“Easy Computer Part-2”

Wai PhyoeJanuary 22, 20121min2124

အရင်ဆုံး Part-2တင်ဖို့နောက်ကျသွားတဲ့အတွက်တောင်းပန်ပါရစေ။ဒါလေးတွေကတော့ကျွန်တော်သိသမျှလေး Shareလုပ်ပေးတာပါ။

G talk ကို အကောင့် ၃ ၄ခုတက်လို့ရပါကြောင်း။

1.အရင်ဆုံး Google Talk ကို Desktop မှာထားပါ။ ပြီးရင် Google Talk ကို ထောက်ပြီး right click လုပ်ပါ။ ပြီးရင် properties ကို နှိပ်ပါ။

ပြီးရင်  Shortcut အောက် Target ဘား ထဲက start menu ဆိုတဲ့စာလုံးကို nomutex ပြောင်း ရေးလိုက်ပါ။

ဆက်လက်ပြီး Apply နှိပ်လိုက်ပါ။

 OK ဆက်နှိပ်ပါ။ ပြီးပါပြီ။

တက်ကြည့်လိုရပါပြီ။ ကံကောင်းပါစေ။

(နံပါတ်နှစ်အချက်မှာ ကျွန်တော့်ဗပာုသုတမပာုတ်ကြောင်းဝန်ခံပါရစေ kngymn ရဲ့ရေးသားချက်ကိုအများအကျိုးရှိပါစေကြောင်း ဖော်ပြလိုက်ချင်းဖြစ်ပါသည်။စမ်း

သပ်ပြီးမှန်ကန်ကြောင်း အာမခံပါသည်။)

၂.ကျွန်တော်အခုပြောပြမဲ့အကြောင်းအရာကတော့ အင်တာနက်ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။ အရေးကြီးလားမကြီးဘူးလားတော့မသိဘူးဗျ။ကျွန်တော်တို့ Gtalk သုံးပြီး sign out တဲ့အခါ username မှာ ကျွန်တော်တို့
အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာစိုးလို့ လျှောက်ရိုက်ပြီး ထွက်တတ်ကြပါတယ်။

