DVD/CD Drive ပျောက်ခဲ့လျှင်

maydayJanuary 22, 20121min882

ကျွန်တော် လွန်ခဲ့တဲ တစ်ပတ်လောက်က ကွန်ပျူတာ တစ်လုံးဆင်ဖြစ်ပါတယ်ဗျ ။ ကျွန်တော့ မိတ်ဆွေတစ်ယောက်ကို ဆင်ပေးတာပါ ။
System Specification:
CPU Intel Core i3 3.3 Ghz
Motherboard ASUS P8H 61 MLX Plus
HDD Seagate 500G SATA
Memory Kingston 4 G DDR3 ( 2x )
DVD Writer ASUS DVD Writer SATA
Graphic ASUS 210 SILENT DDR3 1G
အဲကွန်ပျူတာကို Windows 7 တင်ပေးထားပါတယ် ။ Windows 7 တင်တဲ့နေ့ တစ်နေ့လုံး သုံးနေတာ အိုကေပါပဲဗျ Rerstart ချလိုက်၊ Software တွေတင်လိုက်၊ Game တွေတင်လိုက်နဲ့ ။ နောက်နေ့မှာ ပြန်သုံးတော့ သုံးနေရင် Blue Screen တက်လာပါတယ် ။ အဲဒါ နဲ့ ကျွန်တော် ကွန်ပျုတာကို Restart ချလိုက်ပါတယ် ။ Windows 7 ပြန်တက်လာတဲ့ အချိန်ကျတော့ Action Center ကနေ Message တစ်ခုပြပါတယ် ။ Desktop Can’t Install Driver not Successfully ဆိုတဲ့ Message ပါ။ အဲဒီ အချိန်မှာလဲ My Computer ထဲမှာသွားကြည့်ရင် DVD Driver ကပျောက်သွားပါတယ် ။ Device Manager မှာသွားကြည့်တော့ လဲ DVD/CD-Rom Driver ကို Driver မသိသေးဘူးဆိုပီး Warnings ပြနေပါတယ်ဗျ ။ အဲဒါနဲ့ Uninstall လုပ်ပီး Scan ပြန်လုပ်ကြည့်တော့လဲ မရဘူးဖြစ်နေတယ်ဗျ ။ ၂ ခါ ၊ ၃ ခါ လောက် လုပ်ကြည့်ပါတယ်။ဒါပေ့မယ့် မရပါဘူးဗျ။(ပုံမှန်ကအဲလိုလုပ်လိုက်ရင်ရပါတယ်ဗျ)။ C:\WINDOWS\system32\drivers အောက်မှာလဲ DVD Drive တွေအတွက် အလုပ်လုပ်ပေးတဲ့ Cdrom.sys နှင့် PxHelp20.sys ဖိုင် ၂ ဖိုင်ကလဲ ရှိနေတယ်ဗျ ။ Windows တွေမှာ C:\WINDOWS\system32\drivers အောက်မှာ ဒီ ၂ ဖိုင် ရှိနေရင် DVD Driver အတွက် Driver က အိုကေသွားပါပီဗျ ။ အခုဟာက ဒီ ၂ ဖိုင် ရှိနေတာတောင်မရပဲဖြစ်နေတာဗျ။ တစ်ခြား Windows 7 က အဲ ၂ ဖိုင်ကို Copy လုပ်ပီး ထည့်လဲ မရပါဘူးဗျ ။ နောက်ဆုံး ဘယ်လိုမှ လုပ်မရတာ့ တဲ့အဆုံး ( ဒီ Error နဲ့ပတ်သက်ပီး လုပ်တတ်တဲ့ ပညာကလဲ ဒါအကုန်ပါပဲ) Windows 7 ကို ပြန်တင်လိုက်ပါတယ်ဗျ ။ တင်ပီး သုံးနေရင်း DVD Drive က ပြန်ပျောက်သွားပါတယ်ဗျ(နောက်ရက်တောင် မကူးတော့ပါဘူး)။ အပေါ်ကနည်းတွေအတို်င်း ပြန်ဖြေရှင်းကြည့်ပါတယ်။မရပါဘူးဗျ။ မရတာတွေလဲများနေပီ။ မကျေနပ်ဘူး နောက်ထပ် Widnows 7 ၃ ချလောက် ပြန်တင်ပစ်လိုက်တယ် ။ မရပါဘူး ခမျာ ။ အရင်အတိုင်းပါပဲ ။
