သံတွဲမြို ့NLD ရုံးဖွင့်ပွဲ

ဒီနေ ့ဇန်နဝါရီလ(၂၂)ရက်နေ ့မှာ သံတွဲမြို ့NLD ရုံးခန်းကို ဖွင့်ပွဲကျင်းပနိုင်ခဲ့ပါတယ်။အမာခံနိုင်ငံရေးစိတ်ပါဝင်စားသူများ အပြင် တခြားပါတီဝင်များလဲ

တက်ရောက်လာပါတယ်။ကြံ့ခိုင်ရေးပါတီက တော့လာရောက်ခြင်းမရှိပါဘူး။မနက် ၈ နာရီက နေစတင်ခဲ့ပြီး ၉ နာရီမှာ ဖဲကြိုးဖြတ်ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊ဖွင့်ပွဲမစတင်မှီ ပါတီရဲ ့ဖြတ်သန်းမှု အတွေ ့အကြုံများ၊လူငယ်များအတွက်မျှော်မှန်းချက်၊သံတွဲဒေသခံများ ပါဝင်မှု အားယခုထက်ပိုမိုလာဖို ့တိုက်တွန်းစကား အသီးသီး ပြော ကြားသွားပါတယ်။ပါတီဖွင့်ပွဲ

အမှတ်တရ ဓါတ်ပုံများကို တင်ပေးလိုက်ပါတယ်။

 

ပါတီဆိုင်းဘုတ်

 

 

 

 

 

 

 

 

 

 

ပါတီဆိုင်းဘုတ်ဘေးက ကဗျာလေး

 

 

 

 

 

 

 

 

 

 

 

 

ပါတီ ရဲ့ ခံယူချက်တွေကို ရှင်းပြနေတာ

 

 

 

 

 

 

 

 

 

 

 

 

အပိတ်မိန် ့ခွန်းပြောနေတာ

 

 

 

 

 

 

 

 

 

 

 

 

 

 

ဖဲကြိုးကိုင် ကလေးမလေးတွေ

 

 

 

 

 

 

 

 

 

 

 

 

ဖဲကြိုးဖြတ်မယ်

 

 

 

 

 

 

 

 

 

 

အကျွေးအမွေးက ကောက်ညှင်းပေါင်းနဲ ့လက်ဘက်ရည်

 

 

 

 

 

 

 

 

 

လူငယ်တွေ ဝတ်ထားတာ

14 comments

  • စိန်ပေါက်ပေါက်

    January 22, 2012 at 12:44 pm

    ခုလို
    အေးအေးဆေးဆေး အနှောင့်အယှက်ကင်းကင်း(အရင်ထက်ကင်းတယ်ဟုတ်) ဖွင့်ခွင့်ရတာပဲ
    ကိုကိုသိန်းစိန်တို ့ထိပ်ပြောင်အဖွဲ ့ကို သများက ဂျားထဲက ကျေးဇူးတင်လှပါတယ်ချင့်

    စကားမစပ်
    နိုင်ငံအတွက် လှုပ်ရှားနေကြတဲ့ပါတီဝင်တို ့ရေ
    ကြတ်ဖွတ်တို ့ ကလိန်ကကျစ် လုပ်တိုင်း နင်တို ့လိုက်လုပ်မယ်..မစဉ်းစားနဲ ့
    ကြတ်ဖွတ်နဲ ့ ပြိုင်မမိုက်ကြနဲ ့
    လူကြီးလူကောင်းပီပီ လှုပ်ရှားကြကွဲ ့
    ညှင်း.ညှင်း.ညှင်း

  • phoekhwarchay

    January 22, 2012 at 3:16 pm

    ကျတ်ဖွတ်နဲ ့ပြိုင်မိုက်နေတာ ဘယ်ကောင်ဒွေတုန်း။
    ကျတ်ဖွတ်တွေ မလာတာ၊လာတာ ဘာဆိုင်သတုန်း၊ဒီကောင်တွေ မလာတော့
    ဖွင့်ပွဲ သန် ့တာအမှန်မလား။ကျနော်တို ့ကမ်းခြေက မသိလိုက်ဘူးဗျ။လာချင်နွှဲချင်နေတာ
    ဗျာ လက်လွတ်သွားတယ်။စည်ကားနေတယ်မဟုတ်လား။

