှစ်ဖက်ပူးဆုပ်ကိုင်၍တောင်း၏အလယ်
တည့်တည့်တွင်ထိုးစိုက်၍ တုတ်ဖြင့်လှည့်ကာတောင်းတွင် အလိုက်သင့် လိုက်ကာမွှေပေးရပြီးအစေ့များ
တဖြေးဖြေးအောက်သို့ရောက်သွားပြီး ပွယောင်းကာအစေ့စင်သွားသည့်လဲမှို့များအား အပေါ်ယံသဲ့ယူပြီး တောင်းလွတ်တွင်ပြန်ထဲ့ကြရသည် ။ အစေ့များကုန်စင်အောင် သန့်ပေးရသည် ။ အမေကအစေ့များမစင်လျှင် ကြွက်များကအနံ့ခံ၍ကိုက်တတ်သည် လဲမှို့စေ့အနံ့ကိုကြွက်များကကြိုက်သည်ဟုပြောပြသေး၏ ၊ အမေကလွန်စွာခိုင်းတတ်သည်ဟုမြင်မိပါသည် ။ ပြီးလျှင် အမေကိုယ်တိုင်မွှေ ့ရာများကိုသွတ်၍ ကျမတို့ကခေါင်းအုန်းများသိုသွတ်ပေးကြရပါသည် ။ လဲမှို့များကလက်နှင့်အင်္ကျီတို့တွင်ပေကပ်၍ နေရလည်းတအားခက်၏ ၊ ထိုအချိန်တွင်တအားလည်းစိတ်ညစ်မိပါသည်။ပြီးလျှင်ကား ခေါင်းအုန်းစွတ်၏အပေါက်ဝ လက်တနှိုက်စာလေး ထဲသို့မှို့များအားဖိသိတ်ကာထဲ့ရသဖြင့်လက်ထိတ်လက်ဆစ်
များနာကျင်၍ ၊ တစ်ခါတွင်အဖေ့အား အမေကခေါင်းအုန်းများနှင့်မွှေ ့ရာများအား(၂)နှစ်ပင်မပြည့် တစ်နှစ်ကျော်တခါလဲ၍ သ္မီးတို့လက်ထိတ်တွေနာကျင်သည်ဟုပြောလျှင် အဖေကအမေ့ကိုဆူတတ်ပါသည် ။ အဖေကအိမ်ဖော်တွေကိုခိုင်းဟုပြောလျှင် အလုပ်မြန်မြန်ပြီးစေချင်၍ခိုင်းခြင်းဖြစ်သည်ဟု အမေကပြော၏ ပြီးလျှင်အမေ့စေတနာအားမသိ ၊ ကျမတို့အားလုပ်တတ်အောင်သင်ပေးထားတာဟု အမေကပြောပါသည်။ ကျမတို့ထဲ့ထားသည့်ခေါင်းအုန်းများအား လည်းအမေကိုယ်တိုင်စိတ်တိုင်းကျလက်နှင့်ဖိကြည့်ကာ တော်ပြီရပြီဆိုမှပြီးပါသည်။ ပြီးလျှင်မှို့သွတ်သည့်ခေါင်းအုန်းအပေါက်ဝနခမ်းသားနှစ်ဖက်အား ကိုင်ကာ ချုပ်စာအတိုင်းအတွင်းဘက်သို့သေသပ်စွာ ခေါက်ထဲ့ပြီး နခမ်းသားစနှစ်ခုအားပူး၍ ဖိကပ်ကာ အမေအရံသင့်ထိုးထားပေးသည့် အပ်နှင့်အပ်ချည်ကြိုးအားယူငင်၍ ဝက်သိုးထိုးလိုက်ပေးကာချုပ်ပေးရသည် ။ ပုံစံမကျလျှင်လည်း အားလုံးပြန်ဖြုတ်ခိုင်းကာ မလိမ္မာလျှင်နှစ်ခါမောမည်ဟုပြောလည်းပြောဆူလည်း
ဆူတတ်ပေသည် ။ အတည့်ထိုးပြီးချုပ်လျှင်မလှ ၊ အပ်ချည်ကပိုကုန်သည်။ နခမ်းသားအားယူတာများသွားကကြည့်ရဆိုးသည် ။ အပေါ်ယံယူငင်၍တစောင်းသွားချုပ်တာကိုမှ ဝက်သိုးထိုးချုပ်သည်ကိုခေါ်ဆိုခြင်းဖြစ်သည်ဟု
အမေကရှင်းပြ ပါသည်။
ထိုချုပ်ပြီးသွားသောခေါင်းအုန်းများ ၊ မွှေ ့ရာများအား အမေက ချုပ်ပြီးသားအစွတ်အသစ်များနှင့်လဲကာ တတ်ပေးသည် ။ အဟောင်းများကို အမေမသုံးတော့ မရှိနွမ်းပါးသူတို့အားပေးပစ်တတ်၏ ။
ကျမတို့မောင်နှမအားလုံးထိုညအိပ်ရာဝင်လျှင် အမေကအသစ်စက်စက်နှင့်အိပ်ရတာ မကောင်းဘူးလားဟုအမေကမေးလျှင် ကောင်းပါသည်ဟုမောင်နှမများပြိုင်တူဖြေမိကြပါသည် ။ အမေက…
လုပ်တုန်းကပင်ပန်းတယ်ဟုတ်………ဟုအမေကပြောပါတော့သည်။လဲမှို့များကတနှစ်ခွဲကျော်ကြာလာတော့ပိပြားသွားသည် ၊ ဒါတောင်မေကမာနေအောင်ဖိသိတ်ထားတာ…..၊ အိပ်တာများလာတော့လည်းကြာတော့ပိပြားလာတာပေါ့ ဒုက္ခခံတော့ကောင်းကောင်းလေးအိပ်ရတယ်မဟုတ်လား
ဟုလည်းအမေကပြောပါတော့သည်။ အမေပြောတာမှန်ပါသည်ဟုပြောကာ ကျမတို့မောင်နှမအားလုံး ခေါင်းအုန်းသစ်သစ် မွှေ ့ရာသစ်သစ်တို့်ဖြင့် ဇိမ်ကျစွာအိပ်ကြပါတော့သတည်း ။
အမေ့အားသတိရတမ်းတကာရေးသားထားသည့်ခံစားချက်
များသာဖြစ်ပါသည် ။ (ဝေဖန်ထင်မြင်ချက်များရေးသားပေးနိုင်ပါရန်တောင်းခံအပ်ပါသည်)