ကျွန်တော်တစ်နေ့ကregistery ထဲဝင်ကလိရင်းနဲ ့တွေ့သွားတာပါ။ အဲလို as ပေးပြီးပိတ်ခဲ့လဲ registery မှာ Gtalk ကိုဘယ် user
တွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်ဗျ။(အင်တာနက်ဆိုင်မှာလုပ်တဲ့သူများကောင်မလေးချောချောလေး လာသုံးလို့ gtalk သိချင်ရင်လဲကြည့်လို့ရတာပေါ့  ကောင်မလေးများဆိုရင်တော့ကောင်လေးချောချောလေးကို
မှတ်မ ှာပေါ့နော် ) ကျွန်တော်အခုဒီပိုစ်လေးရေးတာအဲလိုလုပ်ဖို့တော့မဟုတ်ပ ါဘူးဗျ။ အဲဒါကိုကာကွယ်ဖို့နည်းလေးပါ။ဒီပိုစ်လေးကိုဖတ်ပြီး ကိုယ့် Gtalk ကိုသူများတွေလာကြည့်လို့မရအောင်ကာကွယ်ဖို့သက်သက ်ပါ။
ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။ win+R နှိပ်ပါ။ box ထဲမှာ regedit ရိုက်ထည့်ပါ။ အဲဒီကနေHKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts ကိုထောက်လိုက်ပါ။
ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။ ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေး
ခဲ့ရင် ပိုကောင်းတာပေါ့  ။ အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ + လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username
တွေရှိပါသေးတယ်။ ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete နဲ့ဖျက်လိုက်ပါ။ ဒါဆိုရင်တော့လုံခြုံပြီပေ့ါ ။
မော်ဇီလာမှာ တစ်ချို့တစ်လေ က ပတ်စ်ဝပ်တွေကျန်တာတွေရှိပါတယ်။ အဓိက ဆိုက်ဖာ ကာဖေးတွေမှာ ဖြစ်တတ်ပါတယ်။ အများသုံးလေ။ ဒါကြောင့် ကိုယ့် ဝင်တဲ့ ဝက်ဆိုက်မှာ ကိုယ့်အကောင့် ကျန်တာတို့ မဖြစ်အောင်။ ဂျီမေးလ် နဲ့အခြားအရေးကြီးဆိုက်တွေ မှာ လုံခြုံမှုရှိအောင် အသုံးပြုပြီးတိုင်း၊ ဘရောက်ဇာမပိတ်ခင်မှာ ကိုယ်ဘာဝက်ဆိုက်တွေ ဖွင့်ထားခဲ့တယ် ဆိုတာ scholl bar မှာ မတွေ့ရအောင်။ အသုံးပြုပြီးတိုင်း Ctrl+Shift+Del ကို နှိပ်ပါ။
အားလုံးကို ဖျက်ဖို့ ကလစ် အကုန်ပေးပါ ဒါပြီးရင် Clear Private Data ပေးလိုက်ပါ။ နောက်လူက ဘာမှ မသိနိုင်တော့ပါဘူး ။
နောက်တစ်ချက်က မော်ဇီလာမှာ အသုံးပြုခဲ့တဲ့ ပတ်စ်ဝပ်များ ကို သေချာ အသုံးပြုပါ ပတ်စ်ဝပ်ဆေ့ဖ်မှာလား ဆို No ဘဲပေးပါ။ ဒါမှ မယုံကြည်သေးရင် မော်ဇီလာက Tools——–> Option——> Security——–>
Save password ဆိုတာရှိပါတယ်။ အဲ့ဒီမှာ ကိုယ့်ပတ်စ်ဝပ်က ကျန်မကျန်ကြည့်လို့ရပါတယ်။ မာစတာ ပတ်စ်ဝပ်ခံထားရင်တော့ ကြည့်လို့မရပါဘူး။ မာစတာ ပတ်စ်ဝပ်ရှိမှ သိနိုင်ပါတယ်။   ဒါကတော့ သေချာပြန်စစ်ဘို့လိုမယ့်အချက်လေးတွေပါ။ ဖိုရမ်တွေဝင် ရင်ပိုဆိုးပါတယ်။ ကိုယ့် အကောင့်နဲ့တခြား သူတွေက ဝင်ပြီး မဟုတ်တာတွေ စွတ်လုပ်သွားရင် ကိုယ်ဘဲ နာမည်ပျက်မှာပါ။ ကိုယ့်ရဲ့ပေါ့လျော့မှုကြောင့် မဖြစ်ရအောင် ကျွန်တော်ပြောတာလေးကို သေချာလုပ်ပေးကြဘို့ ပြောလိုပါတယ်။

4 comments

  • Wai Phyoe

    January 22, 2012 at 10:25 am

    သူကြီးကိုတစ်ခုမေးပါရစေ point ဘယ်လောက်ရမှ Newbie မပာုတ်တော့မှလည်းမသိဘူး rank ဘယ်နှစ်ဆင့်ရှိလဲသိပါရစေ?

  • စိန်ပေါက်ပေါက်

    January 22, 2012 at 11:17 am

    Desktop မှာရှိတဲ့ Shortcut ion ကို Mouse Cursor နဲ ့ ထောက်ကြည့်လိုက်ပါ
    Connect With Your Friend! ဆိုပြီး ပေါ်ပါလိမ့်မယ်
    Connect With Your Friend! အစား တခြားစာလုံးပေါ်ချင်ပါက
    Righit Click>Properties>Comment: ဆိုတဲ့ အကွက်ထဲက Connect With Your Friend! ဆိုတာကိုဖျက်ပြီး ကိုပေးချင်တာပေးလိုက်ပါ
    ဥပမာ-Q.Q ပေါ့ 😆
    Ok ပေးပြီး ခုဏက ဂျီတော့ကို မောက်စ်နဲ ့ ပြန်ထောက်ကြည့်ရင် Q.Q ဆိုပြီး ပေါ်ပါလိမ့်မယ်

    တခြား Desktop က Shortcut Icon များကိုလဲ အပေါ်ကလိုပဲ ထားချင်တဲ့ Comment: ပြောင်းထားနိုင်ပါကြောင်း

    နောက်ထပ် ရှာဖွေတွေ ့ရှိချက်လေးတွေလဲ လုပ်ပါဦး..
    အားပေးလျက်

  • Wai Phyoe

    January 22, 2012 at 11:37 am

    ပာုတ်ကဲ့ပါကျေးဇူးပါကိုစိန်ပေါက်ပေါက် မှတ်သားသွားပါတယ်

Leave a Reply