( စကားချပ်။ ။ Windows XP မှဆို အိုကေပါတယ်ဗျ ။ ) ASUS Motherboard နှင့် ASUS DVD Driver နှင့် ဆင်ထားတာဆိုတော့ Hardware ကဖြစ်တာလားဆို ပီး ဆိုင် ကို မေးကြည့်ပါတယ် ။ သူတို့ ကလဲ ဆို်င်ကိုယူလာဖို နှင့် Rrgistry ထဲဝင်ပြင်လိုရတယ်လို့တော့ပြောပါတယ်။ ASUA Brand တွေက Corei Serires Model တွေမှာ အဲလို Error ဖြစ်လားလို မေးကြည့်တော့လဲ မဖြစ်ဘူးလို့တော့ ပြောတယ်ဗျ ။ ဒါပေ့မယ် ကျွန်တော့ သူငယ်ချင်းတွေ မေးကြည့်တော့ အဲလို့ဖြစ်နေကြတယ်လို့ပြောတယ်ဗျ ။ ဘယ်လို့ဖြေရှင်းလိုက်လဲဆိုတော့ Windows XP ပြန် တင်ပေးလိုက်တယ်လို့ပြောတယ်ဗျ။ (ဟုပ်သား အဲလိုလဲရတာပဲ) ။ အဲဒါနဲ့ ကျွန်တော် ဒီ Error ဖြေရှင်းနည်းကို Internet မှာ ဝင်ရှာကြည့်ဖြစ်ပါတယ် ။ Windows 7 ကြောင့်လားဆိုပီး Microsoft ဆိုက်မှာလဲ ဝင်ကြည့်ကြည့်ပါတယ် ။ ( နိုင်ငံခြားကလူတွေလဲ အနော့လို Error ဖြစ်ကြတာပဲဗျ  ) ။ ရှာရင်း ရှားရင်း နဲ့ ဖြေရှင်တဲ့နည်းတွေ အများကြီးတွေရပါတယ်ဗျ။ အဲထဲကမှ အရှင်းဆုံး၊အလွယ်ဆုံး၊အမြန်ဆုံးဖြစ်မယ့် နည်းလေး ကိုတင်းပေးလိုက်ပါတယ်ဗျ။ Registry ထဲကနေဖြေရှင်းရမဲ့နည်းလေးပါ ။ အရမ်းလဲ လွယ်ပါတယ်ဗျ ။
ဖြေရှင်းနည်း
Start -> Run မှာ regedit လိုရိုက်ပီး Enter ခေါက်လိုပ်ပါ ။ Registry Editor windows ကျလာပါမည် ။
Regedit ထဲမှာ အောက်က Directory အတို်င်းသွားလိုက်ပါ.
HKEY_LOCAL_MACHINE —> SYSTEM —> CurrentControlSet —> Control —> Class —> {4D36E965-E325-11CE-BFC1-08002BE10318} ကိုသွားပါ ။
ဟိုဘက်အခြမ်းက Eidt String မှာ
(Default) REG_SZ DVD/CD-ROM drives
Class REG_SZ CDROM
ဒီ String ၂ ခုကိုချန်ထားပီး ကျန်တဲ String အားလုံးကို Delete လုပ်လိုက်ပါ ။
ပီးရင် Compter ကို Restart လုပ်လိုက်ပါ ။ Windows 7 ပြန်တက်လာ ရင် My Computer ထဲမှာ DVD Drive ပြန်ပေါ်လာပါလိမ့်မယ်ဗျ ။ နောက်ကိုလဲ DVD Drive လုံးဝ ပြန်ပျောက်တော့မှာ မဟုပ်ပါဘူးဗျ ။(Microfost ဆိုက်ကပြောတာပါ ဟီ…)။

2 comments

  • စိန်ပေါက်ပေါက်

    January 22, 2012 at 12:02 pm

    မှတ်သားသွားပါတယ်ဗျိုး
    တစ်ခုရှိတာက….
    Registry ထဲဝင်ပြင်ရမှာမို ့ အန္တရာယ်တော့ များတယ်
    Reg Backup လုပ်ပြီးပြင်ကြပါနော့

    စကားမစပ်
    Device manger ထဲဝင်ကြည့်တော့ ဘယ်လိုပေါ်သလဲခင်ည
    ROM မှာ Disable or Unable တစ်ခုခု မပြဘူးလား..
    ဝင်ကြည့်ခဲ့မိသေးလားဗျ

    တိုင်းကျူးဘဲထီးမတ်ချ်

  • naywoonni

    January 22, 2012 at 1:16 pm

    DVD/CD Drive ပျောက်ခဲ့လျှင် ဆိုင်မှာပြန်ဝယ်လိုက်တာအလွယ်ဆုံးလို့ထင်ပါတယ်နော်…။ 😛

Leave a Reply