မမ ရန်ကုန်သူ

black chawJanuary 22, 20124min30647

ရွာထဲမရောက်ဖြစ်တာနှစ်ရက်လောက်ရှိသွားခဲ့ပါတယ်။ မိတ်ဆွေတွေရဲ့ ပို့စ်တွေမှာလည်း ကွန်းမန့်တွေ ပျက်ကွက်နေရတဲ့ အတွက် တောင်းပန်ပါတယ်ဗျာ။
ရန်ကုန်သူရန်ကုန်သား မန်းဂဇက်ရဲ့ အင်အားစုများထဲမှ ထင်ရှားတဲ့ MaMa ရဲ့ ပို့စ်လေးများကို ပြန်ရှာဖွေဖေါ်ထုတ်ပေးထားတာပါ။
စာရေးသူတစ်ယောက်နဲ့ ရွာသူရွာသားတွေနဲ့ ချစ်ကြည်ရင်းနှီးမှု အတွက် ဒီလို တူးဆွ တင်ဆက်ပေးနေခြင်းဖြစ်ပါတယ်။
လိုရင်းမရောက်ခဲ့ရင် ကျွန်ုပ် ဘလက်ချော ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်တဲ့ အကြောင်း ကြိုတင် တောင်းပန်ပါတယ်ဗျာ။

မခမမ (သို့) Differently Able
https://myanmargazette.net/60347/arts-humanities
ဆိုတဲ့ ကောင်းမှုလုပ်တဲ့ ပို့စ်လေးနဲ့ စလိုက်ရအောင်ပါ။
မခမမ ဆိုတာကတော့ မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်မိတ်သဟာယ အသင်း ကို အတိုကောက်ခေါ်ထားတာပါ။ မျက်မမြင်တွေအကြောင်း တော်တော် အသေးစိတ်ရေးပြထားပါတယ်။ မျက်မမြင်တွေကို ဂုဏ်ပြုချင်လို့ ရေးတဲ့ ပို့စ်လေးပါ။

အသင်းရဲ့ပန်းတိုင်ဖြစ်တဲ့ “မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှာ ဤသာသနာလုပ်ငန်းကို တည်ထောင်ဆောင်ရွက်ပါသည်” ဆိုတဲ့အတိုင်း (Differently Ables) ခြားနားတဲ့သဘာဝနဲ့ စွမ်းနိုင်သူများ ဖြစ်ကြပါတယ်။ မျက်စိမမြင်ပေမယ့် လောကဓံကို အရှုံးမပေးပဲ ပန်းတိုင်ကို အရောက်လှမ်းနိုင်သူများကို ဒီစာနဲ့ ဂုဏ်ပြုလိုက်ပါတယ်။

ကွန်းမန့်လေးများထဲက ကိုအောင်ပု ရဲ့ ကွန်းမန့်လေးက ထူးခြားတာကြောင့် ဖေါ်ပြပေးလိုက်ပါတယ်။

မိုက်ကယ်ဂျော်နီအောင်ပု says:
ပို့စ်ရဲ့ ရည်ညွှန်းကိုလွှဲလိုက်တာတော့ဟုတ်ပါဘူးနော
တစ်ခါတုန်းက သတင်းတစ်ပုဒ်မှာ ဖတ်ဘူးတယ်
ဇဝေဇဝါလည်းဖြစ်နေတယ် ဘယ်မှာလည်းတော့သိဘူး
ဒါပေမယ့် ကျုပ်ကတော့ တော်တော်ကိုစိတ်ဝင်စားတယ်
တစ်ချို့ရုပ်ရှင်တွေမှာပေါ့ မျက်မမြင်တွေဟာ ဘာဆိုဘာမှ မသိဘူး မမြင်ဖူးဘူး ပါဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့
အချို့ ဒါရိုက်တာတွေက ကိုယ်လိုသလို ဇာတ်ဝင်ခန်းတွေမှာ
မျက်မမြင်တွေရဲ့ စရိုက်တွေကို ပုံဖော် ရုပ်ရှင်ရိုက်ကြတယ်လို့ဆိုသတဲ့
အဲ့သည်မှာ မျက်မမြင်တွေရဲ့ တာဝန်ရှိသူတစ်ယောက်က
ဒီလိုမျက်မမြင်တွေရဲ့ သဘာဝတွေကို ဂဃကျကျ မသိဘဲနဲ့ စိတ်ကူးပြီး
ရုပ်ရှင်ရိုက်တယ်ဆိုတာ မျက်မမြင်တွေကို နှိမ်ချတာဘဲလို့ ဆိုတယ်ဗျ
ဥပမာ တစ်ချို့ မွေးရာပါ မျက်မမြင်တွေဟာ
ပြင်ပလောကရဲ့ သဘာဝတွေကို ခွေး၊ ကြောင်၊ ကြက်၊ ငှက် စတာတွေကို
လုံးဝမမြင်ဖူးဘူးလို့ ရုပ်ရှင်တွေမှာ ထည့်သွင်းရိုက်ကြတာတွေဟာ မှားကြောင်းနဲ့
အဲ့သည် မျက်မမြင်တွေမှာလည်း အိပ်မက်ဆိုတဲ့ အကြောင်းတွေကြောင့်
ပြင်ပ ပတ်ဝန်းကျင်ကို အိပ်မက်ထည်းမှာ ထိတွေ့ခံစားဘူးကြောင်းတွေကို
ပြောပြထားလေရဲ့
ဘာဘဲဖြစ်ဖြစ်ပါ
ဒီလို အားငယ်သူကို အားပေးတဲ့လုပ်ရပ်ကို ကျုပ်ကတော့
ချီးကျူး ဂုဏ်ယူ လေးစား အားကျမိပါကြောင်း။


ချွေတာရေးနဲ့ ငွေရှာရေး

https://myanmargazette.net/59288/creative-writing
ကွန်းမန့် ၄၃ ခုနဲ့ စိတ်ဝင်တစား ဝိုင်းဆွေးနွေး ခဲ့ကြရတဲ့ ပို့စ်လေးကတော့ ချွေတာရေးနဲ့ ငွေရှာရေး ဆိုတဲ့
ပို့စ်လေးဖြစ်ပါတယ်။ မမ က ပိုလျှံနေတာတွေနဲ့ reduce လုပ်တဲ့နည်းလေးတွေပေးထားတာပါ။
ချွေတာရေးနဲ့ ငွေရှာရေးအတွက် ကိုယ်တိုင်ကျင့်သုံးနေတဲ့ reduce, reuse, recycle နည်းလေးတွေကို ပြောပြချင်ပါတယ်။

ချွေတာရေးဆိုတာနဲ့ စားနေသုံးနေတာတွေကို လျှော့ချရမယ်လို့ ထင်တတ်ကြပါတယ်။ ထင်သလောက် လျှော့စရာမလိုပဲ မလိုတာတွေ၊ ပိုလျှံနေတာတွေကို
reduce လုပ်နိုင်ကြောင်း သိစေချင်ပါတယ်။

ကွန်းမန့်တွေက အားလုံးရှယ်တွေချည့်ပဲမို့ ရွေးထုတ်မပြတော့ပါဘူး။ ကိုယ်တိုင်ဖတ်ကြည့်ကြရမယ့် ပို့စ်ကောင်းလေးပါ။

အောင်မြင်ဖို့တွေး ဘဝအရေး

Education


ဆိုတဲ့ ပို့စ်လေးကတော့ နည်းနည်း ထူးခြားပါတယ်။ ၁ဝ တန်းစာမေးပွဲဟာ လူတစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးတဲ့အကြောင်းနဲ့
စာမေးပွဲကျသူတွေကိုလည်း အကြံပေးထားတာလေးပါ။

များသောအားဖြင့် စာမေးပွဲအောင်တဲ့ အမှတ်စာရင်းတွေသာ ထုတ်ယူတတ်ကြပြီး နောက်တက်ရမယ့် တက္ကသိုလ်တွေကို ရွေးဖို့၊
လျှောက်ဖို့ လုပ်ကြပါတယ်။ စာမေးပွဲကျတဲ့သူကတော့ အမှတ်စာရင်း ထုတ်လေ့ထုတ်ထ မရှိကြပါဘူး။
ဒီနေရာမှာ အကြံပေးချင်တာက စာမေးပွဲကျတဲ့သူတွေလည်း အမှတ်စာရင်းထုတ်သင့်ပါတယ်။ ဒါမှသာ ဘယ်ဘာသာမှာ အားနည်းတယ်၊
အမှတ်ဘယ်လောက်ရတယ် ဆိုတာကို သိရပြီး၊ ဘယ်လို ပြန်ကြိုးစားရမလဲ ဆိုတာကို စနစ်တကျ လုပ်ဆောင်နိုင်မှာပါ။
(အကယ်၍ အမှတ်စာရင်းမှာ အမှားအယွင်း ဖြစ်နေလျှင်လည်း သိနိုင်တာပေ့ါ။ ကိုယ့်ဖက်က ဖြေနိုင်လျှက်သားနဲ့ ကျတဲ့ဘာသာဆိုရင်တော့ အဖြေလွှာကိုပါ ပြန်တောင်းကြည့်သင့်ပါတယ်။)
အဲဒီလို သေသေချာချာ စနစ်တကျနဲ့ ကိုယ်အားနည်းတဲ့ ဘာသာကို ဖိပြီး ပြန်ကြိုးစားရင် အခုလာမယ့်နှစ်မှာ အောင်မြင်ဖို့ အလားအလာကောင်းတွေ၊
အောင်မြင်ဖို့ အခွင့်အရေးတွေ၊ အောင်မြင်မှုတွေကို ရရှိမှာဖြစ်ပါတယ်။

ကွန်းမန့်လေးတွေထဲက မပဒုမ္မာရဲ့ ကွန်းမန့်လေးက ၁ဝ တန်းစာမေးပွဲ အမှတ်စာရင်း ထုတ်ပြန်တဲ့နေရာမှာ အမှားအယွင်း ရှိနိုင်တယ်ဆိုတာကို ဖတ်ကြရမှာပါ။

padonmar says:
အမှတ်စာရင်းဆိုလို့ ဆယ်တန်းတုံးက Bio အရမ်းဖြေနိုင်ပါတယ်။အလွန်ဆုံးမှားရင် စာလုံးပေါင်းလေး မှားမိတဲ့၄-၅မှတ်လောက်ဘဲမို့
ဒီကတော ့သေချာတယ်။၉ဝ အပေါ်ရမယ် ထင်ထားတာ ဒီရတဲ့ထဲမှာBioမပါလာပါဘူး၊အမှတ်သိရတော့ ၆၈ဘဲရတယ်။
ကိုယ့်ကိုကိုယ်လည်းအံ့ဩတယ်။BIOဆရာကလည်း နောင်နှစ်များစွာကြာတဲ့အထိတွေ့တိုင်း နင်ဘာလို့ ဒီမပါလဲ ငါစဉ်းစားမရဘူးလို့
အမြဲပြောပါတယ်။
၂၀၀ဝ ခုနှစ်လောက်မှာ ဆယ်တန်းအဖြေလွှာတွေတောင်းကြည့်လို့ ရတဲ့နှစ်မှာ အသိတစ်ယောက်ရဲ့ကလေးက
အမှတ် ၈၄ကို မှားပြီး ၄၈ ရေးထားတာတွေ့လို့ ပြန်ပြောလို့ အမှတ်မှန်ပြန်ရပြီး ဆေးကျောင်းဝင်သွားပါတယ်။
အဲဒီ သတင်းကြားတော့ ငါတုံးကလည်းဒီလိုများ ဖြစ်ခဲ့သလားလို့ တွေးမိတိုင်း စိတ်မကောင်းဖြစ်မိပါတယ်။
အခု တရားတော်တွေ သင်ယူရလာတော့ ဒီလိုဖြစ်ခဲ့မိရင်လည်း ကိုယ့်ရဲ့ အကုသိုလ် အကျိုးပေးတာဘဲလို့ စိတ်ကိုဖြေနိုင်လာပါတယ်။

အမှတ်စာရင်း ရေးတဲ့လူတွေ ၈၄ နဲ့ ၄၈ မှားတဲ့အမှားမျိုးက ခွင့်လွှတ်သင့်တဲ့ အမှားမျိုးမဟုတ်ပါဘူး။ ကိုယ်တိုင်သာ ဖတ်ကြည့်ကြပါဗျာ။