12 comments

  • ဒုက္ခခံတော့ကောင်းကောင်းလေးအိပ်ရတယ်မဟုတ်လား
    ဒုက္ခခံတော့ကောင်းကောင်းလေးအိပ်ရတယ်မဟုတ်လား
    ဒုက္ခခံတော့ကောင်းကောင်းလေးအိပ်ရတယ်မဟုတ်လား
    ဒုက္ခခံတော့ကောင်းကောင်းလေးအိပ်ရတယ်မဟုတ်လား
    ဒုက္ခခံတော့ကောင်းကောင်းလေးအိပ်ရတယ်မဟုတ်လား
    ဒုက္ခခံတော့ကောင်းကောင်းလေးအိပ်ရတယ်မဟုတ်လား
    ဒုက္ခခံတော့ကောင်းကောင်းလေးအိပ်ရတယ်မဟုတ်လား
    စကားသံများကို ဖန်ဖန်တလဲလဲ ကြားမိရင်းးးးးးးးးးးးး
    အတွေးတစ်ခု ရစေတဲ့
    ကျေးဇူးများစွာတင်ရှိပါ၏
    ခင်မင်စွာဖြင့်
    KING

  • windtalker

    January 22, 2012 at 12:01 pm

    တစ်နေ ့တာ ပင်ပန်းနွမ်းနယ်မှုများ ကို အိပ်စက်ခြင်းဖြင့် အားပြန်ယူရတာမို ့၊ ဒေါ်အေးကေ ပြောသလို ခေါင်းအုံးအသစ် မွှေ ့ယာအသစ်တို ့ဖြင့် အိပ်ကြပါစို ့

  • စိန်ပေါက်ပေါက်

    January 22, 2012 at 12:28 pm

    အရင်ကတော့ အမေ့မေတ္တာ..အမေ့လက်ရာ တော်တော်များများ လူတိုင်းနီးပါ ရခဲ့ကြပါတယ်..
    အရင်ခေတ်ဆို အနဲဆုံး ဆယ်စုနှစ် တစ်ခုပေါ့

    အခုကြတော့
    အမေ့မေတ္တာ..အမေ့လက်ရာ ခံစားဖို ့သိပ်မလွယ်တော့
    အိမ်အကူ-အိမ်မှာ အလုပ်မရှိသူတို ့ရဲ့ လက်ရာ -ရယ်ဒီမိတ်အစားအစာတွေနဲ ့
    မေတ္တာငတ်နေကြမယ်ထင်ပါရဲ့ အန်တီအေးရယ်