  • Zippo

    January 22, 2012 at 6:00 pm

    ကောင်းပါ၏ ။ သို့သော် ပါတီကို ဖျက်မဲ့ အာဏာရူး တွေ မပါလာအောင် ဂရုစိုက်ဖို့ လိုသဗျ ။
    သိတဲ့အတိုင်းပဲပေါ့လေ ။ မျက်နှာရူး အာဏာရူး တွေကို သတိထားကြစေလိုပါကြောင်း ။

  • ဟုတ်ပါတယ်။သံတွဲမြို ့ပေါ်မှာ ကမျက်နှာရူးဓာတ်ပေါက်တွေကများပါသနဲ ့ဗျာ။မပူပင်ပါနဲ ့ဗျာ
    ပါတီအပေါ်မှာ သစ္စာစောင့်သိတဲ့၊တိုင်းပြည်နဲ ့လူမျိုးအတွက် တကယ်အလုပ်လုပ်မယ့် သူများ
    ကိုသာရွေးမယ်လို ့ကြားရပါတယ်။စိတ်မကောင်းစရာတစ်ခုကတော့ ဒီနေ ့ရုံးပြန်ဖွင့်ပွဲမှာ
    ဗုဒ္ဓဘာသာဝင် တွေလာရောက်ကြတာ အင်မတန်နည်းနေတယ်ဗျာ။သံတွဲမှာက ဒီကိစ္စကို
    တော်တော်လေးဖြေရှင်းရလိမ့်ဦးမယ်ဗျာ။တော်တော်အမြင်ကျဉ်းမြောင်းကြသေးပါလား။

    • Foreign Resident

      January 23, 2012 at 6:31 am

      ” စိတ်မကောင်းစရာတစ်ခုကတော့ ဒီနေ ့ရုံးပြန်ဖွင့်ပွဲမှာ
      ဗုဒ္ဓဘာသာဝင် တွေလာရောက်ကြတာ အင်မတန်နည်းနေတယ်ဗျာ “

      • ကိုFRကြီးရေ……
        ဒီနေရာမှာ ဒီအကြောင်းအရာကိုနားလည်အောင်ရှင်းပြရရင်
        မလွယ်သေးဘူးထင်ပါတယ်။သံတွဲရုံးရဲ ့အခြေစိုက်အိမ်ဟာ ဒေသခံ
        မွတ်စလင်မ်တစ်ဦးရဲ ့အိမ်၊နောက်ပြီတော့ ပါတီရဲ ့အမာခံ၊နှစ်ပေါင်း(၂၀)
        ကျော်ဒုက္ခခံလာခဲ့သူတွေဖြစ်တဲ့ ဦးထွန်းကြိုင်တို ့၊ဦးတင်မောင်တို ့ဟာ
        အစ္စလာမ်တွေဖြစ်တယ်။ဒါကြောင့် သံတွဲမြို ့မှာNLD ကို ကုလားပါတီဆိုပြိီး
        မနာလိုကြဘူးဗျာ။နောက်ပြီး ဗုဒ္ဓဘာသာဝင်တွေကလဲ အနစ်နာခံလုပ်မယ့်
        သူတစ်ယောက်မှမပေါ်သေးဘူး။ဒါတွေပြောရင် နည်းနည်းတော့ ကသိကအောင့်
        ဖြစ်သွားမယ်ထင်လို ့မပြောချင်တာပါ။

  • အာရက္ခ မြေသား

    January 22, 2012 at 10:18 pm

    ဝမ်းမြောက်ပါတယ် ကိုယ့်ညီကိုတို ့ရေ။
    ရေရှည်မှာ အောင်မြင်ပါစေ၊

  • Gipsy

    January 22, 2012 at 10:55 pm

    ကျုပ်တို့တွေရဲ့ လက်ရှိဘဝ အခြေအနေ ထက် ထူးခြားကောင်းမွန်လာမယ်ဆိုရင်
    ဖြစ်လာသမျှ အားလုံးကို လက်ကမ်းကြိုဆိုလျှက်ပါ….။
    (လက်ရှိဘဝ ဆိုသည်မှာ သာပေါင်းညာစားများ ၊ သာကူးများ ၊ အထက်ဖါးအောက်ဖိများ
    စတဲ့ အကျင့်ပျက် လူယုတ်မာ တို့ရဲ့ ကလိမ်ကကျစ်အုပ်ချုပ်မှုအောက်သို့ရောက်ရှိနေခြင်း
    ကို ဆိုလိုပါသည်)