အမှန်သမား အမှားတစ်ရာ
https://myanmargazette.net/59100/creative-writing
ဆိုတဲ့ ပို့စ်လေးကတော့ ဘတ်စ်ကားစီးတဲ့ ဇာတ်လမ်းလေးပါ။ ၅ဝ တန်လမ်းခရီးကို ၁၀ဝ တန်ပေးထားပေမယ့် စပယ်ယာက
ပြန်မအမ်းလို့ ၅ဝ ရအောင် ပြန်ယူခဲ့တဲ့ ဇာတ်လမ်းလေးပါ။ စပယ်ယာကလည်း ခပ်ရင့်ရင့်ပါ။ အမ်းရမယ့် ၅ဝ ကို မအမ်းပဲ
၁၀ဝ တန်တစ်ရွက် ပြန်ထုတ်ပေးပြီး အလကားပဲ စီးသွားပါ လုပ်ပါသေးတယ်တဲ့။ မမကလည်း ဒါမျိုးဘယ်ရလိမ့်မလဲ ခင်ဗျာ။
ကိုယ်ရပိုင်ခွင့်ရှိတဲ့ ၅ဝ ကို ရအောင်ယူခဲ့ပါတယ်တဲ့။ အိမ်ရောက်လို့ မိသားစုတွေကို ပြန်ပြောပြတဲ့ အခါ ၅ဝ ထဲနဲ့
အလကားသက်သက်မဲ့ ရန်ဖြစ်လာတယ်ဆိုပြီး ဝိုင်းအပြစ်ပြောကြပါတယ်တဲ့။ မမ က သူ့ အတွေးလေးကို ဖေါ်ပြပြီး ပို့စ် ကို အဆုံးသတ်ပေးထားပါတယ်။

ကိုယ့်ကိုကိုယ်တော့ အမှန်သမား ထင်နေတာ ဘေးလူတွေပြောမှပဲ ကိုယ့်မှာ အမှားတစ်ရာ လုပ်ခဲ့မိမှန်း သိပါတော့တယ်။
ဒါပေမယ့်လည်းလေ လူဆိုတာ ပြင်နိုင်ခဲတာမို့ နောင်လည်း ဒီလိုအဖြစ်အပျက်တွေနဲ့ တွေ့နေဦးမှာပါပဲ။

အားလုံးဝိုင်းဆွေးနွေးလိုက်ကြတာ ကွန်းမန့် ၂၄ ခု ဖြစ်သွားပါတယ်။
သူကြီးရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

kai says:
နောက်ဆို..ကားနံပါတ်လေးပါမှတ်ပြီး.. တင်ပေးနော..။
စပယ်ယာ ဥပဓိရုပ်ကလေးပါ…ရေးတင်ပေါ့…။
အဲဒီလိုလူရုပ်တွေ…စပယ်ယာလုပ်နေရင်ရှောင်လို့..ပြောလို့ရအောင်ပါ…။
အင်း..
ကျုပ်သာဆိုရင်… ၅ဝမပေးပဲ..အလကားစီးပြီး… စပယ်ယာကို ကျေးဇူးတင်ကြောင်းပြောလိုက်ဦးမှာ…။
ပြောဦးမှာ

My life, my style
https://myanmargazette.net/41497/society-lifestyle/relationships-family
ဆိုတဲ့ ပို့စ်လေးကတော့ မမရဲ့ အကောင်းမြင်စိတ် ဘယ်လောက်ရှိတယ်ဆိုတာကို ဖတ်ရမယ့်ပို့စ်လေးပါ။
ဇာတိတောမြို့ကလေးရယ်၊ အဖေရယ်၊ အမေရယ်၊ ညီကိုမောင်နှမတွေရယ်၊ တူတွေ တူမတွေရယ်၊ မိသားစုအတွက် ယူထားတဲ့
တာဝန်ရယ်၊ ကျောင်းနေဖက် သူငယ်ချင်းတွေရယ်၊ ပုလင်းဘော်ဒီဖြစ်နေရတဲ့ ဘဝရယ် အကုန်လုံးကို ကျေနပ်တယ်လို့
ပြောထားတဲ့ ပို့စ်လေးပါ။ ကွန်းမန့်လေးတွေနဲ့ တွဲဖတ်ကြပါခင်ဗျာ။

ကမ္ဘာရွာ
https://myanmargazette.net/50543/creative-writing
ဆိုတဲ့ ပို့စ်လေးကတော့ ကျွန်တော်တို့ MG ရွာလေးအကြောင်း ရေးထားတဲ့ ပို့စ်လေးပါ။
ပို့စ်လေးက နည်းနည်းတိုတာကြောင့် ဒီမှာပဲ ဖတ်လို့ရအောင် တစ်ခါတည်း စီစဉ်ပေးလိုက်ပါတယ်ဗျာ။

တစ်နေ့တစ်နေ့ ရွာထဲဝင် ပိုစ့်အသစ် ဘာတွေတက်ထားလည်း လျှောက်ဖတ်ရတာနဲ့ အလုပ်ချိန်တွေလည်း ပွန်းပဲ့ကုန်ပါပြီ။
ဒါပေမယ့်လည်း မနေနိုင်တော့ ဖတ်ပြီးတာနဲ့လည်း မကျေနပ်နိုင်ပဲ ကွန်မန့်တွေကိုလည်း ရေးရပါသေးတယ်။ ကိုယ့်စိတ်ထဲရှိတာတွေ ဖော်ပြခွင့်
ဒီမိုကရေစီကိုလည်း သဂျီးက အပြည့်အဝပေးထားပါသေးတယ်။
ကိုယ်ကြိုက်တာ ကိုယ်ရွေးဖတ်ဆိုပေမယ့် မကြိုက်တာတွေကိုလည်း အသစ်တက်တာဖတ်ရင်း ဖတ်မိသွားပါသေးတယ်။
ကိုယ့်ခံစားချက် သူ့ခံစားချက် ရင်ဖွင့်တာတွေ၊ ရင်နင့်စရာတွေ၊ ပြင်သင့်တာတွေ၊ ဆင်ခြင်သင့်တာတွေ သိရ၊ ဖတ်ရ၊ လေ့လာရလို့
စိတ်တွေလည်း အရောင်စုံသွားရပါတယ်။
ကိုယ်မကြိုက်ရင် သဂျီးကိုလည်း မချန်၊ ရွာသားအချင်းချင်းလည်းနှံ၊ ဒါရွာရဲ့ထုံးစံ။ မကြိုက်ရင် လှည့်ပြန်လို့ မပြောရုံတမယ်။
ခင်မင်သူတွေကြတော့လည်း ရွာထဲမှာပါမက ရွာပြင်မှာပါ တွေ့ချင်ကြပြန်ရော။ အရက်သောက်သူ၊ စကားများသူ၊ သတ်သတ်လွတ်စားသူ၊
ပုံပြောသူ၊ ခရီးသွားမှတ်တမ်းရေးသူ သူသူသူသူသူသူသူ………. စုံလင်လို့ပါပဲ။
အရင်ကတော့ ကိုယ်ကြိုက်တာ ကိုယ်ရေးပြီး ဒီမိုကရေစီရလို့ ရွာထဲဝင်လာရင်းနဲ့ nature ပြောသလို ရွာလည်ပြီး ပြန်မထွက်နိုင် ဖြစ်သွားရပါတယ်။
အဲဒီရွာအကြောင်းကို ပြောဖြစ်တော့ သူငယ်ချင်းတွေလည်း ရွာသူရွာသားတွေ ဖြစ်ရပြန်ပါတယ်။ ရွာအကြောင်း၊ သဂျီးအကြောင်း၊
ရွာသူရွာသားတွေအကြောင်း ပြောဖြစ်တော့ အမေက- ဟဲ့ ဘယ်ကရွာလဲ။ ခုခေတ်မှာ သူကြီး ရှိသေးလို့လား တဲ့လေ။
ဪ ကမာ္ဘ့ရွာ ကမာ္ဘ့ရွာ ကမာ္ဘ့ရွာ ကမာ္ဘ့ရွာ။

ကွန်းမန့်လေးတွေထဲက ကိုပေါက် ရဲ့ ကွန်းမန့်လေး ဖေါ်ပြပေးပါရစေ။

ကိုပေါက်(မန္တလေး) says:
အစကတော့ ခဏလေးပေါ့ဆိုပြီးဝင်မိပါတယ်။
တစ်စ တစ်စနဲ့ ရေးချင်ရာတွေလဲရေးလို့ရ
တွေးချင်ရာတွေလဲတွေးလို့ရ
မေးချင်တာတွေလဲမေးလို့ရ
မကျေနပ်ဘူးဆိုလဲပြောလို့ရ
ကျေနပ်တယ်ဆိုရင်လဲ ထောက်ခံလု့ိရ
ဖတ်ချင်တာကိုလဲဖတ်လို့ရ
စချင်တယ်ဆိုရင်လဲ စလို့ရ
ရန်ဖြစ်ချင်တယ်ဆိုရလဲ ဖြစ်လို့ရ
ရ ရ ရ ရ ရ ရ
ဒါနဲ့ဘဲ
တရွေ့ရွေ့နဲ့တိုးဝင်ရင်း
ဝင်္ကပါထဲကို ရောက်မှန်းမသိရောက်
ထွက်ပေါက်တွေ့တာတောင် မပြန်ချင်လောက်အောင်
ဆွဲဆောင်မူ့ကောင်းလွန်းတဲ့
မန္တလေး ဂေဇက်ရွာပါခင်ဗျာ။


ထမင်းရည်ချောင်းစီး မောင်းတီးအလှူ

https://myanmargazette.net/50760/creative-writing
ဒီပို့စ်လေးကတော့ မမ တို့ရဲ့ ဖခင်ကြီးနှစ်ပတ်လည် အလှူကို ပြန်ရေးပြထားတာပါ။ ဖတ်ရင်းနဲ့ ဗိုက်တောင် ဆာလာပါတယ်ဗျာ။
သာဓုသာဓုသာဓုပါ ခင်ဗျာ။ နောက်တစ်ခါ လှူရင်လည်း ရွာသူရွာသားတွေကို ဖတ်ကျွေးချင်ရင် အားမနာပါနဲ့ လို့ အလှူရှင်မိသားစုကို
ကြိုတင် ပန်ကြားအပ်ပါတယ်။


ကိုယ်ချင်းစာတတ်ကြပါသလား

https://myanmargazette.net/43079/creative-writing
ဒီပို့စ်လေးကတော့ မမရဲ့ အဖေ့ မေတ္တာ အကြောင်းရေးဖွဲ့ထားတဲ့ ပို့စ်လေးပါ။

မိဘရဲ့ မေတ္တာကို အပြည့်အဝခံစားခဲ့ရလို့ မိဘမဲ့တွေ၊ မိတကွဲ ဖတကွဲတွေကို ကိုယ်ချင်းမစာတတ်ခဲ့မိပါဘူး။ အဖေမရှိတော့တဲ့
သူငယ်ချင်းတစ်ယောက်ဟာ အဖေဆုံးတော့ အနေဝေးနေရာကနေ ရောက်အောင်လာပြီး ကိုယ်လည်း ဖြစ်ခဲ့ဖူးတော့
ကိုယ်ချင်းစာတယ်လို့ပြောသွားမှ ကိုယ်ချင်းစာတယ်ဆိုတာကို နားလည်ခဲ့ရပါတယ်။

ဧည့်သည်ဗျို့
https://myanmargazette.net/52069/creative-writing
ဧည့်သည်ဗျို့ (ဒုတိယပိုင်း)
https://myanmargazette.net/53419/creative-writing
ဒီပို့စ်လေးနှစ်ခုကတော့ မြို့က မောင်ကြောင်ဖား တောကို သွားလည်တာနဲ့ တောက အမျိုးတွေ မောင်ကြောင်ဖားတို့ မြို့ကို ပြန်လာလည်တာလေးကို ယှဉ်ရေးပြထားတာပါ။ တောမှာ ဧည့်သည်လုပ်တာနဲ့ မြို့မှာ ဧည့်သည်ကိုလက်ခံရတာ ကွာတာလေး ရေးပြထားတဲ့ ခေတ်သစ် ဧည့်သည် ဇာတ်လမ်းလေးပါ။