    ခေတ်ကြီးက
    ငယ်ငယ်ကလို အဖေ့ လုပ်အားတစ်ခုနဲ ့ အမေက ထိုင်စားလို ့မလွယ်တော့ဘူး.(အများအားဖြင့်ပြောတာပါ)
    အဲတာကြောင့် မေကောဖေကော မိုးလင်းမိုးချုပ် လှုပ်ရှားနေကြရပြီမို ့..ကိုကြီး.မကြီးတို ့..အိမ်အကူတို ့နဲ ့သာ နှစ်ပါးသွားနေကြရပြီ

  • aye.kk

    January 23, 2012 at 4:48 am

    အဂ္ဂမဟာစည်သူ,စာသားလေးတကြောင်းက………၊
    အတွေးတခုရစေပြီးရေးရကျိုးနပ်စေလို့ဝမ်းသာမိပါတယ်။
    ကိုဝင်းတော့ကာ,ဝင်ဖတ်တာ၊အားပေးတာကိုအရမ်းဝမ်းသာမိပါတယ်။
    ကိုစိန်ပေါက်ပေါက်,အန်တီသားတွေဆိုသူ့အဖေရဲ ့အဖွားနဲ့ဘဲထားခဲ့ရတာ……..၊
    နှစ်ယောက်လုံးအလုပ်ကိုယ်စီဆိုတော့လေ………။

  • Khin Latt

    January 23, 2012 at 5:14 am

    အစ်မအေး ရဲ့ အမေ အတွက် အစ်မ ဂုဏ်ယူရမှာပါ။
    သူ့ကို ကြည့်ရတာ သားသမီး နဲ့ လင်သား အတွက် ဒီလို လုပ်ပေးနေတာကို ပင်ပန်းတယ်လို့ ရှိဟန်မတူဘူးနော်။
    လဲမှို့ အသစ် နဲ့ ခေါင်းအုံး တွေ မွေ့ရာတွေ နဲ့ အိပ်ရင် ဇိမ်ကျလိုက်မဲ့ဖြစ်ခြင်း။ 🙂
    ပင်ပန်းတဲ့ အကျိုး နောက်မှာ စံစားထိုက်တဲ့ အရသာရှိကြောင်း အစ်မအမေက လက်တွေ့ပြခဲ့ပေါ့။
    နောက်ပြီး စနစ်ကျပုံက အိမ်အကူ တွေရှိတာတောင် သမီးတွေ ကိုပါ အဖိုးတန်သမီးတွေ ဖြစ်အောင် သင်ကြားပေးခဲ့တာဘဲ။
    မိခင်တိုင်း လုပ်နိုင်တာမဟုတ်ဘူး အစ်မရေ။
    ဒီခေတ်ကတော့ စိန်မျောက်မျောက် (စောဒီး – စိန်ပေါက်ပေါက်) လေး ပြောသလို အိမ်မှုတာဝန် တော်ရုံမကျေနိုင်ကြတော့။
    ဆက်ရေးပါဦး အစ်မအေးရေ။ ဖတ်လို့ကောင်းပါ၏။
    ချစ်ခင်စွာဖြင့်
    မလတ်

  • aye.kk

    January 23, 2012 at 5:50 am

    မလတ်,….ရေ
    အစ်မစာတွေကိုအားပေးတာအရမ်းဝမ်းသာမိရပါတယ်…
    ဒီနေ့ဟာအစ်မရဲ ့……….. ံ့(အဖေ)ပေါ့နော်၊ထေရဝါဒ၊မဟာယနဗုဒ္ဓဘာသာကိုးကွယ်တဲ့……. နဂါးနှစ်သစ်သို့စတင်ကာကူးပြောင်းရောက်ရှိခဲ့ပြီဖြစ်လို့……
    “နဂါးနှစ်သစ်ရက်မြတ်မင်္ဂလာနေ့”ထူးမှာ….
    မလတ်နှင့်တကွဂေဇက်ရွာအဖွဲ ့ဝင်၊အဖွဲ ့သားအားလုံးအပေါင်းတို့အား… ကိုယ်၏ကျန်းမာခြင်း၊စိတ်၏ချမ်းသာခြင်းနှင့်တကွလုပ်ငန်းဆောင်တာတို့ချောမောပြေပြစ်၍၊
    မိသားစုအားလုံးတို့တွင်အကျိုးစီးပွားလာဘ်လာလတို့
    ကောင်းကျိုးနှစ်ဖြာကျရောက်ပါစေကြောင်းနှင့်
    လိုအင်ဆန္ဒပြည့်ဝကြပါစေကြောင်း၊ဆုမွန်ကောင်းတောင်းအပ်ပါသည်…………………။

