ဘဝအတွက် အောင်မြင်ဖို့ နည်းလမ်း၁ဝချက်

wunnakokoJune 1, 20101min510

Forward မေးထဲက ရတာလေးပါ။ အသုံးချတတ်ရင် အသုံးကျမှာပါ။ ဘဝအတွက် ကိုယ်ကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ကိုယ်စီတိုက်ပွဲဝင်တဲ့အချိန်မှာ  ကိုယ်နဲ့ကိုက်ညီတဲ့ နည်းလမ်းတွေ့ရင် လိုက်နာကျင့်သုံးခြင်းဟာ ထိရောက်တဲ့ အောင်မြင်မှုကို အချိန်တိုအတွင်း ရမှာပါ။

အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

အောင်မြင်ရေး နည်းလမ်း ၁ဝခုကို မှတ်ရလွယ်အောင် အင်္ဂလိပ်လို စီ-ဆယ်လုံးလို့ သတ်မှတ်ပေးထားပါတယ်။ အဲဒါတွေကတော့-
၁။ Construction = တည်ဆောက်ခြင်း
၂။ Competence = အစွမ်းအစရှိခြင်း
၃။ Courage = သတ္တိရှိခြင်း
၄။ Communication = ဆက်သွယ်မှုရှိခြင်း
၅။ Charm = ဆွဲဆောင်မှုရှိခြင်း
၆။ Compassion = စာနာရိုင်းပင်းတတ်ခြင်း
၇။ Confidence = ယုံကြည်မှုရှိခြင်း
၈။ Control = ထိန်းချုပ်ခြင်း
၉။ Commitment = ကတိတည်ခြင်း
၁၀။ Contentment = ရောင့်ရဲမှုရှိခြင်း
ဒီကနေ့ ကာလ မှာတော့ အလုပ် ထဲမှာ ဖြစ်ဖြစ်၊ နေ့စဉ် ဘဝ မှာပဲဖြစ်ဖြစ် အောင်မြင်ချင် တယ်ဆိုရင် ဒီပညတ်ချက် ၁ဝချက်နဲ့ ပြည့်စုံအောင်လုပ်ဖို့ လိုပါတယ်။ ဒါဟာ ပုံသေနည်း တစ်ခုပါ။ ဘယ်လို ရည်မှန်းချက် ပန်းတိုင် မျိုးကို မဆို ဒီအချက်တွေကို အသုံးချလို့်ရပါတယ်။ လုပ်ငန်းတစ်ခုကို အစပျိုးချင်တဲ့ ရည်မှန်းချက် မျိုး အတူလက်တွဲမယ့် အဖော် တစ်ဦးရှာတဲ့ ရည်ရွယ်ချက်၊ အသက်ကြီး နေပြီဖြစ်တဲ့ မိဘ တွေကို ပြုစု စောင့်ရှောက်ရေး လုပ်ငန်း ဒါမှ မဟုတ် ကလေးငယ် တွေကို ကြည့်ရှု့ စောင့်ရှောက် ရေးက အစ အိုလံပစ် အားကစား ပွဲတော်မှာ ရွှေတံဆိပ် ရရှိရေး ရည်မှန်းချက် မျိုးအထိ အသုံး တည့်ပါတယ်။
၁။ တည်ဆောက်ခြင်း
စီမံချက် တစ်ခု တည်ဆောက်ဖို့ လိုပါတယ်။ ဘယ်ကို သွားမှာလဲ၊ ဘယ်လို ရောက်အောင် သွားမလဲ ဆိုတာ ကွက်ကွက် ကွင်းကွင်း မြင်နေ ရပါမယ်။ ဒီတော့ စီပွားရေး လုပ်ငန်း စီမံကိန်း တစ်ခု ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး ရည်မှန်းချက် တွေ ရေးဆွဲ ရေးဟာ ပထမ အဆင့်ပါ။ သင်သွားချင် တဲ့နေရာကို ရောက်အောင် သဘောထား တွေ ရွေးချယ်ဖို့ လိုအပ် ပါတယ်။ သင်လိုချင် တာကို မရခဲ့ရင် သဘောထား ကို ပြင်ရပါ မယ်။ ဒါမှသာ သွားချင်တဲ့ နေရာကို ရောက်မှာပါ။