ခေတ်သစ်အိမ်ရှင်
https://myanmargazette.net/54036/creative-writing
ဒီပို့စ်လေးကတော့ ရန်ကုန်အလည်လာတဲ့ မိတ်ဆွေတစ်ယောက်ကို ဧည့်ခံတဲ့ ဇာတ်လမ်းလေးပါ။

စည်းကမ်းနဲ့ လူ
https://myanmargazette.net/55357/economic-news-international-news-news-industry-people-in-the-news-us-news-news
ဒီပို့စ်လေးကတော့ ဘုရင့်နောင်ပွဲရုံဝန်းမှာ စည်းမဲ့ကမ်းမဲ့ ရပ်ထားတဲ့ ကားကြောင့် လမ်းပိတ်ဆို့မှုဖြစ်တာလေးကို ရေးထားတာပါ။
အဲဒီ စည်းမဲ့ ကမ်းမဲ့ ရပ်ထားတဲ့ကားရဲ့ ဂိတ်ပိုင်ရှင်က လမ်းရှင်းအဖွဲ့ရဲ့ နာယက ဖြစ်နေတာလေးပါဗျာ။


polygamy နှင့် တစ်လင်တစ်မယား စနစ်

https://myanmargazette.net/56207/creative-writing
ဒီပို့စ်လေးကတော့ အားလုံးဝိုင်းဝန်းဆွေးနွေးငြင်းခုန်ခဲ့ကြတဲ့ ပို့စ်လေးတစ်ခုပါဗျာ။ အကြောင်းအရာကတော့ polygamy လို့ခေါ်တဲ့
မယားပြိုင်ယူတဲ့ဓလေ့ ကို မကြိုက်ပါဘူးတဲ့။ အဲဒီအကြောင်းဆွေးနွေးထားတာပါ။ ကွန်းမန့်တွေကလည်း ဖတ်ချင်စရာတွေပဲမို့
ရွေးထုတ်မပြတော့ပါဘူး။ သူကြီး က ဦးဆောင်ဆွေးနွေးထားပါတယ်။

စိုးရိမ်တတ်သူမို့
https://myanmargazette.net/65577/creative-writing
ဒီပို့စ်လေးကတော့ ဟာသလေးတစ်ခုပါဗျာ။


ဘာမှာကြဦးမလဲ

https://myanmargazette.net/65946/creative-writing
ဒီပို့စ်လေးကတော့ ကျွန်တော့်အတွက် တန်ဘိုးရှိတဲ့ ပို့စ်လေးမို့ မှတ်မှတ်ရရ ပို့စ်လေးပါဗျာ။ ဗုဒ္ဓဂါယာ သွားမယ့် မမက
ရွာသူရွာသားတွေကို ဘာမှာကြဦးမလဲ ဆိုပြီး ပို့စ်တင်လာမှ ကျွန်တော်ကိုယ်တိုင် သွားခဲ့ဘူးတဲ့ ဂယာခရီးစဉ်ကို ရေးရကောင်းမှန်းသိခဲ့တာအတွက်
မမကို ကျေးဇူးတင်တဲ့ အကြောင်း ဒီနေရာမှာ ထပ်ပြောချင်ပါသေးတယ်။ နောက်ပြီး တိုက်ဆိုင်တိုင်း ကျေးဇူးတင်စကားပြောဖြစ်နေတာက
ဂယာသွားတုန်းက ဓါတ်ပုံတွေကို ပို့စ်တင်တတ်အောင် လမ်းပြပေးခဲ့တဲ့ ပေါက်ဖေါ် ကိုလည်း ကျေးဇူးတင်တဲ့ အကြောင်းပါဗျာ။
ဒီပို့စ်လေးအတွက် သူကြီးရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးလိုက်ပါတယ်။

kai says:
အဲဒီမြေ..ဂေါတမဗုဒ္ဓပွင့်တဲ့မြေက.. ကျောက်တုံးလေးတတုံးကောက်ယူလာစေချင်ပါတယ်..။
ဗုဒ္ဓဂါယာ ဘုရားဖူးသွားသူတိုင်း.. အဲဒီလိုကောက်ယူပြိးမှ.. မြန်မာပြည်ကိုပြန်လာသင့်တယ်ဆိုတာလည်း.. လူတွေကိုအသိပေး.. ဂျာနယ်.. သတင်းတွေထဲထည့်လိုက်စေချင်ပါတယ်..။
ဆိုတော့…
တနေ့နေ့မှာ.. ဗုဒ္ဓဂါယာက ကျောက်တုံးတွေနဲ့.. လူသောင်းသိန်းလုပ်အားကုသိုလ်ပါတဲ့.. စေတီတဆူ..မြန်မာပြည်မှာ တည်လိုက်စေချင်ပါတယ်..။
သယ်လာသူတိုင်းအမည်ကို.. ကဗျည်းထိုးစေချင်ပါတယ်.။
အဲဒါလေး.. မတူတဲ့အတွေးနဲ့..ရေးပေးလိုက်ရပါကြောင်း..။

သူနဲ့သာဆိုရင်
https://myanmargazette.net/65689/creative-writing
ဆိုတဲ့ ပို့စ်လေးကတော့ သူနဲ့ သာဆိုရင် ဆိုတဲ့ သီချင်းစာသားလေးရေးပြီး ကွန်ပျူတာ အကြောင်းဖွဲ့ထားတဲ့ ပို့စ်လေးပါ။ အတွေးဆန်းတဲ့ ပို့စ်လေးပါ။

ကိုးရီးယားကားနှင့် အနုပညာ
ဒီပို့စ်လေးကတော့ ကိုးရီးယားကား ကောင်းကြောင်းရေးထားတဲ့ ပို့စ်လေးပါ။

ကိုရီးယားလူမျိုးတွေဟာ သူတို့ရဲ့ ဇာတ်လမ်းတွဲတွေနဲ့ သူတို့လူမျိုးတွေရဲ့ အစားအစာ၊ အနေအထိုင်၊ ယဉ်ကျေးမှုတွေကို ကမာ္ဘအနှံ့ ပြန့်နှံ့အောင် ဆောင်ရွက်နိုင်ပါပေတယ်။
နောက်ဆုံးကတော့ ကိုရီးယားဇာတ်လမ်းတွဲတွေက သူတို့ရဲ့ အနုပညာနဲ့ ပရိတ်သတ်ကို ဖမ်းစားပြီး အောင်မြင်မှုကို အရယူနိုင်သွားတယ်။
အောင်မြင်ခြင်းဆိုတာ အလွယ်တကူ ရနိုင်တဲ့အရာ မဟုတ်ဘူး။ ထူးခြားကောင်းမွန်လို့သာ အောင်မြင်တာပဲမို့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို ထိုက်တန်စွာ ရရှိတယ်လို့သာ………………………..

ကိုးရီးယားကား ကြိုက်သူတွေ အကြိုက်တွေ့မယ့်ပို့စ်ပါဗျာ။

အိမ်သာမှ ဧည့်လာတယ်
ဒါလေးကတော့ မမရဲ့ မြို့ပြ အိမ်သာဒုက္ခ ဖွဲ့ စာတစ်ပုဒ်ပါဗျာ။ သူကြီးရဲ့ တွေးစရာကွန်းမန့်လေးကို ဖေါ်ပြပေးလိုက်ပါတယ်။

kai says:
မြန်မာပြည်… ရန်ကုန်… အဲဒီအိမ်သာတွင်းထဲက.. ရေတွေကလေ.. ဘယ်ရောက်သွားသလည်း ..သိချင်ကြသလား..။
စေ့စေ့တွေ.. ရေးရေးပေါ်လိမ့်မယ်..။
တကယ်တော့.. ရန်ကုန်က.. ရေဆိုးစံနစ်နဲ့.. ရေပေးဝေစံနစ်အကုန်.. အမြစ်ကလှန်ပြင်ရလိမ့်မယ်…။
လက်ပူတိုက်နေရင်တော့.. ရတာပေါ့..။
အကောင်းဆုံးကတော့ ..ကားနဲ့ အရည်ရောအဖတ်ရောစုတ်ထုတ်…တာလို့ထင်တယ်..။
အဲ..
ငါ့လက်ကလွတ်.. ဗြွတ်..ဆိုပြီး စဉ်းစားမယ်.. ဟတ်လား…။
အဲဒီကား…အဲဒါတွေစုတ်ယူပြီး.. ဘယ်နားသွား.. ထုတ်စွန့်လိုက်သလည်း.. တွေးမိဖူးသလား…။

ဟုတ်တော့ ဟုတ်သားဗျ။ အိမ်သာထဲက စုတ်ယူသွားတဲ့ စွန့်ပစ်ပစ္စည်းတွေကို ဘယ်နေရာမှာ သွား စွန့်လိုက်သလဲ။
အဲဒါလေး သိတော့ သိချင်စိတ်ဖြစ်မိပါတယ်ဗျာ။

သူ့ဘက် ကိုယ့်ဘက်
https://myanmargazette.net/73378/creative-writing
ဆရာမရှိတုန်း ဆရာ့ဆိုင်ကယ်ကို အစီးသင်တက်စီးမိ၍ အိမ်ရှင်၏ သံပန်းတံခါးပျက်သွားသည့်
အကြောင်းဖြစ်ပါသည်။ မမက ရွာသူရွာသားတွေကို စဉ်းစားဘို့ အလုပ်ပေးသွားခဲ့ပါသည်။
မှားတာကတော့ အလုပ်သမားလေးက မှားတာပါပဲ။ ဒီနေရာမှာ ဘလက်ချော ရေးခဲ့ဘူးသော ယုံကြည်မှုမရှိရင် အလုပ်မဖြစ်ဘူး
ဆိုသည့် ပို့စ် လေးထဲမှ စာသားများကို ပြန်ရေးပြချင်ပါသည်။ အကြောင်းအရာနှင့်လည်း အံဝင်နေ၍ ဖြစ်ပါသည်။
“ထောင့်စေ့အောင် စီမံထားသော system တစ်ခုရှိလျှင် ဝန်ထမ်း အလွဲသုံးစား လုပ်၍ မရပါ။ စီမံမှုအားနည်း၍
ဝန်ထမ်းအလွဲသုံးလျှင် ဝန်ထမ်းတွင် အပြစ်မရှိ။ စီမံသူမှာသာ အပြစ်ရှိပါသည်။” မတူတဲ့အတွေးတစ်ခုကို
တင်ပြရသော်အလုပ်သမားလေး ဆိုင်ကယ်တက်စီးခွင့်ရ အောင် စီမံမှု ညံ့ဖျင်းခဲ့သော ဆိုင်ကယ်ပိုင်ရှင် ဆရာ့မှာ
အပြည့်အဝတာဝန်ရှိ သည်ဟု ဆိုချင်ပါသည် မမခင်ဗျား။

မမက ဂယာဘုရားဖူးခရီးစဉ်ကို ဓါတ်ပုံတွေနဲ့ အတူ ပို့စ်လေးတွေတင်ခဲ့ပါတယ်။ တစ်စုတစ်စည်းထဲ လေ့လာလို့ရအောင် စီစဉ်ပေးလိုက်ပါတယ်ဗျာ။

ဗုဒ္ဓဂါယာခရီးမှ (ခရီးသွားရင်း ကြုံရသမျှ ဖောက်သည်ချ။)

travel

ဗုဒ္ဓဂါယာခရီးမှ (မြင်ကွင်းစုံလင် ဘီဟာနယ်တခွင်)

travel

ဗုဒ္ဓဂါယာခရီးမှ (မဟာဗောဓိနှင့် ထင်ရှားသောနေရာများ)

travel

ဗုဒ္ဒ္စဂါယာ နှင့် ပတ်သက်ပြီး မေးမြန်းခဲ့သမျှ
https://myanmargazette.net/72166/economic-news-international-news-news-industry-people-in-the-news-us-news-news/opinions-and-discussion

ဗုဒ္ဓဂါယာခရီးမှ (ဝတ်ပြုကြပုံ နည်းမျိုးစုံ)
https://myanmargazette.net/71921/arts-humanities/burmese-myanmar-asian-culture-mythology-folklore