  • ကြောင်ကြီး

    January 23, 2012 at 7:57 am

    နဂါးနဂါး
    မယောင်မှားနဲ့
    ကြောင်အစားခံရမယ်…။

  • aye.kk

    January 23, 2012 at 9:11 am

    ကျမသည်အမေကိုးကွယ်ယုံကြည်သည့်၊
    ထေရဝါဒဗုဒ္ဓဘာသာဝင်နှင့်မြန်မာမှုများမြန်မာဓလေ့များကို
    ပင်လွန်စွာသဘောကျကာ မြန်မာစစ်စစ်ကိုသာဘဝတွင်ရွေးချယ်လက်တွဲကာ
    လမ်းလျှောက်ခဲ့သူတစ်ဦးသာလျှင်ဖြစ်ပါကြောင်းနှင့်ဂေဇက်အဖွဲ ့သားများအား ၊သူငါတစ်ပါး ယောက်ျားမိန်းမ ရုပ်နှံနှစ်ဖြာမခွဲစေချင်သည့် စေတနာအမှန်ဖြင့်သာဆုမွန်ကောင်းတောင်းခြင်းသာလျှင်ဖြစ်ပါသည်။
    လူသားမျိုးနွယ်အားလုံးတို့သည် ၊အကြောင်းကံဆုံရာ ဖူးစာရှိသူတို့နှင့်သာပေါင်းဖက်ကြရ၍ ကမ္ဘာ့နိုင်ငံအနှံ ့အပြားတို့၌ သက်ဆိုင်ရာနိုင်ငံသားအဖြစ်ခံယူထားကြပြီးဖြစ်ပါလျှင်၊ ကိုယ့်နိုင်ငံကိုယ့်လူမျိုးကိုသာချစ်ကြစမြဲဖြစ်သည်ကိုမည်သူမျှငြင်း၍မရနိုင်ဟုထင်မြင်မိပါသည်။
    မိမိတို့နျစ်သက်ရာအယူဝါဒတို့လည်းနှစ်သက်စွာလွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်အားလည်းနိုင်ငံသားတိုင်း ရရျိသည်ကားအမှန်ပင်ဖြစ်လေသည်။
    ကိုကြောင်ကြီးမှကျမအပေါ်တွင် သဘောထားကြီးစွာဖြစ်ထားရှိနိုင်ပါရန်တောင်းခံအပ်ပါသည် ။

    • ကြောင်ကြီး

      January 23, 2012 at 9:34 am

      ကြောင်သဘောထား
      အမောင်ပြောကြား
      ညောင်သောစကား
      မရှောင်တောသား..။

  • aye.kk

    January 23, 2012 at 9:45 am

    အမြင်သဘောထား….
    အထင်တွေလွဲမှား……
    တည့်တည့်လေးသာညှိမှပြေလည်သွား….။

  • တောတွင်းပျော်

    January 23, 2012 at 1:13 pm

    aye.kk ရဲ ့အမေဟာ
    လက်တွေ ့ကျ၊စည်းစနစ်ကြီးပြီး မိသားစုဘဝကို အလွန်အလေးထားတဲ ့သူပဲ။
    ပင်ပန်းခဲ ့ပေမယ် ့ စိတ်ချမ်းမြေ ့ဖွယ် မိသားစုလေးဖြစ်ခဲ ့မှာပါ။

  • aye.kk

    January 24, 2012 at 6:26 am

    တောတွင်းပျော်,မှန်ပါတယ်၊နောက်ပြီး…အမေကရပ်ရေး၊ရွာရေး……
    ဘာသာရေး၊သာရေးနာရေးတို့အားဘယ်အခါမျှအပျက်အကွက်မခံပါ..
    ဆေးရုံ၊ကျောင်း၊လူအိုရုံတို့အားတတ်စွမ်းသမျှလည်းလှူပါသည်၊ကျမတို့မြို့တွင်လည်း..
    အမေသည်၊သူ့၏ဂုဏ်သိက္ခာနံမည်တစ်လုံးနှင့်နေထိုင်သွားခဲ့သူဖြစ်ပါသည်။

Leave a Reply