၂။ အစွမ်းအစ ရှိခြင်း
ငါတော့ ပန်းချီ ဆရာ တစ်ယောက် ဒါမှ မဟုတ် တီးဝိုင်း အဆိုတော် တစ်ယောက်အဖြစ် ဘယ်တော့မှ မအောင်မြင်နိုင်ဘူးလို့ သံသယဖြစ်ခဲ့တယ်၊ နှစ်မျိုးလုံးမှာ အစွမ်းအစ မရှိဘူး။ လေ့ကျင့် ပေးမှုက အထောက် အကူ ရနိုင်ပေမယ့် ဒီလို အနုပညာ လုပ်ငန်း မျိုးမှာတော့ ပါရမီ ရှိဖို့ လိုအပ် ပါတယ်။ ဒါက ထင်ရှားပါတယ်။ ဒါပေမဲ့ နယ်ပယ် တစ်ခုမှာ ကျွမ်းကျင်မှု မရှိဘဲ အဲဒီ နယ်ပယ်မှာ အောင်မြင်မှု ရချင်တဲ့ လူတွေလည်း တွေ့ခဲ့ဖူးပါတယ်။ အခြေခံ ကျတဲ့ အစွမ်း အစ တွေ မရှိခဲ့ ရင်တော့ အပြင်း အထန် ကြိုးပမ်းဖို့ လိုပါ လိမ့်မယ်။ အခက်အခဲ အနည်းဆုံး နည်းလမ်း ဟာ လျှောက်လှမ်းရ လွယ်ကူ တာပေါ့။စီးပွားရေး လုပ်ငန်း အသစ် တစ်ခုအတွက် စီမံချက် တစ်ခု ရေးဆွဲ ရာမှာ သင်ဘာ တော်သလဲ ဆိုတာ ချရေး ထားပါ။ ဘာကို လုပ်ရတာ ပျော်တယ် ဆိုတာ ကိုလည်း ချရေး ထားပါ။ အဲဒီ လုပ်နည်း လေးက ဈေးကွက် ထဲမှာ သင်ဖန်တီး ရယူနိုင်တဲ့ နေရာ တစ်နေရာကို သတ်သတ် မှတ်မှတ် လုပ်ပေး နိုင်ပါတယ်။ သင်က စားဖိုမှူး တစ်ယောက် ဖြစ်နေရင် ပြီးတော့ ပြင်သစ် ဘာသာ စကား သင်ချင်နေတယ် ဆိုမှတော့ ပြင်သစ် နိုင်ငံသွားပြီး ပြင်သစ် အစား အစာ တွေကို အထူးပြု ချက်ပြုတ် ပေတော့ပေါ့။အသက်မွေး ဝမ်းကြောင်းမှု အားလုံးမှာ အဟန့် အတား တွေကတော့ ရှိစမြဲပါ။ အဲဒီ အခက် အခဲက အစွမ်းအစ၊ လေ့ကျင့်မှုနဲ့ အရည်အချင်း ပတ်ဝန်းကျင်မှာ ပုံမှန် အားဖြင့် အခိုင် အမာ အခြေစိုက်ပြီး ရှိနေ တတ်တယ်။ တကယ်လို့ သင်ဟာ အကျွမ်းကျင်ဆုံး နေရာမှာ အလုပ် လုပ်ရတာ ငြီးငွေ့ လာပြီဆိုရင် အဲဒီ အဝန်းအဝိုင်း တွင်းမှာပဲ ပိုကျွမ်းကျင်တဲ့ ပညာကို သုံးပြီး ကြိုးစား ကြည့်ပါ။ ကိုယ့်ဘာသာ ကိုယ် ခြစ်ခြုတ်ပြီး ပြန်တီထွင် နေတာမျိုးကို ရှောင်လိုက်ရင် ပိုပြီး မြန်မြန် အောင်မြင် လာလိမ့်မယ်။
၃။ သတ္တိရှိခြင်း
သတ္တိက အကြီး အကျယ် အရေးကြီး ပါတယ်။ တစ်ခါ တစ်ရံမှာ သင်ဟာ စွန့်စားမှု ပြုဖို့ လိုအပ် ပါတယ်။ ဦးတည်ချက် ပြောင်းသင့်ရင် ပြောင်းရမယ်။ ဘောင်အပြင် ဘက်ထွက်ပြီး စဉ်းစားပါ။ အကြောင်း ကိစ္စဟောင်း ကိုပဲ နည်းလမ်း သစ်နဲ့ ကြိုးစား ကြည့်ပါ။ ဒါကြောင့် သင် မသက် မသာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင် ဦးတည် ထားတဲ့ တူရူပြုမှုကို ယုံကြည်ရင် သင် ရှာနေတဲ့ ရလဒ် တွေကို ယုံကြည်ရင် သင့်အနေနဲ့ မမှိတ် မသုန် နှစ်နှစ် ကာကာ ယုံလိုက်ဖို့ သတ္တိ လိုအပ် ပါတယ်။အခြေအနေတွေ ခက်ခက် ခဲခဲဖြစ်လာ ချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဟာ ပြင်းပြင်း ထန်ထန် ရှိနေဖို့နဲ့ သတ္တိရှိ နေဖို့ ဆိုတာ မရှိမဖြစ်တဲ့ အရာတွေပါ။ရိုးသား ဖို့ဆိုတာ သတ္တိက အရေးကြီးပါတယ်။ ကိုယ့်ဘာသာ ရယ်မော ပစ်နိုင်ဖို့လည်း သတ္တိက အရေးကြီး တာပါပဲ။ သင်မှားသွားတဲ့အခါမှာ သတ္တိရှိရှိ ဝန်ခံဖို့ ကလည်း မရှိမဖြစ် လိုအပ်ချက်ပါ။
၄။ ဆက်သွယ်မှုရှိခြင်း
ထိရောက်တဲ့ ဆက်သွယ်မှု မရှိရင် စီးပွားရေး လုပ်ငန်း ဖြစ်စေ၊ ပုဂ္ဂလိက ဆက်ဆံရေး မှာဖြစ်စေ အလုပ် မဖြစ်တဲ့ အထောက် အထားတွေ ရှိပါတယ်။ ဈေးကွက်၊သင့်လုပ်ဖော် ကိုင်ဖက်များနဲ့ မိတ်ဆွေ တွေက သင် ဘာဆက် လုပ်နေတယ် ဆိုတာ နားလည် နေဖို့က အဓိက ကျပါတယ်။ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အတွေး တွေကနေပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တွေးတောမှုတွေ ထွက်ပေါ် လာပါတယ်။ ဒီအတွေး တွေဟာ ဆက်သွယ်မှု အားနည်းခြင်းနဲ့ နားလည်မှု လွဲမှားခြင်း တွေက ဖန်တီး ပေးလိုုက်တာ ဒါမှမဟုတ် တွန်းအား ပေးလိုက်ခြင်းပါ။ ဆက်သွယ်မှုဟာ မဟာဗျူဟာ အောင်မြင်ခြင်း အတွက် လိုအပ်တဲ့ ပစ္စည်း ကိရိယာ တစ်ခု ဖြစ်ပါတယ်။
၅။ ဆွဲဆောင်မှုရှိခြင်း
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆွဲဆောင်မှု ရှိခြင်းက အောင်မြင်ခြင်းရဲ့ အရေးပါတဲ့ အကြောင်း တစ်ရပ်ပါ။ ဆွဲဆောင်မှု ဆိုတာ ငွေကုန် ကြေးကျခံပြီး ပြုပြင် မွမ်းမံ ထားတဲ့ အပေါ်ယံ အရည် အချင်းတွေ မဟုတ်ပါဘူး။ အပြုံးပန်း တစ်ပွင့်ပါ။ ရယ်စရာ မောစရာ တချို့တလေနဲ့ သူတစ်ပါးအပေါ် စစ်မှန်တဲ့ စိတ်ဝင်စားမှု တွေရှိရင် သင်ဟာ ဆွဲဆောင်မှု ရှိနေတယ်လို့ ပြောနိုင်ပါပြီ။ တခြား အောင်မြင်ခြင်း အမူ အရာ တွေအားလုံး လိုပဲ ဆွဲဆောင်မှုက အခြေ အနေနဲ့ ကိုက်ညီမှု ရှိရမယ်။ သင့် ဆွဲဆောင်မှုကို ရိုးသားမှုက ကျောထောက် နောက်ခံ ပြုထားရမယ်။ ပြီးတော့ ဒါဟာ သင့် ဥပဓိရုပ် တစ်ခုလုံး ရဲ့ အစိတ် အပိုင်းတစ်ခု ဖြစ်သင့်တယ်။ ဆိုးရွားတဲ့ ရောင်းဝယ်မှု ဒါမှ မဟုတ် တစ်ယောက် ယောက်ရဲ့ နောက်ကျော ကို ဓားနဲ့ထိုး တာမျိုး မလုပ်ခင်မှာ ဆွဲဆောင်မှု ရှိအောင် လုံးပမ်း တာမျိုးဆိုရင် တော့ သင်ဟာ ရေရှည်မှာ အောင်မြင်ခြင်းကို ရရှိနိုင်မှာ မဟုတ်ပါဘူး။