ဗုဒ္ဓဂါယာခရီးမှ (နီပေါတခွင် လှည့်လည်စဉ်)

travel

လက်ဖွဲ့တွက်နည်း
https://myanmargazette.net/75054/creative-writing
မမရဲ့ အောင်မြင်ခဲ့တဲ့ ပို့စ်တစ်ခုပါ။ မင်္ဂလာဆောင်သွားမယ့်သူတွေအတွက် လမ်းညွှန်တစ်ခုလို့တောင် ပြောလို့ရပါတယ်။
သူကြီးကိုယ်တိုင် စိတ်ဝင်တစားဆွေးနွေးတဲ့ ကွန်းမန့်အပါအဝင် ရွာသူားတွေရဲ့ ကွန်းမန့်တွေစည်စည်ကားကားနဲ့ ပျော်စရာပို့စ်တစ်ခုဖြစ်ခဲ့ပါတယ်ဗျာ။

သူ့အလှူလား ကိုယ့်အလှူလား
https://myanmargazette.net/79795/creative-writing
ဒီပို့စ်လေးကတော့ သူဌေးမကြီးဒေါ်ဆွေဆွေနဲ့ အိမ်ဖေါ်မလေးမိအေးတို့ရဲ့ အားပြိုင်မှုကလေးကို ရေးထားတာပါ။ သူဌေးမကြီးက အလှူကြီးတစ်ခုလုပ်ပါတယ်တဲ့။

သူဌေးအလှူမို့ ဝိုင်းလုပ်ပေးကြသူတွေကလည်း မနည်းပါဘူးတဲ့။ အလှူကြီးပေးနေတုန်းမှာ အဖြစ်အပျက်လေးတစ်ခုဖြစ်ပါတယ်တဲ့။ အဲဒါလေးကိုတော့ ဖတ်ကြည့်ဘို့ ထည့်ပေးလိုက်ပါတယ်ဗျာ။

အဲဒီအချိန်မှာပဲ အိမ်ရှေ့မှာ စုတ်ပြတ်နုံခြာတဲ့ အဝတ်အစားနဲ့ အဖွားကြီးတစ်ယောက် လာရပ်နေပါတယ်။ အလှူအိမ်ထဲကို ကြည့်ပြီး နှုတ်ကလည်း ထမင်းကြမ်း ဟင်းကြမ်းလေးများ ပေးသနားဖို့ တောင်းခံနေပါတယ်။ ဧည့်ကောင်းစောင်ကောင်းတွေကြားထဲမှာ တောင်းရမ်းနေတဲ့သူကို စိတ်တိုမိပြီး အလှူ့ရှင်ဒေါ်ဆွေဆွေက
နှင်ထုတ်လိုက်ဖို့ အိမ်ဖော်မလေးမိအေးကို ခိုင်းလိုက်ပါတယ်။ နောက်တော့ ဧည့်သည်တွေကို ဧည့်ခံရင်း မအားမလပ်တာမို့ သူတောင်းစားအဖွားကြီးကိုလည်း သတိမထားမိတော့ပါဘူး။ မျက်နှာကြီးဧည့်သည်တွေကို စားကောင်းသောက်ဖွယ်တွေနဲ့ ဖွယ်ဖွယ်ရာရာ ကောင်းကောင်းမွန်မွန် ကျွေးမွေးဧည့်ခံပြီး အစစအရာရာ အဆင်ပြေသွားလို့ အလှူပြီးသွားတဲ့အခါ သူဌေးမကြီးဒေါ်ဆွေဆွေဟာ သူ့အလှူ ကို ဝမ်းသာကျေနပ်ပြီး ပီတိတွေ ဖြာနေတာပေ့ါ။ အိမ်ဖော်မလေးမိအေးဟာ အိမ်ရှင်ဒေါ်ဆွေဆွေက မောင်းထုတ်ခိုင်းလိုက်ပေမယ့် ဆင်းရဲနုံခြာပြီး အသက်အရွယ်ကြီးရင့်နေတဲ့ သူတောင်းစား အဖွားကြီးကို မောင်းမထုတ်ရက်ပဲ
အိမ်နောက်ဖေးဘက်ကို တိတ်တဆိတ်ခေါ်သွားပြီး ထမင်းဟင်းတွေကို အလှူ့ရှင်မသိအောင် ခိုးပြီးထည့်ပေးလိုက်ပါတယ်။ အလှူပြီးတဲ့အခါမှာ
အိမ်ဖော်မလေးမိအေးကလည်း သူတောင်းစားအဖွားကြီးကို ထမင်းဟင်းတွေ ပေးလှူလိုက်ရတဲ့ ကိုယ့်ကုသိုလ် ကို ပြန်စဉ်းစားပြီး ကျေနပ်နေမိတယ်တဲ့။
အဲဒီဇာတ်လမ်းကို ကြားသိရပြီးတဲ့အခါ နဂိုကတည်းက အတွေးများသူမို့ စိတ်ထဲမှာ စဉ်းစားစရာတွေ များသွားရပါတယ်။
ကိုယ့်ပစ္စည်းနဲ့ ကိုယ်လှူတာဖြစ်ပေမယ့် သောကဗျာပါဒတွေနဲ့ ဆင်းရဲချမ်းသာ လူတန်းစားခွဲခြားပြီး လှူဒါန်းတဲ့အလှူနဲ့ ကိုယ့်ပစ္စည်းမဟုတ်ပဲ သူတပါးပစ္စည်းကို ပိုင်ရှင်မသိပဲ ပေးလှူတဲ့ကုသိုလ် ဘယ်ဟာက ဘယ်လို အကျိုးတွေပေးနိုင်ပါသလဲဆိုတာကို….
အကြားအမြင် ဗဟုသုတများကြသော ရွာသူားများက ဝိုင်းဝန်းစဉ်းစားပေးကြရင်ဖြင့် ကျေးဇူးအထူးတင်မိမှာပါ။

အကြားအမြင်ဗဟုသုတများသော ရွာသူားများတဲ့။ ရွာသူားတွေကလည်း ဝိုင်းဆွေးနွေးလိုက်ကြတာ ကွန်းမန့်ပေါင်း ၄၂

ခုလောက်တောင် ဖြစ်သွားပါတယ်ဗျာ။ သူကြီးကလည်း သူ့အမြင်အရ အိမ်ဖေါ်မလေးကို အလုပ်ထုတ်သင့်ပါတယ်တဲ့။

ကိုပေါက်ကလည်း သူကြီး ဖြေတာ မမ မေးတာနဲ့ လွဲနေတယ်တဲ့။ သူကြီးကလည်း လွဲတယ်မထင်စေချင်ပါဘူးတဲ့။

ကြောင်ကြီးကလည်း လိုရာဆွဲပြောတဲ့ သူကြီးတဲ့။ ကွန်းမန့်တွေ ဖတ်ပြီး ပျော်စရာကြီးကို ဖြစ်လို့ပါဗျာ။ မဖတ်လိုက်ရသူများ

ပြန်ဖတ်ကြဘို့ ညွှန်းပါတယ်ဗျာ။

ပန်းပေါင်းဝေဆာ ငါတို့ရွာ
https://myanmargazette.net/81513/creative-writing
ဒီပို့စ်လေးကလည်း ကွန်းမန့် ၃၃ ခုနဲ့ မမရဲ့ မှတ်တိုင် ပို့စ်လေးတစ်ခုပါဗျာ။ အကျိုးပြုပို့စ်လေးပါ။
သိတ်မကြာသေးတဲ့ အချိန်က ပို့စ်လေးမို့ သီးသန့်ကြီး မညွှန်းတော့ပဲ ကိုယ်တိုင်ဖတ်ကြည့်ကြဘို့ လင့်လေး ထည့်ပေးထားပါတယ်ဗျာ။


Sweet December

https://myanmargazette.net/84273/creative-writing
ဒီ ပို့စ်လေးကတော့ ကွန်းမန့်ပေါင်း ၄ဝ ကျော်နဲ့ ဒီဇင်ဘာမှာ ဟော့ဖြစ်တဲ့ ပို့စ်လေးပါဗျာ။ ဒီဇင်ဘာအကြောင်းရေးဖွဲ့ထားတဲ့ ပို့စ်လေးပါ။
MaMa က ဥတုသုံးမျိုးမှာ ဆောင်းရာသီကို အနှစ်သက်ဆုံး ဖြစ်ကြောင်း နဲ့ ဒီဇင်ဘာလ အကြောင်းကို ဒီလိုရေးဖွဲ့ထားပါတယ်။

ဒီဇင်ဘာလဟာလည်း တကမာ္ဘလုံးကို ခရစ်စမတ်တွေ၊ နယူးရီးယား အကြိုတွေနဲ့ အမှတ်တရတွေ အများကြီး ပေးတတ်ပါတယ်။
ရွက်ဟောင်းတွေ ကြွေပြီး ရွက်သစ်တွေ ဝေတဲ့ ရာသီမို့ လောကကြီးကိုလည်း အရောင်အသွေးစုံစုံလင်လင်နဲ့ ပန်းချီချယ်ထားသလို လှပစေတာကလည်း ဆောင်းရာသီကို နှစ်သက်စေမိတဲ့ အကြောင်းတွေထဲက အချက်တစ်ချက်ဖြစ်ပါတယ်။
အနှစ်သက်ဆုံးဖြစ်စေတာကတော့ ကိုယ့်မွေးလမို့ဖြစ်မယ်။

ပြီးတော့မှ နိုဝင်ဘာ ၂၂ ကနေ ဒီဇင်ဘာ ၂၁ ရက်ကြားမွေးဖွားတဲ့ ဓနုရာသီဖွား တွေရဲ့ အကြောင်း ကို ဆရာစံတင်အောင် စာအုပ်ထဲက အဟောတွေလို ရေးပြထားပါတယ်ဗျာ။ ဒီဇင်ဘာဖွား ဓနုရာသီဖွားတွေ အတွက် တော့ အဆင်ပြေမယ့် ပို့စ်လေးပါ။ သို့သော် ကျန်တဲ့ ရာသီဖွားတွေအတွက်လည်း ဖေါ်ပြပေးနိုင်ရင်ဖေါ်ပြပေးဘို့ အားလုံးက ဝိုင်းတောင်းဆိုထား ကြပါတယ်ဗျာ။ ကွန်းမန့်တွေ အများကြီးထဲက
သူကြီးရဲ့ ကွန်းမန့်လေးကို အောက်မှာဖေါ်ပြပေးလိုက်ပါတယ်။ အခုမှ MaMa ရဲ့ ကွန်းမန့်ထဲမှာ ကျွန်တော်တို့ တူရာသီဖွားတွေအတွက်
အဟောလေး ရေးပေးထားတာ ဖတ်ရပါတယ်ဗျာ။ အဲဒီအတွက် ကျေးဇူးပါဗျို့။ ဒီဇင်ဘာမှာ ပျော်စရာပို့စ်လေးတစ်ခု တင်ပေးခဲ့တဲ့ MaMa လည်း စိတ်ကြည်နူးချမ်းမြေ့နိုင်ပါစေပေါ့ခင်ဗျာ။ စကားအတင်းကြီးကိုစပ် – ဒါနဲ့ MaMa မွေးနေ့က ဒီဇင်ဘာ ဘယ်နှစ်ရက်လဲဗျ?