  • လက်ရှိမှာ အကိုတို ့၊ကျွန်တော်တို ့မြို ့မှာ တကယ်ကို သာကူးတွေပေါတယ်ပြောရမယ်ဗျ။လူဆိုတဲ့အမျိုးကလဲ
    အခွင့်အရေးလေးတော့ မက်မောကြတယ်ပေါ့။ဒါပေမယ့် သံတွဲမြို့သူားတွေကပိုဆိုးနေသလားလို ့ပါ။ခုဘဲကြည့်
    ပါအုံးနော်။

  • kyawkyaw11

    January 23, 2012 at 9:22 pm

    နိုင်ငံရေးကိစ္စမှာ ဘာသာရေးတွေကို မရောထွေးစေချင်ပါဘူး
    ဘယ်သူဘဲလုပ်လုပ် အဓိက က ပန်းတိုင်ကိုရောက်ဖို့ပါ
    စေတနာ မှန်မှန်နဲ့ လုပ်ကြဖို့ပဲလိုပါတယ်
    ဂျိတ္တောသားငထွား

  • Ka Yin Lay

    January 23, 2012 at 9:51 pm

    ဟုတ်ပါတယ် ၊ ရောရောထွေးထွေးမလုပ်သင့်ပါ ၊ ပို၍ ရှုပ်ကုန်သွားနိုင်တယ် ၊
    ဘယ်သူတွေပဲလုပ်လုပ် အကောင်းဖက် ဦးတည်ပေး နိုင်ကြပါစေ ။

  • ကျေးဇူးတင်ပါတယ်ဗျာ။ဘာသာရေးကိစ္စတွေ မရောထွေးပါဘူး။ကျနော်ကိုယ်တိုင်ရဲ ့အမြင်ဘဲဖြစ်ပါတယ်။
    ကျနော်ဟာ NLD ပါတီဝင်မဟုတ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ ့၈၈ မျိုးဆက်ကျောင်းသားတွေအပေါ်
    ယုံကြည်လေးစားသူဖြစ်ပါတယ်။ပြောလိုတာက အပြင်ကလူတစ်ယောက်ရဲ ့အမြင်ကိုမြင်ပေးစေလိုတာပါ။
    တစ်ခုဆိုရင် ကုလားပါတီဆိုပြီးလက်ညှိးထိုးတတ်တဲ ့သံတွဲသားတွေ ခေတ်သစ်မှာ အမြင်သစ်လေးထားစေ
    ချင်လို ့ပါဗျား။

  • tatpu tatpu

    February 19, 2012 at 12:47 pm

    NLD ကိုထောက်ခံပေမယ့် ကုလားတော့ လက်မခံနိုင်ဘူး

  • ဟေ့လူ ကုလားဆိုပြီးမဲ မနေပါနဲ ့။ကုလားလဲလူ၊ဗမာလဲလူပါဘဲ။အမြင်ရှင်းစမ်းပါဗျ။
    သံတွဲမြို ့ပေါ်ကNLD ရုံးကို ၁၉၈၉ ကနေဒီနေ ့ထိမပျောက်မပျက်မြင်နေရတာ ဗုဒ္ဓ
    ဘာသာဝင်တွေကြောင့်မဟုတ်ဘူး၊မွတ်စ်လင်မ်တွေကြောင့်ပါဘဲ။ဗုဒ္ဓဘာသာဝင်အချို ့
    လောက်ဘဲ အမာခံသစ္စာရှိကြတာ။ကျနော်တို ့ရှက်တတ်ရင် လဲသေဖို ့ဘဲကောင်းတယ်။

Leave a Reply