၆။ စာနာရိုင်းပင်းတတ်ခြင်း
လူသား တိုင်းလိုလို ဟာ အတူတူ ချည်းပါပဲ။ ဘယ်လို နေရာတွေမှာ တူသလဲ ဆိုရင် အမှားတွေ လုပ်ကြတယ်၊ ခွင့်လွှတ်ခြင်းနဲ့ စာနာ ရိုင်းပင်းခြင်း ကို လိုချင်ကြတယ်၊ တစ်ခါ တစ်လေမှာ ဒေါသ လိုမျိုး မကောင်းတဲ့ စိတ်ခံစားမှု တွေဟာ သင်တို့ကို ဝါးမြို လောင်မြိုက် စေပါတယ်။ ပြီးတော့ အပြစ်တင် လွှဲချ တတ်တဲ့ လှည့်ကွက် ရောဂါ လက္ခဏာ ဝင်လာ တော့တာပါပဲ။ အတွေး တွေထဲမှာ လူတိုင်းက `ကျွန်တော့်ကို ဒေါသဖြစ်အောင်၊ မကျေ မချမ်းဖြစ်အောင် လုပ်နေတာ။ ဒါ ကျွန်တော့်အတွင်း သန္တာန်က ထွက်ပေါ် လာတာ မဟုတ်ဘူးလို့ စပြီး တွေးလာ ပါတယ်။ အဲဒီလို ရန်သူကို တရစပ် တုံ့ပြန်ဖို့ ရင်ဆိုင် လာရတဲ့ အခြေ အနေမျိုးမှာ ပင်ကို အသိစိတ်က ပြန်ချဖို့ (ဒါမှမဟုတ်) ခုခံတဲ့ အနေနဲ့ တုံ့ပြန်ဖို့ ကျွန်ုပ်တို့ကို ပြောပါတယ်။ တကယ်တော့ စာနာ ရိုင်းပင်း တတ်ခြင်းဟာ အားကောင်းတဲ့ လက်နက် တစ်ခုပါ။ လမ်းဆိုး တစ်ခုထဲ ရောက်နေသူ တစ်ဦး ဦးအတွက် စာနာ ရိုင်းပင်းတဲ့ စိတ်ခံစား လာရတာနဲ့ သင့်အတွက်ရော သူတို့ အတွက်ပါ အထောက် အပံ့ ဖြစ်သွား တာပါပဲ။ ဒီစကားရပ်ရဲ့ `စာနာ´ တယ်ဆိုတဲ့ သဘောက အကုန် အရေးကြီးတဲ့ သဘောပါ။ သင်လုပ်နေတဲ့ အလုပ်ကို သင်ကိုယ်တိုင် မယုံကြည်ရင် တော့ တခြား လူတွေ လုပ်ဖို့ဆို တာက ပိုခက်ခဲတာပေါ့။
၇။ ယုံကြည်မှုရှိခြင်း
ယုံကြည်မှု ရှိခြင်း ဟာ အရာဝတ္ထု အများ အပြား ကနေပြီး လာတာပါ။ သင့်ကိုယ်သင် သိထား ရမယ်ဆိုတဲ့ အကြောင်းအရာကို သိတာက စလာတာပါ။ တချို့ လူတွေဟာ ယုံကြည်ချက် အများ အပြားနဲ့ အတူ မွေးဖွားလာ သလားလို့ အောက်မေ့ ရပါတယ်။ ဒါက အခြေခံ ခိုင်ခိုင် မာမာ နဲ့လာတာဆိုရင် အပြု သဘော ဆောင်ပါတယ်။ ဒါပေမဲ့ ယုံကြည်ချက် လွန်ကဲ သွားပြန် ရင်တော့ မာနကြီး၊ စိတ်ကြီးဝင် (ဒါမှမဟုတ်) မိုက်မဲ တဲ့အသွင် ကို ဆောင်နိုင် ပါတယ်။ ယုံကြည်ချက်ဟာ အချက် အလက် ပေါ်မှာ အခြေပြုဖို့ လိုအပ် ပါတယ်။ ယုံကြည်ချက် တိုးလာတာနဲ့ ဆောင်ရွက်ဖို့ သင့်စွမ်းရည် လည်း တိုးလာမှာပါ။ ဆောင်ရွက်ဖို့ လိုအပ်တဲ့ သင့်စွမ်းရည် တိုးလာအောင်လုပ်ရင် သင့်ယုံကြည်ချက် လည်း တိုးပွား လာလိမ့်မယ်။ သူတို့က တိုက်ရိုက် ဆက်စပ် နေတာပါ။