kai says:
ဆောင်းရဲ့ရင်သွေး.. ဒီဇင်ဘာဖွားတွေ… စာလုံးအသစ်တွေ တီထွင်ဖို့တောင်းဆိုချင်တယ်..။
မြန်မာစာလုံးအသစ်ထွင်တာ.. ပရီနဲ့ပိုစ်ဝါး ကာလမှာပဲများပြီး နောက်ပိုင်း တော်တော်နည်းနေတာ သတိထားမိလို့ပါ..။
ဆိုတော့..
နှင်း…
snow ကို.. နှင်းလို့လည်းမခေါ်…နှင်းခဲလို့လဲ မခေါ်ပဲ.. ပိုလှပြီး အနုပညာဆန်တဲ့.. မြန်မာစာလုံးအသစ်လေး ထွင်ရေးပေးကြပါလား…။
တတ်နိုင်ရင် ..တလုံးထဲနဲ့ သိသာစေတာ ဖြစ်စေချင်ပါတယ်..။
မြန်မာစကား..” နှင်းတွေကျနေတယ်”ဆိုတာ.. မြူနှင်းတွေကျနေတာဖြစ်ပြီး.. နယူးယောက်ကလိုSnow တွေ ဘုတ်ဘုတ်နဲ့..ကျနေတာကို ခေါ်တာမဟုတ်တာတော့ သိကြမှာပါနော..။
မြန်မာပြည်က..(မြောက်စွန်းဖျားကလွဲလို့)Snowမကျတော့.. အဲဒီစကားလုံး မတီထွင်တာထင်တယ်..။
တကယ်တော့… ရေခဲခြစ်..ရေခဲသုတ်ထဲက.. ရေခဲတုံးကို.. ခြစ်လိုက်ရင်.. ထွက်လာတဲ့ရေခဲခြစ်မှုန်ဟာ..Snow နဲ့တော်တော်တူပါတယ်..။
အောက်မှာ.. အင်္ဂလိပ်လို.. စာလုံးတွေရေးပေးထားတယ်..။
တလက်စထဲ..ဘာသာပြန်ပြီး မြန်မာစာလုံးလှလှလေး(တိုတိုလေး)တွေ..ထွင် ရေးကြည့်ပါလား…။
ကိုပေါက်လို.. သီချင်းစာသားတွေမှတ်မိသူတွေ…. ရှေးကဗျာ အဖတ်များသူတွေ.. သက္ကဋ၊ ပါဠိ၊ ကျွမ်းသူတွေလည်း ကူပေးစေချင်ပါတယ်နော..။
မြန်မာစကားမှာ..
“တန်ဆောင်မုန်းလသည် ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုးဟူသော ညစ်မျိုး(၅)ပါး ကင်းစင်၍ရာသီဥတုသည် အလွန်အေးမြကြည်လင်သော လပင်ဖြစ်သည်။ ”
ဆိုတာမျိုးရှိတယ်..။
“စိန္ဒိမာ = ဆီးနှင်း မြူ တိမ် သူရိန် မီးခိုး ညစ်မျိုးကင်းမဲ့ စိမ်းလဲ့လျှံခြယ် ရောင်ခြည်ကယ်၍ ရှုဖွယ်မခန်း သော်တာစန်းသည်။” ဆိုတာမျိုးရှိတယ်..။
ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုး ကို.. အကားအဆီးဖြစ်စေတဲ့..ညစ်မျိုးတွေလို့ သတ်မှတ်ပုံရပါတယ်..။
=
snow: နှင်း a precipitation in the form of ice crystals, mainly of intricately branched, hexagonal form and often agglomerated into snowflakes, formed directly from the freezing of the water vapor in the air.
rain: မိုး water that is condensed from the aqueous vapor in the atmosphere and falls to earth in drops more than 1/50 in. (0.5 mm) in diameter.
fog: မြူ a cloud-like mass or layer of minute water droplets or ice crystals near the surface of the earth, appreciably reducing visibility.
mist: မြူတိမ်? a cloud-like aggregation of minute globules of water suspended in the atmosphere at or near the earth’s surface, reducing visibility to a lesser degree than fog.
smog: မြူခိုး? smoke or other atmospheric pollutants combined with fog in an unhealthy or irritating mixture.
hail: မိုးသီး showery precipitation in the form of irregular pellets or balls of ice more than 1/5 in. (5 mm) in diameter, falling from a cumulonimbus cloud.
sleet: နှင်းခါးမိုး? precipitation in the form of ice pellets created by the freezing of rain as it falls.
Source(s):
dictionary.com
Drizzle (also called mizzle) မိုးငွေ့ : is light precipitation consisting of liquid water drops smaller than those of rain, and generally smaller than 0.5 mm (0.02 in.) in diameter. Drizzle is normally produced by low stratiform clouds and stratocumulus clouds. Precipitation rates due to drizzle are on the order of a millimeter per day or less at the ground. Owing to the small size of drizzle drops, under many circumstances drizzle largely evaporates before reaching the surface, and so may be undetected by observers on the ground. The METAR code for drizzle is DZ.

သူကြီးရဲ့ ကွန်းမန့်ကြောင့် ကိုပေါက်ကလည်း ပို့စ်တစ်ခုတင်ဖြစ်သွားပါတယ်ဗျာ။


ဓါတ်ပုံရိုက်ရခြင်းအကြောင်းရင်း

https://myanmargazette.net/87823/creative-writing
ရွာထဲက ဓါတ်ပုံဆြာတွေရဲ့ ဓါတ်ပုံပို့စ်လေးတွေအကြောင်း ပြန်ရေးပြပြီး ဓါတ်ပုံအကြောင်းရေးထားတဲ့ ပို့စ်လေးပါ။
ကွန်းမန့်တွေစည်ကားခဲ့တဲ့ ပို့စ်လေးပါဗျာ။


ကဲကောင်းကြသေးရဲ့လား

မကြာသေးခင်ကမှ တင်ထားတဲ့ ပို့စ်ဖြစ်တဲ့အတွက် ထူးထူးထွေထွေ ညွှန်းမနေတော့ဘူးဗျာ။
ကိုသစ်မင်းရဲ့ ကွန်းမန့်လေးကို ပြန်ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

thit min says:

မှန်ကန်တဲ့အတွေးအခေါ်အဆင့်အထိ ရောက်စေတဲ့ “အသိပညာ” မရလိုက်လို့ပါ။
ပညာ ဆိုတာ “သင်ညာ” ပေါ်မှာမှ ကိုယ့်ရဲ့ အပေါင်း အယ်ဖာ တခုခုကို လေ့ကျင့်မယူရင် ဘာမှမတတ်တဲ့
သူနဲ့ အတူတူပါဘဲ။ကောင်းသော အပေါင်း ပေါ့နော်။
စဉ်းစားချင့်ချိန်နိုင်စွမ်းကသာ “ပညာ”မလို့ အတန်းတွေဘယ်လောက် ဘွဲ့တွေဘယ်လောက်ရရနဲ့ တိုင်းတာလို့
မရ စကောင်းပါဘူး။ဝေဖန်ပိုင်းခြားနိုင်စွမ်းကအဓိကပါ။
အမှားအမှန်ကို ဆင်ခြင်တုံတရားရှိအောင် ပညာသင်ရတာဖြစ်လို့ အဲဒီအချက်တွေမရှိသေးရင် ပညာတတ်လို့
မခေါ်နိုင်ပါဘူး။
လှပတဲ့ ဇာတ်လမ်းလေးနဲ့ ကောင်းမွန်သော သင်ခန်းစာကိုပေးတဲ့စာလေးအတွက် ကျေးဇူးပါမမရေ…….


ကျမနှင့် ဒိုင်ယာရီများ

https://myanmargazette.net/88904/creative-writing

သိတ်မကြာသေးတဲ့ ပို့စ်လေးတစ်ခုပါဗျာ။ ကွန်းမန့် ၃၃ ခုနဲ့ ပျော်စရာ ပို့စ်လေးတစ်ခုပါ။


အားနည်းသူဖေးကူခြင်း

https://myanmargazette.net/91017/society-lifestyle/events-fundraise
(၃.၁.၂၀၁၂) မှာ စက်ဆန်းမီးလောင်ပေါက်ကွဲမှုမှ မီးဘေးသင့်ပြည်သူတွေကို ထားရှိရာ ကယ်ဆယ်ရေးစခန်းတစ်ခုဖြစ်တဲ့ မဟာဝိဇယရာမ ဘုန်းတော်ကြီးကျောင်းကို ရောက်သွားခဲ့တဲ့ မမရဲ့ အကျိုးပြုပို့စ်လေးတစ်ခုပါ။ ကွန်းမန့် ၃၅ ခု နဲ့ ဖတ်ကြရမယ့်ပို့စ်လေးပါဗျာ။

47 comments

  • စိန်ပေါက်ပေါက်

    January 22, 2012 at 2:05 pm

    ကျနော့် မမ ရန်ကုန်သူ
    ကျောမှာ ရင်မှာ အသဲနှလုံးဖြူ(ဂျီးတွေထူလို ့မပြောဘူးနော် 😆 )
    သများသိတဲ့ မာမားကတော့ အင်မတန်သည်းခံ၊အင်မတန်သဘောကောင်း (သဘောကောင်းဆို ခုဏကလေးတင် ကြက်သားဂျင်းကြော်နဲ ့ မြူရွက်သုပ် အတင်းကျွေးနေတာ. 😀 )၊အင်မတန် နားလည်ပေးတတ်တဲ့
    ဆရာမကြီးဖြစ်ပါတယ်ချင်
    အားပေးလျက်ပါ မာမားခင်ညား..

    • MaMa

      January 22, 2012 at 5:58 pm

      သများကတော့ ကိုယ့်ကိုကိုယ် နူးဘာတို့၏မိခင်ကြီး (မာမားဆိုတော့) ဆိုပြီး အမည်တပ်ကြည့်လိုက်တော့ …
      အယ်မလေး- ခေါင်းကျိန်းသွားတယ်။
      ဘယ်တော့များ ခဲနဲ့ထုခံရမလဲလို့ 😆

      • စိန်ပေါက်ပေါက်

        January 23, 2012 at 7:23 pm

        မာမားရေ
        သများကို မော်ဒယ်လ် စံရတီမိုးမြင့် ဆိုဒဲ့ ကောင်မလေး လိုက်တောင်းပေးဘာ
        သများသိပ်သိပ်ကြိုက်လို ့ဘာ
        နော်..နော်.နော်…

  • MaMa

    January 22, 2012 at 2:09 pm

    ကိုချောရေ-
    ဒီနေ့ပိတ်ရက်မို့ (နှစ်သစ်ကူးလည်းဖြစ်လို့) ဟင်းချက်တာတွေ ဓာတ်ပုံရိုက်ပြီး ပိုစ့်တွေတင်နေတုန်း အတ်ပဒိတ်လုပ်ပြီး ဟုမ်းပေ့ချ်ကို ကြည့်လိုက်တော့ မမရန်ကုန်သူ နဲ့ တန်းတွေ့တော့တာပဲ။
    (စာရေးသူတစ်ယောက်နဲ့ ရွာသူရွာသားတွေနဲ့ ချစ်ကြည်ရင်းနှီးမှု အတွက် ဒီလို တူးဆွ တင်ဆက်ပေးနေခြင်းဖြစ်ပါတယ်။) ဆိုတဲ့ ကိုချောကို မင်းကိုနိုင်စကားနဲ့ ပြောရရင် ဂေဇက်တံခါးစောင့်ဆိုတဲ့ ဘွဲ့ကို အလကား ရခဲ့တာ မဟုတ်ဘူးလို့သာ…… 🙂

  • blackchaw

    January 22, 2012 at 2:16 pm

    နှစ်သစ်ကူး ဆိုမှ သတိရတယ်။
    ရွာထဲက တရုတ်တွေ
    ဒီလိုအချိန်ကျတော့ ငြိမ်နေတာပဲ။
    အန်ဘောင်းလေးဘာလေး ပေးရကောင်းမှန်းမသိကြဘူး။
    လူဆိုးတွေ။

    • ဒီနေ ့ဗျာ တရုတ်နှစ်သစ်ကူးတာကို မသိလိုက်ဘူး။ချစ်တဲ့ကောင်မလေးက Happy New Year ဆိုတော့
      ဟိုက် ဘယ်လိုဖြစ်တာလဲပေါ့။ဇန်နဝါရီဘဲ ကုန်တော့မယ်။ပေါ့….
      ကောင်မလေးက ရူးပေါ့တဲ့ဗျား။စိတ်ညစ်တယ်ဗျို ့။ကိုဘလက်ချောက တော့ဗျာ နှံစပ်လွန်းပါပေတယ်။ဒါနဲ ့လေ
      ဗျာ
      အံဘောင်းပေးကြပါအုံးနော်။

      • MaMa

        January 22, 2012 at 10:08 pm

        ခပ်ကင်းကင်းနေချင်တာ ဘယ်သူတွေကိုလည်း မသိ။
        အန်ပေါင်းပေးရမှာစိုးလို့ ခပ်ကင်းကင်းနေမှ
        (သတ်ပုံအဖွဲ့သားချင်းလည်း မရဘူး။) 😀

  • thit min

    January 22, 2012 at 5:36 pm

    မမရဲ့ စာတွေမှာ စေတနာနဲ့ရေးတဲ့စာအမျိုးအစားတွေ အများကြီးပါဘဲ။
    လက်ဖွဲ့တွက်နည်း ဆိုတဲ့ ပို့စ်လေး မှာ မမရဲ့ ထူးခြားတဲ့စိတ်ကူးစိတ်သန်းတွေကို
    စတင်သိလိုက်ရတယ်လို့ဝန်ခံပါရစေ။
    ပြီးတော့ စကားလုံးချိုချိုလေးတွေနဲ့ ကော်မန့်ပေးတတ်တဲ့ မမ ကိုလေးစားခင်မင်လာမိတယ်။
    ကျနော့ အားနဲချက်က ငယ်ငယ်ထဲက ယဉ်ယဉ်ကျေးကျေးချိုချိုသာစကားပြောတတ်တဲ့မိသားစုမှာ
    နေခဲ့ရတယ်။ ပညာရေးလောကမှာဘဝကအများစုဆိုတော့ စကားခပ်တင်းတင်း၊ခပ်ရင့်ရင့်ပြောရင်
    နားထဲ ကြားရတာ အဆင်ကိုမပြေဘူး။
    ဒီရောက်တော့ ပိုဆိုးပါတယ်။ ကျောင်းလောက ကလူတွေက အလွန်ယဉ်ကျေးစွာပြောကြလေတော့
    တော်ရုံလေသံ မာတဲ့ ကော်မန့်ဆိုရင် စိတ်ထဲ “ဟင်” လို့ဖြစ်သွားတတ်လို့ တော်တော်သတိထားနေ
    ရပါတယ်။
    တချို့က အပြောမတတ်ပေမဲ့ စိတ်ရင်းကောင်းကြတယ်မဟုတ်လားဗျာ။
    အဲဒီလို ဘဲ ဒီကမင်ဘာတွေနဲ့ ကျနော်မှာ အမှတ်တရလေးတွေများစွာရှိပါတယ်။
    အဲဒီအကြောင်းလေး တနေ့ရေးကြည့်အုန်းမယ်။ပို့စ်လောက်များရင်တော့ တင်ပါ့မယ်။
    နဲ နေရင်တော့ ကော်မန့်ပေါ့ဗျာ။
    ————
    မမရဲ့ တန်ဖိုးရှိတဲ့စာလေးတွေကိုပြန်ဖတ်ခွင့်ရလို့ ကိုဘလက်ကိုလဲ ချီးကျူးဂုဏ်ပြုတယ်လို့ပြောပါရစေ။

  • MaMa

    January 22, 2012 at 6:21 pm

    ဆြာသစ်ရေ-
    ကြယ်နှစ်ပွင့်ကို ဂုဏ်ပြုပါတယ် နော်။
    ကျမက စာရေးချင်တဲ့စိတ်ရှိပေမယ့် စာဖတ်မနာတော့ ဘယ်ကဘယ်လိုစရေးရမှန်း မသိဘူး။
    ကွန်ပြူတာခေတ်၊ အင်တာနက်ခေတ်ကို ကျေးဇူးတင်ရမယ်။
    ဆိုဒ်ထောင်ထားတဲ့ သဂျီးကတော့ အထူးသဖြင့်ပေ့ါ။
    ဒီရွာထဲမှာ ရေးရင်းနဲ့ ဈာန်ဝင်လာပြီး ကိုယ်တွေ့ကြုံရတာတွေ၊ ဖြစ်စေချင်တာတွေကို ရေးလို့ရလို့
    ဒီရွာထဲက မထွက်နိုင်ဖြစ်သွားတာ။
    ကျမရဲ့ ပင်ကိုယ်က ကိုယ့်ဘက်က မှန်တယ်ထင်ရင် အမှန်တရားရအောင်တော့ ကြိုးစားချင်တယ်။
    (အဲဒါကြောင့် စွာတယ်လို့ ပြောကြတယ်။)
    ဒါပေမယ့် လောကကြီးက သင်ပေးလိုက်တာ လူမှုဆက်ဆံရေးမှာ သည်းခံတတ်တဲ့ စိတ်လေးဝင်လာတယ်။
    ကိုယ်လူကြီးနေရာနေရတဲ့အခါ ကိုယ့်အောက်ကလူတွေကို မတရား မလုပ်အောင်၊
    ကိုယ်ကိုယ်တိုင်လည်း သူတို့အပေါ်မှာ မျှတအောင်ကြိုးစားတယ်။
    (ကြိုးစားတယ်လို့ ပြောတာနော်၊ မျှတတယ်လို့ ပြောတာ မဟုတ်ဘူး။) 😀

    • thit min

      January 22, 2012 at 7:14 pm

      မမရေ
      ကျနော်လက်ရှိဘဝက စာတွေကို ဖတ်ရ၊ရေးရတဲ့ အသက်မွေးဝမ်းကြောင်းပုံစံမျိုးပါ။
      ကျနော် စာတွေကို “ရ” လိုစိတ်နဲ့ ဖတ်ခဲ့ရပါတယ်။ဖတ်လဲဖတ်နေဆဲပါ။
      ကျနော် စာတွေကို “ပေး” လိုစိတ်နဲ့ရေးခဲ့ပါတယ်။ ရေးလဲရေးနေဆဲပါ။
      ရခြင်းနဲ့ ပေးခြင်း ကြားမှာ ကျနော်စိတ်တွေကို ပွင့်လင်းကြေနပ်သွားစေတဲ့
      စာသား၊ စကားလုံးတွေ ဟာ စာဖတ်အရေထူလာတဲ့ ကျနော့အတွက် တကယ်ဘဲ
      ရှားပါးခဲ့ရပါတယ်။
      လူတွေဟာ စကားကို တန်ဖိုးရှိအောင်ပြောချင်ပြောပါလိမ့်မယ်။ မှတ်သားဖွယ်ရာ၊
      အတုယူဘွယ်ရာလည်းပါချင်ရင်ပါ၊ ပါလိမ့်မယ်။ရိုးသားမှုနဲ့မာန်မာန ကင်းမှုတွေ
      ကိုတော့ အဲဒီအထဲ တွေ့ချင်မှတွေ့ရမှာပါ။
      အဲဒီလိုပါဘဲ ရိုးရိုးသားသားပြောတဲ့ စကားတွေဟာလည်းမှတ်သားဖွယ်ရာစကား၊တန်ဖိုးရှိတဲ့
      စကားဖြစ်ချင်မှဖြစ်မှာပါ။
      ကျနော် အဲဒီစကားမျိုး မကြားရတာ တော်တော်ကြာပါပြီ။
      ဒီကနေ့
      အထက်က ကျနော် ပြောခဲ့သလို
      တန်ဖိုးရှိ၊ မှတ်သားဖွယ်၊ အတုယူဘွယ်၊ ရိုးသားပြီး မာန်မာန ကင်းလှတဲ့ မမရဲ့ ဒီစာသားလေးတွေ
      “—————–ဒါပေမယ့် လောကကြီးက သင်ပေးလိုက်တာ လူမှုဆက်ဆံရေးမှာ
      သည်းခံတတ်တဲ့ စိတ်လေးဝင်လာတယ်။
      ကိုယ်လူကြီးနေရာနေရတဲ့အခါ ကိုယ့်အောက်ကလူတွေကို မတရား မလုပ်အောင်၊
      ကိုယ်ကိုယ်တိုင်လည်း သူတို့အပေါ်မှာ မျှတအောင်ကြိုးစားတယ်။
      (ကြိုးစားတယ်လို့ ပြောတာနော်၊ မျှတတယ်လို့ ပြောတာ မဟုတ်ဘူး။) —————–”
      ကို ဖတ်ရပြီး ကျနော်စိတ်တွေကို ပွင့်လင်းကြေနပ်သွား ရပါတယ်။
      ကျေးဇူးတင် ရပါတယ်၊ ပိုမိုလေးစားရပါတယ်။ ခုလိုကြုံကြိုက်မှုဟာ ကိုဘလက်ရဲ့ကျေးဇူးလဲမကင်းတာ
      မို့ သူ့ကိုပါ ထပ်ဆင့်ကျေးဇူးတင်ရပါတယ်။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~
      မမရေ အချင်းချင်းလက်တို့ ပြောရပါအုန်းမယ်။
      ဒီနေ့ကိုဘလက်နဲ့အွန်လိုင်းမှာ တွေ့တော့
      ကျနော်က ဒီလကုန်ရင် ကျနော် 100% မအားတော့ဘူးလို့ ပြောတာကိုသူက
      “မအားတာတော့ဘယ်တတ်နိုင်ပါ့မလဲဗျာ၊ ဒါပေမဲ့ ဂေဇက်က ကိုသစ်အပေါ်ထားတဲ့ လေးစားမှုကိုတော့
      နားလည်ပါလို့” ကြိမ်းမောင်းသွားပါကြောင်း မမ ကို “တိုင်” ပါရစေခင်ဗျား။(^^)

      • MaMa

        January 22, 2012 at 8:01 pm

        ဆြာသစ်ရေ-
        ကျမ မျှတအောင်ကြိုးစားတယ်လို့ပဲ ပြောထားတယ်။
        မျှတတယ်လို့ ပြောမထားဘူးနော်။
        အဲဒါလည်း ရွာထဲမှာနေရင်းနဲ့ သဂျီး၊ ဆြာသစ် (ကိုပေါက်၊ တီတီနု၊ မိုးစက်၊ အင်ဇာဂီ၊ ပုချ်….. အများကြီး ကျန်သေးတယ်) တို့ရဲ့စာတွေကနေ ရလာတာပါ။

        အဲ- ဒါပေမယ့် ဒီနေရာမှာတော့ ကိုချောဘက်ကိုပဲ ဘက်လိုက်ရလိမ့်မယ်။ 😀
        ——————————————————————————————————
        မှတ်မှတ်ရရ ဒီနေ့ဟာ ဦးသန့်နဲ့ တူမလေးရဲ့ မွေးနေ့ဖြစ်နေလို့ တိုက်တိုက်ဆိုင်ဆိုင် ကိုချော တူးဆွပေးလိုက်တာကိုလည်း အမှတ်တရပါပဲ။

        • thit min

          January 22, 2012 at 8:14 pm

          ကျနော် ဒီပို့စ်မှာ ပြောစရာထပ်ထပ်ပေါ်လာလို့ ရေးအုန်းမယ်ဗျာ။
          ၁၉၀၉ ခုနှစ် ဂျန်နဝါရီလ ၂၂ ရက် ပန်းတနော်မြို့မှာ မွေးခဲ့တဲ့ ဦးသန့်နဲ့ တမြို့ထဲဖွား မမရေ
          အဲဒီ ဘရက်ကတ်ထဲက စကားလေးက ကျနော့အတွက် အနှစ်ပါခင်ဗျာ………..
          Ma Ma says: (ကြိုးစားတယ်လို့ ပြောတာနော်၊ မျှတတယ်လို့ ပြောတာ မဟုတ်ဘူး။)

          ————————————————-
          သူ့တိုင်ကာမှ သူက ကိုဘလက် ဘက်က။ မှားပါတယ်။(^^)

  • ရန်ကုန်သူမမရေ
    မိတ်ဆွေချင်းမို့အပိုမပြောတော့ဘူး။
    ကိုဖက်တီးကြောင့် အတိတ်သို့အလွမ်းဆိုတဲ့ ကဗျာ
    ဝင်းတော်ကာကြောင့် ကစ်ပလင်မရောက်ဘူးတဲ့မန်းလေးလမ်းမ ကဗျာ
    ကိုဘလက်ချောကြောင့် ရွာကိုပြန်လာကြပါဗျိုး ကဗျာ
    မမနဲ့ စကားပြောရင်းက တစ်စေ့တစ်ဆုပ် တစ်မူတ်တစ်ခွက်ဆိုတဲ့ ဆောင်းပါး ကျနော်ရေးဖြစ်သွားခဲ့ ရသွားခဲ့ပါတယ်။
    အဲတော့ မိတ်ဆွေအချင်းချင်း ကောင်းတဲ့အချက်ကလေးတွေကို ဖော်ပြပေးတာ မင်္ဂလာလို့ မှတ်ယူပါသဗျာ။