၈။ ထိန်းချုပ်နိုင်ခြင်း
မှန်ကန် အားကောင်းတဲ့ တွေးခေါ်မှု ဟာ သင့်အတွေး တွေနဲ့ သင့်စိတ်ခံစားမှု တွေကို ထိန်းချုပ် ပေးနေတဲ့ အကြောင်းပါ။ သတိရဖို့က အတွေး တစ်ခု မရှိဘဲနဲ့ သင့်မှာ စိတ်ခံစားချက် တစ်ခု မရှိနိုင်ပါဘူး ။ စိတ်ခံစားမှုကို အသိ အမှတ် ပြုပြီး အတွေးကို ထိန်းချုပ်ရမှာ ။ စိတ်ခံစားမှု ပြောင်းဖို့ အတွက် အတွေးကို ပြောင်းပစ် ရပါမယ်။
၉။ ကတိတည်ခြင်း
တစ်ခါ တစ်ရံ အလွယ်ဆုံး ကိစ္စဟာ လက်မြှောက် အရှုံးပေး လိုက်တာပါ။ တစ်ခါ တစ်ရံ အဲဒါ မျိုးလုပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ သင့်ရည်မှန်းချက်ကို သင်ယုံကြည်ရင် ပြီးတော့ အောင်မြင်အောင် အကောင် အထည် ဖော်ချင်ရင် သင်ဒီကိစ္စကို ကတိတည် ရမယ်။ ဆိုလို တာက အရှုံး မပေးရဘူး၊ တစ်ခါ တလေ သင် လက်မြှောက် အရှုံးပေးချင်စိတ် ပေါ်လာသည့် တိုင်အောင် အရှုံးမပေး မိစေဖို့ပါပဲ။ သင်ဟာ ရည်မှန်းချက် ရောက်အောင် သဘောထားနဲ့ အပြု အမူတွေ ပြောင်းဖို့ လိုအပ်ရင် လိုပါလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြီး အကောင် အထည် ဖော်နေရ ပါမယ်။
၁၀။ ရောင့်ရဲမှုရှိခြင်း
ရောင့်ရဲမှု ရှိခြင်း ဆိုတာ လမ်းခရီးရဲ့ အတက် အကျ တွေကို သာယာ ကြည်နူးမှု ရှိတဲ့ အကြောင်းပါ။ ဘာမျှ မရှိတဲ့ တဒင်္ဂ အခြေအနေ မှာတောင် ရောင့်ရဲမှု ရှိရပါမယ်။ သင်ဦးတည် ထားတဲ့ ခပ်လှမ်းလှမ်း ကိုသာ အာရုံစိုက် နေပြီး လက်ရှိကြုံရတဲ့ အတက် အကျတွေကို မွေ့လျော်မှု မရှိရင် သင့်ဘဝ တစ်လျှောက်မှာ အများကြီး လွတ်ကျခဲ့မယ့် အန္တရာယ်ရှိ တယ်။ ဦးတည်ချက် တစ်ခုကို သွားနေဖို့ လိုအပ် တယ်ဆိုရင် သွားနေတဲ့ ခရီးလမ်း တစ်လျှောက်မှာ သင်တွေ့ သမျှ တွေကို ကြည်နူး မွေ့လျော်ဖို့ ကလည်း အရေးကြီး ပါတယ်။ သူက ထပ်လာမှာ မဟုတ်တော့ပါဘူး။ အောင်မြင်ဖို့ ဆိုရင် သင့်မှာ ရှိတာ တွေကို တန်ဖိုးထား တတ်ရမယ်။ ပြီးတော့ သင့်မှာ မရှိတာတွေ အကြောင်းကို တွေးပြီး စိတ်မသက် မသာ ဖြစ်မနေ ရဘူး။

ဒီအချက်အလက်တွေကို သတိထားပြီး လုပ်ဆောင်နိုင် သည်နှင့်အမျှ အောင်မြင်ခြင်းကို လက်ဝယ် ပိုင်ပိုင် ရနိုင်မှာ အသေအချာပါ။