    • MaMa

      January 22, 2012 at 7:02 pm

      ကိုယ်မြင်တွေ့နေရတာတွေ အဆင်မပြေတာတွေ ပြုပြင်စေချင်တာတွေကို …
      ကိုယ်မရေးတတ်လို့ ခေါင်းငှားပြီး ရေးခိုင်းရတာကို …..
      အပြုသဘောဆောင်းပါးလေး ဖြစ်မြောက်အောင်မြင်အောင် ရေးပေးတဲ့ ကိုပေါက်ကိုလည်း
      တကယ်ကျေးဇူးတင်ရပါတယ်။

  • windtalker

    January 22, 2012 at 7:30 pm

    အန်တီမမ နဲ ့ရွာသူား တွေ ကို
    ဘရားသား ဘလက် က ပေးတဲ့
    “ ဟုန်ဘောင်း ”
    ယူသွားပါတယ်ခင်ဗျ

    • MaMa

      January 22, 2012 at 9:09 pm

      မောင်ပေရေ-
      ကျမက ဘရားသားဘလက်ဆီက ယူရုံသာ ယူတတ်တဲ့သူ ဖြစ်နေလို့ စိတ်မကောင်းဖြစ်နေတာ…
      ခုတော့ ကိုယ့်လိုပဲ ယူတဲ့လူရှိတော့ အဖော်ရသွားတာပေ့ါ။ 😛

  • padonmar

    January 22, 2012 at 7:52 pm

    ကိုဘလက်ရေ
    မမရန်ကုန်သူမဟုတ်ဘူး၊
    မမ (ဦးသန့်တို့မြို့သူ)လေ၊
    My Life My Style ထဲပါမယ်ထင်တယ်။
    သူက အဲဒီအကြောင်း ကြွားနေကျ။
    ရန်ကုန်အနေကြာတော့လည်း ကိုဘလက်ပြောသလို ရန်ကုန်သူပေါ့နော်။
    ဘာလိုလိုနဲ့ မမရဲ့ လက်စမ်းစာပေတောင် ကြက်ဂျင်းကြော်မှာ ၅ဝပြည့်သွားပြီ။
    မှတ်တိုင်လေးတွေပါပဲ။
    အန်ပေါင်းကတော့ အဘ FR ဆီမှာတောင်းကြရအောင်။
    သူ့ရဲ့ မျက်နှာစာအုပ်မှာ သူက တရုတ်ဘုရင်ကြီးလေ။အန်ပေါင်းကြီးကြီးရလိမ့်မယ်။

    • MaMa

      January 22, 2012 at 9:52 pm

      အခုလာမယ့် ပြည်ထောင်စုနေ့ကျရင်တောင် သွားမလို့။
      ကိုယ့်မြို့ကို အလည်ခေါ်တာ မြို့ချင်းနီးလို့ မလိုက်ချင်ဘူးဆိုတာကို မကျေနပ်ဘူး ဦးနုတို့မြို့သူရေ 😉

  • htet way

    January 22, 2012 at 8:10 pm

    စာရေးခြင်းအနုပညာကို တတ်ကျွမ်းကြသူများကြားမမကြီးရဲ့
    စေတနာစိတ်ကို အထင်းသားမြင်ခဲ့ရပါကြောင်း။

    • MaMa

      January 22, 2012 at 9:42 pm

      ကျေးဇူးပါ ဆရာထက်။
      ဆရာထက်တို့လို ပရိုအဆင့်မဟုတ်ပေမယ့် ဝိုင်းဝန်းအားပေးကြလို့ ကျေးဇူးပါ။

  • TTNU

    January 22, 2012 at 9:25 pm

    မမရေ…
    ကိုဘလက်တင်ပြချက်တွေနဲ့ Highlight တင်ထားသလို ရသတွေလျှံနေတဲ့
    မမရဲ ့ History of Posts များကတော့ အလှသွေးတွေကိုကြွယ်နေပါပေါ့လားကွယ်။

    ဗုဒ္ဒဂါယာ Posts များနဲ့ Sweet December တို့ကိုဖတ်ပြီး မမကို သတိထားမိလာခဲ့တယ်။
    တီချာတောင်မှ Hot News က မမလားလို့ မေးခဲ့သေးတယ်လေ။

    ဆက်ပြီးစာတွေ ရေးအားကောင်းကောင်းနဲ့ရေးနေပါ။ တီချာအမြဲအားပေးနေမယ်။
    ချစ်သော
    တီချာနု

    • MaMa

      January 22, 2012 at 10:00 pm

      ချစ်သော တီချာနု-
      နာမည်အရင်းက “မ´ တွေချည်းပဲမို့လို့ ရွာထဲဝင်တဲ့အခါ အလွယ်တကူ `မမ´ လို့ ပေးလိုက်တာပါ။
      တီချာနုတို့လို ချစ်ခင်မှုနဲ့ အားပေးကြတဲ့ ရွာ့ဆွေ (ရွာ့ရွှေ မဟုတ်ပါ) ရွာ့မျိုးတွေက မြှောက်စားလို့ တောက်ကြွား (အဲဒီစကားလုံးကလည်း မပါမဖြစ် 😀 ) လာရတာမို့ အားပေးကြပါဦးလို့….

  • ဖားသက်ပြင်း

    January 22, 2012 at 9:40 pm

    မာမားရေ့…..

    အားပေးသွားပါတယ် မာမားရေ ….
    မဖတ်ရသေးတာတွေ ပြန်ဖတ်ဖြစ်တဲ့အခါ. …..
    ပြန်မန့်ဖြစ်တဲ့အခါ. ….ပြန်လည် မှတ်ချက်ပြုပေးပါဦးလို့…..

    လေးစားချစ်ခင်စွာ…
    သားသား….
    ဖား …

    😛

    • MaMa

      January 22, 2012 at 10:05 pm

      အယ်- နူးဘာတို့၏မိခင်ကြီး ဖစ်ရပြန်ပေ့ါ။ 😀
      ခုတလော မတွေ့လို့ စိုင် လိုက်ဖမ်းနေတာလားလို့ 😆
      ဂျင်းကောင်းကောင်းလိုချင်တယ်ဆိုလို့ ကြက်သားဂျင်းကြော် ဟင်းချက်နည်း တင်ပေးထားတယ်။
      (မောင်ဂီလိုချင်တဲ့ ဂျင်းနဲ့ တူသလားတော့ မသိ)
      နောက်တာပါ။ အရမ်းအေးနေတယ်ပြောလို့ ဆောင်းတွင်းမှာ စားသင့်တဲ့ ဟင်းမို့ တင်ပေးထားတာ။

      • မှော်ဆရာ

        January 23, 2012 at 1:23 pm

        ဖားသားကြော်ဆိုရင်လဲ ကောင်းတယ် အန်တီမမ
        အသက်ရှည်တဲ့ ဖားဆိုရင် ပိုကောင်း ….

  • hmee

    January 23, 2012 at 12:35 am

    မမက ကြက်သား ဂျင်းကြော်တင်တယ် ဒီမှာ ဂျင်းအရမ်းဈေးကြီးလို့ ကြော်မစားနိုင်ဘူး။ 🙂 မမရဲ့ စာတွေထဲက သူ့အလှုလား ကိုယ့်အလှုလားတော့ အရမ်းကြိုက်။

  • Khin Latt

    January 23, 2012 at 3:33 am

    မမ ရေ – တန်ဖိုး ရှိပြီး ဖတ်သူအတွက် အကျိုးကျန်ရစ်စေမဲ့ Post လေးတွေက ရွှေရတု ကိုတောင် နွှဲနေနိုင်ပါရော့လား။
    ဒီအတွက် အရမ်းဂုဏ်ယူပါတယ်။
    မဖတ်ဖြစ်ခဲ့တာလေးတွေ လဲ ပြန်ဖတ်လိုက်ဦးမယ်။
    တကယ်တော့ ဖတ်ရတာက အချိန်မကုန်ဘူး။
    ရေးဖို့သာ အချိန်အတော်ယူရတာ ကလား။
    သို့ပေမဲ့ အချိန်လေးပေးပြီး ဆက်ရေးပါဦး။
    ပရိတ်သတ်ကြီး က ပွဲတောင်းပါတယ်။
    (ဖြစ်နိုင်ရင် စွယ်တော်ရိပ် ကျောင်းတော်ကြီးမှာ ဗရုတ်ကျတာမျိုးတွေရောပေါ့ 😉 )
    နဂါးနှစ်ကူးမှာ ရွှင်မြူးပါစေ လို့ ဆုတောင်းလိုက်ပါတယ်။
    ချစ်ခင်စွာဖြင့်
    မလတ်

  • Khin Latt

    January 23, 2012 at 3:35 am

    ကိုဘလက် – စုစည်းနိုင်မှု အင်အားကိုတော့ မချီးကျူးဘဲ မနေနိုင် လို့ အလေးပြုသွားပါ၏။
    လက်ခံပါလော့။ 🙂

  • ကြောင်ကြီး

    January 23, 2012 at 4:38 am

    မမ မမ
    ရန်ကုန်မှ
    တန်ပုံက
    ဘဏ်ယုံကြ
    လန်ဂုဏ်ထ
    မာန်ဟုန်ကြွ
    ပြန်ဆုံရ…

    • Khin Latt

      January 23, 2012 at 5:15 am

      ကြောင်သူပုန်ထ။ 😉 jk

      • Khin Latt

        January 23, 2012 at 4:05 pm

        “ကြောင်ခုန် .. က” (another version) 😉

  • weiwei

    January 23, 2012 at 10:35 am

    မမကို သတိထားမိတာ ရွာထဲစဝင်လာကထဲကပါ …
    ကျွန်မတင်သမျှ ဓါတ်ပုံတွေနဲ့ ရေးသမျှ ပို့စ်အားလုံးကို မပျက်မကွက် ကွန်မန့်ပေးလေ့ရှိတဲ့ မမ ပါ ..
    ကွန်မန့်တွေ များလာတာနဲ့အမျှ မမ ဟာ အကောင်းမြင်ဝါဒရှိကြောင်း သတိထားခဲ့မိပါတယ် … လူကြီးဆန်တယ် .. သဘောထားကြီးတယ် … ပညာတတ်ပီသတယ် … ပျော်ပျော်နေတတ်တယ် …
    အခုနောက်ပိုင်း လူချင်းပါသိလာတော့ ကိုယ့်အစ်မရင်းတစ်ယောက်လို ခင်မင်ရင်းနှီးနေပါပြီ … ဂေဇက်ကျေးဇူးနဲ့ မမလို အစ်မတစ်ယောက်နဲ့သိရတာမို့ ဂေဇက်ကို ကျေးဇူးတင်ရမယ် …

    PS. မမကို အစ်မတော်ပေမယ့် နူးဘာတို့အဖွဲ့၏ အဒေါ်မဟုတ်ပါကြောင်း (အတင်း ဆွေမျိုးစပ်နေမှာစိုးလို့ … 😛 )

    • ဖားသက်ပြင်း

      January 23, 2012 at 10:46 am

      ဟုတ်ပါတယ် …မာမားဟာ နှူးဘာဂိုဏ်းရဲ့ မာမားပါ….။
      မာမား ဆိုတော့ သားသားတို့ကို အမွေပေးရမှာပေါ့နော….။ 😀

      လက်စမ်းစာပေကအစ စွယ်စုံရတဲ့ မာမားဆီက ပညာအမွေကို ရယူချင်လို့ ..တွေးကြည့်မိတော့
      အဆိုပါ ပညာအမွေတွေ ထဲမတော့ သဒ္ဒါအမွေ ကို အရယူမယ်လို့ စိတ်ကူးပြီး သကာလ…
      ခုနောက်ပိုင်း စာလုံးပေါင်းမှန်အောင် (စကားပီအောင်) ရေးနေပြီ ဖြစ်ပါကြောင်း….။

      ပုံ
      နှူးဘာဂိုဏ်းချုပ်
      ဖားသက်ပြင်း..။

      (စာကြွင်း။ အန်တီဝေဝေကိုတော့ ..အန်တီ့မှာ တူမချောလေး ရှိတယ်ဆိုရင်ဖြင့် အမျိုးစပ်ရန်
      အလွန်အမင်း စိတ်အားထက်သန်ပါကြောင်း…)

      • weiwei

        January 23, 2012 at 6:44 pm

        တူမလေးက အရမ်းချောတယ် … မူကြိုတက်နေတယ် … စောင့်နိုင်ရင်တော့ …. 😛

    • Khin Latt

      January 23, 2012 at 4:02 pm

      “နူးဘာ” ဆိုတာ ဘာလဲ စဉ်းစားလိုက်ရတာ။
      ခုတော့သိပြီလေ။ … ဟား … ဟား… ဟား (အသံထွက် ရီ ခဲ့ကြောင်း သိသာစေရန်) 😀
      တော်ရုံ ဂုဏ်ရည် နဲ့ ဒီလို ဘွဲ့ ရတာမဟုတ်ပေ။
      သို့ပေမဲ့ လဲ ဆွေခန်းမျိုးခန်း တော့ မဖြတ်ပါ။
      ဝေဝေ ရဲ့ အစ်မ လဲ ဖြစ်ချင် တော့ ဟိုဘက်ဒီဘက် ထားပြီး စပ်ကြရအောင်။
      ဝေဝေ နော်။ 😉

  • မမ
    ☆★☆★☆☆★☆★☆☆★☆★☆☆★☆★☆☆★☆★☆☆★☆★☆☆★☆★☆☆★☆★☆

    ♪♫•*¨*•.¸¸♥♫♪ မမ က သိပ်ချစ်ဖို့ကောင်းတယ် … ကျွန်တော့်တို့အားလုံးအတွက် မရှိမဖြစ်ပဲကွယ် ♪♫¸¸.•*¨*•♫♪ ♥ ♥
    ♥¥☆★☆★☆¥♥ ★☆ ကျွန်တော်တို့ မြန်မာစာ သတ်ပုံကျမ်းရဲ့ ရှေ့ဆောင်လမ်းပြ တစ်ဦးဖြစ်တဲ့ မမ ကို ဂုဏ်ပြုတဲ့ ဦးဦးဘလက်ကို ကျေးဇူးတင်ခြင်းများစွာဖြင့် …. ♥¥☆★☆★☆¥♥ ★☆
    (¯`’•.¸*♥♥♥*¸.•’´¯) ░အ░သက်░ရှည်░အ░နာ░မဲ့░စွာ░ဖြင့်░ရပ်░အ░ကျိုး░ရွာ░အ░ကျိုး░ကို░ပို░မို░
    ░ဆောင်░ရွက်░နိုင်░ကြ░ပါ░စေ░ကြောင်း░ဆု░မွန်░ကောင်း░တောင်း░ရင်း░ (¯`’•.¸ *♥♥♥* ¸.•’´¯)

    ☆★☆★☆☆★☆★☆☆★☆★☆☆★☆★☆☆★☆★☆☆★☆★☆☆★☆★☆☆★☆★☆

  • pooch

    January 23, 2012 at 4:20 pm

    မမဝေ ပြောသလိုပါပဲ မမရဲ့ စာတွေကို ဖတ်ရင်းနဲ့ မမဟာ သဘောထားကြီးသူ ပျော်တတ်သူ ပညာတတ်ပီသသူ လူကြီး ဆန်သူ အသစ်များကို အားပေးတတ်သူတယောက်လို့ မှတ်ချက်ချမိပါတယ်။ ကျမ စာစရေးခါစမှ မမက ကွန်းမန့်လေးတွေပေးပြီး အားပေးတတ်သူပါ။စိတ်ထဲ ရှိတဲ့ အတွေးလေးများကို လည်း ညင်ညင်သာသာနဲ့ ပြောပြ ရေး ပြ တတ်ပါတယ်။

    အရင်က စာများကိုတော့ မဖတ်ဖူးပါဘူး။ ကိုဘလက်တူးပေးတာကို ကျေးဇူးတင်ပါတယ်။ သို့သော် လင့်များ ဖွင့်လို့ ရပါစေလို့ ပဲ ဆုတောင်းပါတယ် 🙁

  • blackchaw

    January 23, 2012 at 4:48 pm

    ဖွင့်ကြည့်ပါဦး နန်းမတော်ရယ်။
    ကျွန်တော်တော့ အခုပဲ စမ်းဖွင့်ကြည့်တာ ရပါတယ်။
    မရတဲ့ ပို့စ်ရှိရင် ပြောပါဗျာ။
    ရအောင်ကို စီစဉ်ပေးပါ့မယ်။

    • pooch

      January 23, 2012 at 5:12 pm

      ရသွားပြီ ကိုဘလက်ရေ ကျေးဇုူးပဲ ဟီး … 😛

  • ရွှေဘိုသား

    January 23, 2012 at 6:18 pm

    blackchaw says:

    နှစ်သစ်ကူး ဆိုမှ သတိရတယ်။
    ရွာထဲက တရုတ်တွေ
    ဒီလိုအချိန်ကျတော့ ငြိမ်နေတာပဲ။
    အန်ဘောင်းလေးဘာလေး ပေးရကောင်းမှန်းမသိကြဘူး။
    လူဆိုးတွေ။
    ထောက်ခံပါတယ် ဦးဘလက်ချော ရွာထဲက တရုတ်တွေ တော်တော်ငြိမ်နေကြတယ်။ ဘယ်သူတွေလဲဆိုတာ ကိုယ်တိုင်အသိဆုံးနော်။
    ကျေးဇူးပဲ ဦးဘလက်ချော လိုင်းမကောင်းလို့ နဲ့ အကြောင်းမျိုးစုံကြောင့်မဝင်ရလို့ လွတ်ခဲ့တဲ့ ပို့စ်အကောင်းလေးတွေ ပြန်တူးဆွပေးလို့ ဒီလိုမှမဟုတ်ရင် နောက်ကဟာတွေ ပြန်မဖတ်ဖြစ်တော့ဘူး

  • htet way

    January 23, 2012 at 9:01 pm

    မမကြီးခင်ဗျား
    ကျွန်တော်ဟာ မဖြစ်ညစ်ကျယ် စာတွေရေးနေတဲ့ အူကြောင်ကြောင်လူတစ်ယောက်ပါ
    တကယ်ဇွဲရှိသူ ချီးမွှမ်းသင့်သူကို ချီးကျူးခဲ့တာပါ။မမကြီးရဲ့ စာတွေကို ဂေဇက်ရောက်ကတည်းက
    ဖတ်နေပါတယ်။နောက်တစ်ခုက ဂေဇက်မှာရေးသူတွေကို စာရေးဆရာလို့ ကျွန်တော်ကမှတ်ယူ
    လေးစားနေသူပါခင်ဗျား။ဂေဇက်အဖွဲ့တွေဟာခေသူတွေမဟုတ်ကြပါ။
    မမကြီးလို့ခေါ်တာဟာ မလေးစားခြင်းမဟုတ် ကျွန်တော်မှာ မမအရွယ် မမတစ်ယောက်ရှိပါတယ်
    အပျိုကြီးပါ။သူကို မမကြီးမခေါ်ရင် ခေါင်းခေါက်ပါတယ်။အခုထိခေါင်းမှာဘုတွေကျန်ရစ်နေတုန်းပါ
    ဒါကြောင့် အကျင့်ရနေလို့ ခေါ်မိတာပါ။(ထိပ်ကဘုကိုစမ်းလျှက်)

  • “မမ”

    မြန်မာ့သမိုင်းမှာ ကမ္ဘာ့တန်းဝင်တဲ့ ဦးသန့်တို့မြို့မှာ မွေးခဲ့သူ။
    ပန်တနော်သူဖြစ်တာကို ဂုဏ်ယူ။
    လက်စမ်းစာပေမှတက်လှမ်း၊
    အောင်ပန်းများဆွတ်ခူးသူ။
    နူးဘာတို့ရဲ့ မာမား။
    နာမယ်အရင်းမှာလည်း “မ”များတယ်လို့ ဆိုပြန်ပါတယ်။
    မြန်မာပြည်မီးရထားစီးခ
    အခုများ ဈေးတက်သွားသလို
    “မမ”ဆိုတဲ့သတ်ပုံကျမ်းဂိုဏ်းချုပ်ကြီးလဲ
    အတွေးထက်လို့အရေးလဲသွက်ပါစေလို့
    ခေတ်သစ်ဧည့်သည် က ဆုတောင်းလိုက်ပါကြောင်း
    မောင်းခတ်လို့ကြေငြာရင်း အမှတ်တွေဝင်ပေးသွားပါသဗျာ။

  • ဦးဦးပါလေရာ

    January 24, 2012 at 12:46 am

    မမ ရဲ့ပိုစ့်တွေက
    မျှ ပြီးကောင်းတယ်။ အကုန်ပဲ အညီအမျှကောင်းတယ်။
    အခုလို ကိုဘလက် စုစည်းပြလိုက်တော့ ပိုသိသာတယ်။

    ကိုဘလက်ကိုတော့ တော်တော် ဖတ်နိုင်ရေးနိုင်လို့ မချီးကျူးပဲမနေနိုင်အောင်ပါပဲ။

  • Khin Latt

    January 24, 2012 at 5:22 am

    ရွာထဲကို စဝင်အောင် တွန်းအားပေးခဲ့တဲ့ ကျွန်မ ရဲ့ ပထမဆုံး Post
    အဲဒီမှာ မမ မှတ်ချက်ပေးခဲ့လို့ ကျွန်မ အတွက် အားဖြစ်စေခဲ့တဲ့ Post
    ပုံမှန် စာမျက်နှာ က ကြည့်ရင် Page Not Found ဖြစ်ပြီး မပေါ်တော့ တဲ့ Post
    အဲဒါလေးကို အခု ပြန်လည်ဆန်းသစ် စေချင်လို့ ဒီမှာ လင့်လုပ်လိုက်ပါရစေနော်။ 🙂

    http://myanmargazette.net/70468/arts-humanities

    လေးစားစွာဖြင့်
    မလတ်

  • kai

    January 24, 2012 at 5:53 am

    3. မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။ စာလုံးပေါင်းစစ်ရန်

    ဆိုတဲ့ရွာ့အခြေခံစည်းကမ်းမှာ.. စာလုံးပေါင်းစစ်ရန် လင်ခ့်က.. ရွာသူမမရဲ့ တိုက်တွန်းမှုကြောင့် ထည့်ထားတာဖြစ်ပါကြောင်း…။

  • amatmin

    January 24, 2012 at 12:25 pm

    မျှတ စိတ်ရှင်း..အမုန်းကင်းသူ..သတ်ပုံကျမ်းဂိုဏ်းချုပ်ကြီး ရန်ကုန်သူ (ပန်းတနော်) မမအားကြည်ကြည်နူးနူးအားပေးသွားပါကြောင်းနှင့်
    မဖတ်မိလိုက်သော ပို့စ်များအတွက်လည်း (စေတနာထားနိုင်လွန်းသူ) ကိုဘလက်အားကျေးဇူးတင်ပါ၏..

    ချစ်ခင်မှုဖြင့်

  • Moe Z

    January 24, 2012 at 12:26 pm

    မမရေ မိုးစက်ရွာထဲရောက်စက ပို့စ်တိုင်းလိုလိုဖတ်ခဲ့ပေမယ့်
    ကွန်မန့်ပေးဖို့ကို ဘာကြောင့်မှန်းမသိပဲ ဝန်လေးတတ်ခဲ့လို့
    (တကယ်က လူမှုရေးညံ့ဖျင်းတာ) မမရဲ့ပို့စ်တိုင်းမှာ မမန့်ဖြစ်ခဲ့ဘူး
    ဘယ်သူနဲ့မဆို လိုက်လျောညီထွေဖြစ်အောင်ပြောတတ်တဲ့ မမကိုလေးစားပါတယ်နော်
    ဆက်ပြီး အတွေးကောင်းကောင်းလေးတွေနဲ့ရေးပါဦးလို့
    အားပေးနေပါကြောင်း 🙂

Leave a Reply